Showing posts with label စိတ်အာဟာရများ။. Show all posts
Showing posts with label စိတ်အာဟာရများ။. Show all posts

Thursday, 17 January 2013

ထို့ကြောင့် ဆင်ဟုခေါ်သည်

လူတစ်ယောက်လမ်းလျှောက်လာရင်း ဆင်တစ်ကောင်ကို တွေ့တော့ ရပ်တန့်လိုက်ပါတယ်။ ဆင်ရဲ့ ရှေ့ ခြေထောက်မှာ

ကြိုးလေး သေးသေးနဲ့ ချီပြီး မြေပြင်မှာ တုတ်ရိုက် ထားတာကို တွေ့ပြီး အံ့သြသွားလို့ ဖြစ်ပါတယ်။ဒါကြောင့် ဆင်ဘေး

မှာ ရှိနေတဲ့ ဆင်ထိန်းကို သွားမေးလိုက်ပါတယ်။

"ဟေ့လူ ဆင်ဆိုတာ အင်မတန်အားကြီးတဲ့ သတ္တဝါဗျာ။ ခများမို့လို့ ခြေ ထောက် တစ်ချောင်းထဲမှာ ကြိုးသေးသေးလေး

ချည်ပြီး ဖမ်းထားရဲတာ။ ဒါကို ဆင်ရုန်းထွက်ပြီး လူကိုရန်မူမှာ မကြောက်ဘူးလားဗျ"ဆင်ထိန်းက တစ်ချက်ပြုံးပြီး ယခု

Sunday, 22 April 2012

သင့်အိပ်ခန်းလေးကပြောသောအောင်မြင်မှုလှို့ဝှက်ချက် ( ၇) ချက်


သင့်ကိုအောင်မြင်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့လှို့ဝှက်ချက်တွေပြောပြနေတယ်လေ...။
၁..။မျက်နှာကျက်လေးက.... ရည်မှန်းချက်ကိုမြင့်မြင့်ထားစမ်းပါ.။

၂..။ ပန်ကာလေးက ........... စိတ်ကိုအေးအေးထားမှပေါ့..။

၃..။ နာရီလေးက .......... မိနစ်တိုင်းကတန်ဖိုးမဖြတ်နိုင်ဘူးဆိုတာသိလား...။

၎..။ မှန်လေးက ......... မင်းလုပ်သမျှမင်းပြန်ရမှာမို့ ဘာပဲလုပ်လုပ်မလုပ်ခင်အရင်စဉ်းစားပြီးမှလုပ်နော် . ..။

၅..။ ပြတင်းပေါက်လေးက .... ကမ္ဘာကြီးတစ်ခုလုံးကိုဖြန့်ကျက်ကြည့်စမ်းပါကွာ.မင်းတစ်ယောက်ထဲမှမဟုတ်တာ..။

၆..။ ပြက္ခဒိန်လေးက တော့.... နေ့ရက်တိုင်းဟာ စိတ်ကူးသစ်အတွေးအခေါ်သစ်တွေနဲ့ ဆန်းသစ် ပြီး ခေတ်ကိုအမှီလိုက်မှ ဖြစ်မယ်..။

၇..။ တံခါးလေး ကတော့...... ငါ့ကိုခပ်ပြင်းပြင်းတွန်းဖွင့်ြ့ပီး အင်အားအပြည့်နဲ့ အောင်မြင်မှုပန်းတိုင်းဆီ ကိုအရောက်သွားပါတော့ ကွယ်....။ တဲ့..

Thursday, 5 April 2012

အီးမေးလ်ထဲက ပုံပြင်တိုလေးများ

(၁)
သူ့ကို သူလက်ထပ်ခွင့်တောင်းတော့ သူစကားတစ်ခွန်းပဲပြောတယ်။ "ငါ့ကို ယုံပါ"

သူ့အတွက် သူပထမဆုံးသမီးလေးမွေးပေးတော့ သူစကားတစ်ခွန်းပြောတယ်။ "နင် ပင်ပန်းပြီ"

သူတို့သမီး မင်္ဂလာဆောင်တဲ့နေ့က သူ့ကို သူဖက်ပြီး စကားတစ်ခွန်းပြောတယ်။ "ငါ ရှိသေးတယ်"

သူဖျားနာကြောင်း သူကြားတော့ သူ့ဘေးနား သူချက်ချင်းရောက်လာပြီး စကားတစ်ခွန်းကို သူထပ်တလဲလဲပြောတယ်။
 "ငါ ဒီမှာ"

လောကကြီးထဲကနေ သူထွက်သွားတော့မယ့်တခဏ သူ့နဖူးကို သူနမ်းပြီးပြောတယ်။ "ငါ့ကို စောင့်ပါ"

