Monday, 9 April 2012

ဟာသလေးများ အပိုင်း - (၂)

“ကမ္ဘာကြီး ရွာဖြစ်သွားရင်”
 
ယောက်ျား။ ။ မိန်းမရေ..ဒီဆောင်းပါးကို ကြည့်စမ်း။
 
ကမ္ဘာကြီးက ရွာတစ်ရွာ ဖြစ်သွားပြီတဲ့။ ကမ္ဘာ့ရှေ့ခြမ်းက အော်သံကို ကမ္ဘာ့ အနောက်ခြမ်းက
 
စက္ကန့်အပိုင်းအခြားနဲ့တင်ကြားနေရပြီတဲ့။

မိန်းမ။ ။ ဟင်... အဲ့ဒါမှ ဒုက္ခပဲ။ကျွန်မ ခုနက အီးကျယ်ကျယ် ပေါက်လိုက်မိတယ်...။
 
 
 
“၀ိသာခါကို မှီချင်တယ်”

မိန်းမ။ ။ ယောက်ျားရေ...ရာသီဥတုက ပူလိုက်တာ။ လူတစ်ကိုယ်လုံးလည်း ပူနေတာပဲ။

ယောက်ျား။ ။ မင်းကလည်း...ကွာ။အိုက်တယ်လို့ ပြောစမ်းပါ။ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း                                   
 
သြဘာနိမိတ်ထွန်းသတဲ့။မင်းက ပူတယ် ပူတယ်ပြောလိုက် ကလေးတစ်ယောက် မွေးလိုက်နဲ့

ခုတောင် ငါ ကလေး ကိုးယောက် အဖေ ဖြစ်နေပြီဟ။

Thursday, 5 April 2012

ဓါတ်ပုံတွေကို Slide Show တခုဖန်တီးတော့မယ်ဆိုရင်.....

slide show ဆော့ဝဲလ်ကို ဒီမှာဒေါင်းပါ

ဓါတ်ပုံတွေကိုslide show တခုဖန်တီးတော့မယ်ဆိုရင်အဆင့် ( ၄ )ဆင့်ရှိတယ်
ဒေါင်းပြီးတဲ့ ဖန်ရှင်ကိုဖွင့်လိုက်>>>>new ဆိုတာကိုရှာပြီးဖွင့်လိုက်တာနဲ့........

 
၁။ photo ဆိုတဲ့ဖိုင်ကျလာလိမ့်မယ်>>>> ဒီထဲမှာဓါတ်ပုံတွ သိမ်းထားခဲ့တဲ့နေရာကိုရှာ....
my computer>>>>my documents ထဲမှာရှိတာများတယ်။
ပြီးရင်လိုချင်တဲ့ပုံတွေကို တစ်ပုံချင်း selects လုပ်ပြီး add နှိပ်လိုက်ရင်ပုံတွေယူတဲ့ အပိုင်းပြီးသွားပြီ။
အဲဒီ select photos ဘောက်ကိုပိတ်လို့ ရပြီ။ ပုံတွေကိုလိုသလိုချိန်လို့ ရတယ်...



၂။ template အပိုင်းမှာကဓါတ်ပုံဘောင်ရွေးရမှာ.....ကြိုက်တာကိုရွေးပြီးရင်
ညာဘက်ခြမ်းမှာပေါ်လာလိမ့်မယ်....အဲဒီအောက်မှာ template config ကိုဖွင့်လိုက်

☆☆☆ကောင်မလေးလှလှလေးတွေ ကပြ မဲ့ software☆☆☆

This summary is not available. Please click here to view the post.

ဝက်ခြံတွေကိုပျောက်ကင်းစေတဲ့ သဘာဝရဲ့ပဉ္စလက်စွမ်းအားများ

သူငယ်ချင်းတို့ကို ဒုက္ခပေးနေတဲ့ဝက်ခြံတွေကို နှိမ်နင်းပေးဖို့နည်းလမ်းတွေ
 
ကြိုးစားပမ်းစားရှာထားပေးပါတယ်။
 
ဈေးကြီးကြီးပေးရတဲ့ အလှကုန်တွေကို လှည့်မကြည့်ပါနဲ့တော့။
 
သူငယ်ချင်းတို့ရဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့ စားစရာလေးတွေရဲ့
 
