Friday 23 December 2011

ရယ်စရာ ဟာသများ

“ဟဲလို မီးသတ်ဌာနကပါလား ခင်ဗျာ”
“ဟုတ်ပါတယ်ခင်ဗျာ ဘယ်မှာမီးလောင်လို့ပါလဲ”
“ဒီလိုပါခင်ဗျာ ကျွန်တော့်အိမ်ရှေ့က ခြံထဲမှာ ငရုပ်နဲ့ ခရမ်းချဉ်ပင်
စိုက်ထားတာ တော်တော်လေး အေင်မြင်ပါတယ်။

တစ်နေ့ရောင်းကြေးဟာ နှစ်ရာ့ငါးဆယ် သုံးရာလောက်ရပါတယ်”
“မိတ်ဆွေ ခင်ဗျား မှားနေပြီ ဒါမီးသတ်ရုံးဗျ စိုက်ပျိုးရေးဌာနမဟုတ်ဘူး”
“ဟုတ်ကဲ့ သိပါတယ်ခင်ဗျ၊ အခုကျွန်တော့်အိမ်ဘေးမှာမီးလောင်နေပါတယ်။
ခင်ဗျားတို့မီးလာသတ်ရင်.......

ကျွန်တော့်စိုက်ခင်းက အပင်တွေကို နင်းမိမှာစိုးလို့ပါ”


*မောင့် လက်မှတ်လို့*
------------------------------
“မောင်ရေ ကျွန်မရင်ဘတ်က ရင်ထိုးလေး ခါးပိုက်နှိုက်သွားပြီ ဒုက္ခပါပဲ”
“မင်းနှယ့်ကွာ လက်ကြီးတစ်ခုလုံးနဲ့ မင်းရင်ဘတ်လာနှိုက်တာ မင်းမသိဘူးလား”

Saturday 17 December 2011

laptop အကြောင်း စုံလင်စွာ သိဖို့

လက်တော့ အကြောင်းတွေကို စုံစုံလေး သိစေချင်လို့ လိုင်းပေါ်က ပြန့်ကြဲနေတဲ့ အပိုင်းအစတွေကို စုစည်းပြီး ပို့စ်တစ်ခု အဖြစ် ဖန်တီးတင်ပြလိုက်တာပါ ဒီပို့စ်ကိုဖတ်ပြီးရင်လဲ အားလုံးအဟုတ်တောင် တော်တော်လေး နားလည် သွားမယ်လို့ ယုံကြည့်ပါတယ်

ကျွန်တော် Laptop တလုံးကို စတင်ဝယ်ယူတော့မယ်ဆိုရင် ဘာတွေ သိထားသင့်တယ် ဘယ်အမျိုးအစားတွေက ဘာအတွက် ပါဝင်လာတယ် နောက်ထပ် ဘယ်အပိုင်းလေးတွေကို ဂရုစိုက်ပြီး ၀ယ်ယူရမယ်ဆိုတာကို ပြောပြချင်ပါတယ်။ ခုနောက်ပိုင်းမှာ Laptop တွေ ခေတ်စားလာတာနဲ့ အတူ ထွက်လာတဲ့ အမှားများစွာကို ကျွန်တော်တို့ တွေ့ပီးရင်ဆိုင်နေရသူတွေ ရှိသလို ကျွန်တော်တို့ ဘယ် အမျိုးအစားက ဘာအတွက် သုံးတယ်ဆိုတာကို သိဖို့တွက်ကို ပြောပြချင်ပါတယ်။ကျွန်တော် နားလည်သလောက်ကို လူတိုင်းနားလည်အောင် တက်နိင်သလောက် အသေးစိတ် ဆန်ဆန် ရေးပေးချင်မိပါတယ်။ တပိုစ့်ချင်းဆီကို စောင့်ဖတ်ပေးပါလို့ ပဲ့ တောင်းဆိုပါရစေ။ကျွန်တော် ပိုစ့်ခေါင်းစဉ်တွေကို အောက်က လို အပိုင်း ၃ ပိုင်း ခွဲထားပါတယ်။အပိုင်း (၁) ပါဝင်မူ အစိတ်အပိုင်းများနှင့် စွမ်းဆောင်ရည်များ။
အပိုင်း (၂) Notebook , Laptop , Netbook and Desktop ရဲ့ ကွာခြားချက်များ။
အပိုင်း (၃) Laptop တလုံးဝယ်ရန် ဘယ်အပိုင်းတွေကို ကြည့်ရူလေ့လာရမလဲ?