ဒီတစ်သက် သူ့ကို ချစ်တယ်လို့ သူ မပြောခဲ့ဖူးဘူး။ ဒါပေမယ့် အချစ်က သူတို့အနားမခွဲမခွာရှိခဲ့တယ်။


ဒီလောကမှာ ရင်ထဲကစကားကို ထုတ်ဖော်မပြောပြတတ်တဲ့ လူတွေရှိတယ်။ ထုတ်ဖော်မပြောတိုင်း
သူတို့မှာ ချစ်ခြင်းမေတ္တာမရှိတာမဟုတ်ပါဘူး။

(၂)

အဖေဖြစ်သူကားဆေးတော့ သားက ကျောက်ခဲနဲ့ ကားတံခါးကိုခြစ်ကစားတယ်။ ဒါကို

Tuesday, 27 March 2012

ငွေရောင်ဌက် နှင့် ထင်းခုတ်သမား

တစ်ခါက ထင်းခုတ်သမား တစ်ဦးဟာ နေ့တိုင်း တောထဲသွားပြီး ထင်းခုတ်လေ့ရှိတယ် ။ တစ်နေ့မှာ ထင်းခုတ်သမားဟာ
ခါတိုင်းနေ့လိုပဲ ထင်းခုတ်ဖို့ အိမ်ကထွက်ခဲ့တယ်။ လမ်းတစ်ခုအရောက်မှာ ထင်းခုတ်သမားဟာ ဒဏ်ရာရထားတဲ့ ငှက်
တစ်ကောင် ကိုတွေ့လိုက်မိတယ် ။ ငှက်ရဲ့ တစ်ကိုယ်လုံးက ငွေရောင် အမွေးအတောင်နဲ့ တဖိတ်ဖိတ် လှပနေခဲ့တယ် ။



ထင်းခုတ်သမားက ငွေရောင်ငှက်ကိုတွေ့တော့..........."ဟာ... ငါ့တစ်သက် ဒီလောက်လှတဲ့ငှက်မျိုး တစ်ခါမှမတွေ့
ခဲ့ဖူးဘူး" လို့ဆိုပြီး ငှက်ကို အိမ်ယူလာပြီး ဆေးကုပေး ခဲ့တယ် ။ ဆေးကုသနေတဲ့ အချိန်အတွင်း ငှက်က ထင်းခုတ်သမား
ကို နေ့တိုင်းသီချင်းဆိုပြတယ် ။ သာယာတဲ့ ငွေရောင်ငှက်ရဲ့သီချင်းသံကြားမှာ

ပန်းသီးပင်ကြီးနဲ့ကောင်လေး

ဟိုးရှေးရှေးတုန်းက အလွန်ကြီးမားတဲ့ ပန်းသီးသစ်ပင်ကြီးတစ်ပင်ရှိတယ် ။ ကောင်လေးတစ်ယောက်ဟာ အဲဒီပန်းသီး
ပင်ကြီးကို အလွန်ပဲ ချစ်ခင်တဲ့အတွက် နေ့တိုင်း အဲဒီအပင်ကြီးနားမှာ လာပြီးကစားလေ့ရှိတယ် ။ သူဟာ ပန်းသီးပင်ထိပ်
ကိုတက်တယ် ပန်းသီးတွေကိုစားတယ် အဲဒီအပင်ကြီးရဲ့ အရိပ်အောက်မှာ ခဏတာ အိပ် စက်လေ့ရှိတယ် ။ သူက
ပန်းသီးပင်ကြီးကိုချစ်သလို ပန်းသီးပင်ကြီးကလည်းသူ့ကိုချစ်တယ် ။ ဒီလိုနဲ့ အချိန်တွေ ကြာ လာတော့ ကောင်လေးဟာ
တဖြည်းဖြည်းအရွယ်ရောက်လာတယ် ။ ပြီးတော့ ပန်းသီး ပင်ကြီးနား မှာ နေ့တိုင်းအချိန်ပြည့်လာမကစားနိုင်တော့ဘူး ။
တစ်နေ့မှာ ကောင်လေးဟာ သစ်ပင်ကြီးဆီကိုရောက်လာတယ် ။ သူ့မျက်နှာမှာ ၀မ်းနည်းနေတဲ့ပုံပေါ်တယ် ။ “ လာလေ
 ကောင်လေး ငါနဲ့လာကစားပါ ” ပန်းသီးပင်ကြီးက ကောင်လေးကိုပြောတယ် ။ ကျွန်တော်ကကလေးလေးတစ်ယောက
်မဟုတ်တော့ပါဘူး ဒါကြောင့် ပန်းသီးပင်ကြီးနားမှာ အချိန်ပြည့်မကစားနိုင်တော့ပါဘူး ” လို့ ကောင်လေးကပြန်ပြောတယ်။
အဲဒီအခါ သစ်ပင်ကြီးက “ စိတ်မကောင်းပါဘူး ကောင်လေးရယ် ငါ့မှာ

