Saturday 31 March 2012

နှလုံးအိမ်ထဲက ချစ်တဲ့အလုပ်ရှင် - (ဟာသ)

လူတစ်ယောက် သူ့အလုပ်ရှင်ဆီကို ဖုန်းခေါ်တယ်။
ဒါပေမယ့် အလုပ်ရှင်က ဖုန်းမကိုင်ဘဲ သူ့မိန်းမက ဖုန်းလာကိုင်တယ်။
“လွန်ခဲ့တဲ့ အပတ်က သူသေသွားလို့ ငါကြောက်တယ်” သူမက ရှင်းပြတယ်။
ထိုသူက နောက်နေ့မှာလဲ ဖုန်းထပ်ခေါ်တယ်။ အလုပ်ရှင်ကို မေးတာပေါ့။
“ငါပြောမယ်…လွန်ခဲ့တဲ့အပတ်က သူသေပြီ” မိန်းမက ပြန်ပြောတယ်။

နောက်ရက်ကျတော့ ထပ်ခေါ်ပြန်တယ်။ သူ့အလုပ်ရှင်နဲ့ တစ်ကြိမ်လောက် စကားပြောပါရစေတဲ့။
ဒီအချိန်မှာ မိန်းမဖြစ်သူက ၀မ်းနည်းပက်လက်ဖြစ်လာပြီး အော်ပြောတယ်။
“ငါ…မင်းကို နှစ်ကြိမ်ရှိပြီပြောတာလေ။ ငါ့ယောက်ျား…မင်းတို့ရဲ့အလုပ်ရှင်။
လွန်ခဲ့တဲ့အပတ်က သေပြီလေ။
ဘာကြောင့် ဖုန်းဆက်နေရတာလဲ”
သူက ရယ်ရင်း ပြန်ဖြေလိုက်တာကတော့….
“ဒီသတင်းလေး နားထောင်ရတာ နားဝင်ချိုလွန်းလို့ပါ”

ရေတွေက ခဲနေတော့ (ဟာသ)

တစ်ခါ က မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက် အတူတွေ့ကြပြီး စားသောက်ဆိုင်မှာ အမူးသောက်ကြတယ်...
ဒီလိုနဲ့ပြန်ချိန်ရောက်တော့ ကားတွေမမှီတော့ အောက်ဆိုဒ်ကားတွေပဲမှီတော့တယ်

``သာကေတ သာကေတ ကို တစ်စီးပဲရှိတော့ တာနော် တစ်ယောက်နှစ်ရာ လိုက်ချင်လိုက် မလိုက်ချင်နေ ဟို လူကြီး
ရှေ့တိုး လေ ဗျာ စာနာပါဗျ စီးပွါးရှာနေတာ အလိုက်သိမှပေါ့´´

`` ဟ ရှေ့မှာ ကားမှန်ပဲရှိတော့တယ် ပေါက်ထွက်သွားလိမ့်မယ် ကွ ´´

``အေးလေ ဟုတ်ပ သူမတိုးရတိုင်း ´´

ဒါကတော့ လိုင်းကားတွေ ရဲ့ထုံးစံ အသံပေါ့ဗျာ ဒီလိုနဲ့ သူငယ်ချင်းနှစ်ယောက်လည်း ကားပေါ် အပြေးအလွှားတက်
ကားပေါ်က ရှိပြီးသားလူတွေအပေါ်ကို ထပ်တိုးပေါ့

Zawgyi Myanmar Unicode

  • One-click installer to use Myanmar unicode in gtalk and browsers.
  • Click the following button to download Zawgyi Myanmar unicode.

  • Install Zawgyi Myanmar unicode after downloading it.
  • Then restart your computer.
  • Enjoy your time to read Myanmar unicode font.

Friday 30 March 2012

ICS STUNNER for Galaxy Note GT-N7000

Featuring:
  • Latest PLAY apps. Working without any issues.
  • AOKP Features. Look below for the Euphoria Control in screenshots.
  • Device Settings. Tweaking data connection, screen color tuning, touch keys, and more.
  • DSP Manager. Far better than stock MusicFX.
  • TabletUI and PhoneUI can be switched with one reboot.
  • MultiTasking Mode and Gaming Mode available for RAM Tweaking
  • Increased HEAP Size. Enjoy your large apps.
  • Ad-free browsing and applications you install.


Screenshots:

Wednesday 28 March 2012

ဖတ်ပေတော့ အမုန်း

နှလုံးခုန် ရုတ်တရက် ရပ်တန်`့စေတဲ့ ရောဂါ

ဒီဆောင်းပါးလေးဟာ အလွန်ကောင်းမွန်တဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆောင်းပါးလေးပါ။

ထ္မင်းစားပြီတိုင်းရေနွးသောက်ဖို`့ သတိပေးတာတခုတည်းမဟုတ်ပဲ နှလုံးခုန်ရုတ်တရက် ရပ်တန်`့စေတဲ့ရော၈ါကိုလည်း
သတိပေးရာ ရောက်ပါတယ်။တရုပ်လူမျိုးနဲ့ ဂျပန်လူမျိုးတွေဟာ ထ္မင်းစားနေစဉ်မှာရေနွေးသောက်သုံးတဲ့အလေ့ရှိပါတယ်
(ရေအေး ရေခဲရေ)သုံးလေ့မရှိကြပါဘူး။ ခုချိန်မှာတော့ သူတို`့စီကထ္မင်းစားစဉ် ရေနွေးသောက်သုံးတဲ့ အလေ့အထကို
ကျွန်တော်တို့တွေပြောင်းလည်းကျင့်သုံးသင့်ပါတယ်။

ခုဆောင်းပါးလေကထ္မင်းစားပြီးတော့ရေခဲရေသောက်သုံးသူတွေအတွက်တော့သက်ရောက်မူရှိပါတယ်။တကယ်တော့
ထ္မင်းစားပြီးတော့ရေခဲရေဒါမှမဟုတ်အအေးတခုတခုသောက်သုံးလိုက်ခြင်းဟာအတော်လေးအရသာရှိပါတယ်၊ဒါပေမဲ့

Gtalk မှာ ဂိမ်းကစားရအောင်

Gtalk မှာ ဂိမ်းကစားနေကြတဲ့သူတွေ အများကြီးရှိပါတယ်
မသိသေးသူများအတွက်ပါ........

 
ကိုသွားပြီး မိမိရဲ့ Gmail နဲ့  Log In ၀င်လိုက်ပါ။


 ပြီးရင် မိမိ နဲ့ ဆော့လိုတဲ့ သူငယ်ချင်းကိုလည်း Link လေးပေးပြီးသူ့ ကိုလဲ ၀င်ခိုင်းလိုက်ပါ။

gmail-chat-play-game

သူဝင်ပြီးပြီဆိုရင် သူနဲ့  Chat နေတဲ့ Chat Box အောက်က
 
Options > Start Application ကို Click ပါ။
 
အဲဒါကို Click လိုက်ရင် Enter the URL of the gadget ဆိုပြီးတွေ့ ပါမယ်။
 
အဲဒီမှာ အောက်က Game သုံးခုထဲက ဆော့ချင်တာကိုထဲ့ပြီး ကစားလို့ရပါပြီ။
 


 


chess-gtalk-game
 

ရောက်တတ်ရောက်ရာ ထူးဆန်းထွေလာ

ကနေဒါနိုင်ငံ၏မြို့တော် တိုရွန်တိုမြို့သည်ပထမဦးဆုံး

"ကွန်ပျူတာဖြင့်ယာဉ်ကြောထိမ်းသိမ်းမှုစနစ်" စတင်အသုံးပြုခဲ့သည့်မြို့တော်ဖြစ်သည်။




တရုတ်နိုင်ငံသည်အမေရိကန်နိုင်ငံထက် အင်္ဂလိပ်စကားအသုံးပြုပြောဆိုသူပိုမိုများပြားသည် ။




အာတိတ်စက်ဝိုင်းရေခဲပြင်များသည် ပျမ်းမျှအားဖြင့်

Tuesday 27 March 2012

ငွေရောင်ဌက် နှင့် ထင်းခုတ်သမား

တစ်ခါက ထင်းခုတ်သမား တစ်ဦးဟာ နေ့တိုင်း တောထဲသွားပြီး ထင်းခုတ်လေ့ရှိတယ် ။ တစ်နေ့မှာ ထင်းခုတ်သမားဟာ
ခါတိုင်းနေ့လိုပဲ ထင်းခုတ်ဖို့ အိမ်ကထွက်ခဲ့တယ်။ လမ်းတစ်ခုအရောက်မှာ ထင်းခုတ်သမားဟာ ဒဏ်ရာရထားတဲ့ ငှက်
တစ်ကောင် ကိုတွေ့လိုက်မိတယ် ။ ငှက်ရဲ့ တစ်ကိုယ်လုံးက ငွေရောင် အမွေးအတောင်နဲ့ တဖိတ်ဖိတ် လှပနေခဲ့တယ် ။



ထင်းခုတ်သမားက ငွေရောင်ငှက်ကိုတွေ့တော့..........."ဟာ... ငါ့တစ်သက် ဒီလောက်လှတဲ့ငှက်မျိုး တစ်ခါမှမတွေ့
ခဲ့ဖူးဘူး" လို့ဆိုပြီး ငှက်ကို အိမ်ယူလာပြီး ဆေးကုပေး ခဲ့တယ် ။ ဆေးကုသနေတဲ့ အချိန်အတွင်း ငှက်က ထင်းခုတ်သမား
ကို နေ့တိုင်းသီချင်းဆိုပြတယ် ။ သာယာတဲ့ ငွေရောင်ငှက်ရဲ့သီချင်းသံကြားမှာ

ပန်းသီးပင်ကြီးနဲ့ကောင်လေး

ဟိုးရှေးရှေးတုန်းက အလွန်ကြီးမားတဲ့ ပန်းသီးသစ်ပင်ကြီးတစ်ပင်ရှိတယ် ။ ကောင်လေးတစ်ယောက်ဟာ အဲဒီပန်းသီး
ပင်ကြီးကို အလွန်ပဲ ချစ်ခင်တဲ့အတွက် နေ့တိုင်း အဲဒီအပင်ကြီးနားမှာ လာပြီးကစားလေ့ရှိတယ် ။ သူဟာ ပန်းသီးပင်ထိပ်
ကိုတက်တယ် ပန်းသီးတွေကိုစားတယ် အဲဒီအပင်ကြီးရဲ့ အရိပ်အောက်မှာ ခဏတာ အိပ် စက်လေ့ရှိတယ် ။ သူက
ပန်းသီးပင်ကြီးကိုချစ်သလို ပန်းသီးပင်ကြီးကလည်းသူ့ကိုချစ်တယ် ။ ဒီလိုနဲ့ အချိန်တွေ ကြာ လာတော့ ကောင်လေးဟာ
တဖြည်းဖြည်းအရွယ်ရောက်လာတယ် ။ ပြီးတော့ ပန်းသီး ပင်ကြီးနား မှာ နေ့တိုင်းအချိန်ပြည့်လာမကစားနိုင်တော့ဘူး ။
တစ်နေ့မှာ ကောင်လေးဟာ သစ်ပင်ကြီးဆီကိုရောက်လာတယ် ။ သူ့မျက်နှာမှာ ၀မ်းနည်းနေတဲ့ပုံပေါ်တယ် ။ “ လာလေ
 ကောင်လေး ငါနဲ့လာကစားပါ ” ပန်းသီးပင်ကြီးက ကောင်လေးကိုပြောတယ် ။ ကျွန်တော်ကကလေးလေးတစ်ယောက
်မဟုတ်တော့ပါဘူး ဒါကြောင့် ပန်းသီးပင်ကြီးနားမှာ အချိန်ပြည့်မကစားနိုင်တော့ပါဘူး ” လို့ ကောင်လေးကပြန်ပြောတယ်။
အဲဒီအခါ သစ်ပင်ကြီးက “ စိတ်မကောင်းပါဘူး ကောင်လေးရယ် ငါ့မှာ

ခရမ်းချဉ်သီးရောင်းသူ

အလုပ်အကိုင်မရှိသေးတဲ့ ကောင်လေးတစ်ယောက်ဟာအလုပ်လိုချင်တဲ့အတွက်မိုက်ကရိုဆောဖ့်ကုမ္ပဏီမှာ
 ရုံးအကူ တစ်နေရာအတွက် အလုပ် သွားလျှောက် ပါတယ် …. သက်ဆိုင်ရာ ခန့်ခွဲမှုမန်နေဂျာက သူ့ကို
 အင်တာဗျူး လုပ်ပါတယ်.. ပြီးတော့ ကြမ်းပြင်ကိုသန့်ရှင်းရေးလုပ်ခိုင်းပြီး သူ့ကို စမ်းသပ် စစ်ဆေး ပါတယ်…


စမ်းသပ်လို့ သူ့လုပ်ရည် ကိုင်ရည်ကို ကျေနပ်သွားတဲ့အခါ မန်နေဂျာက ကောင်လေးကို “ကဲ.. မင်းကို အလုပ်
်ခန့်လိုက်ပါပြီ… မင်းရဲ့ အီးမေလ်း လိပ်စာ ထားခဲ့… မင်း အီးမေလ်းထဲကိုအလုပ်ခန့်လွှာပို့လိုက်မယ်.. မင်းက
အဲဒီထဲမှာ လိုအပ်တဲ့အချက်အလက်တွေဖြည့်ရမယ်.. ပြီးရင် မင်း အလုပ် စ၀င်နိုင်မဲ့ရက်ကိုဖြည့်ပြီး တို့ဆီက
ို ပြန်ပို့လိုက် ” လို့ ပြောပါတယ်..


