Tuesday 27 March 2012

ရိုက်မှာပဲ - (ဟာသ)

တစ်ခုသော နံနက်ခင်းလေးမှာ ယောက်ျားဖြစ်သူက  စာဖတ်ရင်း  ငြိမ်သက်စွာထိုင်နေတယ်။
ကြည်နူးပျော်ရွှင်နေပုံရတယ်။ ဒီအချိန်မှာ သူ့မိန်းက နောက်ကနေ ခိုးကြည့်နေတယ်။
ပြီးတော့ သူ့ယောက်ျားရဲ့ခေါင်းကို လက်ကိုင်ပါတဲ့ ဒယ်အိုးကြီးနဲ့ ဖြန်းကနဲ အသံမြည်အောင် ရိုက်ချလိုက်တယ်။
ယောက်ျား ။ ။ ငါ့ကို ဘာကြောင့်ရိုက်ရတာလဲ။
မိန်းမ ။ ။ ရှင့်လက်ထဲက မေရီလော နံမည်နဲ့ စာရေးထားတဲ့ စာရွက်အပိုင်းလေးမှာ ဘာတွေရေးထားတာလဲ ပြောစမ်းပါ။
ယောက်ျား ။ ။အို…အချစ်ရယ်။ လွန်ခဲ့တဲ့ ၂ ပတ်က မြင်းပြိုင်ပွဲသွားတာ မှတ်မိသေးလား။
မေရီလော ဆိုတာက ငါလောင်းထားတဲ့ မြင်းရဲ့ နာမည်လေ။
မိန်းမက အားလုံး ကျေနပ်သွားတဲ့ပုံရတယ်။
တောင်းပန်ပြီး အိမ်အလုပ်တွေ လုပ်ဖို့ ထွက်သွားတယ်။
သုံးရက်လွန်မြောက်ပြီးနောက် သူ့ယောက်ျားက ကုလားထိုင်ပေါ်မှာ ထိုင်ပြီး စာဖတ်နေတဲ့ အခိုက်မှာ
သူ့မိန်းမက လက်ကိုင်ပါတဲ့ ဒယ်အိုးကြီးနဲ့ ရိုက်ပြန်တယ်။

ယောက်ျား ။ ။ အခုဘာလို့ ငါ့ကို ရိုက်ရတာလဲကွ။

မိန်းမ။ ။ ရှင့်မြင်းမက ဖုန်းဆက်လို့တော်ရေ….

No comments:

Post a Comment

Print Friendly and PDF