ခရမ်းချဉ်သီးရောင်းသူ

အလုပ်အကိုင်မရှိသေးတဲ့ ကောင်လေးတစ်ယောက်ဟာအလုပ်လိုချင်တဲ့အတွက်မိုက်ကရိုဆောဖ့်ကုမ္ပဏီမှာ
 ရုံးအကူ တစ်နေရာအတွက် အလုပ် သွားလျှောက် ပါတယ် …. သက်ဆိုင်ရာ ခန့်ခွဲမှုမန်နေဂျာက သူ့ကို
 အင်တာဗျူး လုပ်ပါတယ်.. ပြီးတော့ ကြမ်းပြင်ကိုသန့်ရှင်းရေးလုပ်ခိုင်းပြီး သူ့ကို စမ်းသပ် စစ်ဆေး ပါတယ်…


စမ်းသပ်လို့ သူ့လုပ်ရည် ကိုင်ရည်ကို ကျေနပ်သွားတဲ့အခါ မန်နေဂျာက ကောင်လေးကို “ကဲ.. မင်းကို အလုပ်
်ခန့်လိုက်ပါပြီ… မင်းရဲ့ အီးမေလ်း လိပ်စာ ထားခဲ့… မင်း အီးမေလ်းထဲကိုအလုပ်ခန့်လွှာပို့လိုက်မယ်.. မင်းက
အဲဒီထဲမှာ လိုအပ်တဲ့အချက်အလက်တွေဖြည့်ရမယ်.. ပြီးရင် မင်း အလုပ် စ၀င်နိုင်မဲ့ရက်ကိုဖြည့်ပြီး တို့ဆီက
ို ပြန်ပို့လိုက် ” လို့ ပြောပါတယ်..


ကောင်လေးက “ကျွန်တော့်မှာ ကွန်ပျူတာမရှိပါဘူးခင်ဗျာ..သုံးလဲ မသုံးတတ်ပါဘူး.. ပြီးတော့

ဘုရားသခင် ရောင်းပါသလား


ကောင်လေးငယ်တစ်ယောက် ဒေါ်လာတစ်ဒေါ်လာကိုင်ပြီး တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်နဲ့ သူလိုချင်တဲ့အရာကို လိုက်
မေးနေခဲ့တယ်။
"ဒီဆိုင်မှာ ဘုရားသခင်ရောင်းပါသလား?"

အဲဒီလို သူမေးလိုက်တိုင်း ဆိုင်ရှင်တွေက သူ့ကိုနောက်ပြောင်သူ၊ ကျပ်မပြည့်သူထင်ပြီး ဆိုင်ပြင်ဖက်ကို မောင်းထုတ်
လိုက်ကြတယ်။ နေဝင်မိုးချုပ်ခါနီးအချိန်မှာ (၂၉)ဆိုင်မြောက် ဆိုင်ပိုင်ရှင်က သူ့ကိုနွေးနွေးထွေးထွေး ကြိုဆိုခဲ့တယ်။


ဆိုင်ပိုင်ရှင်က ဆံပင်တွေဖြူဖွေးနေတဲ့ အသက်(၆ဝ)ကျော် အဘိုးအိုတစ်ဦးဖြစ်တယ်။ ကလေးငယ်ရဲ့အမေးကို ကြား
တော့ အဘိုးအိုက ပြုံးပြုံးရယ်ရယ်နဲ့ ပြန်မေးခဲ့တယ်။

"ကလေး.. ဘုရားသခင်ကို ဝယ်ပြီး ဘာလုပ်မလဲ? အဘိုးကို ပြောပြနိုင်မလား?"

Sunday, 18 March 2012

အကြွေစေ့နှစ်စေ့ရဲ့ ပုံပြင်

၁၉၄၅ခုနှစ် အောက်တိုဘာလ(၂၇)ရက်နေ့မှာ ဘရာဇီးနိုင်ငံ Pernambucoပြည်နယ်က ရွာလေးတစ်ရွာမှာရှိတဲ့ လယ်သမားမိသားစုကနေ ကောင်လေးတစ်ယောက် မွေးဖွားခဲ့တယ်။ အဲဒီမိသားစုဟာ ဆင်းရဲလွန်းတာကြောင့်
 ကောင်လေးဟာ (၄)နှစ်သားအရွယ်ကတည်းက လမ်းပေါ်မှာ မြေပဲဆံလိုက်ရောင်းခဲ့ရတယ်။ ဒါတောင် အစား
နပ်မှန်မှန် သူ မစားခဲ့ရသလို အဝတ်လုံလုံလည်း မဝတ်ခဲ့ရပါဘူး။

