Saturday 3 March 2012

ဟာသတိုလေးများ အပိုင်း - (၂)

ခုမထိုင်နဲ့
 
တရုတ်စီးပွားရေးလုပ်ငန်းရှင် ဝေချောင်လင်းသည် လုပ်ငန်းကိစ္စဖြင့် နယူးဒေလီမြို့သို့ ရောက်လာစဉ် အရေးပေါ်
 
နာမကျန်းဖြစ်၍ ဆေးရုံတတ်ရသည်။ ဝေချောင်လင်းနှင့်သိကျွမ်းသော တရုတ်စကားမတတ်သည့် အိန္ဒိယလုပ်ငန်းရှင်
 
မာမွတ်ဆေးရုံသို့ လူနာမေးရန်ရောက်လာသည်။ ဝေချောင်လင်း၏ ကုတင်အနီးတွင် ထိုင်နေသော မာမွတ်ကိုမျက်လုံး
 
ဖွင့်ကြည့်ပြီး "လီကိုင်ယန် ကျွိဂွမ်'' ဟုပြောသည်။
 
မာမွတ်က ဘာပြောမှန်းမသိ။ ဝေချောင်လင်းကိုသာ ငေးကြည့်နေသည်။

"လီကိုင်ယန် ကျွိဂွမ်..လီကိုင်ယန် ကျွိဂွမ်''ဟု ဝေချောင်းက အကြိမ်ကြိမ်ပြောနေသည်။

မာမွတ် လည်းနားမလည်၍ စဉ်းစားနေစဉ် "လီကိုင်ယန် ကျွိဂွမ်'' ဟုအော်ရင်း ဝေချောင်လင်း အသက်ပျောက်သွား
 
သည်။ သို့ နှင့်စိတ်မကောင်းစွာဖြင့်အိမ်သို့ ပြန်လာခဲ့သည်။

နောက်တစ်နှစ်ခန့် ကြာသော် ...

မာမွတ်အလုပ်ကိစ္စဖြင့် ရှန်ဟိုင်းမြို့ သို့ ရောက်လာ၏။ ရှန်ဟိုင်းမြို့၏ စာအုပ်ဆိုင်တစ်ဆိုင်တွင် တရုတ်-အိန္ဒိယ
 
အဘိဓါန် စာအုပ်ကိုတွေ့ ၍၀ယ်လိုက်ပြီး "လီကိုင်ယန် ကျွိဂွမ်''၏အဓိပ္ပါယ်ကိုရှာလေသည်။

စာမျက်နှာ ၆၈ တွင်တွေ့ ၏။

"လီကိုင်ယန် ကျွိဂွမ်'' = " အောက်စီဂျင်ပိုက်ကို ဖင်ခုမထိုင်ပါနဲ '' ....
 
 
 
 
အချစ်ရဲ့ ကံခေမှူ

အမျိုးသမီး နှစ်ဦးစကားပြောနေကြသည်..။

(ပ) အမျိုးသမီး။ ။ " ကျွန်မယောက်ျားကတော့ တစ်လျှောက်လုံး ကံခေ ခဲ့တာပါ။

သူ့ ကို သဂြိုဟ်ခါနီး မှာတောင် သူကံလိုက်လာသေးတယ် "

(ဒု) အမျိုးသမီး။ ။ " ဘယ်လိုပါလိမ့် "

(ပ) အမျိုးသမီး။ ။ " ဒီလိုပါ၊ သူ့ ကို မြေမြုပ်ဖို့ တွင်းတူးတော့ ရေနံကြောကို ထိသွားတယ်လေ "
 
 
 
 
 
နောက်ဆုံးဆန္ဒ

"ခင်ဗျားရဲ့ရောဂါ အခြေအနေကတော့ သိပ်ပြီးဆိုးနေပြီဗျ ။ အဲဒီတော့ ကျူပ်အနေနဲ့ ရှင်းရှင်းပဲပြောရတော့မှာပဲ..
 
