တစ်နေ့ညနေ မှောင်ရီပျိုးချိန် အိမ်နီးချင်း မောင်စတီးဖင် နဲ့ မောင်စိုင်းလင်း ပျင်းပျင်းရှိသည် နှင့်
အုတ်ဂူရှေ့ထွက်ထိုင်ပြီး ပိုကာဒေါင်းနေတုန်း..........
"နောင်ဝေေ၀~~"
ကြားလိုက်ရတဲ့ ကြေးစည်သံဖက်ကို လှည့်ကြည့်လိုက်တော့....လားလား....သုဘရာဇာ ကိုးလို့
ပြုံးပြူံး ပြုံးပြုံး နဲ့ ပေါက်တူးကြီးထမ်းပြီး (ပြုံးနိုင်တာပေါ့ ငှားထားတဲ့ တူရွင်းပိုင်ရှင်ကို အကြွေးဆပ်စရာ
မလိုတော့ဘူး ဒီနေ့လည်းမသာကောင် တစ်ကောင်တိုးတော့ ညနေBE တစ်ပိုင်းဖိုးတော့အသာလေး)
နောက်မှာလည်းလူတစ်အုပ် မသာကောင်ကိုဖျာလိပ်နဲ့ ပတ်ပြီး မချလာတယ်....
"ဘုတ်"....."
"အောင်မလေး"
အနားလာချတဲ့ မသာကောင်ကြည့်ပြီး စတီးနဲ့ မောင်စိုင်းလင်း လန့်သွားတယ်....
တောက်....ဒီသုသာန်မှာ အသားကျနေတဲ့ သူတို့၂ယောက်ကိုတောင် လန့်အောင်လုပ်တဲ့
ဒီမသာကောင် လတ်လတ်ဆတ်ဆတ်ရုပ်ကိုလည်း ကြည့်ဦး....
မျက်လုံး ၂လုံး အုန်းသီးလုံးလောက် ပြူးနေတာ လျှာကလည်း ဖန်လုံးမ ဆံပင်လောက်နီးနီး
ရှည်ထွက်ပြီး အပြင်မှာတစ်လစ်..ခြူခြာတဲ့ ရူပါကလည်းဗျာ....
အနီးအနားက မသာကောင်တွေတောင် လိပ်ပြာ ပြန်ခေါ်ရလောက်အောင် လန့်ကုန်တာ..
""ကလူ ကလူးးးး...""
တစ်ချို့ဆို အိမ်ပြောင်းဖို့တောင် တိုင်ပင်နေကြပြီ....အရဲစွန့်ပြီး ဆက်ကြည့်တော့ ""အောင်မညှီး....""
အနှည်း မသာကောင် ခါးဝတ်ပုဆိုးတောင်မပါ ဘူး...
ခါးအောက်ပိုင်းက မုန့်လက်ဆောင်းသာသာလေးကလည်း ဥတစ်ခြမ်းပဲ့နဲ့
(ဒါကြောင့် ဒီကောင်မျက်လုံးကလောက်ပြူးနေတာ...)....
"အောင်မလေး ဖြစ်ရလေ ငစိုင်းခမ်းရဲ့"......
ကလူး ကလူးး လန့်လိုက် တာ့...
မသာကောင် အကဲခတ်နေတုန်း ဘေးကအော်ချလိုက်တဲ့ လင်ဗန်းကွဲသံ ပိုင်ရှင်ကို ကြည့်လိုက်တော့
ဖန်လုံးမဗျာ.....မျက်ရည် မျက်ခွက် နှပ်တွဲလွဲနဲ့ မျက်နှာတစ်ဖက်လွဲပြီး (သူလည်းမသာရုပ်ကိုမကြည့်ရဲရှာဘူး)
အသာကုန် ကုန်းအော်နေတာ.....မသာအတွက် ငိုချင်းချနေတာဗျာ...အားရပါးရကို.....
""အောင်မလေး...ငစိုင်းခမ်း....ဟီးဟီး....ဖန်လေးကို လက်ဆောင်ပေးမယ် ဆိုပြီး
ညအချိန်မတော် အိမ်သာဘေးကို ချိန်းပြီး.....အဟီး....ပေးတဲ့လက်ဆောင်လည်း ကြည့်ပါဦး..""
""ဟီး....ဟိုနှစ်ယောက် မြုပ်ထားတဲ့မှတ်တိုင်က ဖဲ့လာတဲ့ "ဖန်လုံးမ" လို့ထိုးထားတဲ့ အထက်ဆင်ပိုင်းလေး....
အဲ့ဒါကို ဘယ်လောက်တောင် ခိုးနမ်းထားသလဲမသိ....အ၀တ်စလေး တစ်ခုလုံးကို နှပ်တွေ သရေတွေ
ရွှဲနေတာများ ညစ်ချရင် ပေပါတစ်လုံးပြည့်တယ်....""