ကောင်လေးက “ကျွန်တော့်မှာ ကွန်ပျူတာမရှိပါဘူးခင်ဗျာ..သုံးလဲ မသုံးတတ်ပါဘူး.. ပြီးတော့

ဖား နဲ့ အင်ဂျင်နီယာ



တစ်နေ့မှာ အင်ဂျင်နီယာတစ်ယောက်က လမ်းကိုဖြတ်ကူးလိုက် တဲ့အချိန်မှာ ဖားလေးတစ်ကောင်က သူ့ကို ခေါ်ပြီး
စကားပြောတယ်။


“မင်းက ငါ့ကိုနမ်းမယ်ဆိုရင် ငါဟာ အလွန်လှပတဲ့ မင်းသမီးလေးဖြစ်သွားမယ်” သူက ဖားကို ကောက်လိုက်ပြီး အိတ်ထဲ
ကိုထည့်လိုက်တယ်။ ဖားက စကားထပ်ပြောတယ်။

“မင်းက ငါ့ကိုနမ်းမယ်ဆိုရင် ငါဟာ အလွန်လှပတဲ့ မင်းသမီးလေးဖြစ်သွားမယ်။ ငါလေ မင်းနဲ့ တစ်ပတ်အတူနေမယ်”

အင်ဂျင်နီယာက ဖားကို ယူလိုက်ပြီး အိတ်ထဲကို ထည့်လိုက်တယ်။ အိတ်ထဲက ဖားကို ကြည့်ပြီးပြုံးလိုက်တယ်။ အိတ်ထဲကို
တဖန်ပြန်ထည့်လိုက်တယ်။ ဖားကငိုပြီးပြောပြန်တယ်။

“မင်းက ငါ့ကိုနမ်းမယ်ဆိုရင် ငါဟာ အလွန်လှပတဲ့ မင်းသမီးလေးဖြစ်သွားမယ်။ ငါလေ မင်းနဲ့အတူနေပြီး မင်းပြုသမျှ
နုနေမယ်လေ” အင်ဂျင်နီယာက ဖားကို ထုတ်ကြည့်တယ်။ ပြုံးလိုက်တယ်။ နောက်ပြီး အိတ်ထဲကို ပြန်ထည့်ထား
လိုက်တယ်။ နောက်ဆုံးတော့ ဖားက မေးလိုက်တယ်။


“မင်းက ဘာဖြစ်ရတာလဲကွာ။ ငါက အလွန်လှပတဲ့ မင်းသမီးလေးလို့ ပြောခဲ့တယ်လေ။ ငါ…မင်းနဲ့အတူတစ်ပတ်နေပြီး
မင်းပြုသမျှနုမယ် ဆိုတာကို ပြောပေမယ့် ငါ့ကိုဘာ့ကြောင့် မနမ်းတာလဲ…ဟင် ”

သင့်ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ် အချက်အလက်များ -


1. သင့်ရဲ့ခန္ဓာကိုယ်ထဲမှာ တချို့အရေးကြီးတဲ့အစိတ်အပိုင်းတွေမရှိတော့ပေမယ့်ဆက်ပြီးအသက်ရှင်နေနိုင်ပါသေးတယ်။
အစာအိမ် ၊ သရက်ရွက် ၊ အသည်းရဲ့၇၅ ရာခိုင်နှုန်း ၊ အူလမ်းကြောင်းရဲ့ ၈၀ ရာခိုင်နှုန်း ၊ ကျောက်ကပ်တစ်ခြမ်း ၊
အဆုတ်တစ်ခြမ်း နဲ့ ခန္ဓာကိုယ်အောက်ပိုင်းကတချို့အစိတ်အပိုင်းတွေမရှိရင်တောင် ...လူကောင်းတစ်ယောက်လို
မဟုတ်ပေမယ့် ဆက်ပြီးအသက်ရှင်နေနိုင်ပါသေးတယ် ။



2. လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာအသန်မာဆုံးကြွက်သားက လျှာဖြစ်ပြီး အမာကျောဆုံးအရိုးကတော့ မေးရိုးပါ ။



3. လူတစ်ယောက်ရဲ့ခြေဖ၀ါးဟာခန္ဓာကိုယ်မှာရှိသမျှအရိုးပေါင်းရဲ့ လေးပုံတစ်ပုံမျှရှိပြီး

ဘုရားသခင် ရောင်းပါသလား


ကောင်လေးငယ်တစ်ယောက် ဒေါ်လာတစ်ဒေါ်လာကိုင်ပြီး တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်နဲ့ သူလိုချင်တဲ့အရာကို လိုက်
မေးနေခဲ့တယ်။
"ဒီဆိုင်မှာ ဘုရားသခင်ရောင်းပါသလား?"

အဲဒီလို သူမေးလိုက်တိုင်း ဆိုင်ရှင်တွေက သူ့ကိုနောက်ပြောင်သူ၊ ကျပ်မပြည့်သူထင်ပြီး ဆိုင်ပြင်ဖက်ကို မောင်းထုတ်
လိုက်ကြတယ်။ နေဝင်မိုးချုပ်ခါနီးအချိန်မှာ (၂၉)ဆိုင်မြောက် ဆိုင်ပိုင်ရှင်က သူ့ကိုနွေးနွေးထွေးထွေး ကြိုဆိုခဲ့တယ်။


ဆိုင်ပိုင်ရှင်က ဆံပင်တွေဖြူဖွေးနေတဲ့ အသက်(၆ဝ)ကျော် အဘိုးအိုတစ်ဦးဖြစ်တယ်။ ကလေးငယ်ရဲ့အမေးကို ကြား
တော့ အဘိုးအိုက ပြုံးပြုံးရယ်ရယ်နဲ့ ပြန်မေးခဲ့တယ်။

"ကလေး.. ဘုရားသခင်ကို ဝယ်ပြီး ဘာလုပ်မလဲ? အဘိုးကို ပြောပြနိုင်မလား?"

ရှေးဟောင်းသတ္တဝါ

မျိုးတုန်းပျောက်ကွယ်သွားပြီဖြစ်တဲ့ ရှေးဟောင်းခေတ်ဦးသတ္တ၀ါကြီးများရဲ့ပုံကို ဆင်ဟွာသတင်းဌာနက ယခုလို
ဖော် ပြပေးခဲ့ပါတယ် ။ ရှားရှားပါးပါးတွေ့ခဲလှပြီး ရှေးဟောင်းသတ္တ၀ါမျိုးစိတ်တွေကို စိတ်ဝင်စားသူတွေ
အတွက်တော့ ဆက်လက်လေ့လာစရာပါပဲ ။
Phorusrhacids ငှက်
Purussaurus

ကင်ဆာရောဂါကို ကာကွယ်နိုင်သော အစားစအစာ(၁၃)မျိုး

၁) ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာကင်ဆာရောဂါကိုကာကွယ်နိုင်တဲ့ ဓာတ်ပေါင်းတွေ များစွာပါဝင်နေပါတယ်။ အရေပြား၊ အူမကြီးနဲ့
အဆုတ်ကင်ဆာရောဂါ ဖြစ်ပွားမှုတွေကိုအဓိကကာကွယ်ပေးနိုင်ပါတယ်။

၂) အစိမ်းရင့်ရောင် အသီးအရွက်များ

အစိမ်းရင့်ရောင် အသီးအရွက်တွေမှာအင်တီအောက်ဆီးဒင့် ဖြစ်တဲ့ ကယ်ရိုတင်းနွိုက်တွေ များစွာပါဝင်ပါတယ်။
ကင်ဆာကို ဖြစ်စေတဲ့ Free Radicals တွေရဲ့ အန္တရာယ်ကိုလျှော့ချပေးပါတယ်။

၃) စပျစ်သီး

စပျစ်သီးနဲ့ စပျစ်ဝိုင်မှာအစွမ်းထက် အင်တီအောက်ဆီးဒင့် ဖြစ်တဲ့ ရက်စ်ဗာရထရောပါဝင်တာကြောင့် ဆဲလ်တွေ

ရိုက်မှာပဲ - (ဟာသ)

တစ်ခုသော နံနက်ခင်းလေးမှာ ယောက်ျားဖြစ်သူက  စာဖတ်ရင်း  ငြိမ်သက်စွာထိုင်နေတယ်။
ကြည်နူးပျော်ရွှင်နေပုံရတယ်။ ဒီအချိန်မှာ သူ့မိန်းက နောက်ကနေ ခိုးကြည့်နေတယ်။
ပြီးတော့ သူ့ယောက်ျားရဲ့ခေါင်းကို လက်ကိုင်ပါတဲ့ ဒယ်အိုးကြီးနဲ့ ဖြန်းကနဲ အသံမြည်အောင် ရိုက်ချလိုက်တယ်။
ယောက်ျား ။ ။ ငါ့ကို ဘာကြောင့်ရိုက်ရတာလဲ။
မိန်းမ ။ ။ ရှင့်လက်ထဲက မေရီလော နံမည်နဲ့ စာရေးထားတဲ့ စာရွက်အပိုင်းလေးမှာ ဘာတွေရေးထားတာလဲ ပြောစမ်းပါ။
ယောက်ျား ။ ။အို…အချစ်ရယ်။ လွန်ခဲ့တဲ့ ၂ ပတ်က မြင်းပြိုင်ပွဲသွားတာ မှတ်မိသေးလား။
မေရီလော ဆိုတာက ငါလောင်းထားတဲ့ မြင်းရဲ့ နာမည်လေ။
မိန်းမက အားလုံး ကျေနပ်သွားတဲ့ပုံရတယ်။
တောင်းပန်ပြီး အိမ်အလုပ်တွေ လုပ်ဖို့ ထွက်သွားတယ်။
သုံးရက်လွန်မြောက်ပြီးနောက် သူ့ယောက်ျားက ကုလားထိုင်ပေါ်မှာ ထိုင်ပြီး စာဖတ်နေတဲ့ အခိုက်မှာ
သူ့မိန်းမက လက်ကိုင်ပါတဲ့ ဒယ်အိုးကြီးနဲ့ ရိုက်ပြန်တယ်။

ယောက်ျား ။ ။ အခုဘာလို့ ငါ့ကို ရိုက်ရတာလဲကွ။

မိန်းမ။ ။ ရှင့်မြင်းမက ဖုန်းဆက်လို့တော်ရေ….