အပိုင်း (၁) ပါဝင်မူ အစိတ်အပိုင်းများနှင့် စွမ်းဆောင်ရည်များ။  အပိုင်း(က)

(က)Laptop တလုံးမှာ များသောအားဖြင့် ပါဝင်တဲ့ အစိတ်အပိုင်းတော်တော် များများကို တွေ့သာ

ကျောင်းသားဘ၀ ဟာသများ

မေးမိတာကိုက ငါ့အပြစ်


            ကျွန်တော်တို့ အထက်တန်းကျောင်းသားဘ၀က အလွန်ဆိုးခဲ့သည်။ ကျွန်တော့်သူငယ်ချင်းများလည်း
အလွန် အနောက်အပြောင်သန်ကြသည်။ ကျောင်းက ကျောင်းငယ်၊ ဆရာများ လုံလုံလောက်လောက် မရှိသေး။
အလယ်တန်းကျောင်းမှ အထက်တန်းကျောင်းသို့ စတင်တိုးချဲ့ကာစမို့ လုပ်အားပေးဆရာဆရာမများ
အကူအညီဖြင့် အထက်တန်းကို ကျားကန်ထားရသည်။ ဆယ်တန်းကိုလာသင်သည့် ဆရာဆရာမများကလည်း
ငယ်ငယ်၊ ကျောင်းသားများက ခပ်ကြီးကြီး ခပ်ဆိုးဆိုးများ၊ ဤတွင် တွေ့ကြလေသတည်းပေါ့..။

            ကျောင်းဖွင့်စတစ်ရက် အတန်းထဲသို့ မြန်မာစာသင်ရန် ဆရာမအပျိုကြီး ၀င်လာသည်။ အပျိုကြီးပီပီ
ဆံပင်လေး သပ်ကာသပ်ကာဖြင့် လှလှပပ ကြွကြွရွရွလေး သင်လေသည်။

“ကဲ.. ဒီနေ့ စသင်မယ့် သင်ခန်းစာကတော့ မြန်မာအက္ခရာတွေ အဆင့်ဆင့် ပြောင်းလဲလာပုံအကြောင်းပဲ
ဖြစ်တယ်။ အဲဒီထဲကမှ ဆလိမ်ပြောင်းလဲပုံအကြောင်းကို အရင်ဆုံး ပြောမယ်နော်။ ဆလိမ်

Friday 16 December 2011

Samsung Galaxy အမျိုးအစားဖုန်းတွေနဲ့ Galaxy Tab Tablet တွေမှာ root လုပ်စရာမလိုပဲ မြန်မာဖောင့်မြင်ရအောင်လုပ်နည်း

Samsung Galaxy Phones & Tablets
Samsung Galaxy Series ဖုန်းတွေနဲ့ Galaxy Tab Tablet တွေမှာ root လုပ်စရာမလိုဘဲ မြန်မာဖောင့် မြင်ရတဲ့ application လေးပါ။ Galaxy အားလုံးမှာသွင်းလို့ရပါတယ်။ ဒါပေမယ့် Ice Cream Sandwich နဲ့ အထက်ဆိုရင်တော့ မရပါဘူး။ Android 4.0 ထက်နိမ့်သော

Sunday 11 December 2011

HOW DO YOU SAY OOPS IN CHINESE ?

Anybody who bought a condo here sure has a problem.  
 Talk about a collapsed market!  YES, IT'S A 12 STORY BUILDING
IN CHINA , LYING ON THE GROUND
.   