ခင်ဗျားရဲ့ရောဂါဟာ ကုလို့မရတော့ဘူး။ ဒီတော့ ခင်ဗျားမသေခင် ဘယ်သူ့ကိုတွေချင်သလည်း"

ဆရာဝန်က လူနာကိုဒဲ့ဒိုးပြောလိုက်ရာ လူနာက ယခုလိုပြန်ပြောသည်။


"ကျွန်တော်တွေ့ချင်တာတော့ ဆရာ့ထက်သာတဲ့ တစ်ခြားဆရာဝန်တစ်ယောက်နဲ့
 
တွေ့ချင်တာပါပဲ ဆရာရယ်.."ဟူ၏။
 
 
 
 
 
 
အဖိုးတန်ထမင်းချက်

မိန်းမ ။ မောင်ရေ .. လက်ရှိထမင်းချက်ကိုတော့ ဖြုတ်ပစ်မှပဲ.. သူချက်တိုင်း ဟင်းတွေတူးတာချည်းပဲ။

ယောက်ျား၊။ ဖြုတ်တော့ မဖြုတ်ပစ်ပါနဲ့ကွာ။ အရံထားပါ .. နောက်တစ်ယောက်သာ ထပ်ပြီးငှား။

မိန်းမ။ အို . ထမင်းချက် နှစ်ယောက်ကြီးများတောင် ဘာလုပ်ဖို့လည်းမောင်ရဲ့။

ယောက်ျား၊ ညအိပ်ညနေလာတဲ့ ဧည့်သည်လာရင် အခုလက်ရှိထမင်းချက်ကို အချက်ခိုင်းရတာပေါ့ကွာ။
 
ဒါမှ ကြာကြာအိမ်မှာ မတည်းမှာ။
 
 
 
 
 
ပိန်ဆေး

"ကျွန်မ ဆရာပေးတဲ့ ပိန်ဆေးကို သောက်နေတာ ၂- လရှိပြီ၊ ပိန်လည်းမပိန်ပါလားရှင်"

"တစ်နေ့ကို ခင်ဗျား ဘယ်နှစ်ကြိမ်သောက်သလဲ"

ဆယ်ကြိမ်၊ ထမင်းစားပြီးတိုင်း တစ်ခါသောက်လို့ ဆရာပြောတဲ့အတိုင်းပဲလေ"
 
 
 
 
 
သစ္စာဖေါက်ရပုံ

ယောက်ျားအပေါ် သစ္စာဖေါက်ရပုံအကြောင်းကို မိန်းမက ရှင်းပြနေသည်။

"ပိန်ချုံးပြီး ထမင်းဆာနေတဲ့ လူတစ်ယောက် ရောက်လာတယ်၊ ကျွန်မ သူ့ကို သနားသွားတယ်၊
 
ဒါနဲ့ သူ့ကို ရေချိုးခိုင်းပြီး အစာကျွေးလိုက်တယ်၊ အ၀တ်အစားလည်း ဆင်ပေးလိုက်တယ်။
 
သူက ကျေးဇူးတင် စကားပြောတယ်၊
 
တစ်ဆက်တည်းက အစ်မကြီးရဲ့ ယောက်ျား အသုံးမပြုတဲ့ ပစ္စည်းရှိသလားလို့ မေးတယ်။
 
အဲဒီမှာ ရှင်ကျွန်မရဲ့ ကိုယ်ခန္ဓာကို အသုံးမပြုတာ ကြာပြီပဲလို့ သတိရလိုက်တယ်"
 
 
 
 
 
 
ကိုယ့်မိန်းမအကြောင်း ကိုယ်အသိဆုံးပါ

"ခင်ဗျားမိန်းမကို လူတစ်ယောက်နမ်းဖို့ကြိုးစာနေတာ ခုနကပဲ ကျွန်တော်တွေ့ခဲ့တယ်ဗျ"

"ဟုတ်လား၊ သူကြိုးစားတာအောင်မြင်သွားလား"

"ဟင့်အင်း"

"အဲဒါဆို ကျွန်တော့်မိန်းမ မဖြစ်နိုင်ဘူး"
 
 
 
 
 
 