Sony Ericson မှာ မြန်မာဖောင့်ထဲ့မယ်ဗျို့

Sony Ericson မှာ မြန်မာဖောင့်ထဲ့မယ်ဗျို့

iPhone/iTouch မှာတွေပဲ မြန်မာစာထဲ့တဲ့အကြောင်းပြောရတဲ့ အီလာပီ၊.. ဒီတစ်ခါ.......
ညကြီးမိုးချုပ် ဘာလုပ်ရမလဲဆိုတော့... အင်း...အင်း....... အဲ...
မမေးနဲ့တော့လေ.. topic မှာ ပြောထားတဲ့အတိုင်းပဲ SE (sony ericson) ဖုန်းမှာ မြန်မာဖောင့်ထဲ့ထားတာလေးကို တင်ပြချင်လို့ပေါ့ဗျ.. ဟီးဟီ
အစောကြီး အစောကြီး... ဟိုးးး အစောကြီးကထဲက (လွန်ခဲ့တဲ့ ၉ လအလွန်လောက်ကပေါ့..)
nokia s60 ဖုန်းမှာမြန်မာစာယူနီကုတ်ဖောင့်ထဲ့ဖို့ အတွက်ကို
အတော်ကြိုးစားလိုက်ရတယ်.. (မအောင်မြင်ခဲ့ဘူး..) ဖောင့်တွေပေါ်ပေမယ့်..
အရမ်းရွဲတယ်.. ဘာဖြစ်လို့လဲလို့ အစ်ကိုတစ် ယောက်ကို မေးကြည့်တော့
ဇော်ဂျီဆိုတာ ယူနီကုတ်မစစ်ဘူးဆိုလားပဲ.. နဂိုကထဲကမှ ကျတော် က
အူကြောင်ကြောင်ဆိုတော့..သူပြောတဲ့ဟာတွေအားလုံးနဲ့ ပတ်သက်ပီး
နားမလည်တာတွေကို နားမလည်သလိုပဲ နေလိုက်ရတယ်... အဲ့ဒီတုံးက
ကောက်ချက်ချမိလိုက်တာက

Gmail Account (၃)ခုလောက်ကိုBrowser တစ်ခုတည်းမှာပဲ တစ်ပြိုင်နက်တည်း Invisible နဲ့ဖွင့်ထားချင်ရင်

Gmail Account (၃)ခုလောက်ကိုBrowser တစ်ခုတည်းမှာပဲ တစ်ပြိုင်နက်တည်း Invisible နဲ့ဖွင့်ထားချင်ရင်

Gmail (၃)ခုလောက်ကို တစ်ပြိုင်တည်း စစ်ပြီး Special ဂျီပုန်းလုပ်ကြရအောင်
များသောအားဖြင့် Browser တစ်ခုမှာ mail တစ်ခုပဲ ဖွင့်လို့ ရတယ်လို့ ပဲ သိထားကြပါတယ် ။ အဲ့ဒါကြောင့် gmail အကောင့် နှစ်ခု သုံးခု ရှိတဲ့ သူတွေ အတွက် mail စစ်ရတာ ဘယ်လိုမှ အဆင်မပြေနိုင်တော့ပါဘူး ။ တစ်ပြိုင်တည်း စစ်ချင်တယ်ဆိုရင်တော့ မတူညီတဲ့ browser တွေကို အသုံးပြုရပါတယ် ။ (mozilla , IE , Chrome) အစရှိသဖြင့်ပေါ့ ။ အဲ့ဒါဆို ကွန်နက်ရှင် အခြေအနေနဲ့ ဘာနဲ့  ညာနဲ့  အဆင်မပြေမှုတွေ အရမ်းများပါတယ် ။ ပြီးတော့ invisible နဲ့ ဂျီပုန်းလုပ်ပြီး ပတ်ပြေးနေတဲ့ သူတွေ အတွက်လည်း အဆင်ပြေမှာမဟုတ်ပါဘူး ။
ဒါပေမဲ့ ခုနောက်ထပ် Gmail မှာ feature တစ်ခုအနေနဲ့  Use multiple Google Accounts in the same web browser. ဆိုပြီး ထပ်ပေါင်းထည့်ပေးထားပါတယ် ။
လုပ်ဆောင်ရမှာကလည်း လွယ်မှလွယ်။ အရင်ဆုံး password ချိန်းမဲ့ အဆင့်တွေ အတိုင်း အရင် သွားလိုက်ပေါ့ ။ Mail ထဲမှာ ။
(အဲ .. အဲ့ဒါက တစ်ခါတည်း လုပ်ပေးထားရုံနဲ့  တစ်သက်လုံး သုံးလို့ ရတယ်နော်... ။ )

Mail -->>Settings-->>Account and Imports-->>Google account settings

ဟာသလေးများ အပိုင်း(၆)

(၁) သေပြီဆရာ

ရွာတစ်ရွာမှာရှိတဲ့ ဦးလေးကြီး လင်မယား ( ၂ ) ယောက်မှာ သမီး ( ၇ )ယောက်ရှိတယ်တဲ့။
အချိန်တန်တော့ သမီးတွေကို အိမ်ထောင်ချပေးတော့ ပထမဆုံးသမီးက ထန်းတစ်ပင် ရွာသားနဲ့
အိမ်ထောင်ကြတယ်။ ကလေး တစ်ယောက်မွေးတယ်။ဒုတိယသမီးက ညောင်နှစ်ပင် ရွာသားနဲ့
အိမ်ထောင်ကြတယ်။သူက ကလေး နှစ်ယောက်မွေးတယ်။
တတိယသမီးက သုံးဂွ ရွာသားနဲ့ အိမ်ထောင်ကြတယ်။ကလေး သုံးယောက်မွေးတယ်။
လေးယောက်မြောက် သမီးက လေးမျက်နှာ ဘုရားဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။ကလေး
လေးယောက်မွေးတယ်။
ငါးယောက်မြောက် ငါးဇွန်ဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူတို့ကြတော့ ကလေး ငါးယောက်မွေးတယ်။
ခြောက်ယောက်မြောက် ချောက် ( ခြောက် ) ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူတို့က ကလေး ခြောက်ယောက်မွေးတယ်။

Saturday 24 March 2012

ဓါတ်ပုံအများကြီးကိုတစ်ခါတည်း (Email) ပို့ချင်ရင်

သူငယ်ချင်းတွေကို ဆော့ဝဲလ်လေးတခုဝေငှချင်လို့ပါ သုံးနေကျလေးပါ အလွန်ကောင်းပါတယ်
ကျနော်တို့ မေလ်ပို့တဲ့အခါ ဓါတ်ပုံတစ်ပုံကို attach a file လုပ်ရတာ အတော်လေးကြာပါတယ်
ဒီဆော့ဝဲလ်လေးက မေလ်ပို့တဲ့အခါ ဓါတ်ပုံတစ်ပုံကို attach a file လုပ်နေတဲ့အချိန် အကြာခန့်လောက်မှာ

ဓါတ်ပုံနှစ်ဆယ် သုံးဆယ် ကို ခဏလေးနဲ့အရောက်ပို့နိုင်တဲ့ ဆော့ဝဲလ်လေးပါ

ကဲစလိုက်ရအောင်

အောက်ကပေးထားတဲ့လင့်ကလေးကို copy ပြီး Mozilla Firefox မှာ paste လိုက်ပါ ပြီးရင် Enter ပေါ့

http://picasa.google.com/


အဲဒီအခါ Picasa3 ကို download ပြီး run လိုက်ပါ

ပြီးရင် ဖွင့်လိုက်ပါ ကိုယ်ပို့ချင်တဲ့ပုံတွေကိုကလစ်ပေါ့
(တစ်ပုံထက်ပိုရင် Ctrl ကီးလေးနှိပ်ပြီးလိုသလောက် ကလစ်ပေါ့)

ရွေးလို့ပြီးရင်အောက်က စာအိပ်ပုံလေး (Email) မှာနှိပ်လိုက်ပါ

ဘယ်မေလ်နဲ့မဆို sing in ၀င်နိုင်တယ် ပြီးရင် Gmail အတွက် Google Mail မှာ ကလစ်လိုက်ပါ

ပြီးရင်ပို့လိုတဲ့လိပ်စာတပ်ပြီး Send ကိုနှိပ်လိုက်ရင် ရပြီပေါ့

Friday 23 March 2012

အဓိပ္ပာယ်ရှိသောမြန်မာကာတွန်းများ - (၂)



အရွယ်တင်နုပျိုစေမည့် သဘာဝနည်းလမ်း ၁၀ ချက်

အရွယ်တင် နုပျိုရုံတင်မက ဦးနှောက်စွမ်းအား ကောင်းပြီး အသားအရေချောမွေ့နေဖို့အတွက် သဘာဝကျတဲ့
နည်းလမ်းတွေကို အကြံပြုလိုက်ပါတယ်။


၁။ စိတ်ဖိစီးမှုကို လျှော့ချပါ
စိတ်ဖိစီးမှုက လူတိုင်းအတွက် ရန်သူပါပဲ။ စိတ်ဖိစီးမှုများရင်အရေးကြောင်းထင်နှုန်း မြင့်မားပြီး အိုမင်းလွယ်
တတ်ပါတယ်။ ဒါကြောင့် နေ့စဉ်စိတ်ဖိစီးမှုကို တွန်းလှန်နိုင်ဖို့ လေ့ကျင့်ခန်း ပုံမှန်လုပ်ပြီး အာဟာရပြည့်ပြည့်ဝဝ
စားပေးပါ။ လတ်တလော လေ့လာမှုတွေအရ စိတ်ဖိစီးမှုကြောင့်ခန္ဓာကိုယ်

Firefox တွင် proxy port ထည့်ကြမယ်


ကျနော်တို့ သတင်းဖတ်ချင်ရင်ပဲ ဖြစ်ဖြစ် နည်းပညာလေ့လာချင်ရင်ပဲ ဖြစ်ဖြစ် တချို့ ၀ပ်ဆိုက် တွေကပိတ်ထား တတ်ကြပါတယ်။ တော်တော်လေးစိတ်ညစ်ရပါတယ် ဒီတော့ ဉာဏ်နီ၊ ဉာဏ်နက်၊ ဉာဏ်ဝါ တွေသုံးကြ ရတော့တာပေါ့။

ဘယ်လို့သုံးကြသလဲဆိုတော့ အားလုံးသိကြတဲ့ အတိုင်း ပလောက်စီ ဆိုတဲ့ ကြားခံဝပ်ဆိုက်တွေနဲ့
ပိတ်ထားတဲ့နေရာတွေကို မရရအောင် ကျော်ခွ ကြည့်ရတော့တာပေါ့။

ကျော်ခွတဲ့နေရာမှာ အိနြေ္ဒရရလေး ကျော်ဖို့ခွဖို့အတွက် နည်းလမ်းကောင်းလေးရှိပါတယ်။ ဒီနည်းလမ်း ကောင်းလေးကို ကျနော့် အိမ်ကိုလာလည်တဲ့ သူငယ်ချင်းများကို ဝေမျှပေးမှာ ဖြစ်ပါတယ်
Firefox တွင် proxy port ထည့်ခြင်း
ပထမဦးဆုံး firefox ကိုဖွင့်လိုက်ပါ Tools >> options ကိုတချက် click လိုက်ပါ


 Advanced —network—settings  ကို ckick ပါ
manual proxy ကိုရွေးပေးလိုက်ပါ
ok—ok ဆက်ပေးသွားပါ ferefox ဖွင့်လိုက်တာနဲ့ ညာဘက်အောက်ခြေမှာ 

ဒီပုံလေးပေါ်နေပါလိမ့်မယ် ဖွင့်မရတဲ့ ဆိုဒ်တွေဆိုရင် ဒီကောင်လေးကို နှိပ်လိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်



အလုပ်ရှင် နှင့် သင်

Boss vs Me


အလုပ်ရှင် နှင့် သင်

When I Take a long time to finish,
I am slow,
When my boss takes a long time,
he is thorough

အလုပ်တစ်ခုကို တော်တော်နဲ့ မပြီးရင်-
“ငါလုပ်တာ နှေးတယ်” တဲ့။
သူလုပ်တာ တော်တော်နဲ့ မပြီးရင်တော့-
“သူစဉ်းစားနေတာ” တဲ့။

♠♠♠♠♠♠♠♠

When I don't do it,
I am lazy,

ဟာသလေးများ (၁)

ဒီလို ငါ့သား

ကလေး။   ။ ဖေဖေ၊ ကျွန်တော့်ကို ဘယ်လိုမွေးလာတာလဲဟင်။

ဖခင်။       ။ အေး၊ ငါ့သား။ မင်းတစ်နေ့နေ့မှာ ဒီလိုမေးမှာပဲလို့ ငါတွက်ထားတာကွ။ ဒီလိုကွာ။
မင်းအမေနဲ့ဖေဖေ Chat room မှာ Chatting လုပ်ရင်း သိခဲ့ကြတယ်။ နောက် Gtalk နဲ့  Facebook တွေကနေ
E-mail တွေ အပြန်အလှန် ပို့ကြတယ်။ ဒီလိုနဲ့ နောက်ဆုံး မင်းအမေက ဖေဖေ့ကို Download လုပ်နိုင်တယ်လို့ ခွင့်
ပြုတယ်။ သူကလည်း ဖေဖေ့ကို Upload ပြန်လုပ်တယ်။ ဖေဖေတို့ နှစ်ယောက်စလုံး Firewall ချမထားမိဘူး။
ပြီးတော့  Delete Button ကိုလည်း မနှိပ်မိဘူး။ နောက် ကိုးလကြာတော့ မင်းကို ရလာတာပေါ့။ အဲဒီအချိန်က Virus
အကိုက်မခံလိုက် ရတာလည်း ပါတာပေါ့။ Connection ကလည်း လုံးဝ မှန်နေခဲ့တာ။ မင်းကံကောင်းတယ် ငါ့သား။


အညီအမျှ

မ၀င်း။      ။ နင်တို့ လင်မယား ကွာမယ်၊ ကင်းမယ် ပြောပြီး ခုထိ မြဲနေတုန်းပါလားဟဲ့

ဖတ်ကြည့်ပါ... ဗေဒင် ဟာသ

*ရိုးရိုးအေးအေး စားရေးကြီး ကိုဘမောင်သည် လုပ်ငန်းကိုင်ငန်းများ အဆင်မပြေသဖြင့် သူတို့ လမ်းထိပ်တွင် ဟောခန်း
ဖွင့်စားနေသော ဗေဒင်ဆရာထံသွားလေသည်။ ဗေဒင်ဆရာက ယခုကဲ့သို့ အညံ့များ ကြုံနေရခြင်းမှာ ကိုဘမောင်အိမ်
တွင် မလျှော်ကန်၊ မသင့်မြတ်သည်များ ရှိသောကြောင့်ဆိုပြီး အိမ်အထိလိုက်ကြည့် လေတော့သည်။

အိမ်သို့ ရောက်ရောက်ခြင်းပင်...