ကျောင်းစတက်တဲ့အရွယ်မှာ ကောင်လေးဟာ ကျောင်းအားချိန်တိုင်း အဖော်သူငယ်ချင်းနှစ်ယောက်နဲ့ ဖိနပ်
လိုက်တိုက်ခဲ့တယ်။ တကယ်လို့ ဖိနပ်တိုက်သူမရှိရင် သူတို့ဗိုက်ငတ်ရပါတယ်။ကောင်လေး(၁၂)နှစ်အရွယ်
တစ်ညမှာ ပင်မင်းဆိုင်သူဌေးတစ်ဦး ဖိနပ်လာတိုက်ခဲ့တယ်။ ကောင်လေးနဲ့ အဖော်နှစ်ယောက်ဟာ သူ့ထက်
ငါဖိနပ်တိုက်ရဖို့အတွက် သူဌေးဆီဝိုင်းအုံသွားခဲ့ကြတယ်။ ကောင်လေးသုံးယောက်ရဲ့ တောင့်တနေတဲ့
 မျက်လုံးအစုံကိုကြည့်ပြီး သူဌေးဆုံးဖြတ်ရခက်သွားတယ်။ နောက်ဆုံး သူဌေးက အကြွေစေ့နှစ်စေ့ထုတ်ပြီး

Wednesday, 14 March 2012

အဖိုးပြောသော ပုံပြင်လေးတစ်ပုဒ်

ပုံပြောပြီဆိုရင်လည်း အဖိုးက မေးခွန်းလေးနဲ့စတတ်တယ်………
“သမီးတဲ့…အခုငါ့သမီးနဲ့အဖိုးထိုင်နေတဲ့ နေရာကနေပြီးတော့ ကောင်းကင်ပေါ်ကိုမော့ကြည့်လိုက်စမ်း……..
ကောင်းကင်မှာ ကြယ်ကလေးတွေတွေ့လား” လို့မေးတယ်……..
“တွေ့ပါတယ် အဖိုးရယ်” ဆိုတော့….”ဒီကြယ်လေးတွေ ဘယ်လိုဖြစ်လာတယ် ဆိုတာကိုရော
ငါ့သမီး သိလား” လို့မေးတော့ မေက” မသိပါဘူးအဖိုးရယ်”လို့ ဖြေရတယ်…….
အဲဒီအခါကျမှ အဖိုးက သူ့ပုံပြင်ကိုစပြောတော့တာပေါ့………။

“သမီးရယ်..ဟောဒီအဖိုးတို့နေတဲ့နေရာနဲ့ ဟိုးအဝေးကြီးကနေရာ တစ်ခုမှာ
သိပ်ကိုထူးဆန်းတဲ့ မြက်ခင်းပြင်ကျယ်ကြီးတစ်ခု ရှိတယ်တဲ့…………
အဲဒီမြက်ခင်းပြင်ကျယ်ကြီးက အဝေးကနေလှမ်းကြည့်လိုက်မယ်ဆိုရင် စိမ်းမြနေတဲ့အရောင်ဟာ
ကြည့်လို့ကိုမ၀နိုင်ဘူးတဲ့……….အနီးကပ်ပြီးသွားကြည့်မယ်ဆိုလို့ချင်ရင်လည်း
စိမ်းမြနေတဲ့မြက်ခင်းပြင်ကျယ်ကြီးရဲ့ အလယ်မှာ ပေါက်နေပွင့်နေတဲ့
ပန်းပင်ကလေးတွေဟာလည်း သိပ်ကိုလှတာပဲ……ပြီးတော့သစ်သီးအပင်မျိုးစုံလည်း အဲဒီမှာရှိသေးတယ်
အဲဒီမြက်ခင်းပြင်ကျယ်ကြီးထဲမှာ သွားလာလုပ်ကိုင်စားသောက်နေတဲ့

တိုးတိုးတိတ်တိတ်စကား (၁၀) ခွန်း

မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်းမြင်ချင်ပါသလား?
အောက်ကစာကို ဆက်ဖတ်ပါ...