ယမမင်း နှင့် Bill - Gates

မိုက်ခရိုဆော့ခ်၏ ဖခင် Bill - Gatesမှာ မတော်တဆ ကားတိုက်မှုဖြင့်သေဆုံးသွားသည်။
(တကယ်မထင်စေချင်ပါ)။ ယမမင်းက “ ခင်ဗျားကို နတ်ပြည်ပို့ရမလား၊ ငရဲပြည်ပို့ရမလား ဆုံးဖြတ်လို့ မရဘူးဖြစ်
နေတယ်။ ကွန်ပြူတာတွေကို ထီထွင်ပြီး လူတွေကို ခင်ဗျား အများကြီး အကျိုးပြုခဲ့တယ်။
 
အံ့မခန်းတဲ့ အသုံးဝင် WINDOWS တွေကိုလည်း တီထွင်ခဲ့တယ်။
နတ်ပြည်သွားချင်သလား၊ ငရဲပြည် သွားချင်သလား ခင်ဗျားဘာသာ ဆုံးဖြတ်ပေတော့”ဟု မေးလေ၏။
 
Bill – Gates ကလဲ “ နတ်ပြည်နဲ့ ငရဲပြည် ဘာများကွာခြားပါသလဲ” လို့ပြန်မေးပါသည်။
 
ယမမင်းက “ခင်ဗျားဆုံးဖြတ်လို့ ရအောင် အဲဒီ နေရာနှစ်နေရာကို ကျုပ်အရင်လိုက်ပြမယ်”ဆိုပြီး Bill – Gates ကို
ခေါ်ဆောင်သွားပါသည်။ သို့နှင့် ငရဲပြည်သို့ သူတို့ရောက်လာကြသည်။
 
ငရဲပြည်မှာ သန့်ရှင်းသော ပင်လယ်ကမ်းစပ်၊ ဖြူဖွေးသော သဲပြင်နှင့် မိန်းမလှလေးများဖြင့် လှပနေသည်။
 
Bill - Gates မှာ အလွန်ပျော်ရွှင်သွားသည်။ သို့နှင့် နတ်ပြည်သို့ သူတို့ ရောက်လာကြပြန်သည်။
 
နတ်ပြည်မှာ လှပသော တိမ်တိုက်နှင့် နတ်သမီးများ ပျော်ပါး နေကြသည်။
 
သို့သော် ငရဲပြည်လောက် စွဲဆောင်မှုမရှိပေ။ Bill - Gates “ကျွန်တော် ငရဲပြည်ပဲ သွားမယ်” ဟု
ဆုံးဖြတ်ချက်ချလိုက်ပါသည်။
 
ယမမင်းကလဲ “ကောင်းပြီလေ ခင်ဗျားကို ငရဲပြည်ပို့ပေးမယ်” ဆိုပြီး Bill - Gates ကို ပို့ပေးလိုက်သည်။
 
ထို့နောက်နှစ်ပတ်ကြာသော် ယမမင်းမှာ ဒီသန်းကြွယ်သူဌေး ငရဲပြည်မှာ ဘာများလုပ်နေသလဲ ဟု
 
သိချင်သောကြောင်း ငရဲပြည်သို့ သွားရောက်ခဲ့သည်။
 
Bill - Gatesမှာ လက်ကျင်း၊ ခြေကျင်းများခတ်ပြီး အနှိပ်စက်ခံနေရသည်။
 
Bill - Gates “ဒီနေရာဟာ အရမ်းကြောက်ဖို့ ကောင်းတယ်။
 
ကျွန်တော်တွေ့ခဲ့တဲ့ မိန်းမလှလေးတွေရော၊ သဲဖြူဖြူနဲ့ ပင်လယ် ကမ်းစပ်တွေရော ဘယ်ရောက်ကုန်ပြီလဲ” ဟု
 
မေးလိုက်သည်။ ယမမင်းက “ အော် ဒါတာတွေလား....အဲဒါတွေက Screen Saver တွေလေ...”ဟု
 
ပြန်ဖြေလိုက်ပါတော့သည်။

No comments:

Post a Comment

Print Friendly and PDF