Tuesday 6 March 2012

အုန်းမှုတ်ခွက်နင်း ရောဂါကင်း

အုန်းမှုတ်ခွက်နင်းပုံနင်းနည်း

အုန်းမှုတ်ခွက်နင်းရန်မှာ ကရိကထ မများပါ။ အုန်းမှုတ်ခွက်နှစ်လုံးရှာပါ။ တစ်လက်မခန့် အထူရှိသည့်
(အလျားနှစ်ပေ၊ အနံ တစ်ပေခန့်် ရှိ) ပျဉ်ပြားတစ်ချပ်ပေါ်တွင် ဂုန်နီအိတ်ခင်းရပါမည်။ ဂုန်နီအိတ်ပေါ်မှာ အုန်းမှုတ်ခွက်
နှစ်ခုမှောက်ပါ။ တစ်ဖက်နှင့်တစ်ဖက် အကွာအဝေးကို မိမိခြေထောက် နင်းကောင်းရုံထားရ ပါမည်။ အဲဒီ မှောက်ထား
သော အုန်းမှုတ်ခွက်ပေါ်သို့  လူကခြေထောက်ဖြင့်တက်၍ ဘယ်ညာ နင်းရန်ဖြစ် ပါသည်။ မိမိကိုယ်တိုင် မတ်တပ်ရပ်၍
မနင်းနိုင်သူကို ဘေးမှ လူအကူအညီဖြင့် နင်းရန်ဖြစ်ပါသည်။

ပထမခြေဖ၀ါးအယ်ဖြင့် နင်းပါ၊ နင်းယင်း နင်းယင်း သဘောသိလာပါလိမ့်မည်။ ထို့ နောက် ခြေဖနောင့်ဖြင့်
လည်းကောင်း၊ ခြေဖျားတို့ ဖြင့်လည်းကောင်း ထိုသို့ နင်းရာတွင် ခြေဖျားကိုထောက်၍
တဖန်အောက်သို့ ကုပ်၍ မိမိ
အကြော မိမိလိုသလို နင်းရန်ဖြစ်ပါသည်။

စာရေးသူထံသို့  မရှင်းလင်းကြသူများက မေးကြပါသည်။ ယင်းအမေးများကို တစ်ခါတည်းဖော်ပြလိုက်ပါသည်။

မေး။      ။ပျဉ်းပြားမခင်းဘဲ အုန်းမှုတ်ခွက်ချည်း ကြမ်းပြင်ပေါ်မှာ မှောက်ပြီးနင်းယင်ကော မဖြစ်ဘူးလား။

ဖြေ။      ။ဖြစ်ပါတယ်။ ပျဉ်ပြားခင်းစေချင်တာက အုန်းမှုတ်ခွက်အပေါ် မြင့်လာပါတယ်။ မြင့်လာတော့ ခြေဖ၀ါး
ရှည်လျားသူများ နင်းအား ကုပ်အား ကောင်းတာကြောင့် ဖြစ်ပါတယ်။ခပ်မြင့်မြင့်ကလေးဆိုတော့ ခြေဖ၀ါးကို
အမျိုးမျိုး လိမ်ဖယ်ပြီး နင်းလို့ ရတာပေါ့။

မေး။      ။ဂုန်နီအိတ်ခင်းရတာက ဘာကြောင့်ပါလဲ။

ဖြေ။      ။အုန်းမှုတ်ခွက်က အမာ၊ ကြမ်းပြင်က အမာဆိုတော့ နင်းတဲ့ပဂ္ဂိုလ် မတော်လို့ ခြေချော်
လက်ချော် မဖြစ်အောင်လို့ ပါ။

မေး။      ။အုန်းမှုတ်ခွက်ကို မျက်ကွင်းဘက်က နင်းသင့်ပါသလား။

ဖြေ။      ။မနင်းသင့်ပါ၊ မျက်ကွင်းဘက်က ရှမှာစိုးရပါတယ်။ ဖင်ဘက်ကနင်းရန်ဖြစ်ပါတယ်။

မေး။     ။တကယ်လို့ အုန်းမှုတ်ခွက်နင်းတဲ့အခါ ခြေထောက်နာလာယင် ဘယ့်နှယ်လုပ်ရမလဲ။

ဖြေ။      ။အ၀တ်ခု နင်းပါ။

မေး။      ။နင်းတဲ့ပုဂ္ဂိုလ်က အင်မတန်ဝပြီး အလေးချိန်သိပ်များနေပါတယ်၊ နင်းတဲ့အခါ ခြေထောက်သိပ်နာပါတယ်။
အဲဒါ ဘယ်လိုနင်းသင့်ပါသလဲ။

