Saturday 17 March 2012

ရယ်ကြရအောင်.........

သမီးရည်းစားဘဝ.................... အမှတ်စဉ် ၁။ မှ ၁၀။ အတိုင်းအောက်သို့ဖတ်သွားပါ။
၁။ Boy ။ ။ ဟူး....။ စိတ်ပျက်လိုက်တာကွာ..။
၂။ Girl ။ ။ မောင်..။ မေ့ကိုချစ်လားဟင်?
၃။ Boy ။ ။ ဟား...။ ဘယ်လိုမေးလိုက်တာလဲ။ ချစ်တာပေါ့။
၎။ Girl ။ ။ တခြားမိန်းကလေး တစ်ယောက်ကို ချစ်နေလားဟင်?
၅။ Boy ။ ။ ဟား..။ ရွံ့ စရာကြီး။
၆။ Girl ။ ။ မောင်မေ့ကို နမ်းချင်လားဟင်?
၇။Boy ။ ။ အတိုင်းထက်အလွန်ပေါ့ ။
၈။ Girl ။ ။ မေ့ကို တခြားမိန်းကလေးတစ်ယောက်ကဖြတ်ခိုင်းရင်ကော?
 ၉။ Boy ။ ။ ဟား..။ ဘာလို့ဖြတ်ရမှာလဲ။ ဖြတ်ခိုင်းတဲ့လူကိုတောင်သတ်ချင်တယ်။
၁၀။ Girl ။ ။မောင် ဆေးလိပ်ဖြတ်လိုက်တော့နော် ။ အိမ်ထောက်ကျပြီး သုံးနှစ်အကြာ....... အမှတ်အစဉ်
၁၀။ မှ ၁။ အတိုင်း ပြောင်းပြန်ဖတ်သွားပါ။

ကျွန်တော်ဖတ်ဖူးသမျှအရက်ဟာသ လေးတွေဝေမျှလိုက်ပါတယ်။သွားဖြဲပြီး ရယ်နိုင်ပါစေ။



ထိရဲရင်ထိကြည့်

သွားကိုက်သည့် ဝေဒနာကို အလူးအလဲ ခံစားနေရသည့် လူတစ်ယောက်သည်
ရှိသမျှသတ္တိတွေအကုန်စုစည်းပြီး
ဆရာဝန်ထံ သွားပြသည်။ ဆေးခန်းထဲက ထိုင်ခုံမှာ ထိုင်လျှင်ထိုင်ချင်း သူ့သတ္တိတွေ ဘယ်ရောက်ကုန်သည် မသိ။
ကြောက်စိတ်တွေ ဝင်လာသည်။

ထိုအခါ ဆရာဝန်က . . .
              "ဝီစကီတစ်ခွက် သောက်လိုက်ပါလား။ ဒါမှ ခင်ဗျားစိတ်တွေ ငြိမ်သွားမှာ"

ထိုလူက ဆရာဝန်ပေးသော ဝီစကီတစ်ခွက်ကို ပြောင်စင်အောင် သောက်ပစ်လိုက်သည်။

              "အခု ဘယ်လိုနေသေးလဲ"ဟု ဆရာဝန်က မေးသည်။

              "ကျွန်တော် ကြောက်နေတုံးပဲ ဆရာ"

ထိုအခါ ဆရာဝန်က သူ့ကို နောက်ထပ် ဝီစကီတစ်ခွက် ထပ်ပေးသည်။ ဒီလိုနှင့် တစ်ခွက်ပြီးတစ်ခွက် သောက်လိုက်ရာ
ငါးခွက်မြောက်သွားလေသည်။

              "ကဲ ၊ခင်ဗျား အခုတော့ သတ္တိတွေ ပြန်ရှိလာပြီ မဟုတ်လား"ဟု ဆရာဝန်ကမေး၏။

ထိုအခါ လူနာက လက်သီးလက်မောင်းတန်းကား. . .