""ဟီးးဟီး"".....ပေးစရာလား အဲ့ဒါ......စိတ်ပေါက်ပေါက်နဲ့ ပေါင်ကြားလှမ်းဆိတ်တာ....ပလစ် ဆိုပြီး
တစ်ခုခုကွဲသွားတဲ့အသံနဲ့ ရှင့်မျက်လုံးပြူးထွက်လာတာ အုန်းသီးလုံးလောက်ကြီး....""
""ဟီးဟီး....အဲ့ဒါကို လန့်ပြီး ဖန်လေးလန့်အော်တာ တစ်ရပ်ကွက်လုံး တုတ်ဓါးဆွဲပြီးထွက်လာလို့
ရှင်လေ....အနားမှာရှိတဲ့ အိမ်သာကျင်းထဲ ပျာပျာနဲ့ ၀င်ပုန်းတာ ပုဆိုးတောင် မနိုင်ဝူး...ကျင်းထဲခုန်ချ
ခါနီး "ရဟူး" လို့တောင် အော်သွားသေး...အောင်မလေး မောင်စိုင်းခမ်းရဲ့ အိမ်သာကျင်းထဲ ခုန်ချတာ
တောင် ညာသံပေးသွားသေး.....အဲ့ဒါ ခေါင်းလေးပေါ်နေလို့ ဖန်လေး ထမိန်နဲ့ အုပ်ထားပေးရတာ....""
""ဟီးဟီး....အဲ့ဒါ အောက်စီဂျင်မရမှာစိုးလို့ မကြာမကြာ အီးလေးပေါက်ပေါက်ပေးရသေး.....""
""ဟီးဟီး.....လူတွေအားလုံးပြန်သွားတော့ ရှင့်ကို သတိရပြီး ပြန်ဆွဲတင်မယ်ကြံသေး...ရှင်တစ်ကိုယ်
လုံးပြာနှမ်းပြီး လျှာတစ်လစ်နဲ့ ဆန့်နေပါရော်လား....သေချာကြည့်တော့ ကျင်းထဲခုန်ချတုန်းက လန့်ပြီး
ခါးဝတ်ပုဆိုးဘယ်နားကျွတ်ခဲ့မှန်းမသိ...ပေါင်ခြံ မှာလည်း အောင်မငှီး.....၂တောင်လောက်ကြီး
ရှည်နေတာ.....""
""ဟီးဟီး....အထင်မလွဲပါနဲ့ အရပ်ကတို့ရေ.....အဲ့ဒါသူ ကျင်းထဲခုန်ချတုန်းက ကျင်းထဲအောင်း
နေတဲ့ ငန်းတော်ကြားကြီးဗျ....မုန့်လက်ဆောင်းလေးကို ခဲထားတာဗျ...ဒါကြောင့် ဒီကောင်
တစ်ကိုယ်လုံးပြာနှမ်းနေတာ....ဟီးဟီး...""
""တော်ပါသေးရဲ့ ဖန်လေးပေါက်တဲ့ အီးကြောင့်လားလို့ လိပ်ပြာတောင်မလုံဘူး....ဟင့်ဟင့်""....
""ခုတော့လည်း....သွားရှာပေါ့....ဟီးဟီး.....".....""
ဖန်လုံးမ ငိုချင်းချပြီးတာနဲ့ သုဘရာဇာ ကိုးလို့ မသာကောင်ကို ဖနောင့်နဲ့ ကျင်းထဲကန်ချပြီး
တိုင်ထောင်ဖို့ ရှာပါလေရော်....ဘယ်လိုမှရှာမတွေ့တာနဲ့ ဖန်လုံးမ ထမိန်ကို မျက်ထောင့်နီကြီးနဲ့
လှမ်းလျှိုးနေတယ်...ဖန်လုံးမကလည်း အလိုက်သိတယ်..၀တ်လာတဲ့ ထမိန်ကို ချွတ်ပေးတယ်....
ဒါကို အတွေ့အကြုံရှိပြီးသား သုဘရာဇာက ထမိန်က အနံ့အသက်တွေပါလာရင် မသာကောင် မကျွတ်မှာ
စိုးလို့ ကွမ်းတွေးနဲ့ "ဖွမ်း" ခနဲ့ ထွေး ဖနောင့်နဲ့ အားရပါးရပေါက် (ဖန်လုံးမတောင် အဆစ်ဝင်ပေါက်လိုက်သေး)
ပြီး မသာမျက်ခွက်ကို ဘယ်ညာ လူးပြစ်သေးတယ်....ပြီးမှ မြေဖို့ ပြီး ခုနက ထမိန်လေးကို တုတ်ထိုး
တိုင်ထောင်ခဲ့တာပေါ့.....