ပဉ္စလက်ဆန်တဲ့အစွမ်းတွေကပဲ သူငယ်ချင်းတို့ကိုလှအောင် ကူညီပေးမှာပါ။
 
အကုန်အကျလည်းအများ၊ ဓာတ်မတည့်မှာလဲမပူရ၊ လွယ်လည်းလွယ်၊
 
ထိလည်းထိရောက် ဘယ်လောက်ကောင်းလဲနော်။
 
စမ်းကြည့်ကြပါအုံး။
 
 


ပန်းသီး

ပန်းသီးလေးရဲ့အစွမ်းနဲ့ သင့်အသားအရေကို ပြောင်းလဲရအောင်။
 
ပန်းသီးလေးကို ပါးပါးလှီးပြီး ရေနွေးပူလောင်းလိုက်ပါ။ ရေတွေကိုစုပ်ပြီး ပန်းသီးအသားလေးပိုနူးညံ့သွားပါစေ။
 
ပြီးရင် ခဏအအေးခံထားပြီး ၀က်ခြံရှိတဲ့နေရာတွေပေါ်မှာ ကပ်ထားလိုက်နော်။
 
ဒီနည်းလေးက အရေပြားအထူးကုဆရာဝန်ကြီးတွေ ထောက်ခံထားတဲ့ အကောင်းဆုံးနည်းတွေထဲက တစ်ခုပါ။
 
ဝက်ခြံကို မြန်မြန်ပျောက်ကင်းစေတဲ့ ပန်းသီးအက်ဆစ်ရဲ့နူးညံ့ချောမွတ်စေတဲ့အစွမ်းကို သူငယ်ချင်းအရမ်းကြိုက်သွား
 
မှာ သေချာတယ်နော်။




သရက်သီး

“အသီးမှာသရက်”တဲ့။ သရက်သီးလေးကတော့ အကောင်းဆုံးအရသာကိုပေးသလို

(၁၂ )ရာသီခွင်ဟာသ...............

(၁) Aries (မိဿရာသီဖွား -- မတ်လ ၂၁ မှ ဧပြီ ၁၉ အတွင်းမွေးဖွားသူ)
မေမေ "Aries သမီးလေး.. စကပ်ဝတ်ထားတဲ့အချိန် ဒါန်းမစီးရဘူးနော်။
ကောင်လေးတွေ သမီးရဲ့အတွင်းခံကို တွေ့သွားနိုင်တယ်"
Aries "ဟုတ်ကဲ့ပါ မေမေ"
ဒါပေမယ့် တစ်နေ့မှာ Ariesက မေမေဆီပြေးလာပြီး "မေမေ... မေမေ ဒီနေ့
အောင်အောင်နဲ့ဒါန်းစီးပြိုင်တာ သမီးနိုင်တယ်"
မေမေက စိတ်တိုပြီး "စကပ်ဝတ်ထားရင် ဒါန်းမစီးရဘူးလို့ မေမေမှာထားတယ်မဟုတ်လား?"
Aries "သမီး ဒီလောက်မအပါဘူး မေမေရဲ့၊ အတွင်းခံကို သူ မမြင်အောင်ချွတ်ထားပြီးမှ ဒါန်းစီးတာပါ"
(Ariesဖွားက ရဲရင့်၊ ပွင့်လင်းပြီး လုပ်ရဲရင် ခံရဲသူဖြစ်တယ်)

(၂) Taurus (ပြိဿရာသီဖွား--ဧပြီ ၂ဝ မှ မေ ၂ဝ အတွင်းမွေးဖွားသူ)
ဖရဲသီးရောင်းသူ "လာနော်.. လာနော်.. ဖရဲသီးချိုတယ်၊ မချိုရင် ပိုက်ဆံမယူဘူး"
ရေဆာနေတဲ့ Taurus " အတော်ပဲ... ကျွန်တော့်ကို မချိုတာပေးပါ"

အီးမေးလ်ထဲက ပုံပြင်တိုလေးများ

(၁)
သူ့ကို သူလက်ထပ်ခွင့်တောင်းတော့ သူစကားတစ်ခွန်းပဲပြောတယ်။ "ငါ့ကို ယုံပါ"