              "ကျုပ်ပြောမယ်. . . ဒီအချိန်ကစပြီး ကျုပ်သွားကို ထိရဲရင်ထိကြည့် ၊မီးပွင့်သွားမယ်။"




ကိုယ်ပိုင်သက္ကရာဇ်

ဂျင်။         ။ "မင်း၊ အရက်သောက်တာနဲ့ ပက်သက်ပြီး ဆရာဝန်က ဘာပြောလဲ"

ဂျိုး။          ။ "သူက ငါ့ကို တစ်နေ့တစ်ခွက်ပဲ သောက်ရမယ်တဲ့"

ဂျင်။         ။ "ဒါဆို သူပြောတဲ့အတိုင်း လိုက်နာနေတယ် ပေါ့။"

ဂျိုး။          ။ "အိုး၊ လိုက်နာတာပေါ့ကွ။ အခုဆို ငါ့ သက္ကရာဇ်က ၂၀၂၀ ခုနှစ် စက်တင်ဘာ၅ရက်နေ့ကိုရောက်နေပြီကွ။"



စိတ်မချရဘူး

နံပါတ် ၇၃ ကားပေါ် တက်စီးလာသော အလွန်မူးနေသည်။ ထိုကားမှာ နှစ်ထပ် ဘတ်(စ်) ကားဖြစ်သည်။
အမူးသမားသည် ဘတ်(စ်)ကားသွားရာ တစ်လျှောက်လုံး ဒရိုင်ဘာကို ပေါက်ကရတွေမေးလိုက်၊ မြည်တွန်
တောက်တီးလိုက်နှင့် ဒုက္ခမျိုးစုံပေးနေသည်။ နောက်ဆုံး ဒရိုင်ဘာမှာ မတတ်နိုင်တော့ဘဲ........

  "ခင်ဗျား၊ အပေါ်ထပ် တက်စီးပါလား။ ဒါမှ ရှုခင်းကောင်းကောင်း မြင်ရမှာပေါ့ဗျ။"

ထိုအခါ အမူးသမားသည် ယိုင်နဲ့ ယိုင်နဲ့ နှင့်တက်သွားသည်။ ခဏအကြာတွင် အူယားဖားယား ဖြင့် ပြန်ပြေး
ဆင်းလာသည်။ ထိုအခါ ဒရိုင်ဘာက ......
 "ဘာဖြစ်လို့လဲဗျ။" ဟုမေး၏။

ထိုအခါ အမူးသမားသည်....
် "အပေါ်ထပ်က စိတ်မချရဘူးဗျ။ ဒရိုင်ဘာမရှိဘူးလေ။"
                                     


နှစ်သစ်မင်္ဂလာ

အမူးသမား တစ်ယောက်သည် ဘားဆိုင်ထဲသို့ ဝင်လာကာ
"အားလုံးပဲ... နှစ်သစ်မင်္ဂလာပါ"ဟု အော်ဟစ် နှုတ်ဆက်လိုက်လေသည်။

ထိုအခါ ဘာစားရေးက -
  "ဟေ့လူ၊ ခင်ဗျား ဘာတွေလာပြောနေတာလဲ....။ဒီနေ့က ဧပြီလ (၁) ရက်နေ့ဗျ။"

ထိုအခါ အမူးသမားသည် ဝမ်းနည်းစွာဖြင့်
 "အို ဘုရားသခင်...... အိမ်ပြန်ရင်တော့ ကျုပ်မိန်းမ ကျုပ်ကို သတ်တော့မှာပဲ။ကျုပ်အိမ်ပြန် မရောက်တာ သုံးလရှိပြီပေါ့။"



ကယ်ကြပါဦးဗျို့
အနောက်ပိုင်း ကလပ်မှာ သောက်စားပြီး ပြန်လာသော လူကြီးလူကောင်း တစ်ယောက်သည် လမ်းလျှောက်ပြန်လာရာ
 လမ်းတွင် သစ်ပင်ကို ဝိုင်းပတ် ကာထားသော သံတန်းတွေနှင့် ဝင်တိုက်မိသည်။ ထိုလူသည် ပတ်လည်ကာထားသော
 သံတိုင်များကို ကိုင်ပြီး သစ်ပင်ကိုပတ်ရာ သုံးကြိမ်မြောက်သောအခါ ကြောက်လန့်တကြား သံတိုင်ကိုဖက်ပြီး အော်င
ိုလေတော့သည်။