 

 (1)  An underground garage was being dug on the south side,
to a depth of 4.6 meters.
 

Funny Fruit Creativity

သူငယ်ချင်း......





A to Z ရည်းစားစာ အရမ်းမိုက်တယ်ဗျို့

အချစ်နဲ့ ပက်သက်လာရင် ကိုယ်ရဲ့ခွန်အားတွေဆိုတာဟာ
(A)ရာဝတီတိုင်းမှာ မွှေနှောက်တိုက်ခတ်သွားတဲ့ နာဂစ်ဆိုင်ကလုန်းလေမုန်
တိုင်းလို ကြီးမားပါရဲ့ မေရယ်.....။မေ့ရဲ့ ပတ်ဝန်းကျင်မှာ ..
(B)လူး၊ဂုမ္ဘာန် ၀န်းရံစောင့်ကြပ်နေအုံးတော့၊ ကိုယ် ဘာလို့ မှုနေရမှာလဲ
..ဟင်း ..ဟင်း ..၀ီစကီထဲ
(C) ပလပ်ရောစပ်ပြီးဆတ်ခနဲ မော့ချလိုက်ရင်း ရန်စွယ်တွေမှန်သမျှ
အန္တရာဃ်တွေဟူသမျှကို ဟော
(D)ကောင်ဖြေရှင်းသုတ်သင်ပြပါမယ်
မေ။ တကယ်တော့ ကိုယ်ဟာ မေနဲ့ပက်သက်လာခဲ့ရင် အင်မတန်မှ
စွဲလမ်းစိတ်ကြီးမားတဲ့သူပါမေရယ်
၊ဘယ်လောက်တောင်မေ့အပေါ် စွဲ လမ်းသလဲဆိုတော့
မေအမှတ်မထင် လွှတ်ထုတ်လိုက်တဲ့
(E) သံကလေးကိုတောင် အာရုံထဲမှာ စွဲငြိနေပါ
သေးတယ်၊ဘာပဲဖြစ်ဖြစ်ကိုယ့်အဖို့တော့ ကြင်နာသူက လမ်းခွဲသွားရင်
ကိုယ့်အသည်းတစ်ခုလုံး
(F) ကွဲကြေမွသွား မှာသေချာပါတယ်မေ၊ မေရယ် ကိုယ်မေတ္တာကို တုံ့ပြန်ပေးပါ။
ကိုယ့်ကို ချစ်ခွင့်ပေးပါ၊ ကိုယ်မြတ်နိုးတဲ့ ပန်းကလေးရဲ့ ရနံ့ကို

သင့်ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကို ကာကွယ်ပေးမည့် နည်းလမ်းငါးသွယ်

နေ့စဉ်လုပ်နေကျ လုပ်ဆောင်မှုလေးတွေကို ပြောင်းလဲလိုက်ရုံနဲ့ ကြီးမားတဲ့ အကျိုးကျေးဇူးကို ရရှိနိုင်ပါတယ်။ ချက်ချင်းတော့ သိသာလွယ်မှာ မဟုတ်ပေမယ့် ကြာလာတဲ့အခါ သင့်ကျန်းမာရေးအတွက် ကမ္ဘာလောကကြီး တခုလုံးကိုပါ ထိန်းသိမ်းကာကွယ်နိုင်မည့် နည်းလမ်းတွေဖြစ်ပါတယ်။