ဗေဒင်ဆရာ။ ။ “သိပ်ဟုတ်တာပေါ့ ကိုဘမောင်၊ ခင်ဗျား ဘုရားစင်မှာ ထိုးထားတဲ့ ခတ္တာပန်းတွေကို
စွန့်ပစ်လိုက်တော့...ဖြစ်နိုင်ရင် နောက်လည်း မထိုးနဲ့ဗျာ...နောက် ဒီအောက်မှာ ချိတ်ထားတဲ့ စံပယ်ပန်းတွေ...”

ကိုဘမောင်။ ။ “ဘာလို့လဲ ဆရာ၊ ဘုရားကို ပန်းထိုးတာ မကောင်းဘူးလား...”

ဟာသတိုလေးများ အပိုင်း - (၅)

ဒါမှ အမတ်အစစ်
ရွေးကောက်ပွဲဝင်ပြိုင်ပြီးပြန်လာသော ယောက်ျားကိုမိန်းမက မေးလိုက်သည်။ မိန်းမ။ ။မောင်ရေ အခြေအနေ
ဘယ်လိုလဲ။ ယောက်ျား။ ။ အခြေအနေကတော့ တော်တော်ကိုကောင်းနေပြီ။ မိန်းမ။ ။ ရှင်ညာတာတော့ မဟုတ်ပါဘူး
နော်။ ယောက်ျား။ ။ ဟိုမှာ တနေကုန် ညာပြီးပြီပဲ ဘာညာစရာ လိုတော့လို့လကဲ ။



ပုဇွန်မျက်လုံး ပြူးရခြင်းအကြောင်းရင်း
ဆရာမ။ ။ ကလေးတို့ရေ။ ငါးဖယ်ဘာကြောင့် ပြားသလဲ သိကြလား။ ပီတာ။ ။ ဝေလငါးန့အဲိပ်လို့ပါ။ ထိုအခါဆရာမ
က စိတ်ဆိုးပြီး ပီတာလေးကို အပြင်သို့ထွက်သွားခိုင်းလေသည်။ ထို့နောက် အတန်းကိုနောက်ထပ်မေးခွန်းတစ်ခုမေး
လေသည်။ ဆရာမ။ ။ ကလေးတို့ရေ။ ပုဇွန်ဘာကြောင့်မျက်လုံးပြူးသလဲ။ အတန်းတံခါးဝမှ

Sunday 18 March 2012

တစ္ဆေအကြောင်း - (၁)

ညကဆေးရုံမှာ တာဝန်ကျတဲ့ တပ်သားသိန်းဇော် သရဲခြောက်ခံရ ပြန်ပြီတဲ့ ဆရာ”
နံနက် နှစ်နာရီကျော်ခန့်တွင် အကျဉ်းထောင်ဘူးဝရှိ ကျွန်ုပ်၏ နေအိမ်ဆီသို့ ထောင်မှူးကြီးစိုးလှိုင်က တယ်လီဖုန်းဆက်
၍ အကြောင်းကြားခြင်းဖြစ်၏။

“ဒါဆို ဒီကောင်မူးနေပြန်ပြီပေါ့” ကျွန်ုပ်က ပြောလိုက်သည်။

“ဟုတ်ကဲ့ ဆရာ၊ ကျွန်တော် စစ်းဆေးကြည့်တာ အရက်နံ့တော့ ရနေသေးတယ်။ သရဲအခြောက်ခံ လိုက်ရ လို့လား
မသိဘူး။ အမူးတော့ ပြေသွားပြီ ဆရာ”

“ဒါနဲ့ ညသမားတွေကို ထောင်ဘူးဝမှာ ရှာဖွေဖို့တာဝန်ကျတာဘယ်သူလဲ။ သိန်းဇော် အရက်မူးပြီး
ဝင်လာတာ ကို မသိဘူးလား”

“ဒုတပ်ကြပ် စိန်သိန်းပါ ဆရာ။ ကျွန်တော် သူ့အိမ် လိုက်စစ်ဆေးပြီးပြီ။ သူရှာဖွေရေးလုပ်တဲ့ အချိန်မှာ တပ်သား
သိန်းဇော်က အကောင်းပကတိပဲတဲ့ ဆရာ”

အကြွေစေ့နှစ်စေ့ရဲ့ ပုံပြင်

၁၉၄၅ခုနှစ် အောက်တိုဘာလ(၂၇)ရက်နေ့မှာ ဘရာဇီးနိုင်ငံ Pernambucoပြည်နယ်က ရွာလေးတစ်ရွာမှာရှိတဲ့ လယ်သမားမိသားစုကနေ ကောင်လေးတစ်ယောက် မွေးဖွားခဲ့တယ်။ အဲဒီမိသားစုဟာ ဆင်းရဲလွန်းတာကြောင့်
 ကောင်လေးဟာ (၄)နှစ်သားအရွယ်ကတည်းက လမ်းပေါ်မှာ မြေပဲဆံလိုက်ရောင်းခဲ့ရတယ်။ ဒါတောင် အစား
နပ်မှန်မှန် သူ မစားခဲ့ရသလို အဝတ်လုံလုံလည်း မဝတ်ခဲ့ရပါဘူး။

ကျောင်းစတက်တဲ့အရွယ်မှာ ကောင်လေးဟာ ကျောင်းအားချိန်တိုင်း အဖော်သူငယ်ချင်းနှစ်ယောက်နဲ့ ဖိနပ်
လိုက်တိုက်ခဲ့တယ်။ တကယ်လို့ ဖိနပ်တိုက်သူမရှိရင် သူတို့ဗိုက်ငတ်ရပါတယ်။ကောင်လေး(၁၂)နှစ်အရွယ်
တစ်ညမှာ ပင်မင်းဆိုင်သူဌေးတစ်ဦး ဖိနပ်လာတိုက်ခဲ့တယ်။ ကောင်လေးနဲ့ အဖော်နှစ်ယောက်ဟာ သူ့ထက်
ငါဖိနပ်တိုက်ရဖို့အတွက် သူဌေးဆီဝိုင်းအုံသွားခဲ့ကြတယ်။ ကောင်လေးသုံးယောက်ရဲ့ တောင့်တနေတဲ့
 မျက်လုံးအစုံကိုကြည့်ပြီး သူဌေးဆုံးဖြတ်ရခက်သွားတယ်။ နောက်ဆုံး သူဌေးက အကြွေစေ့နှစ်စေ့ထုတ်ပြီး

ရယ်စရာ ဟာသလေးများ (၂)

  “အမလေး ရှင်မပြန်သေးဘူးလား

   အိမ်ထောင်ရှိသူ အမျိုးသားတစ်ယောက်က သူ့ရဲ့ Small လေးဆီကို အလည်သွားပါတယ်။ သူ့ရဲ့ small လေးကလဲ
သူ့ကိုတွေ့တိုင်း Small လေး။ ။“ရှင့်ရဲ့ ပသိုင်းမေါးတွေကို ရိတ်လိုက်ပါလား ရှင်။ဒါမှရှင်ရဲ့ အင်မတန်ခန့်ညားတဲ့ကျွန်မ
ကောင်းကောင်းကြီးခံစားလို့ရမှာ အမျိုးသား။ ။“ငါ့အိမ်က အဖွားကြိးက အဲ့ဒီအမွေးကို ကြိုက်တယ်ဟ။ ငါ့သာအဲ့ဒီ ပသိုင်း
မွေးကို ရိတ်လိုက်ရင် ငါ့ကိုသတ်မှာ။ ဒါဆိုချစ်လေးနဲ့ဝေးပြီ...

Small လေး။ ။“တိုတိုကလဲ ရိတ်လိုက်ပါ ချို အဟွန့် အဟွန့်“
Small လေးရဲ့ အချွဲကောင်းမှုကြောင့် ထိုအမျိုးသားလဲ သူ့ရဲ့ ပသိုင်းမွေးကို ရိတ်လိုက် ပါတယ်..။

အဲဒီညမှာပဲသူက ကျောပေးပြီးအိပ်နေသော သူ့မယားကြီးခုတင်ပေါ်ကိုတိတ်တိတ်လေးတက်ပြီးလလြိုက်စဉ်။ မယား
ကြီးက ရုတ်တရက်နိုးလာပြီးလှည့်မကြည့်ပဲသူ့ရဲ့ မျက်နှာကိုပွတ်သတ်အာရုံခံလိုက်ခါ “အမလေး ရှင်မပြန်သေးဘူးလား
“။ခဏနေရင် အိမ်ကနွားကြီး ပြန်လာတော့မှာနော်...။



“မဖြစ်နိုင်ဘူး”

   တခါက လူတယောက်က ဧည့်ခနန်းထဲမှာ တီဗွီထိုင်ကြည့်နေတယ်..အဲဒီအချိန်တံခါးခေါက်သံကို သူကြားလိုက်

Saturday 17 March 2012

ကိုလက်စထရောနည်းပါးစေသော အစားအစာ ၇ မျိုး။

နှလုံးကိုအထောက်အပံ့ဖြစ်ဖို့အတွက် အောက်ပါအစာတွေကို လုံလုံလောက်လောက်စားဖို့ လိုပါမယ်။


၁။ ကောင်းသော အဆီနဲ့ ဆီများ(Good Fats and Oils)
Monounsaturated Fats (Chemical တည်ဆောက်ပုံအရ double bond တစ်ခုသာပါတဲ့အဆီတွေ) ဟာ ဆိုးရွားတဲ့
LDL ခိုလက်စထရော တွေကို လျော့ကျဖို့ ကူညီပေးပါတယ်။
ကျန်းမာရေးနဲ့မညီညွတ်တဲ့ ပြည့်ဝဆီ (saturated fats) နဲ့ ပြောင်းလဲဆီ (trans fats) တွေနေရာမှာ အစားထိုးစား
သောက်သင့်တဲ့အဆီမျိုးဖြစ်ပါတယ်။
ဒီလို နှလုံးကို အထောက်အကူဖြစ်စေတဲ့ အဆီမျိုးကို ထောပတ်သီး၊ မြေပဲယို (peanut butter) နဲ့
အစေ့အဆံတွေမှာပါဝင်တာကိုတွေ့ရပါတယ်။ နှလုံးအတွက် အထောက်အကူဖြစ်တယ်ဆိုပြီး
များများစားဖို့တော့မသင့်တော်ပါဘူး။
အဲဒီ အဆီတွေမှာကယ်လိုရီ သိပ်များတဲ့အတွက် နည်းနည်းဆိုရင်လုံလောက်ပါပြီ။
လက်တစ်ဆုပ်စာအစေ့အဆံတွေ၊ ဒါမှမဟုတ် သံလွင်ဆီ လက်ဖက်ရည်တစ်စွန်းစာလောက် အဆီ
ဆိုရင် သင့်နှလုံးအတွက် ကောင်းကောင်းလုံလောက်ပါပြီ။



၂။ ငါးနဲ့ အိုမီဂါ 3-s (Fish and Omega 3-s)

Omega 3-s ဆိုတာ နှလုံးကို ကာကွယ်ပေးနိုင်တဲ့ စူပါ အဆီ တစ်မျိုးဖြစ်ပါတယ်။ သွေးထဲမှာပါတဲ့
ခိုလက်စထရောကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။ Omega 3-s ကို ရှာဖို့အကောင်းဆုံးကတော့

ရယ်ကြရအောင်.........