ဖြေ။      ။ဟုတ်ကဲ့၊ အလေးအားနဲ့  နာမှာပါပဲ၊ နင်းမယ့် နေရာမှာ လက်တန်းတစ်ခုလုပ်ပြီး ဟီးလေခိုနင်းယင်
ဖြစ်ပါတယ်။ ခံသာအောင် ကိုယ်ဖော့တန် ဖော့နင်းပေါ့။

မေး။      ။အုန်းမှုတ်ခွက်ဆိုတော့ တနင်္ဂနွေနံဖြစ်ပါတယ်၊ တစ်ချို့ တနင်္ဂနွေသားသမီးတွေ ကိုယ့်နံကို မနင်းချင်
သူတွေ ရှိပါတယ်။ အဲဒါ တခြားသစ်သားတစ်ခုခု လုပ်နင်းယင်ကော မဖြစ်ဘူးလား။

ဖြေ။      ။ဖြစ်တော့ ဖြစ်ပါတယ်။ အုန်းမှုတ်ခွက်လောက် မကောင်းပါဘူး။ ဥပမာပြောရယင် လက်သမားဆရာ
တစ်ယောက်ဟာ သံရိုက်လိုတယ်ဆိုပါစို့ ၊ သံကို နီးရာ ဓားနှောင့်လည်း ရိုက်လို့ ရပါတယ်။ ကျောက်ခဲတစ်လုံး နဲ့
ကောက်ထုရိုက်ယင်လည်း ဖြစ်တာပါပဲ၊ ဒါပေမဲ့ သံကိုရိုက်တဲ့နေရာမှာ တူနဲ့ ရိုက်တာလောက် ကောင်းမွန်တာ
တခြားမရှိပါဘူး။

မေး။      ။အုန်းမှုတ်ခွက် တစ်ကြိမ်နင်းယင် ဘယ်လောက်ကြာကြာနင်းသင့်ပါသလဲ။

ဖြေ။      ။အနည်းဆုံး မိနစ်သုံးဆယ်လောက်တော့ နင်းသင့်ပါတယ်၊ အကောင်းဆုံးကတော့ လေးဆယ့်ငါး
မိနစ်လောက်အထိပေါ့။

မေး။      ။တစ်နေ့  ဘယ်နှကြိမ်နင်းရပါမလဲ။

ဖြေ။      ။နံနက်တစ်ကြိမ်၊ ညအိပ်ရ၀င်တစ်ကြိမ်ပေါ့။ဒါကြောင့် တစ်နေ့ နှစ်ကြိမ်နင်းပါ။

မေး။      ။အုန်းမှုတ်ခွက်နင်းပြီးယင် ရေချိုးလို့ ဖြစ်ပါသလား။

ဖြေ။      ။ရေမချိုးရပါ၊ ခြေထောက်ကိုပင် ရေမဆေးမိဖို့  အထူးသတိထားရပါမယ်။



ဆီးချိုရောဂါ

မေး။      ။ဆီးချိုရောဂါ ရှိသူတွေ နင်းယင်ကော ပျောက်ပါ့မလား။

ဖြေ။      ။ပျောက်ပါတယ်၊ မှန်မှန်သာနင်းပါ၊ နံနက်တစ်ကြိမ်၊ ညအိပ်ရာဝင်တစ်ကြိမ် နင်းပါ၊ နှုစ်လ သုံးလ အတွင်း
ပျောက်ရပါစေ့မယ်။

မေး။      ။အုန်းမှုတ်ခွက်နင်းတဲ့အခါ ရှောင်ရမယ့်အစား အစာတွေ ရှိပါသလား။

ဖြေ။      ။မိမိတို့ ရောဂါအလိုက် ပင်ကိုယ်က ရှောင်ထားတဲ့အစားအစာတွေ၊ သမားတော်များက ညွှန်ကြားထား
တာတွေ ရှိကြမှာပါပဲ၊ အဲဒီအတိုင်း ကျင့်သုံးပါ၊ အုန်းမှုတ်ခွက်နင်းတာကြောင့်တော့ ရှောင်ရမယ့် အစားအစာ မရှိပါ၊
သတိထားရမှာက အုန်းမှုတ်ခွက်နင်းပြီး ရေမချိုးမိစေဖို့ ပါပဲ။

