Sunday 1 April 2012

အကြံပိုင်တဲ့ဆာဒါ....(ဟာသ)

ဆာဒါဂျီတို့ဇနီးမောင်နှံနှစ်ယောက်ဟာ ကီးဝက်တ် ကနေ ဘော့စတွန်ကို ကားနဲ့ ခရီးထွက်ခဲ့ကြတယ်။

လမ်းပေါ်မှာ ၂၄ နာရီလောက်မောင်းခဲ့ပြီးနောက် ခရီးပန်းသွားတယ်။
သူတို့ဟာ ဟိုတယ်ကောင်းကောင်းတစ်ခုမှာ အခန်းတစ်ခန်းယူပြီး ရပ်နားခဲ့တယ်။
သူတို့ဟာ ၄ နာရီ လောက် အိပ်စက်အနားယူပြီး ခရီးဆက်ဖို့ ပြင်ဆင်ကြတယ်။
၎ နာရီအနားယူပြီးနောက် ကောင်တာစာရေးထံမှာ ငွေသွားရှင်းတော့ ၃၅၀ ဒေါ်လာ ကျတယ်တဲ့။


ဆာရာဂျီက ဘာ့ကြောင့် ဈေးအလွန်ကြီးတယ်ဆိုတာ သိချင်တယ်လို့ ပေါက်ကွဲပြီး ပြောဆိုလိုက်တယ်။
သူက စာရေးကို ဟိုတယ်ကောင်းတစ်ခုတောင်မှ ဒေါ်လာ ၃၅၀ ပဲရှိတယ်လို့ပြောလိုက်တယ်။
ဒီအခါမှာ စာရေးက ဒေါ်လာ ၃၅၀ က ပုံမှန်ဈေးဖြစ်ကြောင်းပြောတယ်။

ဆာရာဂျီက မန်နေဂျာနဲ့ စကားပြောချင်ကြောင်း မရအရ ပြောလိုက်တယ်။
မန်နေဂျာ ရောက်လာပြီး ဆာဒါဂျီ ပြောစကားကို နားထောင်နေတယ်။
ပြီးတော့မှ ဒီဟိုတယ်မှာ အိုလံပစ်ကွင်းလောက်ရှိတဲ့ ရေကူးကန်နဲ့ ကြီးမားတဲ့ အစည်းအဝေးခန်းမရှိတဲ့အတွက်
လင်နဲ့မယား အသုံးပြုလို့ရကြောင်းရှင်းပြတယ်။



 
“ဒါတွေကို ကျုပ်တို့မှ မသုံးတာဗျ” ဆာဒါဂျီက မကျေမနပ်နဲ့ပြောလိုက်တယ်။
“ကောင်းပြီလေ….ဒါတွေက ဒီမှာရှိနေတယ်။ ခင်ဗျားတို့ သုံးနိုင်တာပဲ” မန်နေဂျာက ပြန်ရှင်းပြတယ်။
ဒါတွေရှိနေလို့ သူတို့ဟိုတယ်က နံမည်ကြီးတဲ့အကြောင်း ဆက်ရှင်းပြတယ်။
“နယူးရော့၊ ဟောလိဝုဒ် နဲ့ လာ့ဗီးဂတ်စ်က နံမည်ကြီးအနုပညာရှင်တွေ ဒီမှာ လာရောက်ဖျော်ဖြေတယ်”
မန်နေဂျာက ပြောတယ်။

“ဒါပေမယ့်ဗျာ…ကျုပ်တို့က အဲဒီ ဖျော်ဖြေပွဲကို ခြေဦးတောင်မလှည့်ဘူးလေ”ဆာဒါဂျီက
မကျေမနပ်နဲ့ ထပ်ပြောတယ်။
“ကောင်းပြီ…ဒီမှာ….အဲဒါတွေရှိတယ်လေ။ ခင်ဗျားတို့ အသုံးပြုနိုင်တယ်” မန်နေဂျာက ပြန်ပြောတယ်။
မန်နေဂျာက ဒီမှာ ဘာမှလိုလေသေးမရှိအောင်လုပ်တာတာပဲလို့ မန်နေဂျာက ပြောတယ်။
ဆာဒါဂျီက “ဒါတွေကို ကျုပ်တို့မသုံးဘူးလေ”

မန်နေဂျာကတော့ အပြောင်းအလဲမရှိပါဘူး။ ဆာဒါဂျီက နောက်ဆုံးတော့ ငွေပေးဖို့ သဘောတူလိုက်တယ်။
သူဟာ ချက်လက်မှတ် တစ်စောင်ကို ရေးပြီး မန်နေဂျာကို ပေးလိုက်တယ်။
မန်နေဂျာက ချက်လက်မှတ်ကို ကြည့်လိုက်ပြီး အံ့အားသင့်သွားတယ်။
“လူကြီးမင်း ရေးပေးတာ ဒေါ်လာ ၁၀၀ ထဲ”
“ဟုတ်ပါတယ်”ဆာဒါဂျီက ပြောတယ်။


“ငါက ငါ့မိန်းမနဲ့မင်း အတူအိပ်တဲ့အတွက် ဒေါ်လာ ၂၅၀ ယူတယ်လေ”
“ငါ…မအိပ်ဘူးလေကွာ” မန်နေဂျာက အံ့အားသင့်ပြီး ပြောတယ်။
“ကောင်းပြီလေ…သူက ဒီမှာရှိနေတော့ မင်းသူ့ကို အသုံးပြုနိုင်တာပဲ”

No comments:

Post a Comment

Print Friendly and PDF