   ၁) မနှိုင်းနဲ့ "သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက်ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာတတ်တယ်"လို့
ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ခြားမိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့်ရတာ မင်္ဂလာတစ်ပါးပါ။
မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့
ချီးကျူးစကားတွေထက် ပိုတန်ဖိုးပါတယ်။ 


   ၂) လျှစ်လျှူမရှူနဲ့ မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့ ပတ်သက်လာရင်
မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။ ကိုယ်အခက်အခဲ ကြုံတဲ့အခါ သူ့ကို ဖွင့်ပြောတိုင်
ပင်ပြီး မျှဝေခံစားမယ်။ သူဝမ်းနည်းအားငယ်တဲ့အခါ လက်ကို တင်းတင်းဆုပ်ကိုင်ပြီး အကြင်နာငွေ့တွေနဲ့ ကူညီအား

ရမ်ဘိုမင်းသားစတားလုံး (သို့မဟုတ်) ရည်မှန်းချက်ကြီးမားခဲ့သူ



စတားလုံးဆိုတာ မြန်မာရုပ်ရှင်ကြည့် ပရိသတ်တွေ အားလုံးသိပြီးသားဖြစ်ပါတယ်။ ရမ်ဘိုမင်းသားလို့လဲ လူသိ
များတဲ့သူဖြစ်ပါတယ်။ ကျွန်တော်က သူ့အကြောင်းကို အင်တာနက်ပေါ်မှာ ဖတ်မိတော့ တော်တော်စိတ်ဝင်စား
သွားတယ်။သူ့ရဲ့ကြိုးစားလုပ်ဆောင်မှုတွေဟာ အတုယူစရာကောင်းတယ်။ဒီကနေ့ လူငယ်တွေအတွက် ငယ်ရွယ်
်စဉ်အခါမှာအချိန်ကို မဖြုန်းတီးကြဘဲ စတားလုံးကို နမူနာယူပြီး၊ အတုယူပြီး လိုက်နာကျင့်သုံး နိုင်အောင် တင်ပြပေး
လိုက်ပါတယ်။

စတားလုံးဆိုတာ အမေရိကန်လူမျိုး ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ပါ။ ရုပ်ရှင်ထုတ်လုပ်သူ၊

Thursday, 5 January 2012

တက်နည်း စာစုများ

(၁) ဆုတ်လမ်းကို ဖြတ်တောက်နိုင်မှ ရှေ့လမ်းကိုပိုတိုးရဲမယ်

တချို့အချိန်မှာ ဆုတ်လမ်းကို ဖြတ်တောက်ရဲတဲ့သတ္တိကို ကျွန်တော်တို့လိုလာတယ်။ နောက်ဆုတ်ဖို့လမ်း ရှိမှန်း
သိနေရင် ရှေ့တိုးမယ့် ကျွန်တော်တို့ရဲ့ခြေလှမ်းတွေ တွန့်ဆွန်သွားတတ်တယ်။ နှေးသွားတတ်တယ်။ တကယ်လို့
နောက်ဆုတ်ဖို့လမ်းမရှိတဲ့အခါ ရှေ့တိုးဖို့ကို ကျွန်တော်တို့ ပိုအာရုံစိုက်လာတယ်၊ တိုးရဲတဲ့သတ္တိရှိလာတယ်။
ဒါမှ အောင်နိုင်ခြင်းကို ရမှာဖြစ်တယ်။


(၂) လူတစ်ယောက်ဟာ အလိုအပ်ခံရတဲ့အခါ သူ့ရဲ့အသက်ရှင်နေထိုင်ခြင်းက ပိုအဓိပ္ပာယ်ပြည့်စုံသွားတယ်

လူတွေဟာ တခြားလူရဲ့လိုအပ်တာကို ခံချင်ကြတယ်။ ဒါဟာ လူ့သဘာဝဖြစ်သလို သူ့ရဲ့တန်ဖိုးကိုလည်း ပြရာ

Wednesday, 30 November 2011

စိတ် အတွက်အစာဖြစ်စေမည့် စာသားလေးတွေပါ။

၁။   သင်အသက်ရှင်နေသမျှ ကာလပတ်လုံး မည်သို့အသက်ရှင် နေထိုင်ရမည်ကို သင်ယူနေပါ။

၂။   သင့်ကိုသင် ထင်မြင်ထားသလို သင်ဖြစ်လာလိမ့်မည်။

၃။   အမှန်တရား ဟုထင်သော အလုပ်တစ်ခုခုကို လုပ်တော့မည်ဆိုလျှင်
ထိုအလုပ်သည်ရော မှန်ရဲ့လားဟု ပြန်လည်ဆန်းစစ် သင့်ပါတယ်။

၎။   လောကကြီး၏ သာယာမှုများမှာ စွမ်းအားကောင်းလှကြောင်း သံသယဖြစ်ဖွယ် မရှိပါချေ။
ယင်းသာယာမှုများ၏ ဆွဲဆောင်တုပ်နှောင်မှုမှာ မသိမှု (Ignorance)
အသိညဏ် နည်းပါးခြင်း ” ဟူသော မောဟမိခင် ဖြစ်ပါသည်။