၁။ ရေချိုးချိန်ကို သတ်မှတ်ထားပါ---
ရေပူကို ရေပန်းနဲ့ ရေချိုးတဲ့အခါ ငါးမိနစ်လောက်ပဲ ကန့်သတ်ထားပါ။ သင့်ခန္ဓာကိုယ်ကို ဆပ်ပြာတိုက် ကြေးချွတ်နေတဲ့အခါနဲ့ ခေါင်းလျှော်နေတဲ့အခါတွေမှာ ရေပန်းကို ပိတ်ထားပါ။
ပတ်ဝန်းကျင်အတွက် ဘယ်လိုအကျိုးရှိတာလဲ---
ရေချိုးချိန်နည်းတဲ့အတွက် မိသားစုဝင် လေးဦးရှိရင် တနှစ်မှာ ရေဂါလန် တသောင်းကျော်ကို စုဆောင်းပြီးသား ဖြစ်သွားပါတယ်။
သင့်အတွက် ဘယ်လိုအကျိုးရှိတာလဲ---
ရေပူက အရေပြားရဲ့ သဘာဝအဆီဓာတ်ကို ဆုံးရှုံးစေပါတယ်။ ဒါကြောင့် ရေပန်းအောက်မှာနေတဲ့ အချိန် နည်းလေလေ အရေပြားမှာ အစိုဓာတ် ကောင်းကောင်းရှိနေလေပါပဲ။

၂။ အမဲသား လျှော့စားပါ---
အမဲသားအစား တူနာငါး၊ ဒါမှမဟုတ် ဆယ်လ်မွန်ငါး စားပါ။
ပတ်ဝန်းကျင်အတွက် ဘယ်လိုအကျိုးရှိတာလဲ---

နောက်ဆုံး ဟာသကြိုက်သူများ

သက်သေပြမလို့..

စုတ်ပြတ်နုံချာလှသော အ၀တ်အစားများ ၀တ်ဆင်ထားသူတစ်ဦးသည် လမ်းသွားလမ်းလာများထံမှ
တောင်းရမ်းလျှက်ရှိသည်။

ထိုနေရာသို့ သားနားသပ်ရပ်စွာ ၀တ်ဆင်ထားသော လူတစ်ဦးလမ်းလျှောက်လာရာ.....

“အကိုကြီးရယ်.. ကျွန်တော့်မှာစားစရာမရှိလို့ စေတနာရှိသလောက်လေး မစပါခင်ဗျာ”

“မပေးးနိုင်ပါဘူး။ မင်းကို ငွေပေးလိုက်ရင် မင်းဖဲရိုက်လို့ ကုန်သွားမှာပေါ့”

“ကျွန်တော်လောင်းကစား မလုပ်ပါဘူး”

“အရက်သောက်ပစ်မှာပေါ့”

“အရက်လည်းမသောက်တတ်ပါဘူး”

“ဒါဆို မင်းမကောင်းတဲ့မိန်းမတွေဆီ သွားမှာပေါ့”

“ကျွန်တော် အပျော်အပါးလည်း မလိုက်ပါဘူး”

“ok ဒါဆို မင်းကို ငွေ(၅၀၀၀)ပေးမယ်။ မင်းငါ့အိမ်ခဏလိုက်ခဲ့။ အပျော်အပါး အသောက်အစားနဲ့ လောင်းကစား

ကျန်းမာစွာ နေထိုင်ကြပါစို.

သူငယ်ချင်းတို့ ကျန်းမာပျော်ရွှင်သော ဘ၀ကို ပိုင်ဆိုင်စေလိုသည့် ရည်ရွယ်ချက်ဖြင့် vitamins များအကြောင်းကို သိသမျှလေးတွေစုစည်းပြီး တင်ပြပေးသွားပါမယ်။
ဒီနေ့ပြောပြပေးချင်တာကတော့ vitaminA အကြောင်းပါ။ ဗီတာမင်တွေထဲမှာ အရင်ဆုံး တွေ.ရှိခဲ့သော ဗီတာမင်ဖြစ်ပါတယ်။
                   ဗီတာမင်အေချို.တဲ့လျှင် ကလေးငယ်များမျက်စိကွယ်တတ်တယ်ဆိုတာကို ကြားဖူးကြမှာပါ။အထူးသဖြင့် ၀က်သတ်ပေါက်တဲ့ကလေးတွေ၊ အပြင်းအထန် အာဟာရချို.တဲ့သောကလေးငယ်တွေမှာ အဖြစ်များပါတယ်။
ဗီတာမင်အေ-ß carotene
         