သမီးရည်းစားဘဝ.................... အမှတ်စဉ် ၁။ မှ ၁၀။ အတိုင်းအောက်သို့ဖတ်သွားပါ။
၁။ Boy ။ ။ ဟူး....။ စိတ်ပျက်လိုက်တာကွာ..။
၂။ Girl ။ ။ မောင်..။ မေ့ကိုချစ်လားဟင်?
၃။ Boy ။ ။ ဟား...။ ဘယ်လိုမေးလိုက်တာလဲ။ ချစ်တာပေါ့။
၎။ Girl ။ ။ တခြားမိန်းကလေး တစ်ယောက်ကို ချစ်နေလားဟင်?
၅။ Boy ။ ။ ဟား..။ ရွံ့ စရာကြီး။
၆။ Girl ။ ။ မောင်မေ့ကို နမ်းချင်လားဟင်?
၇။Boy ။ ။ အတိုင်းထက်အလွန်ပေါ့ ။
၈။ Girl ။ ။ မေ့ကို တခြားမိန်းကလေးတစ်ယောက်ကဖြတ်ခိုင်းရင်ကော?
 ၉။ Boy ။ ။ ဟား..။ ဘာလို့ဖြတ်ရမှာလဲ။ ဖြတ်ခိုင်းတဲ့လူကိုတောင်သတ်ချင်တယ်။
၁၀။ Girl ။ ။မောင် ဆေးလိပ်ဖြတ်လိုက်တော့နော် ။ အိမ်ထောက်ကျပြီး သုံးနှစ်အကြာ....... အမှတ်အစဉ်
၁၀။ မှ ၁။ အတိုင်း ပြောင်းပြန်ဖတ်သွားပါ။

ကျွန်တော်ဖတ်ဖူးသမျှအရက်ဟာသ လေးတွေဝေမျှလိုက်ပါတယ်။သွားဖြဲပြီး ရယ်နိုင်ပါစေ။



ထိရဲရင်ထိကြည့်

သွားကိုက်သည့် ဝေဒနာကို အလူးအလဲ ခံစားနေရသည့် လူတစ်ယောက်သည်

Wednesday 14 March 2012

အရေးကြီးတဲ့ Firewall နဲ့ Software


Firewall ဟာ Computer ရဲ့ အရေးကြီးနေရာမှာရှိပါတယ် Firewall လုံခြုံရေးနည်းပြီး အားနည်းချက်သာ ရှိခဲ့ရင်  ကွန်ပျုတာတခုလုံး ကိုထိခိုက်နိုင်ရုံသာမက ဤကွန်ပျုတာနဲ့ အသုံးပြုတဲ့ အင်တာနက် account တွေ ကိုပါ ခိုးယူသွားနိုင်ပါတယ် ဒါကြောင့် Firewall က ကွန်ပျုတာနဲ့ အင်တာနက် ဆက်သွယ်တဲ့နေရာမှာ အဓိကရေးကြီးပြီး လုံခြုံမှုရှိဖို့အတွက် firewall ကို Turn On လုပ်ထားရပါမယ်။ Windows တိုင်းမှာ firewall က ရှိပြီးသားဖြစ်ပါတယ် Turn On လုပ်ပေးဖို့ကို မမေ့ပါနဲ့။ ဒါပေမဲ့ ကျွန်တော် အမြင်မှာတော့ ဒီ windows မှာ ပါတဲ့ Firewall က သိပ်ပြီးလုံခြုံမှု မရှိဘူးထင်ပါတယ် ဒါကြောင့် Firewall မှာ စိတ်ချရတဲ့ Zone Alarm ကို မိတ်ဆက်ပေးခြင်ပါတယ် ဒီ Zone alarm က Free product တခုပေးထားပါတယ် ဒီ Free product တခုကို ဘဲ အသုံးပြုဖို့ လမ်းညွှန်ခြင်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ Free ဖြစ်တာနဲ့ အမျှ သူ့ရဲ့ Function က နည်းပြီး အသုံးရတာ အဆင်ပြေပါတယ် တခါ Install လုပ်ပေးထားရင် အမြဲ Anti-virus လိုမျိုး Scan လုပ်စရာ မလိုပါဘူး။

Anti-virus ကို မ၀ယ်နိုင်သေးရင်တောင်မှ ဒီ Free Zone Alarm ကို Install လုပ်ထားခြင်းအားဖြင့်
Hacker ဘေးရန်၊ Virus, spyware စတဲ့ ဘေးရန်တွေမှာလဲ ကာကွယ်ပေးမှာဖြစ်ပါတယ်။


DOWNLOAD HERE

အဖိုးပြောသော ပုံပြင်လေးတစ်ပုဒ်

ပုံပြောပြီဆိုရင်လည်း အဖိုးက မေးခွန်းလေးနဲ့စတတ်တယ်………
“သမီးတဲ့…အခုငါ့သမီးနဲ့အဖိုးထိုင်နေတဲ့ နေရာကနေပြီးတော့ ကောင်းကင်ပေါ်ကိုမော့ကြည့်လိုက်စမ်း……..
ကောင်းကင်မှာ ကြယ်ကလေးတွေတွေ့လား” လို့မေးတယ်……..
“တွေ့ပါတယ် အဖိုးရယ်” ဆိုတော့….”ဒီကြယ်လေးတွေ ဘယ်လိုဖြစ်လာတယ် ဆိုတာကိုရော
ငါ့သမီး သိလား” လို့မေးတော့ မေက” မသိပါဘူးအဖိုးရယ်”လို့ ဖြေရတယ်…….
အဲဒီအခါကျမှ အဖိုးက သူ့ပုံပြင်ကိုစပြောတော့တာပေါ့………။

“သမီးရယ်..ဟောဒီအဖိုးတို့နေတဲ့နေရာနဲ့ ဟိုးအဝေးကြီးကနေရာ တစ်ခုမှာ
သိပ်ကိုထူးဆန်းတဲ့ မြက်ခင်းပြင်ကျယ်ကြီးတစ်ခု ရှိတယ်တဲ့…………
အဲဒီမြက်ခင်းပြင်ကျယ်ကြီးက အဝေးကနေလှမ်းကြည့်လိုက်မယ်ဆိုရင် စိမ်းမြနေတဲ့အရောင်ဟာ
ကြည့်လို့ကိုမ၀နိုင်ဘူးတဲ့……….အနီးကပ်ပြီးသွားကြည့်မယ်ဆိုလို့ချင်ရင်လည်း
စိမ်းမြနေတဲ့မြက်ခင်းပြင်ကျယ်ကြီးရဲ့ အလယ်မှာ ပေါက်နေပွင့်နေတဲ့
ပန်းပင်ကလေးတွေဟာလည်း သိပ်ကိုလှတာပဲ……ပြီးတော့သစ်သီးအပင်မျိုးစုံလည်း အဲဒီမှာရှိသေးတယ်
အဲဒီမြက်ခင်းပြင်ကျယ်ကြီးထဲမှာ သွားလာလုပ်ကိုင်စားသောက်နေတဲ့

တိုးတိုးတိတ်တိတ်စကား (၁၀) ခွန်း

မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်းမြင်ချင်ပါသလား?
အောက်ကစာကို ဆက်ဖတ်ပါ...

   ၁) မနှိုင်းနဲ့ "သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက်ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာတတ်တယ်"လို့
ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ခြားမိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့်ရတာ မင်္ဂလာတစ်ပါးပါ။
မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့
ချီးကျူးစကားတွေထက် ပိုတန်ဖိုးပါတယ်။ 


   ၂) လျှစ်လျှူမရှူနဲ့ မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့ ပတ်သက်လာရင်
မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။ ကိုယ်အခက်အခဲ ကြုံတဲ့အခါ သူ့ကို ဖွင့်ပြောတိုင်
ပင်ပြီး မျှဝေခံစားမယ်။ သူဝမ်းနည်းအားငယ်တဲ့အခါ လက်ကို တင်းတင်းဆုပ်ကိုင်ပြီး အကြင်နာငွေ့တွေနဲ့ ကူညီအား

ရမ်ဘိုမင်းသားစတားလုံး (သို့မဟုတ်) ရည်မှန်းချက်ကြီးမားခဲ့သူ



စတားလုံးဆိုတာ မြန်မာရုပ်ရှင်ကြည့် ပရိသတ်တွေ အားလုံးသိပြီးသားဖြစ်ပါတယ်။ ရမ်ဘိုမင်းသားလို့လဲ လူသိ
များတဲ့သူဖြစ်ပါတယ်။ ကျွန်တော်က သူ့အကြောင်းကို အင်တာနက်ပေါ်မှာ ဖတ်မိတော့ တော်တော်စိတ်ဝင်စား
သွားတယ်။သူ့ရဲ့ကြိုးစားလုပ်ဆောင်မှုတွေဟာ အတုယူစရာကောင်းတယ်။ဒီကနေ့ လူငယ်တွေအတွက် ငယ်ရွယ်
်စဉ်အခါမှာအချိန်ကို မဖြုန်းတီးကြဘဲ စတားလုံးကို နမူနာယူပြီး၊ အတုယူပြီး လိုက်နာကျင့်သုံး နိုင်အောင် တင်ပြပေး
လိုက်ပါတယ်။

စတားလုံးဆိုတာ အမေရိကန်လူမျိုး ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ပါ။ ရုပ်ရှင်ထုတ်လုပ်သူ၊

Saturday 10 March 2012

အသက်ကို ဥာဏ်စောင့်

သက်ရှည်ကျန်းမာစေမယ့် နည်းလမ်းကောင်းလေးကို ဖတ်မိလို့ စာဖတ်သူများကို ပြန်လည်မျှဝေပေးလိုက် ပါရစေ.......                               
  • ဖုန်းပြောရင် ဘယ်ဘက်နားကို သုံးပါ
  • ကော်ဖီဆို တစ်နေ့ တစ်ခွက်သာသောက်ပါ
  • ရေခဲရေနှင့် ဆေးမသောက်ပါနှင့်
  • ညနေ ၅ နာရီကျော်ရင် ထမင်းအများကြီးမစားပါနှင့်
  • ဆီလျှော့စားပါ
  • ရေကို မနက်ပိုင်း ပိုသောက်ပြီး ညနေပိုင်း လျှော့သောက်ပါ.
  • ဟန်းဖုန်း အားသွင်းစက်ကို ခပ်ခွာခွာထားပါ.
  • နားကြပ်ကိုအကြာကြီး မသုံးသင့်ပါ

ဝမ်းဗိုက် အဆီ လျော့ကျ စေမည့် အလွယ် နည်း ၉ သွယ်

ဝမ်းဗိုက်မှာ အဆီ တွေစုပြီး ဗိုက်ပူ နေလို့ စိတ်ညစ် နေသူ တွေ အတွက်
ဗိုက်ပူ တာ လျော့ကျ အောင် လုပ်နိုင် မယ့် အလွယ်နည်းတွေကို ရေးသားလိုက်ရပါတယ်။



၁) လေ့ကျင့်ခန်း လုပ်ပါ
လေ့ကျင့်ခန်းအားလုံးဟာ ကိုယ်အ လေးချိန်လျော့ကျစေပါတယ်။ လေ့ကျင့် ခန်းလုပ်တဲ့အခါ ဝမ်းဗိုက်အဆီကျအောင်
စွမ်းအားမြင့်လေ့ကျင့်ခန်းကို လုပ်ဖို့ လို အပ်ပါတယ်။ လေ့လာမှုအရ အမျိုးသမီး အုပ်စုသုံးခုကို တစ်ပတ်မှာ ငါးကြိမ်ခန့်
မတူညီတဲ့ လေ့ကျင့်ခန်းတွေကို လုပ်စေ ခဲ့ရာ ကယ်လိုရီလောင်ကျွမ်းပုံချင်း တူပေ မယ့် စွမ်းအားမြင့်လေ့ကျင့်ခန်းကို
လုပ်ဆောင်တဲ့ အုပ်စုတစ်ခုရှိ အမျိုးသမီးတွေ ကသာ ဝမ်းဗိုက်အဆီလျော့ကျမှုရှိခဲ့တာ ကို တွေ့ရပါတယ်။ စွမ်းအားမြှင့်
လေ့ကျင့် ခန်းတွေမှာ အိပ်ထမတင် လေ့ကျင့်ခန်း၊ ခါးလှည့်လေ့ကျင့်ခန်းစတဲ့ လေ့ကျင့်ခန်း အမျိုးအစားတွေ
ပါဝင်နေပါတယ်။



၂) ဗိုက်ကို တုန်ခါအောင် လုပ်ပါ

လေချွန်မယ်လို့ပြော...(ဟာသ)

