Windows 7 ဟာစတင်အလုပ်လုပ်စဉ်က core တစ်လုံး တည်းကိုသာ အသုံးပြုပါတယ်။ ဒါကြောင့် boot time ကိုမြှင့်တင်ဖို့အတွက် အသုံးပြုမယ့် core တွေကို တိုးမြှင့်ခြင်းဖြင့်ပြုလုပ်နိုင်ပါတယ်။
ပြုလုပ်နည်းကတော့ Start မှ Run ကိုနှိပ်ပြီး Run Box တွင် msconfig လို့ရိုက်ထည့်ပါ။ ထို့နောက် boot tab ရှိ Advanced options... ကို click လုပ် ပါ။ ထို့နောက် Number of processors တွင် မိမိ ကွန်ပျူတာရှိ processor ရဲ့ core အရေအတွက်ကို ရိုက်ထည့်ပါ။ ဥပမာ။ ။ 2,4, 8
ထို့နောက် OK လုပ်ပြီး Apply ကိုနှိပ်ပါ။
မလိုအပ်တဲ့ Font တွေကို ဖယ်ရှားပါ။
Application တွေအတွက်လိုအပ်တဲ့ font တွေကိုသာအသုံးပြုပြီး မလိုအပ်တဲ့ font တွေကိုဖယ်ရှားခြင်းဖြင့် system ရဲ့လုပ်ဆောင်ချက်ကို မြှင့်တင်ပေးနိုင်ပါတယ်။
ပြုလုပ်နည်းကတော့ control panel ရဲ့ Fonts folder ရှိ အသုံးမပြုတဲ့ font များကိုဖယ်ရှားခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။
Windows 7 shutdown time ကိုမြှင့်တင်ခြင်း