သူ့အတွက် သူပထမဆုံးသမီးလေးမွေးပေးတော့ သူစကားတစ်ခွန်းပြောတယ်။ "နင် ပင်ပန်းပြီ"

သူတို့သမီး မင်္ဂလာဆောင်တဲ့နေ့က သူ့ကို သူဖက်ပြီး စကားတစ်ခွန်းပြောတယ်။ "ငါ ရှိသေးတယ်"

သူဖျားနာကြောင်း သူကြားတော့ သူ့ဘေးနား သူချက်ချင်းရောက်လာပြီး စကားတစ်ခွန်းကို သူထပ်တလဲလဲပြောတယ်။
 "ငါ ဒီမှာ"

လောကကြီးထဲကနေ သူထွက်သွားတော့မယ့်တခဏ သူ့နဖူးကို သူနမ်းပြီးပြောတယ်။ "ငါ့ကို စောင့်ပါ"

ဒီတစ်သက် သူ့ကို ချစ်တယ်လို့ သူ မပြောခဲ့ဖူးဘူး။ ဒါပေမယ့် အချစ်က သူတို့အနားမခွဲမခွာရှိခဲ့တယ်။


ဒီလောကမှာ ရင်ထဲကစကားကို ထုတ်ဖော်မပြောပြတတ်တဲ့ လူတွေရှိတယ်။ ထုတ်ဖော်မပြောတိုင်း
သူတို့မှာ ချစ်ခြင်းမေတ္တာမရှိတာမဟုတ်ပါဘူး။

(၂)

အဖေဖြစ်သူကားဆေးတော့ သားက ကျောက်ခဲနဲ့ ကားတံခါးကိုခြစ်ကစားတယ်။ ဒါကို

ဇက်ကြောတက် သက်သာစေမည့် လေ့ကျင့်ခန်းများ

ပခုံးနေရာနဲ့ ကုတ်ပိုးတစ်လျှောက် ကြွက်သားတွေ တင်းပြီး နာကျင်နေမှုနဲ့ အရာဝတ္ထု တစ်ခုခု တင်ထားသလို လေးလံမှုကို ခံစားနေရမယ် ဆိုရင်တော့ အောက်ပါ လေ့ကျင့်ခန်းတွေကို ပြုလုပ်ကြည့်ပါ။  တစ်နေ့ကို သုံးကြိမ်လောက် ပြုလုပ်ပေးရင် နာကျင်မှု တဖြည်းဖြည်း သက်သာသွားနိုင်ပါတယ်။

လေ့ကျင့်မှုပုံစံ (၁)

နောက်မှီ ထိုင်ခုံတစ်လုံးပေါ်မှာ ခါးကို မတ်မတ်လေးထိုင်နေပြီး မေးစေ့ကို ရင်ဘတ်နေရာနားသို့ ငုံ့ချလိုက်ပါ။ ခဏလောက်နေပြီး ခေါင်းကို ပုံမှန်အတိုင်း ပြန်ထားပါ။ ငါးကြိမ် ပြုလုပ် လေ့ကျင့်ပေးပါ။


လေ့ကျင့်မှုပုံစံ (၂)

ထိုင်ခုံပေါ်မှာ ထိုင်နေရင်း နောက်သို့ ဦးခေါင်းကို လှန်ချရမှာပါ။ မျက်နှာက မျက်နှာကြက်ဆီကို မော့လိုက်ပြီး နောက်ကျောပေါ်မှာ မှီလိုက်တဲ့ ပုံစံမျိုးပါ။ ခဏလောက် နေပြီး ဦးခေါင်းကို မတ်မတ်ပြန်ထားပါ။ ငါးကြိမ် ပြုလုပ်လေ့ကျင့်ပေးပါ။
 လေ့ကျင့်မှုပုံစံ (၃)


ထိုင်ခုံမှာ မတ်မတ်ထိုင်နေပြီး ဦးခေါင်းကို ဘယ်ကိုလှည့်ကာ တစ်လို့ ရေတွက်ပြီး၊ ရှေ့တည့်တည့် ပြန်နေကာ နှစ်လို့ ရေတွက်ပါ။ ဦးခေါင်း ညာဘက်ကို
Print Friendly and PDF