မြန်မာဖောင့် နဲ့ ပတ်သက်လို့ အခက်ခဲ ဖြစ်နေသူတွေအတွက် စုစည်းတင်ပြပေးတာပါ
ဇော်ဂျီ မြန်မာဖောင့် ၁၄ မျိုး တစ်ခါတည်း ဒေါင်းလို့ ရအောင် ပေးထားပါတယ်
အဓိက ကတော့ ၀င်းဒိုး ဗစ်တာ ၀င်းဒိုး ဆဲဗင်း 64bit အတွက်ပါ
ဝင်းဒိုးမှာ ဇော်ဂျီဖောင့် ကို install လုပ်တာက စပြောပေးပါ့မယ်။ XP မှာ ဆိုရင်တော့ အောက်ကပေးထားတဲ့ installer ကို Download လုပ်ပြီး run ပေးလိုက်ပါ။ Blogger day အတွက် ဆိုပြီး အမှတ်တရ ထုတ်ထားတဲ့ font and keyboard installer ဖြစ်ပါတယ်။ font ရော keyboard ရော install လုပ်ပေးမှာ ဖြစ်ပြီး၊ IE တွင် ဇော်ဂျီဖောင့် ပေါ်ရန် ပြောင်းလဲပေးခြင်း၊ အခြား installer များကဲ့သို့ password ရိုက်ပေးရမှု မရှိခြင်း၊ အခြားသော ၀င်းဒိုးမှာ ဖောင့်အတွက် ပြောင်းပေးရတဲ့ clear type ပြောင်းတာတွေ ဇော်ဂျီရွေးပေးရတာတွေကို ဒီ installer ကို run ပြီး restart လုပ်ပေးလိုက်ရုံနဲ့ အလိုလိုလုပ်ပေးပါတယ်။ အောက်မှာ ထူးခြားချက် အားလုံးကို ရေးထားပါတယ်။ ဖတ်ကြည့်ပါဦး။ ပုံအောက်က လင့်မှာ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။