Friday, 4 November 2011

!!!!! ဟာသလေးများ (၁) !!!!!

နှင်းဆီရေ ပြောလိုက်ပါဦး

လင်မယားနှစ်ယောက်သည် အသက်အရွယ်ကြီးလာသည်နှင့်အမျှ တနေ့တခြားမေ့တတ်လာသည်။
ထို့ကြောင့် သတိမမေ့အောင်လေ့ကျင့်ပေးသည့် ဆေးခန်းသွားရောက်ကာ နေ့စဉ်လေ့ကျင့်ကြရာ အတန်ကြာ
သည့်အခါ မှတ်ဥာဏ် ကောင်းလာသည့်အခြေအနေ ရောက်ရှိလာသည်။

ထိုအကြောင်းကို ခင်ပွန်းဖြစ်သူက အိမ်နီးချင်းသူငယ်ချင်းအား ပြန်လည်ဖောက်သည်ချသည်။

"ငါလည်းသွားပြီးလေ့ကျင့်ချင်တယ်ကွာ၊ အဲဒီင်္ဆရာနာမည် ပြောပါဦး" သူငယ်ချင်းက မေးသည်။

"ဟိုဟာလေကွာ၊ နေပါဦး ၊ ဟိုပန်းလေ ၊ အနံက အရမ်းမွှေးတယ်။ ရိုးတံမှာ ဆူးတွေအများပါတယ်။
အဲဒီပန်းနာမည်လေကွာ".....

"နှင်းဆီပန်းမဟုတ်လား"......

"အေး-နှင်းဆီ၊နှင်းဆီ..သတိရပြီ"
ခင်ပွန်းဖြစ်သူသည် ဝမ်းသာအားရနှင့် အိမ်ခန်းတွင်းသို့ လှမ်းကာအော်ပြောလိုက်သည်မှာ....

"နှင်းဆီရေ၊ ဒါလင်နဲ့ ကိုယ့်ကိုလေ့ကျင့်ပေးတဲ့ ဆရာဝန်လေးနာမည်ကို ပြောလိုက်ပါဦးကွယ်".........




အပြစ်မကြီးလို့ပါ

အစိုးရရှေ့နေ.........။   ။ မင်းလူသတ်မှုကျူးလွန်ခဲတယ်မဟုတ်လား၊ မှန်မှန်ပြောပါ။
တရားခံ...............။   ။ အကျူးလွန်ပါဘူး။
အစိုးရရှေ့နေ.........။   ။ ကျမ်းသစ္စာကိုလိမ်ပြီး ထွက်ဆိုရင်ဘယ်လိုအပြစ်ပေးခံရမယ်ဆိုတာ မင်းသိလား။
တရားခံ...............။   ။ သိပါတယ်ခင်ဗျား၊ လူသတ်မူ အပြစ်ဒဏ်လောက် မကြီးလို့ပါ။။




မေမေ မတရားဘူး

သားသမီးများပြားသော မိသားစုတစ်စု၏ နေအိမ်တွင် မိခင်ဖြစ်သူ ကလေးများအား.....

"'ဒီနေ့ကစပြီး လိမ်လိမ်မာမာနဲ့ မေမေခိုင်းတာလုပ်ဲ့
မိသားစုတစ်တစ်ဦးကို ရွေးချယ်ပြီး စနေနေ့တိုင်းမှာဆုချမယ်" ဟုပြောလိုက်သည်။

ထိုအခိုက်တွင် ထိုင်နေသောကလေးများထဲမှ သားငယ်လေးတစ်ဦးက ပြောလိုက်သည်မှာ.....

"မေမေ မတရားဘူး။ ဒါဆို ဖေဖေက အပတ်တိုင်းဆုရမှာပေါ့".....




ကလေးအတွေး

"မေမေ၊ဟိုဘက်အခန်းကလူတွေ တော်တော် ဆင်းရဲကြတယ်ထင်တယ်"......
သားငယ်ဖြစ်သူက အိမ်နီးချင်းအခန်းမှ ဆူညံသံများကြားသဖြင့် မိခင် ကိုပြောလိုက်သည်။

"သား ဘာဖြစ်လို့ အဲလို ထင်ရတာတုန်း"....."
မေမေရယ် ကလေးပေါက်စလေးက ပြားစေ့တစေ့ မျိုချလိုက်တာကို
ရေးကြီးခွင်ကျယ်လုပ်ပြီး အော်ဟစ်နေကြတယ်"....




နာမည်ပါပြောင်းသွားတာကိုး

ရစ်ဇဝမ်းသည် မိတ်ဆွေဟောင်းတစ်ယောက်ကိုတွေ့သောအခါ မှတ်မိသည့်လေသံဖြင့်

"ဟေ့....အကွီး။ မင်းတော်တော်ပိန်သွားပါလားကွ....ဘာဖြစ်လို့လဲ၊
ဟိုတုန်းက မင်းဟာဆံပင်သိပ်သန်တဲ့ကောင်၊ ခုတော့ ထိပ်ပြောင်ကြီး ဖြစ်နေပြီ....
ပြီးတော့ အရင်က မင်းမျက်စိလည်းကောင်းတယ်၊ အခုမျက်မှန်က တပ်နေရပြီ"....

ထိုလူက ရစ်ဇဝမ်း ကိုအံ့အားသင့်စွာ ကြည့်ပြီးပြန်ပြောလိုက်သည်။...

"နေပါဦး၊ခင်ဗျား လူမှားနေပြီ၊ ကျွန်တော့်နာမည် အကွီးမဟုတ်ပါဘူး....ကျွန်တော် အာမက်ပါ"......

ထိုအခါ ရစ်ဇဝမ်းက 'ဘုရားရေ.......မင်းနာမည်ပါ ပြောင်းသွားတာကိုး"...တဲ့။။

No comments:

Post a Comment

Print Friendly and PDF