လေချွန်မယ်လို့ပြော(ဟာသ)
~~~~~~~~~~~~~~~~~~~~
တခါကရွာတရွာမှာ မြေးအဘွားသုံးယောက်ရှိသတဲ့
အဘိုးဖြစ်သူက မြေးမလေးကို အစစအရာရာ လိမ္မာရေးချားရှိအောင်
အမြဲသင်ကြားလေ့ရှိတယ်.. တနေ့တော့...
မြေးမလေး= သမီး ရှူးရှူးပေါက်ချင်တယ် အဘိုးလိုက်ပို့
အဘိုး = ဟဲ့မြေးလေး အဲလိုမပြောရဘူးကွဲ့ လူတွေရှေ့မှာဆို စကားကို
ယဉ်ကျေးအောင်ပြောရတယ်ကွဲ့ (ဥပမာ) ရှူးရှူးပေါက်ချင်တယ်ဆိုရင်
လေချွန်ချင်တယ်လို့ပြောရတယ်ကွဲ့ မှတ်ထားနော်မြေးလေး..
နောက်တနေ့  = အဘွား သမီး လေချွန်ချင်တယ်
အဘွားဖြစ်သူက- ဟဲ့ မြေးလေး အားလုံး အိပ်နေကြတယ်ကွဲ့။လေချွန်လို့ ဘယ်ဖြစ်မလည်း
မနက်မှ ချွန်နော်ဟုတ်လား။အောင့်လိုက်နော်"
မြေးမလေး= မနက်ထိမအောင့် နိုင်ဘူး အခုပဲ ချွန်ချင်တယ် ဘွားဘွား
အဘွား = အော်... ဒီကလေးမ မနက်ကျမှ ချွန်ပါဆို ဘယ်လိုဖြစ်နေတာလည်း
မြေးမလေး = ဟင့်အင်း ဟင့်အင်း အင်မတန့် အင်မတန်မှ ချွန်ချင်နေပြီ အဘွားရဲ့....
အဘွားပြောလိုက်ပုံက = ကိုင်း... ဒီလောက်တောင်ဖြစ်လှတာ။ ဟိုဘက်ကုတင်မှာ အိပ်နေတဲ့
ဘိုးဘိုးရဲ့ နားနားကပ်ပြီး သွားချွန်...:P

Friday 9 March 2012

Command Prompt ကို အရောင်ပြောင်းမယ်။

ကျွန်တော်တို့ ကွန်ပျုတာ သုံးကြတဲ့ အခါမှာ Window က ပေးတဲ့ Default ကြီးအတိုင်းတော့
ဘယ်အရာကိုမှ မကျေနပ်ချင်ကြဘူးနော်။ Theme လေးတွေ ပြောင်းကြသလို ၊ Folder တွေ ၊
Pointer လေးတွေ စတဲ့ ပြောင်းလို့ ရသမျှ တော့ပြောင်း ကြည့်ချင်ကြပါတယ်။ 
အဲဒီ လို ပြောင်း ကြတဲ့ အခါ  ကျွန်တော်တို့ User တွေ ဟာ လျှင်မြန် သွက်လက်ပီး
လုပ်ငန်းတစ်ခု လျှင်မြန်စွာ ပီးမြောက်နိုင်ဖို့ Shortcut လေးတွေသုံးရင်နဲ့ အတူ
Run Box က Command  လေးတွေ ကို လည်း သုံးကြတယ် နော်။



အဲဒီ Command လေးတွေကို သုံးတဲ့ အခါမှာ ပေါ်လာတဲ့ Command Prompt ရဲ့
Background ဟာ Default အားဖြင့်တော့ အနက်ရောင် ကြီးနော်။
အဲဒီ Command Prompt CMD ရဲ့ နောက်ခံ အရောင်ကို Window 7 မှာ
ကိုယ့်စိတ်ကြိုက် အရောင်လေး ပြောင်းကြည့် ရအောင်ပါ။
ဒီနည်းလမ်းလေးကို CMD ကနေ ပဲ လုပ်တဲ့ နည်းလေးတွေ ပြောကြပေမယ့်

Tuesday 6 March 2012

အုန်းမှုတ်ခွက်နင်း ရောဂါကင်း

အုန်းမှုတ်ခွက်နင်းပုံနင်းနည်း

အုန်းမှုတ်ခွက်နင်းရန်မှာ ကရိကထ မများပါ။ အုန်းမှုတ်ခွက်နှစ်လုံးရှာပါ။ တစ်လက်မခန့် အထူရှိသည့်
(အလျားနှစ်ပေ၊ အနံ တစ်ပေခန့်် ရှိ) ပျဉ်ပြားတစ်ချပ်ပေါ်တွင် ဂုန်နီအိတ်ခင်းရပါမည်။ ဂုန်နီအိတ်ပေါ်မှာ အုန်းမှုတ်ခွက်
နှစ်ခုမှောက်ပါ။ တစ်ဖက်နှင့်တစ်ဖက် အကွာအဝေးကို မိမိခြေထောက် နင်းကောင်းရုံထားရ ပါမည်။ အဲဒီ မှောက်ထား
သော အုန်းမှုတ်ခွက်ပေါ်သို့  လူကခြေထောက်ဖြင့်တက်၍ ဘယ်ညာ နင်းရန်ဖြစ် ပါသည်။ မိမိကိုယ်တိုင် မတ်တပ်ရပ်၍
မနင်းနိုင်သူကို ဘေးမှ လူအကူအညီဖြင့် နင်းရန်ဖြစ်ပါသည်။

ပထမခြေဖ၀ါးအယ်ဖြင့် နင်းပါ၊ နင်းယင်း နင်းယင်း သဘောသိလာပါလိမ့်မည်။ ထို့ နောက် ခြေဖနောင့်ဖြင့်
လည်းကောင်း၊ ခြေဖျားတို့ ဖြင့်လည်းကောင်း ထိုသို့ နင်းရာတွင် ခြေဖျားကိုထောက်၍

ကွန်ပြူတာဆိုတာ???????



ကွန်ပျုတာ 
          တိုက်ရိုက်အဓိပ္ပါယ်ပြန်လျှင် သချာင်္တွက်စက်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ၎င်းမှာလျှပ်စစ်စွမ်းအားနှင့် သချာင်္
ပညာရပ်များအား အသုံးပြု၍ လုပ်ငန်းရပ်များအား အဆင်ပြေချောမွှေ့လွယ်ကူစေရန် ဖန်တီးယူထားသည့် စက်အမျိုး
အစားတစ်ခုဖြစ်ပါသည်။ မှတ်တမ်းများသိမ်းဆည်းခြင်း (Datastorage)၊ပြန်လည်ခေါ်ယူခြင်း(Retrive)၊အစီအစဉ်များ
ထည့်သွင်းခြင်းနှင့်ထုတ်ယူခြင်း (l/O Device)၊ စဉ်းစားတွက်ချက်ပေးခြင်း (Calculate) တို့အားလုပ်ငန်းစဉ်များ
အလိုက်အသုံးပြုနိုင်ရန် စီစဉ်ထားပါသည်။

            ကွန်ပျုတာအား တီထွင်ရန်စတင်စဉ်းစားခဲ့စဉ်ထဲကပင် လုပ်ငန်းရပ်အသီးသီး၌ အသုံးပြုနိုင်ရန်ရည်ရွယ်၍

Blog ကို Back up လုပ်ကြစို့


(၁) blogger.com ကို log in ၀င်လိုက်ပါ .


(၂) setting >> Basic ကို သွားပြီး ပုံ(၁)မှာလို Export blog ကို ရွေး
လိုက်ပါ .

(၃) ပြီးရင် ပေါ်လာတဲ့ box ထဲက Download blog ကို နှိပ်လိုက်ပါ .

(၄) Save လိုက်ပါ . (တစ်ခါတစ်ရံ Downloader တွေနဲ့ Download လုပ်ရင် .xml ဖိုင်ကို
မရတာမျိုးကြုံရတတ်ပါတယ် . အဲ့တော့ သမရိုးကျအတိုင်းပဲ save လိုက်ပါ )


(၅) အဲ့မယ် .xml ဆိုပြီးတော့ ဖိုင်တစ်ဖိုင်ရလာပါလိမ့်မယ် .


(၆) အဲ့ဒီ့ရလာတဲ့ ဖိုင်ကို ကို Import လုပ်ချင်တဲ့ ဘလောဂ်ကို ဖွင့်လိုက်ပါ .


(၇) setting >> basic ကိုသွားပြီး Import Blog ကို ရွေးလိုက်ပါ .


(၈) အခုနက ရလာတဲ့ .xml ဖိုင်ကို ရွေးပါ။ automatic public blog ကို အမှန်ခြစ်ပေးပါ။
သူပေးထားတဲ့ code ကို ရိုက်ထည့်ပြီး Import Blog ကို နှိပ်လိုက်ပါ .



ရယ်ချင်သူများအတွက်

အလည်လွန်တဲ့ကိုမြို့သား...
မြို့က ဖြိုးဝေတစ်ယောက် ရွာက ဂျမ်းပုံ တစ်ယောက်နဲ့ အိမ်ထောင်ကျပါလေရော...
ဖြိုးဝေ=မိန်းမရေ ကိုတို့ ဟန်းနီးမွန်းထွက်ရအောင်ပေါို့ပြိး လက်ထပ်ပြီးခါစပေါ့ ဟန်းနီးမွန်းထွက်ကျတယ်..
ဂျမ်းပုံ=ကိုဖြိုး ဟန်းနီးမွန်းထွက်တယ်ဆိုတာ ဘာလုပ်တာလဲဟင်...
ဖြိုးဝေ=အော်...ဂျမ်းပုံကလဲ ညက ကိုနဲ့တူတူ အိပ်တာ အဲ့ဒါ ဟန်းနီးမွန်းပေါ့
ဂျမ်းပုံ= ဒါများ ကိုဖြိုးဝေရယ်ထူးဆန်းလုပ်လို့....ကျမ ရွာက သာအေးနဲ့ ကောက်ရိုးပုံမှာ ထဲမှာ
ခဏခဏ ဟန်းနီးမွန်းထွက်နေကျ....


ရိုးလွန်းတဲ့အမေ
တစ်နေ့မှာ သုမောင်တစ်ယောက် သူငယ်ချင်းတွေနဲ့ အရက်ဆိုင်ထဲမှ အရက်သောက်နေတာပေါ့

အသက်ရှည်ဆေး

ကလေးယူရင်သတိထား
မင်္ဂလာဦးညတွင်သတိုးသမီးကသူခင်ပွန်းအား
သတိုးသမီး  ။ကို လွင်တို့ကလေးယူရင်ယောက်ျားလေး ၃ ယောက်ရမှာသိလား
သတိုးသား  ။လွင်ကဘယ်လိုသိတာလဲ
သတိုးသမီး  ။အခုသူတို့ ၃ ယောက်ကိုမေ့မေ့အိမ်ပို့ထားတယ်လေ........

မင်းအသံကြားချင်လို့ပါ
အောင်မိုးသည်အင်္ဂလန်မှကျောင်းတက်၍ပြန်လာရာ သူချစ်သူက
ချစ်သူ  ။ကိုယ်လွင်ကိုလွမ်းရင်ဘာလုပ်လဲဟင်
အောင်မိုး  ။လွင်ဓါတ်ပုံထုတ်ကြည့်တာပေါ့
ချစ်သူ  ။ဒါဆိုလွင့်အသံကြားချင်ရင်ကော
အောင်မိုး  ။လွင့်အသံကြားချင်ရင် ခွေးကိုခဲနဲ့ပေါက်တယ်လေ.........

 
တော်ပါသေးရဲ့
သေခါနီးယောက်ျားဖြစ်သူကမိန်းမဖြစ်သူအားမေးမြန်းလေ၏

ရီစရာ ဟာသလေးများ

##ကြိုက်တာယူ####
ကိုချစ်တစ်ယောက်  သူ့ သူငယ်ချင်းကို စက်ဘီးအသစ် စီးလာတာမြင်တော့ တအံတသြနဲ့ 
"မင်းဘယ်တုန်းကများ   ဒီလောက်ကောင်းတဲ့ စက်ဘီးဝယ်လိုက်တာလဲကွာ" မေးလိုက်ပါတယ်၊၊
ဒီတော့ သူငယ်ချင်းဖြစ်သူက  စက်ဘီးကိုဘယ်လို  ရခဲ့သလဲဆိုတာ ပြောပြပါတယ်၊၊  "မနေ့ က ငါလမ်းလျှောက်နေတုန်း  စက်ဘီးစီးလာတဲ့  မိန်းမတစ်ယောက်က ငါ့ရှေ့ ရောက်တော့ စက်ဘီးကိုရပ်၊ အဝတ်တွေဆွဲချွတိရင်း ရှင်ကြိုက်တာယူပါတဲ့။ ဒါနဲ့  ငါလည်းစက်ဘီး   ယူလိုက်တာ" လို့ ပြောတော့ ကိုချစ် ပြန်ပြောတာက " မင်းတော်တယ်ကွာ....အဝတ်တွေဆို မင်းနဲ့ တော်ချင်မှ တော်မှာကွာ"တဲ့...

##အထူးရေကန်##
