Thursday, 24 November 2011

ရယ်ချင်ရင်ဖတ်ကြည့်ကြနော်။ နံပါတ်(၁၁)

အသံတိတ်

အဝေးပြေးကားလမ်းမကြီးပေါ်မှာ ကားမောင်းလာသူကို ရဲကားက လိုက်တားပြီး သူ့မိန်းမ တစ်မိုင်လောက်မှာ ထွက်ကျ ကျန်နေရစ်ခဲ့ပြီလို့ ပြောတယ်။
‘အိုး ဘုရားသခင် ကျေးဇူးတော်ပဲ၊ ကျွန်တော်က ဘာသံမှ မကြားရတော့လို့ ကျွန်တော့် နားကန်းသွားပြီ ထင်နေတာ’လို့ ညဉ်းတွားတယ်။

အားပေးကြပါဦးရှင်

မင်းသမီး အသစ်ကလေးခဗျာ သူ့အတွက် ပထမဦးဆုံး မိတ်ဆက်ပွဲမှာ စိတ်ပျက်လက်ပျက် ဖြစ်နေရှာတယ်။ သူ့ခဗျာပန်းစည်း ၁၇ စည်းပဲ လက်ခံရသေးတယ်။ တကယ်တော့ ပန်းဆိုင်ကို အစည်း ၂၀ ဖိုး သူကငွေပေးထားပြီးသားလေ။

မယုံရင်ချိန်ကြည့်

ရည်းစားနဲ့ ပထမဆုံး ချိန်းတွေ့ကြတုန်းကပေါ့။

ကိုယ်က သူ့လက်ကို ကိုင်ထားရမလား မေးတော့...
သူ့ဟာသူ ဖြစ်ပါတယ်၊ သူ့လက်က သိပ်မလေးလှပါဘူးတဲ့ကွာ။

စုပြီးဆောင်းပြီး

လက်ရှိရည်စားနဲ့ ယူဖြစ်မယ် မထင်ပါဘူး။
ဘဏ်ထဲမှာ ပိုက်ဆံစုပြီးသား ဘယ်လောက်ရှိသလဲလို့ မနေ့ညက ကျွန်မမေးလိုက်တော့...
သူက အိမ်ကိုပြန်ပြီး စုဘူး ဖောက်ကြည့် ရဦးမှာတဲ့လေ။

အဲဒီသုံးယောက်

ကျွန်တော်က လူသုံးယောက်စာ အလုပ်တွေကို ပိုလုပ်နေရတာမို့ လခတိုးပေးဖို့ ဘော့စ်ကို ပြောလိုက်တယ်။
သူက လခတော့ တိုးမပေးနိုင်ဘူးတဲ့။ ဒါပေမဲ့ အဲဒီသုံးယောက်ရဲ့ နာမည်ကို ကျွန်တော် ပြောပြရင် သူအလုပ် ဖြုတ်ပစ်မယ်တဲ့ဗျာ။

လက်စွမ်းထက်ပုံ

ကိုယ့်ရည်းစားက ကွန်ဖူးချန်ပီယံကွ။
မနေ့ညက ပိုကောင်းတစ်ကောင် ပျံရင်း သူ့နံဘေးဝင်တိုက်မိလို့ ဆော်ထည့်လိုက်တာ...
သူ့နံရိုး တစ်ချောင်း ကျိုးသွားတယ်။

ဒိုင်းမွန်းပါတာ

မနက်ဖြန်ခါ ကိုယ့်မိန်းမရဲ့ မွေးနေ့။
မွေးနေ့လက်ဆောင် အဖြစ် ဘာလိုချင်သလဲလို့ အရင်အပတ်က သူ့ကို ကိုယ်မေးလိုက်တယ်။
‘ဘာပြောရမှန်း မသိပါဘူးရှင်၊ ဒိုင်းမွန်းပါတာ တစ်ခုခုပေးချင်တာသာ ပေးပါတော့ ’ လို့ သူကပြောတယ်။
ဒါနဲ့ ကိုယ်လည်း ဖဲထုတ်တစ်ထုပ် ဝယ်ပေးလိုက်တယ်။

ဆင်းရဲပုံက

ကျွန်တော်ကလေး ဘဝတုန်းက ကျွန်တော်တို့ မိသားစု အရမ်းဆင်းရဲတယ်ဗျာ။
ကျွန်တော့်မွေးနေ့မှာ ကျွန်တော်ရတဲ့ မွေးနေ့လက်ဆောင်ကတော့ အသက်တစ်နှစ် ကြီးသွားတာ တစ်ခုတည်းပဲ။

သဘောတူထားလို့ပါ

ရာဘင်နိုဝစ်က ရော့ခ်ဖဲလား ဘဏ်ကြီးရှေ့မှာ လိမ္မော်သီးတွေ ရောင်းနေတယ်။ သူ့မိတ်ဆွေတစ်ဦးက ငွေလာချေးတယ်။
ရာဘင်နိုဝစ်က-
“ခင်ဗျား မသိဘူးထင်တယ်။ ကျုပ်နဲ့ရော့ခ်ဖဲလား သဘောတူညီချက်တစ်ခု လုပ်ထားတာလေ”
အဲဒီသူက ခေါင်းခါတယ်။ ရာဘင်နိုဝစ်က အခုလို ရှင်းပြပါတယ်။
“ရော့ခ်ဖဲလားက သူဘယ်တော့မှ လိမ္မော်သီး မရောင်းကြေး၊ ကျုပ်ကလည်း ဘယ်တော့မှ ငွေမချေးကြေး ဆိုတာလေ”

No comments:

Post a Comment

Print Friendly and PDF