Saturday 3 March 2012

ဟာသတိုလေးများ အပိုင်း(၃)

အခန်းမကျော်အောင်

်(၅)နှစ်အရွယ် နှင့် (၇)နှစ်အရွယ် ညီအစ်ကို ကလေးငယ်နှစ်ယောက်တို့ တီဗွီကိုထိုင်ကြည့်နေ
ကြစဉ် အငယ်ကောင်က တီဗွီခလုတ်ကို ပိတ်လိုက်သည်။

“ကြည့်လို့ကောင်းနေတုန်း ဘာလို့တီဗွီပိတ်ရတာလဲ”

“ငါရှူးရှူးသွားပေါက်နေတုန်း အခန်းကျော် သွားမှာစိုးလို့”


ချစ်ရတဲ့ မြေးလေး

အငြိမ်းစားတရားသူကြီးသည် စာသင်ကျောင်းထဲ ၀င်သွားခဲ့သည်။

“ကျွန်တော်ဟာ သူငယ်တန်းက ဆန်းနီလေး ရဲ့ အဘိုးပါ။ ကျွန်တော့မြေးလေး ကျောင်းတက်တာကို လာကြည့်တာပါ”


“သြော်ဟုတ်ကဲ့၊ ဆန်းနီလေးဟာ သူ့အဘိုး အငြိမ်းစားတရားသူကြီးရဲ့ ဈာပနာကို လိုက်ပို့စရာရှိလို့ဆိုပြီး ခွင့်ယူသွားပါ
တယ်ရှင်”


ဧည့်နှင်နည်း

“ကလေးမရယ် အသံလည်းမကောင်းဘဲနဲ့ ဘာလို့ သီချင်းအော်ဆိုရတာလဲကွဲ့”

“သမီးက မဆိုချင်ပါဘူး။ ဒါပေမယ့် မေမေက ဧည့်သည်တွေ နှင်ချင်တဲ့အခါမှာ အခုလို အော်ဆိုခိုင်းလို့ပါ”

ရိုက်မှာစိုးလို့

“သားရေ ဟောဒါ အသစ်ပြောင်းလာတဲ့ ဘေးခန်းက အန်တီလေးကွယ့်။ မိတ်ဆက်တဲ့ အနေနဲ့ အန်တီ့ ကို မွှေးမွှေးပေး
လိုက်ပါဦး”

“ဟင့်အင်း၊ သားကြောက်တယ် မေမေ”

“ဘာဖြစ်လို့လဲ”

“မနေ့က သူ့ကို ဖေဖေသွားနမ်းတာ ပါးရိုက်လွှတ်တယ်ဗျ”


သူဆိုရင် လက်တည့်တယ်

“ဟေ့လူ ဟောဟိုမှာစုပြီး ကစားနေတဲ့ကလေးငယ်တွေထဲက ကျွန်တော့်ကို ခဲနဲ့လှမ်းပေါက်တာ ခင်ဗျားသား
 ဖြစ်မယ်ထင်တယ်”

“ခင်ဗျားကို ထိသွားလို့လား”

“ဟင့်အင်း”

“အဲ့ဒါဆို ကျွန်တော့်သားမဟုတ်ဘူး”


ယုံကြည်လာသူ
“ငါ့မိန်းမက င့ါကို ဘာသာရေးသမားဖြစ်အောင် လုပ်ပေးလိုက်တယ်ကွ”

“ဘယ်လိုလုပ်ပေးတာလဲ သူငယ်ချင်း”

“သူနဲ့လက်မထပ်ခင်အထိ ငရဲရှိတယိဆိုတာငါ မယုံခဲ့ဘူးလေ”

သမက်ရဲ့ စေတနာ

“ယောကျာ်းရေ မေမေ ပြောနေတယ်။ ရှင် ပြောတဲ့ ဟာသတွေက အရမ်းရယ်ရလွန်းလို့ အူတက်ပြီးသေမတတ်ပဲတဲ့”

“တကယ်လား၊ ဒါဆို ဒီထက်ပိုရယ်ရတဲ့ ဟာသတွေ ပြောပြပေးမယ်”


ပေါက်ကရ မပြောနဲ့

ယာဉ်ထိန်းရဲက အမြန်မောင်းလာသူကိုပြောလိုက်သည်။

“လူကြီးမင်းရဲ့ ကားမောင်းနှုန်းက တစ်နာရီ ၈၅မိုင်ဖြစ်နေပါတယ်”
“ပေါက်ကရမပြောနဲ့။ ငါမောင်းလာတာမှ ဆယ်မိနစ်ပဲ ရှိသေးတယ်”

မိထားတဲ့သူက

“ဟဲလို..ဋ္ဌာနချုပ်ကလား။ ကုန်တိုက်ရှေ့မှာ လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။တစ်ယောက်ကိုတော့ ကျွန်တော်
မိထားပါတယ်။”

“ဘယ်တစ်ယောက်လဲ”

“အလုပ်ခံရတဲ့သူ”


သဘာဝ

“မင်းက င့ါကို အရူးလုပ်နေတာလား”

“ဟင့်အင်း၊ ခင်ဗျားရဲ့ ပင်ကိုသဘာဝပေါ်မှာ ကျွန်တော် ဘယ်တော့မှ အနှောက်အယှက် မပေးတတ်ပါဘူး။”



ထိုင်ခုံမရှိလို့

“ရုရှားစစ်သည်တော်နှစ်သန်းက စစ်မြေပြင်ရောက်တဲ့အခါ မတ်တတ်ရပ်ပြီး အသင့်ပြင်နေတာဘာကြောင့်လဲ
မောင်မောင်ဖြေစမ်း။”

“ဟုတ်ကဲ့ဆရာ၊ သူတို့မှာ ကုလားထိုင်မရှိလို့ပါ။”


မေမေ မှာထားလို့

“ကောင်းကင်ဘုံကို ရောက်ချင်သလား မေးတော့ ကျောင်းသားအားလုံး လက်ညှိုးထောင်ပြပေမယ့် မင်းက
 ဘာဖြစ်လို့ လက်ညှိုးမထောင်တာလဲ တိုနီ၊ ကောင်းကင်ဘုံကို မသွားချင်ဘူးလား”

“ဟင့်အင်း၊ မသွားချင်ဘူးဆရာ။ မေမေက မှာထားတယ်။ ကျောင်းလွှတ်ရင် အိမ်ကိုပဲတန်းပြန်လာခဲ့တဲ့”

No comments:

Post a Comment

Print Friendly and PDF