၅။   ဘ၀မှာ အခက်အခဲ တစ်ခုတွေ့တိုင်း မိမိအတွက် ရင့်ကျက်မှု တစ်ခုရစမြဲဖြစ်ရာ
အခက်အခဲတစ်ခုတွေ့တိုင်း စိတ်မပျက်ပါနှင့်………….။
အတွေ့အကြုံသစ် ဒါမှမဟုတ် မိမိအတွက် ဘ၀သင်ခန်းစာ တစ်ခုလိုသဘောထားနိုင်ရင်

မကုန်ခန်းနိုင်သော ရည်မှန်းချက်များနှင့် လူ

ဖတ်သင့်သည်ဟုယူဆမိသောကြောင့် အထူးသဖြင့်ကျနော်တို့ လူငယ်များအတွက် စိတ်အဟာရ ဖြစ်စေနိုင်
သော ဆောင်းပါးတပုဒ်ဖြစ်နေမလားပဲဗျာ...ပြန်လည်းမျှဝေလိုက်ပါတယ်....


 
လူတိုင်းတွင် ဘ၀ရည်မှန်း ချက် ကိုယ်စီရှိကြသည်။ ဆင်းရဲ
သားများမှာလည်း ရည်မှန်းချက်ရှိ သလို သူဌေးများမှာ
လည်းရည် မှန်းချက် ရှိသည်။ နိုင်ငံတစ်နိုင်ငံ၏ သမ္မတ
မှာလည်းရည်မှန်းချက် ရှိ နေတတ်သေးသလို ကမ္ဘာ့
ထိပ်ဆုံးခေါင်းဆောင် ဆိုသူတွေမှာလည်း ရည်မှန်း
ချက်တွေရှိနေတတ်သေး သည်။ ဘ၀ရည်မှန်းချက်
ဆိုသည် မှာဖြစ်ချင်သော ဘ၀၊ ရောက်ချင် သော ဘ၀၊
ရချင်သောဘ၀ဟု အလွယ်တကူ ပြော၍ ရမည်ထင်

Sunday, 27 November 2011

လူ့ဘ၀ကြီး၏အကြီးမားဆုံးသော အသိတရား (၁၄) ချက်

၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင် ပင်ဖြစ်သည်။

၂။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သည်။

၃။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ့်ကိုမိမိ
လိမ်လည်နေ ခြင်းဖြစ်သည်။

၎။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ၀မ်းနည်းရခြင်းသည် မိမိဧ။် မနာလို ၀န်တိုသော
စိတ်ကြောင့်ဖြစ်သည်။

၅။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည် မိမိဧ။်
စိတ်ဓာတ်ကျဆင်း ခြင်းကြောင့်ဖြစ်သည်။

Thursday, 24 November 2011

ဆရာနဲ့ကျောင်းသား

(အရမ်းကောင်းတယ် ဘ၀အတွက်လိုအပ်တဲ့ ဆက်ဆံရေးအတွေးဒဿန)

ဆရာက ကျောင်းသားနှစ်ယောက်ကို မေးခွန်းမေးပါတယ်။ အင်မတန်အဆင့်မြင့်ပြီးအတော်စဉ်းစားယူရတဲ့ သင်္ချာဥာဏ်စမ်းတွေပါ။ ပထမကျောင်းသားက မေးခွန်းခက်တာကို မြင်ပြီး ဒီလိုစဉ်းစားပါတယ်၊ "ဆရာက ငါမဖြေနိုင်မယ့် မေးခွန်းတွေကို တမင်သက်သက်မေးတာပဲ၊ဟိုတစ်ခါတုန်းက သူလာတာကို ထနှုတ်မဆက်...ပဲ နေမိတာကို မကျေနပ်လို.ဖြစ်မယ်".... သူဒီလို စတွေးတာနဲ.တင် မေးခွန်းတွေကို ကောင်းကောင်းမဖြေနိုင်တော့ပါဘူး... နောက်တစ်ယောက်ကတော့ ဒီလိုမြင်ပါတယ် "ဆရာ့မေးခွန်းတွေက အတော်အဆင့်မြင့်တယ်၊ ငါတို.အဆင့်နဲ့ဖြေလို.ရတဲ့မေးခွန်းတွေ ဖြစ်လောက်ပါတယ်၊ 
 