ခုတော့လည်း လေတလွင့်လွင့်နဲ့ " ဥတစ်ခြမ်းပဲ့ မုန့်လက်ကြား (ငန်းတော်ကြား ကိုက်တာကို အမှတ်တရ)
ငစိုင်းခမ်း ၊ အတက် >> ငုတ်စိ၊ 18.5.2011 " ဆိုတဲ့သုဘရာဇာ ကိုးလို့ ရဲ့လက်စွမ်းပြစရာ နေရာ
မရှိလို့ အခွင့်ရတုန်း ကမြင်းထားတဲ့ ဂရပ်ဖတီစာတမ်းလေး တလူလူနဲ့......အောင်မာ...ဒါတောင်
ဖန်ဥလေးက သူဖဲ့လာတဲ့နှပ်တာလူး ထမိန်အထက်ဆင်စလေး "ဖန်လုံးမ"ဆိုတာလေးကို တယုတယ
နှပ်ချေး သုပ်ပြီး ပြန်ချုပ်ပေးသွားသေး.....
အင်း....သုသာန်ထဲက တစ်ချို့ နှလုံးရောဂါနဲ့သေတဲ့ မသာတွေကတော့ ဒီကောင့် ရုပ်မြင်ရင် ၂ထပ်
ကွမ်းထပ် သေနေမှာစိုးတာနဲ့ ပြောင်းပြေးကြကုန်ပြီ.....အရင်က စည်ကားနေတဲ့ မသာဘုံလေး
အဲ့ကောင်ရောက်လာ မှ တိတ်ဆိတ် ငြိမ်သက်....ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်ကို ထိုးခွဲဝင်လာ တဲ့
အောင်မြင်ခန့်ညားတဲ့ အသံ..
" ဒေါင်းပြီကွ အောရန်း"
မောင်စိုင်းလင်းရဲ့ မာန်ပါပါအသံ....
မျက်နှာငယ်လေးနဲ့ စတီးဖင် သိမ်ဝင်တော့မဲ့ အသံငိုမဲ့မဲ့နဲ့
"သွားပါပြီကွာ နှင်းနှင်းလေး ငါ့အတွက်ရည်ရွယ်ပြီး မီးရှို့ပေးတဲ့ ပိုက်ပိုက်တွေတော့
နှင်းလေးရေ ဒီကောင် မောင်စိုင်းလင်း အကြွေးတွေချေရအောင် နောက်တစ်ခေါက်ကျ များများ
ရှို့ပေးဗျ...ဟင့်ဟင့်"..
အောင်နိုင်သူတစ်ယောက်ရဲ့ အပြုံးနဲ့ မောင်စိုင်းလင်း မိန့်မိန့်ကြီးပြုံးပြီး နေ့လည်က သည်းလေး
မြက်စီးမွှေးလေး အလွမ်းပြေလာကြည့်တုန်းက ပသသွားတဲ့ လက်ဖက်သုပ် ဆီရွှမ်းရွှမ်းလေးကို
"ပလောက်"ခနဲ့ မြည်အောင် ကောက်ဝါးပလိုက်တယ်...
သည်းလေးရဲ့ အချစ်တွေနဲ့ သုပ်ထားတဲ့ လက်ဖက်လေး ပါးစောင်းထဲမှာ အီစိမ့်လို့ "ဂွတ်ဒ်"...
သုသာန်ဇရပ်ထဲမှာတော့ သုဘရာဇာ ကိုးလို့နဲ့ ကူလီသမား မောင်စိုင်းနောင် တို့ ၂ယောက် ဘီအီး
တစ်ခွက်ကို တစ်ယောက်တစ်လှည့် လျှာနဲ့တို့ ပဲကြီးလှော်တစ်စေ့ကို တစ်လှည့်စီ ငုံပြီး ၀ိုင်းကောင်း
ဇာတ်ကျိုးနေလေရဲ့....
ဇရပ်အပြင်ဖက် အမှိုက်ပုံနားမှာတော့ ပလပ်စတစ်ကောက် သမလေး နှင်းနှင်း တုတ်ချွန်တစ်ချောင်း
နဲ့ မြင်မြင်သမျှ ကျွတ်ကျွတ်အိတ်တွေကို ဇွတ်ခနဲ့ ဇွတ်ခနဲ့...
သုသာန်အုတ်ဂူတစ်ခု နောက်မှာတော့ လူရိပ်မည်းမည်း တစ်ခု...ညနေက မသာ အသစ်တစ်ကောင်
မြုပ်တယ်ဆိုတဲ့ သတင်းကြားလို့ လုပ်ငန်းစဖို့ ဇရပ်ပေါ်က လူသံအရိပ်အကဲကို ခြင်ကိုက်ခံစောင့်နေ
တဲ့ လင်းကြည်မ...မသာလတ်လတ်ဆတ်ဆတ် ကောင်မှာ ပုဆိုးတောင် မပါတာ စတီးနဲ့
မောင်စိုင်းလင်း အသိ.....
ညလေးက တိတ်ဆိတ် ငြိမ်သက်.....~~~
....ကဲကဲ...တော်ပြီ လက်အညောင်းဆန့်တာ တော်လောက်ပြီ.....ခိခိ.....:P...
No comments:
Post a Comment