                  "ကယ်တော်မူကြပါဦးဗျို့ ။ ကျွန်တော် ချောင်ပိတ်မိနေပြီ။ ကယ်တော်မူကြပါဦး။"



လမ်း သိသွားပြီ
အိုင်းရစ်လူမျိုးတစ်ယောက်သည် မိတ်ဆွေများ ပြုလုပ်သည့် ညစာစားပွဲသို့သွား၏။ ညစာစားပွဲတွင်စားသောက်ပြီး
အိမ်ပြန်ဖို့ပြင်တော့ အတော်နောက်ကျနေပြီ ဖြစ်သည်။ သူ့မိတ်ဆွေများက သူအရက်မူးပြီး မျက်စိလည် လမ်းမှားနေ
မှာဆိုးသဖြင့် သူ့ကို လက်နှိပ် ဓာတ်မီး ပေးလိုက်သည်။ တစ်နာရီ ခန့်ကြာသောအခါ တံခါးခေါက်သံကြား သောကြောင့်
အိမ်ရှင်က တံခါးဖွင့်ကြည့်ရာ တံခါးခေါက်သူက ပြော၏။

"ဟေ့၊ ငါပြန်ရမဲ့လမ်းကို အစအဆုံး လျှောက်ကြည့်ပြီးသွားပြီ။ ငါမှတ်မိတယ်။ ရော့၊ အခုမင်း ဓာတ်မီးပြန်လာပေးတာ။"

 

လက်ဖြောင့်မုဆိုး

ငှက်ပစ်မုဆိုး နှစ်ယောက်သည် နံနက်စောစော ငှက်ပစ်ဖို့ထွက်လာကြ၏။ တစ်ယောက်က ကော်ဖီအိုးကိုယူလာသည်။
နောက်တစ်ယောက်က ဝီစကီပုလင်းကို ယူလာသည်။

သူတို့နှစ်ယောက်စလုံး တစ်မနက်လုံးထိုင်စောင့်နေကြရာ ငှက်တစ်ကောင်တစ်လေမှ မလာသောကြောင့် ကိုယ်စီယူလာ
သော ကော်ဖီနှင့် ဝီစကီကို ကိုယ့်ခွဲတမ်းနှင့်ကိုယ် သောက်နေကြ၏။

ထိုစဉ်မှာပင် ရေဘဲတစ်ကောင်သည် ကောင်းကင်ထက်မှပျံဝဲလာရာ ကော်ဖီသောက်သူကထိုတစ်ကောင်တည်းသော ဘဲက
ို ထပစ်သည်။ သို့သော်မထိဘဲလွဲသွားလေ၏။ ထိုအခါ ဝီစကီသောက်သူက ထိုဘဲကို ပစ်ချလိုက်ရာ ရေဘဲသည် ကျောက်တုံး
ကဲ့သို့ ကောင်းကင်ထက်မှ ပြုတ်ကျလာသည်။
ထိုအခါ ကော်ဖီသောက်သူက.....

 "ဟေ့ကောင်၊ မင်းပစ်တာတော်တော် တည့်တာပဲ။ ဘယ်လိုများပစ်လိုက်တာလဲ"ဟုမေးလေ၏။ဝီစကီသောက်သူက
အာလေး လျှာလေးဖြင့် ထိုသို့ပြန်ဖြေလိုက်လေ၏....

            "လွယ်လွယ်လေးပါကွာ။ ငါက ဘဲအုပ်ရဲ့အလယ် တည့်တည့်ကို ချိန်ပစ်လိုက်တာကွ"

No comments:

Post a Comment

Print Friendly and PDF