                      ဗီတာမင် အေ ရရှိနိုင်မည့် အစားအစာများမှာ-၀က်အသည်း၊အမဲအသည်း၊ ကြက်အသည်း၊ ငါးရှဥ့်၊ ဥအနှစ်၊ ကျွဲနို့၊ ဆိတ်နို့၊ နွားနို့၊ ဒန့်သလွန်ရွက်၊ မုန်လာဥနီ၊ ရွှေကန်စွန်းဥ၊ သရက်သီးမှည့်၊ သင်္ဘောသီးမှည့်၊ မာလကာသီး၊ ပန်းဂေါ်ဖီစိန်း(broccoli) တို့ဖြစ်ကြပါတယ်။
-ဗီတာမင်အေဟာ အဆီတွင်ပျော်ဝင်သော ဗီတာမင်တမျိုးဖြစ်ပါတယ်။ ဒါ့ကြောင့်

Thursday 8 December 2011

ဟာသကြိုက်သူများ 3

လုပ်ကြပါအုံးဗျာ...

မနက်က ရုံးသွားမလို့...
-အိင်္ကျီဝတ်တော့ ကြယ်သီးက ပြုတ်ကျတယ်...
-လက်ဆွဲအိတ်ကိုဆွဲလိုက်တော့ လက်ကိုင်ကွင်း ပြုတ်ကျတယ်...
-အိမ်တံခါးကိုဆွဲဖွင့်တော့ တခါးလက်ကိုင်ဘု ပြုတ်ကျတယ်...
-ကားတံခါးဖွင့်ပြန်တော့ လက်ဆွဲကွင်းပြုတ်ထွက်လာတယ်...
-ခုတော့ ရုံးမှာ...ရှုးရှုးမပေါက်ရဲဘူးဖြစ်နေလို့....


ကူညီပါရစေနော်.....

ဆေးရုံအုပ်။ ။ ကိုဘမောင်၊ ခင်ဗျားရဲ့မနေ့က လုပ်ဆောင်ချက်ဟာ ခင်ဗျားကို လူကောင်းတစ်ယောက်လို့ထောက်ခံနေပါတယ်။
မနေ့က ခင်ဗျားဟာ ရေထဲဆင်းပြီး ကိုယ့်ကိုကိုယ် သေကြောင်းကြံတဲ့ လူနာတစ်ယောက်ကို ကယ်တင်ခဲ့တယ်။
ဒီအတွက် ခင်ဗျားကိုကျနော် ဂုဏ်ယူစွာနဲ့ ဆေးရုံဆင်းခွင့်ပြုမယ်။
ဒါပေမယ့် စိတ်မကောင်းစရာတစ်ခုက မနေ့က ခင်ဗျားကယ်ခဲ့တဲ့ လူနာဟာဒီနေ့မနက်ပဲ ကြိုးဆွဲချပြီး ကိုယ့်ကိုကိုယ်သတ်သေသွားပြီဗျာ။
ကိုဘမောင်။ ။ ဟုတ်လား၊ စိတ်မကောင်းလိုက်တာဗျာ။
မနေ့ကညကတောင် သူ့အ၀တ်အစားတွေ ရေစိုနေလို့ ကျနော်သူ့ကို လည်ပင်းကနေ ကြိုးနဲ့ချိတ်ပြီးလှမ်းထားပေးလိုက်သေးတယ်။
ကျွတ်...ကျွတ်....ကျွတ်

"နောက်တခါဆို ပိုနာမယ်"

အရမ်းမူးနေတဲ့ အရက်သမားသုံးယောက် တက်စီတစ်စီးကို တားတယ်။

Wednesday 7 December 2011

ဟာသကြိုက်သူများ အတွက်

ဘယ်လိုလဲ

ဆရာဖြစ်သူက တပည့်များအား အလုပ်ကို ကောင်းကောင်းမွန်မွန်လုပ်ရန် ဆုံးမနေသည်
"အေး ငါ့တပည့်တို့ .... မင်းတို့ မသေမချင်းမှတ်ထား ...... ဘယ်အလုပ်မဆို အောက်ခြေကစရတယ်ကွ...
ပြီးမှ တဖြည်းဖြည်းချင်း အပေါ်ကို တက်ရတယ်..."