အင်ဂျင်နီယာကို"နယူးရပ်ရှင်" ကပြောသည် ။    အိမ်ကြီးရဲ့ ဘေးက  ပန်းခြံထဲမှာ ရေကူးကန်သုံးခု  ဆောက်ပေးပါ။  တစ်ခုမှာ  ရေနွေးဖြည့်၊ နောက်တစ်ခုက ရေအေးဖြည့်ပါ။
တစ်ခုမှာ ရေမဖြည့်နဲ့ ။ "ရေမပါတဲ့ ရေကူးကန်  ဘာလုပ်ဖို့ လဲ။  "တစ်ချိုအပေါင်းအသင်းတွေ
ရေမကူးတတ်ဘူးလေ"။

##အမြဲတမ်း ကံမကောင်းသူ##
လေယာဉ်စီးခရီးသည်  ဘေးနားက  ထိုင်နေသူုကို ပြောသည်။  "ကျွန်တော် အမြဲတမ်း

Sunday 4 March 2012

Memorystick ကိုသော့ခတ်ထားမယ်

ကိုယ့်စတစ်ထဲမှာရှိတဲ့dataတွေကအရေးကြီးလို့တခြားလူတွေကိုမမြင်စေချင်ဘူးဆိုရင်တော့အသုံးဝင်ပါလိမ့်မယ်
အသုံးချမယ့်ဆော့ဝဲလ်ကတော့ usbenter ပါ….
ဆော့ဝဲလ်လေးကအရမ်းကောင်းပါတယ် ကြံဖန်ပြီးအပြစ်ပြောစရာဆိုလို့4GBထိသာသော့ခတ်ဖို့အတွက်
လက်ခံပါတယ်
သော့ခတ်မယ့် စတစ်ကိုအထဲမှာဘာမှမရှိအောင်ရှင်းထားပေးပါ
သော့ခတ်ဖို့အတွက်လိုအပ်မယ့်ဆော့ဝဲကိုအောက်မှာဒေါင်းလုပ် လိုက်ပါဦး
ဆော့ဝဲလ်လေးကိုကိုယ့်ကွန်ပျုတာမှာ တခြားဆော့ဝဲတွေကို install လုပ်သလိုပဲ install လုပ်လိုက်ပါဦး
Desktop ပေါ်မှာအောက်ကပုံလေးအတိုင်းပေါ်နေမှာပါ
1.အရင်ဆုံး သော့ခတ်မယ့် စတစ်ကိုကွန်ပျုတာမှာတပ်ပြီး USB Flash Security ဆိုတဲ့ ဆော့ဝဲကိုဖွင့်ပါမယ်
2.ပေါ်လာတဲ့ box မှာ ok ကိုနှိပ်ပါ
3.နောက်ထပ်ပေါ်လာမယ့် box မှာ install tab ကိုနှိပ်ပါ

Mobile Phone နှင့်ကျန်းမာရေး အန္တရာယ်





မိုဘိုင်းဖုန်းတွေကနေထွက်တဲ့ ဓါတ်ရောင်ခြည် Radiation တွေက လူတွေရဲ့ ကျန်းမာရေးအပေါ်
 
ဘယ်လို သက်ရောက်စေမှုရှိတယ်ဆိုတာဟာ လတ်တလော စိတ်ဝင်စားမှုအကောင်းဆုံးနဲ့
 
လေ့လာစမ်း သပ်မှုတွေပြု လုပ်နေကြတဲ့အရာတစ်ခုဖြစ်ပါတယ် ။
 
ဘာကြောင့်လည်းဆိုတော့ တိုးတက်လာတဲ့ နည်းပညာခေတ်ကြီးထဲမှာ မိုဘိုင်းဖုန်း အသုံးပြုမှုဟာ
 
တကမ္ဘာလုံး ( ၂၀၀၉ ခုနှစ် ဂျွန်လအထိဆိုရင် 4.3 billion တောင်ရှိပါတယ် )
 
များပြားလာတဲ့အတွက်ဖြစ်ပါတယ် ။ မိုဘိုင်းဖုန်းတွေဟာ သေးငယ်တဲ့ လှိုင်းနှုန်း Microwave မှာ
 
Electromagnetic radiation တွေကို အသုံးပြုပါတယ် ။ တခြား ၀ါယာ လက် စနစ်တွေဖြစ်တဲ့
 
Data Communication networks တွေမှာလည်း ဒီလိုအလားတူ radiation တွေကို အသုံးပြုကြပါတယ် ။




WHO လို့ခေါ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မိုဘိုင်းဖုန်း ကထွက်တဲ့ ဓါတ်ရောင်ခြည်ကို

အူမကြီးကင်ဆာကို ၇၅ ရာခိုင်နှုန်း လျော့ကျနိုင်စေမည့် နည်းလမ်းများ

အစိမ်းရောင် သဘာဝအပင်များ
Harvard တက္ကသိုလ်မှ လေ့လာမှု အကြံပြုချက်အရ ဆလတ်ရွက် နေ့စဉ်စားသူတွေဟာ အူမကြီးကင်ဆာဖြစ်နှုန်း
၇၅ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ ဆိုလိုပါတယ်။ လေ့လာမှုအရ အစိမ်းရောင်အရွက်တွေမှာ ပါဝင်တဲ့
Carotenoids နဲ့ စွမ်းအင်ပြည့် အင်ဒီအောက်ဆီးဒင့်တွေက အူနံရံက ဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကို ကောင်းမွန်
စေပြီး ကင်ဆာဖြစ်စေတဲ့ အရာတွေကို ချေဖျက်ပေးနိုင်စွမ်းရှိတာ ကြောင့်ပါ။ ဟင်းနုနယ်၊ ပန်းဂေါ်ဖီစိမ်းနဲ့ ဂေါ်ဖီ
စိမ်းထုပ်တွေမှာ Carotenoids တွေ ပါဝင်ပါတယ်။


ကော်ဖီသောက်ပါ
လေ့လာမှုအရ ကော်ဖီတစ်နေ့ သုံးခွက်သောက်တာဟာ တခြားအစားအစာ စားသုံးမှုပုံစံနဲ့ ဘ၀နေထိုင်မှုပုံစံကို
မပြောင်းလဲရင်သာ ရောဂါတွေဖြစ်မှုနှုန်းကို ၃၀ ရာခိုင်နှုန်းလောက် လျော့နည်းစေတယ်လို့ ဆိုပါတယ်။ ဒါကတော့

ကယ်လိုရီလောင်ကျွမ်းပြီး သွက်လက်တက်ကြွနေစေမည့် ထိပ်တန်း အားကစားနည်း ၁၂ မျိုး

နေ့စဉ် လှုပ်ရှားမှုတွေထဲက သင်ပြုလုပ်သင့်တဲ့ အားကစားတွေထဲမှာ ကယ်လိုရီကို လောင်ကျွမ်းစေပြီး စိတ်ကို လန်းဆန်း တက်ကြွနေစေမယ့် အားကစားနည်းတွေ ရှိပါတယ်။

အပြေးလေကျင်ခန်း

တစ်နေ့ကို မိနစ် ၃၀ လောက် အပြေးလေ့ကျင့်တာဟာ သင့်ကို ၄၅၀ ကယ်လိုရီလောက် လောင်ကျွမ်းစေပါတယ်။ အပြေး လေ့ကျင့်မှုဟာ စိတ်ပိုင်းဆိုင်ရာ လန်းဆန်းတက်ကြွမှုကို ပေးစွမ်းနိုင်ပါတယ်။ ခြေထောက်နေရာကသာ ပြေးနေရတယ် ဆိုပေမယ့် ခန္ဓာကိုယ် တစ်ခုလုံးကပါ လှုပ်ရှားနေရတဲ့ လေ့ကျင့်မှုမျိုး ဖြစ်တာကြောင့် သင့်ကို ပိုပြီး လန်းဆန်းနေစေတာပဲ ဖြစ်ပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်ချိန်မှာ သက်သောင့်သက်သာရှိတဲ့ ဖိနပ်မျိုးကို ဝတ်ဆင်ပြီး မတော်တဆ ထိခိုက်မှုကင်းတဲ့ နေရာကို ရှာပြီး လေ့ကျင့်ပေးပါ။

ကျောက်တောင်တက်ခြင်း

အနောက်နိုင်ငံတွေနဲ့ ကိုရီးယားမှာ ပြုလုပ်လေ့ရှိတဲ့ တောင်တက်တဲ့ အားကစားပါ။ ကျောက်တောင်ပေါ်ကို ရောက်ဖို့ ကျောက်တုံးတွေရဲ့ အထစ်တွေကို အားပြုပြီး တထစ်ချင်း တက်ရတဲ့အပြင် လူရောစိတ်ပါ တက်ကြွစွာ ပြုလုပ်၊ လှုပ်ရှားရတဲ့ အားကစားနည်းပဲ ဖြစ်ပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

ဆီးလမ်းကြောင်း စနစ်မှာပါဝင်တဲ့ ကျောက်ကပ်၊ ဆီးပြွှန်နှင့် ဆီးအိမ် စတဲ့ တစ်နေရာရာမှာ ပိုးဝင်တာကို ဆီးလမ်းကြောင်းပိုးဝင်တယ်လို့ ဆိုပါတယ်။ များသောအားဖြင့် ဆီးအိမ်နဲ့ ဆီးအိမ်အောက်ပိုင်းက ဆီးပြွှန်မှာ ပိုးဝင်တာ အဖြစ်များပါတယ်။ ရောဂါလက္ခဏာများ ဆီးလမ်းကြောင်းပိုးဝင်တဲ့ လူတိုင်းမှာ ရောဂါလက္ခဏာများကို ခံစားရတာမဟုတ်ပေမယ့် အများစုမှာတော့ အောက်ပါလက္ခဏာအချို့ကိုတွေ့ရတတ်ပါတယ်။
ရောဂါလက္ခဏာတွေဟာ လျှပ်တပျက်ဖြစ်ပေါ်လာတတ်ပြီး ယျေဘူယျအားဖြင့်ကတော့
-ဆီးသွားချင်စိတ်ကို ထိန်းမရခြင်း
- ဆီးပူ ဆီးကျင်ခြင်း
- ပမာဏနည်းနည်းနှင့် မကြာခဏဆီးသွားခြင်း

-ဆီးတွင်း သွေးပါခြင်း ၊ ဆီးနံ့အလွန်ပြင်းခြင်း တို့ဖြစ်ပါတယ်။
ဆီးလမ်းကြောင်း တလျှောက်ပိုးဝင်တဲ့နေရာပေါ်မူတည်ပြီး ဖြစ်ပွားနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့



ပိုးဝင်ခြင်းကြောင့် ကျောက်ကပ်ယောင်ခြင်း

သွေးပေါင်ကျခြင်း၏ လက္ခဏာများ



သွေးပေါင်ကျခြင်း၏ လက္ခဏာများ


• သွေးပေါင်ကျခြင်းဆိုတာဟာ

ပုံမှန်ထက် သွေးဖိအား လျော့နည်းနေခြင်း ဖြစ်ပါတယ်။ သွေးပေါင်ကျတယ်လို့ ပြောနိုင်ဖို့ရာအတွက်
သတ်မှတ်ချက်က လူတစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး။ ယေဘုယျအားဖြင့် အပေါ် သွေးဖိအား
90mm/Hg အောက်မှာရှိရင် သွေးပေါင်ကျတယ်လို့ စဉ်းစားနိုင်ပါတယ်။


• သာမန်ထက် သွေးပေါင်အနည်းငယ်နိမ့်တာက ပြဿနာမရှိပါဘူး။ ဒါပေမဲ့ သွေးပေါင်
အလွန်အမင်း လျော့ကျ နေရင် အားနည်းတာ၊မူးဝေတာနဲ့ တခြားကျန်းမာရေးပြဿနာတွေကို
ဖြစ်စေနိုင်ပါတယ်။

• သွေးပေါင်ကျတာကို ခံစားနေရတဲ့သူမှာ တွေ့ရှိနိုင်တဲ့ လက္ခဏာတွေရှိပါတယ်။ သွေးတိုးတာနဲ့

*ပင်ပန်းမှူ ပျောက်ကာ လန်းဆန်း စေမည့် နည်း (၁၅) မျိုး *

တစ်နေကုန် ပင်ပန်းနွမ်းနယ် နေပါသလား။*

      တစ်နေ့ ထက် တစ်နေ့ အားအင် ချည့်နဲ့ကာ စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နေ
ပါသလား။ မကြာခဏ သမ်းဝေကာ ငိုက်မျည်း နေတတ် ပါသလား။

     ပင်ပန်း နုံးချည့် ရခြင်း အကြောင်းရင်းကို ရှာကာ အမြဲ သွက်လက် အားအင်
ပြည့်စေနိုင်မယ့် နည်းလမ်း ၁၅ မျိုးကို ဖော်ပြလိုက်ပါတယ်။



၁။ ပင်ပန်းရခြင်း အကြောင်းရင်း ရှာပါ သင့်ရဲ့ အားအင်တွေ ပြန်ပြည့်ဖို့ ပထမဆုံး