ကြိုးစားဖြေကြည်.ဦးမှပဲ" ... သူကတော့မေးခွန်းအတော်များများကို ဆရာ ကျေနပ်လောက်တဲ့ အထိဖြေဆိုနိုင်ခဲ့ပါတယ်.... ဒီအဖြစ်အပျက်လေးကို ကြည့်မယ်ဆိုရင် Perception လို.ခေါ်တဲ့ အထင်အမြင်ယူဆချက်တစ်ခုဟာ အစစအရာရာ အဆင်ပြေချောမွေ.စေဖို.အတွက် ဘယ်အတိုင်းအတာထိအရေးပါ အရာရောက်တယ်ဆိုတာ တွေ.မြင်နိုင်ပါတယ်၊ အခြားသူတစ်ယောက်ရဲ့စိတ်ထဲမှာ ဘယ်လိုပဲရှိရှိ၊ ဘာရည်ရွယ်ချက်နဲ.ပဲ မေးမေး "ဒုတိယ

Wednesday, 23 November 2011

"အတက်နှေးချင်နှေးပါစေ၊အကျမမြန်စေနဲ့"

“ဘ၀ဆိုတာ စေတနာရဲ့ ပုံတူပန်ချီကားချပ် တချပ်သာဖြစ်ပါတယ်”သုံးဆယ်တစ်ဘုံမှာ ဘ၀ပေါင်း သုံးဆယ့်တစ်ဘ၀ရှိတယ်၊ဒီသုံးဆယ့် တစ်ဘ၀လုံး စေတနာဆိုးရင် အပ္ပါယ်လေးးပါးးးကျရောက်ပြီး စေတနာကောင်းရင် လူရပ်၊နတ်ရွာ၊ဗြဟ္မာအထိ ကောင်းရာသုဂတိ ရောက်ရှိကြပါတယ်။ကြီးပွာချမ်းသာချင်တဲ့ သူဟာ စိတ်စေတနာကောင်းဖို့၊ကံကောင်းဖို့ အဓိက လိုအပ်ပါတယ်။မိမိကိုယ်ကိုကောင်းအောင်ကြိုးစားရမယ်။’အတက်မြန်ရင်        အကျမြန်”တတ်ပါတယ်။စီပွားဥစ္စာ ရှာဖွေတဲ့နေရာမှာ ဖြေးဖြေးမှန်မှန်ဘဲ ကောင်းပါတယ်။”အမှန်ကို အမြန်”လိုက်လို့ မမီဘူး။”မှန်မှန်လျှောက် ခရီးရောက်”ဆိုတဲ့အတိုင်း’မြန်မြန်ထက် မှန်မှန်က”ရေရှည်မှာ ပိုထိရောက်တယ်ဆိုတာကြာရင် သိလာပါလိမ့်မယ်။စီးပွါးပျက်ကြောင်းတရားတွေကို ဘုရားရှင် သိဂါင်္လောဝါဒသုတ်မှာ ခြောက်မျိုးဟောထားပါတယ်။
(၁)သေရည် သေရက် အလွန်အကျွံသောက်သုံးရင် စီးပွားပျက်တတ်ပါတယ်။
(၂)မူးယစ်ဆေးဝါးသုံးစွဲလျှင် စီးပွားပျက်တတ်ပါတယ်။
(၃)ပျော်ပွဲရွှင်ပွဲ အပျော်အပါး ၀ါသနာကြီးလွန်းလျှင် စီးပွားပျက်တတ်ပါတယ်။
(၄)ညဉ့်နက်သန်းခေါင်အချိန်မဲ့ အခါမဲ့ (အကျိုးမရှိဘဲ)သွားလာလျှင် စီးပွားပျက်တတ်ပါတယ်။
(၅)ညံဖျင်းတဲ့ မိတ်ဆွေ တွေနဲ့ ပေါင်းသင်းရင် စီးပွားပျက်တတ်ပါတယ်။အ
(၆)ထကြွလုံလ ဇွဲမ အပျင်းကြီးရင် စီးပွားပျက်တတ်ပါတယ်။
စီးပွားဖြစ်ချင်တဲ့သူဟာ ဒီစီးပွားပျက်ကြောင်းတွေကို အထူးရှောင်ကြဉ်ရပါမယ်။သို့ကြောင့်မိမိရှာဖွေ ထားတဲ့ ပစ္စည်း တိုးပွားအောင် ပြုလုပ်ရပါမယ်။မိမိ သေလျှင် ပါရှီလာမည့်ကုသိုလ်ဥစ္စာကို လှူဒါန်းပေးဝေခြင်းဖြင့်စုဆောင်းရပါမယ်။မိမိထက် သီလ၊သမာဓိ၊ပညာဟူသော သိက္ခာမြင့်မြတ်သူများကို ရိုသေ၇ပါမယ်။မိမိ ရဲ့ ကာယကံ၊၀စီကံ၊မနောကံ များကိုသတိတရား လက်ကိုင်ထားပြီး အစဉ်အမြဲ စောင့်ရှောက်စေချင်ပါတယ်။