တပည့်တစ်ယောက်ကမေးသည်..
"ဆရာ ..... ရေတွင်းတူးရင်ကော ဟင်..."

♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣


သတိရလို့လေ

ပီတာ တစ်ယောက် ပဲရစ်မြို့သို့သွားလည်သည်။ ရှုမျှော်ခင်းများကို ခံစားနေရင်း တစ်နေရာတွင် တစ်စုံတစ်ခုကို

Sunday 4 December 2011

စာမေးကောင်းတဲ့ မေမေ.............

ဒီနေ့ကျွန်တော် အခွေကြည့်နေတုန်း အမေက စာအုပ်ကိုင်ဝင်လာပြီးပြောတယ်
‘‘ငါ့ကို ဒီစကားလေးတွေရဲ့ အဓိပ္ပါယ် ပြောပြပေးစမ်းပါ။’’
အမေ။ ။ ဒီ ‘‘i don't know’’ ဆိုတာဘာအဓိပ္ပါယ်လဲ။
ကျွန်တော်။ ။ ‘‘ကျွန်တော်မသိဘူး။’’
အမေ။ ။ နင့်ကို တက္ကသိုလ်ထားတာ ၃၊ ၄ နှစ်ရှိနေပြီ။ နင် ဘာဖြစ်လို့ ဘာမှကို မသိရတာလဲ။
ကျွန်တော်။ ။ မဟုတ်ဘူး။ ‘‘ကျွန်တော်မသိဘူး’’ ပါဆို။
အမေ။ ။ ဒါတောင် ၀န်မခံချင်ဘူး
(တချီဆော်လိုက်တယ်...)
အမေ။ ။နင် ငါ့ကို ဒါ ထပ်ပြီးပြောပြစမ်း။ ‘‘i know’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။
နင် သိတယ်မဟုတ်လား။ ပြောပြစမ်း။
ကွန်တော်။ ။ဟုတ်ကဲ့။ ‘‘ကျွန်တော်သိတယ်။’’
အမေ။ ။ သိရင်မြန်မြန်ပြောလေ။
ကျွန်တော်။ ။ ‘‘ကွန်တော်သိတယ်’’ ဆိုနေမှ။
အမေ။ ။ နင်ပြဿနာရှာနေတာလား။ စောစောက အတီးခံရတာ နည်းတယ်ပေါ့၊ ဟုတ်လား။
ကျွန်တော်။ ။‘‘ကွန်တော်သိပါတယ်’’ ဆိုနေ။
အမေ။ ။သိရင်ပြောလေ။ မတတ်တာကို တတ်ချင်ယောင် မဆောင်နဲ့။
(တချီထပ်ဆော်ပလော်တီးလိုက်တယ်...)

ရယ်ချင်တယ်ဆိုရင် ၀င်ဖတ်လိုက်.........

တွေးတွေးပြီးရယ်


(၁)
"ရဲဘော်တို့ အားလုံးသတိ"
ရဲဘော်တွေ အားလုံးတန်းစီနေကြတယ်။ ခေါင်းဆောင်က စစ်သားတစ်ယောက်ရှေ့သွားပြီး ရင်ဘတ်ကိုပုတ်လိုက်တယ်။

"လေ့ကျင့်ထားတဲ့ ကြွက်သားတွေ တော်တော်တောင့်လာပြီ.. ရဲဘော်ဆက်လုပ်"


"ဟုတ်ကဲ့ ဗိုလ်ကြီး ကျွန်မက အမျိုးသမီးစစ်သားပါ"



(၂)
မွေးမြူရေးသမားတစ်ယောက်က ဝက်မျိုးစပ်ဖို့ တိရစ္ဆာန်ဆရာဝန်ကို ပင့်လာတယ်။


ဆရာဝန် "ကြည့်ရတာ လူအကူနဲ့ မျိုးပွားပေးဖို့လိုပြီ"
Print Friendly and PDF