လုပ်ရမှာက သင့် စားသောက် နေထိုင်ပုံက သင့်ရဲ့ အားအင်တွေကို ဘယ်လို ဆုတ်ယုတ်
နေစေသလဲ ဆိုတာကို သုံးသပ်ဖို့ ပါပဲ။ ရေသောက် နည်းပြီး ရေဓာတ် ခြောက်ခန်း
နေသလား၊ အရက်သောက် များနေသလား၊ အစာ လျှော့စားလွန်း နေသလား၊ အချိုကဲတဲ့ အစားတွေ
များများ စားလို့ သွေးထဲ သကြားဓာတ် များနေသလား၊ အိပ်ရေး မ၀ဘူးလား စသဖြင့်
ပင်ပန်းစေနိုင်တဲ့ အကြောင်းရင်းတွေကို ရှာကြည့်ပါ။ စိတ်ဖိစီးမှု နဲ့ ပူပင်
စိုးရိမ်မှုတွေ ကြောင့်လည်း အားလျော့ စေနိုင်ပါတယ်။ ဖြစ်နိုင်ခြေ ရှိတဲ့
အကြောင်းရင်း တွေကို ဖော်ထုတ်နိုင်ဖို့ အတွက် ကိုယ်ရဲ့ စားသောက် နေထိုင်ပုံကို

Saturday 3 March 2012

ရယ်သောသူအသက်ရှည်၏

အရမ်းကိုချောမောလှပပြီး ကိုယ်လုံးကိုယ်ပေါက် အချိုးအစား ပြေပြစ်လှပတဲ့ အမျိုးသမီးတစ်ယောက်က ရင်ဟိုက်
အင်္ကျီနဲ့ လေယာဉ်ပျံ အရုပ်လေးပါတဲ့ fancy ဆွဲကြိုးတစ်ကုံးဆွဲထားတဲ့ ဒီဇိုင်းနဲ့ ဘစ်စကားတစ်စီးပေါ်တက်လာတော့
ကားပေါ်ပါတဲ့ လူငယ်တစ်ယောက်က ရင်ညွန့်ပေါ်က လေယာဉ်ပျံရုပ်ကို မျက်တောင်မခတ်ပဲ စိုက်ကြည့်နေပါတော့
တယ်။ ဒါကို ဘေးကနေ တွေ့နေရတဲ့သူက အမြင်ကတ်ကတ်နဲ့ မေးလိုက်ပါတယ် ..... “မင်းကအဲ့ဒီ လေယာဉ်ပျံကို
တော်တော်သဘောကျနေတာလား”

လူငယ်ပြုံးဖီးဖီးနဲ့ ပြန်ဖြေလိုက်တာကတော့ ..........
“အော် မဟုတ်ပါဘူး ကျွန်တော်က လေယာဉ်ပျံကို သဘောကျတာထက် လေယာဉ်ပြေးလမ်းကို ရူစားနေတာပါ။”


XDXDXDXDXDXDXDXDXDXDXDXDXDXDXDX


မောင်ထွေး ။ ။ မင်းကြည့်ရတာတော်တော် စိတ်ညစ်နေပုံရတယ် ။

Wireless Router ကို ချိတ်ဆက်ခြင်းနှင့် Configure ပြုလုပ်ခြင်း

ကျွန်တော်တို့တစ်တွေက Wireless Network ကို သုံးပြီဆိုမှတော့ Wireless Router နဲ့ပက်သက်လို့လည်း
သိထားရမှာပဲပေါ့။ ဟုတ်တယ်မို့လား။ အခုပြောပြမှာကဗျာ.... Wireless Router ရဲ့ Configuration တွေကို
Update လုပ်ဖို့ အတွက် အဲဒီ Wireless Router ကို Computer နဲ့ဘယ်လိုချိတ်ဆက် အသုံးပြုမလဲဆိုတဲ့
အကြောင်းအရာလေးပါ။ကျွန်တော်တို့တွေ Wireless Router ရဲ့ Configuration တွေ Update လုပ်ဖို့ အတွက် Router ကိုဆက်သွယ်ဖို့တော့ လိုကိုလိုအပ်ပါတယ်။
ပထမဦးဆုံး Wireless Router ၇ဲ့ Screen ကို Access
လုပ်ဖို့အတွက် Router ရဲ့ IP Address ကို သိမှရပါမယ်။ နောက်ပြီး Wireless Router ရဲ့ IP Address ကိုသိမှ
ရပါမယ်။ နောက်ပြီး Wireless Router ထဲကိုဝင်ဖို့ အတွက် admin Log in Name နဲ့ Password ကိုသိရပါမယ်။
ကျွန်တော်တို့က Wi-Fi Connection တွေရဲ့ Problem တွေနဲ့ သူတို့ကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာတွေကို
သိထားသင့် ပါတယ်။

1.    Router ရဲ့လက်ရှိ Local IP Address ကိုသက်မှတ်ခြင်း Home Broudband router တွေမှာဆိုရင်တော့
သူတို့ရဲ့ default IP Address တွေကတော့ များသောအားဖြင့် 192.168.0.1, 192.168.1.1 , 192.168.2.1
တို့ဖြစ်ကြပါတယ်။ ဆိုလိုတာက

Windows 7 / Vista to Boot Into Safe Mode Without Using the F8 Key

F8 key ကိုနှိပ်တယ် အလုပ်မလုပ်ဘူး ဆိုရင် safe mode ထဲကို ဝင်ဖို့ အောက်ဖော်ပြပါနည်းနဲ့လည်း လုပ်ဆောင်နိုင်ပါတယ်။

( ၁ ) Start Button ကို click ပါ။
( ၂ ) Search box (or) Ran မှာ “msconfig” လို့ ရိုက်ပါ။ Enter ခေါက်ပါ။
( ၃ ) အဲလိုလုပ်လိုက်ရင် “System Configuration” window ပွင့်လာပါလိမ့်မယ်။
( ၄ ) “Boot” tab မှာ ရှိတဲ့ Boot Options section ကို သွားပါ။
( ၅ ) အောက်မှာ ဖော်ပြထားတဲ့ အတိုင်း “Safe Boot/Minimal” Check box မှာ check ပေးပါ။












ကင်ဆာရောဂါကိုတွန်းလှန် ကာကွယ်နိုင်သောအစားအစာ (၁၃) မျိုး

(၁) ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာကင်ဆာရောဂါကိုကာကွယ်နိုင်တဲ့ ဓာတ်ပေါင်းတွေ များစွာပါဝင်နေပါတယ်။
အရေပြား၊ အူမကြီးနဲ့ အဆုတ်ကင်ဆာရောဂါ ဖြစ်ပွားမှုတွေကို အဓိကကာကွယ် ပေးနိုင်ပါတယ်။


(၂) အစိမ်းရင့်ရောင် အသီးအရွက်များ အစိမ်းရင့်ရောင် အသီးအရွက်တွေမှာအင်တီအောက်ဆီးဒင့် ဖြစ်တဲ့ ကယ်ရိုတင်းနွိုက်တွေ များစွာပါဝင်ပါတယ်။ကင်ဆာကို ဖြစ်စေတဲ့ Free Radicals တွေရဲ့ အန္တရာယ်ကိုလျှော့ချပေးပါတယ်။

ဟာသတိုလေးများ အပိုင်း(၃)

အခန်းမကျော်အောင်

်(၅)နှစ်အရွယ် နှင့် (၇)နှစ်အရွယ် ညီအစ်ကို ကလေးငယ်နှစ်ယောက်တို့ တီဗွီကိုထိုင်ကြည့်နေ
ကြစဉ် အငယ်ကောင်က တီဗွီခလုတ်ကို ပိတ်လိုက်သည်။

“ကြည့်လို့ကောင်းနေတုန်း ဘာလို့တီဗွီပိတ်ရတာလဲ”

“ငါရှူးရှူးသွားပေါက်နေတုန်း အခန်းကျော် သွားမှာစိုးလို့”


ချစ်ရတဲ့ မြေးလေး

အငြိမ်းစားတရားသူကြီးသည် စာသင်ကျောင်းထဲ ၀င်သွားခဲ့သည်။

“ကျွန်တော်ဟာ သူငယ်တန်းက ဆန်းနီလေး ရဲ့ အဘိုးပါ။ ကျွန်တော့မြေးလေး ကျောင်းတက်တာကို လာကြည့်တာပါ”

ဟာသတိုလေးများ အပိုင်း - (၂)

ခုမထိုင်နဲ့
 
တရုတ်စီးပွားရေးလုပ်ငန်းရှင် ဝေချောင်လင်းသည် လုပ်ငန်းကိစ္စဖြင့် နယူးဒေလီမြို့သို့ ရောက်လာစဉ် အရေးပေါ်
 
နာမကျန်းဖြစ်၍ ဆေးရုံတတ်ရသည်။ ဝေချောင်လင်းနှင့်သိကျွမ်းသော တရုတ်စကားမတတ်သည့် အိန္ဒိယလုပ်ငန်းရှင်
 
မာမွတ်ဆေးရုံသို့ လူနာမေးရန်ရောက်လာသည်။ ဝေချောင်လင်း၏ ကုတင်အနီးတွင် ထိုင်နေသော မာမွတ်ကိုမျက်လုံး
 
ဖွင့်ကြည့်ပြီး "လီကိုင်ယန် ကျွိဂွမ်'' ဟုပြောသည်။
 
မာမွတ်က ဘာပြောမှန်းမသိ။ ဝေချောင်လင်းကိုသာ ငေးကြည့်နေသည်။

"လီကိုင်ယန် ကျွိဂွမ်..လီကိုင်ယန် ကျွိဂွမ်''ဟု ဝေချောင်းက အကြိမ်ကြိမ်ပြောနေသည်။

မာမွတ် လည်းနားမလည်၍ စဉ်းစားနေစဉ် "လီကိုင်ယန် ကျွိဂွမ်'' ဟုအော်ရင်း ဝေချောင်လင်း အသက်ပျောက်သွား

ဟာသအပိုင်း အစများအပိုင်း(၁)

အလစ်သမား...
ဂျာကင်တစ်ထည်ကို လက်တွင်ကိုက်လျှက် လျှောက်လာသောလူငယ်ကို
လူကြီးတစ်ယောက်ကမေးသည်။
”မောင်ရင်လက်ထဲက ဂျာကင် အင်မတန်လှပါလား ဘယ်ဆိုင်က၀ယ်လာတာလဲ“
”တစ်လမ်းကျော် မေဖလားဝါး စတိုးဆိုင်ကြီးက“
”၀ယ်နေတဲ့လူတွေ အများကြီးလား“
”တစ်ယောက်မှ မရှိပါဘူး။ အရောင်းစာရေးတောင် အရှိဘူး“

            ......ကူညီပါ့မယ်....
ဟင်းသီးဟင်းရွက်သယ်ကို အဖွားကပြောသည်။
”အာလူး ငါးပိသာဝယ်မလို့ သမီးရယ်။ ဒါပေမဲ့ မသယ်နိုင်မှာ စိုးတယ်ကွယ်“
”မပူပါနဲ့ အဖွာ။ အဖွားသယ်နိုင်အောင် ကျွန်မ ချိန်ပေးလိုက်ပါမယ်“

             .........မထိုင်နဲ့လေ....
အိမ်ထောင်ပရိဘောကဆိုင်သို့ လူကြီးတစ်ယောက်ဝင်လာပြီး ဆိုင်ရှင်ကို

windows 7 နဲ့ Hard Disk -Usb ကိုဘယ်လိုလော့ချမလဲ

၁။ အရင်ဆုံး Control Panel ဝင်လိုက်ပါ ပြီးရင် ညာဘက်က အပေါ်မှာ Category မှာ ကလစ်ပြီး
 
Large icons ကို ကလစ်လိုက်ပါ။
 
၂။ BitLocker Drive Encryption ကိုရှာပါ တွေ့ရင် ကလစ်လိုက်ပါ။
 
 
၃။ ကိုလော့ချင်တဲ့ Disk Drives ကိုရွေးပြီး Turn on bitLocker ကို ကလစ်လိုက်ပါ။
 
 
၎။ ပေါ်လာမယ့် ဝင်းဒိုးမှာ Use a password to unlock the drive ကို အမှတ်ခြစ်ပေးလိုက်ပါ။
 
 
၅။ Type your password: နဲ့ Retype your password: မှာ password ကိုဖြည့်ပေးလိုက်ပါ နှစ်ခုလုံး
Print Friendly and PDF