Sunday, 20 November 2011

စိတ်အင်အားဖြည့်စကားစုများ

၁။
ကိုယ်ဘာလုပ်နေလဲ ကိုယ့်ကိုယ်ကို မကြာခဏ ပြန်လည်သုံးသပ်ပါ။
Analyse yourself often what you’re doing.
 ပြန်လည်သုံးသပ်မှုမရှိရင် ဘယ်အရာပဲဖြစ်ဖြစ် ရလာဘ်ကောင်းကို သိရှိနိုင်ဖို့ခဲယဉ်းလှပါတယ်။ ရလာဘ်ကောင်း
တွေကို ပိုင်ဆိုင်ချင်ရင် ကိုယ်လုပ်နေတဲ့ လုပ်ရပ်၊ ကိုယ်လုပ်နေတဲ့ လုပ်ငန်းကို ပြန်လည်ဆန်းစစ်ပါ။ ရလာဘ်ကောင်း
တွေ ပိုင်ဆိုင်မှုတွေ အောင်မြင်မှုတွေ ပိုတိုးလာပါလိမ့်မယ်။


၂။
ကျရှုံးခဲ့ရင်တောင် အောင်မြင်ဖို့ ထပ်ကြိုးစားလိုက်ပါဦး။
Strive to succeed Even if failure.
 ကျရှုံးတယ်ဆိုတာ ကြိုးစားကြည့်ဖူးတဲ့သူတွေမှ ကြုံဆုံရင်ဆိုင်ကြရတာပါ။ အောင်မြင်ခြင်းအတွက်

Wednesday, 9 November 2011

ဖတ်ကြည့်နော်.....ရင်ထဲတစ်ခုခုကျန်ခဲ့လိမ့်မယ်။

ရေတွင်းထဲက မြေခွေး


ကံမကောင်းတဲ့ မြေခွေးဟာ ရေတွင်းနက်တစ်ခုထဲ ကျသွားလို့ ပြန်တက်မရဘဲ ရှိနေတော့သတဲ့
မကြာမီဆိတ်တစ်ကောင် ဖြတ်လာသတဲ့. . .

“ရေတွင်းထဲ ဘာလုပ်နေလဲလို့ . . . . “မြေခွေးကို သူမေးတာပေါ့. . .

“အိုခင်ဗျားမသိသေးဘူးလား . . . မိုးခေါင်ရေရှားတော့မှာတဲ့. . . ဒါကြောင့် ကျုပ်အနီးမှာ ရေသေချာပေါက် ရှိနေဖို့
ခုန်ဆင်းခဲ့တယ်. . . . ခင်ဗျားလဲ ဘာကြောင့် မဆင်းခဲ့သတုန်း. . . . “

ဆိတ်က ဒီအကြံကောင်းသားပဲလို့ တွေးပြီး ရေတွင်းထဲ ခုန်ဆင်းလိုက်တယ်. . . .

Brian Tracyရဲ့အောင်မြင်ရေးဒဿန

အသက်(၇ဝ)နားနီးနေပြီးဖြစ်တဲ့ Brian Tracyဟာ ဆံပင်တွေ တစ်ခေါင်းလုံးဖြူနေပေမယ့် ခန္ဓာကိုယ်က လူငယ်တစ်ယောက်လို သန်မာနေဆဲဖြစ်တယ်။ ဒါဟာ နှစ်ကာလကြာ သူလေ့ကျင့်ခဲ့တဲ့ ကိုယ်ကာယရလဒ်ဖြစ်တယ်။ Tracyဟာ တခြားလူပြောတဲ့စကားကို နားထောင်တဲ့အခါ အာရုံစိုက်ပြီး အပြုံးမျက်နှာနဲ့ ခပ်ပြုံးပြုံးနားထောင်လေ့ရှိတယ်။ သူကိုယ်တိုင်စကားပြောတဲ့အခါမှာလည်း သံလိုက်စက်ကွင်းတစ်ခုဖြစ်အောင် သူဖန်တီးနိုင်တယ်။ ဒီလိုသံလိုက်စက်ကွင်းက နေရာမှာရှိတဲ့လူအားလုံးရဲ့ အာရုံကို ဖမ်းစားဆွဲငင်ထားနိုင်တယ်။

Brian Tracyဟာ တစ်ချိန်က ဘီဂိတ်လ်ရဲ့ စီးပွားရေးလမ်းညွှန်ဆရာဖြစ်ခဲ့သလို Buffett၊
Print Friendly and PDF