မေး။      ။အုန်းမှုတ်ခွက်နင်းပြီးလို့  ဘယ်နှစ်နာရီကြာမှ ရေချိုးသင့်ပါသလဲ။

ဖြေ။      ။ငါးနာရီလောက်ကြာမှ ရေချိုးသင့်ပါတယ်။

မေး။      ။ရေချိုးပြီးပြီးချင်း အုန်းမှုတ်ခွက် နင့်သင့်ပါသလား။

ဖြေ။      ။နင်းသင့်ပါတယ်၊ အကောင်းဆုံးပါပဲ၊ ကျွန်တော်တို့ အနင်းအနှိပ်ခံသလိုပေါ့။

မေး။      ။လေဖြတ်ခံရတာ သုံးနှစ်လောက် ကြာသွားပါပြီ၊ ခုမှ အုန်းမှုတ်ခွက်နင်းခြင်းနဲ့  ကုသမှုပြုယင်
ကော ရောဂါပျောက်နိုင်ပါ့မလား။

ဖြေ။      ။ရောဂါကြာ ကြာသလိုပေါ့၊ ရောဂါနု နုသလိုပါပဲ၊ အုန်းမှုတ်ခွက်ကိုပဲ ကျကျနန ယုံယုံကြည်ကြည်
လေးလေးစားစား နင်းပါ၊ ပျောက်ရပါစေ့မယ်။ ဒီလိုနဲ့ ပျောက်ကင်းကြသူတွေ ကိုယ်တွေ့ တွေ အများကြီးပါ။



သွေးတိုးရောဂါ

မေး။      ။သွေးတိုးရောဂါကိုကော အုန်းမှုတ်ခွက်နင်းရုံနဲ့  ပျောက်ပါ့မလား။

ဖြေ။      ။ပျောက်ပါတယ်၊ လူမှာ အသက်ကြီလာယင် လေအား နည်းလာပါတယ်၊ အုန်းမှုတ်ခွက်နင်းတာဟာ
လေသန်လာပါတယ်၊ သွေးဟာ လေနဲ့ သွားလာလည်ပတ်နေတာမို့  လေအားနည်းလာယင် တက်မိယင် မဆင်း
တဲ့သဘောပါ၊ အုန်းမှုတ်ခွက်နင်းတုန်းမှာကို လေအားကောင်းလာပြီး လေလည်သည်အထိ ဖြစ်ပါတယ်၊
ကိုယ်တိုင်နင်းကြည့်ရင် ကိုယ်တွေ့ သိမှာပါ။

မေး။      ။ဒူးရောင်နေပါတယ်၊ ဒူးရောင်တာကော ပျောက်ပါ့မလား။

ဖြေ။      ။ပျောက်ပါတယ်၊ နင်းပါ၊ တစ်ရက် နင်းတာလောက်၊ နှစ်ရက်နင်းတာလောက်နဲ့ တော့ မဟုတ်ဘူး၊
မှန်မှန်နင်းရပါမယ်။



လေငန်းရောဂါ

မေး။      ။လေငန်းရောဂါ ပျောက်ပါ့မလား။

ဖြေ။  ။ပျောက်ပါတယ်၊ အမှန်ကတော့ လူမှာ ပထ၀ီနဲ့ ဝါယောဓာတ်ကြောင့် ခေါင်းကိုက် ဇက်လေး၊ ဇက်ကြော
တက်၊ ခါးနာ၊ ခြေထောက်ကိုက်၊ ပေါင်ကိုက်လောက်ကစပြီး တစတစ ရောဂါဟာ ကြီးထွားလာတာပါ၊ ဆီးချို၊
သွေးတိုး၊ လေငန်းဆိုတဲ့ရောဂါတွေဟာ ခုနကပြောတဲ့ ဇက်ကြောတက်၊ ခါးကိုက်၊ခါးနာတွေက စတင်ကြီး
ထွားလာတဲ့ရောဂါတွေပါ၊ ဒါတွေပျောက်ကင်းနိုင်ကြောင်း အာမခံပါတယ်။

မေး။      ။ခုတိုင်းဆိုယင် ခင်ဗျာဟာက လွယ်လွန်းလှချည်းလား။

ဖြေ။    ။ဟုတ်ကဲ့၊ လွယ်ပါတယ်၊ ဖြစ်ပေါ်လာတဲ့ အကြောင်းရင်တွေ ငြိမ်းအောင်လုပ်တဲ့ ကုသ နည်း ဖြစ်ပါတယ်။
ခုနင်းမကြည့်ရသေးလို့  မယုံကြည်ပါနဲ့ အုံး၊ နင်းကြည့်ပြီးမှ ကိုယ်တွေ့ ကြုံမှ ယုံကြည်လက်ခံ ပါ။ တောင်းပန်ချင်
တာက နင်းဖြစ်အောင်တော့ နင်းကြည့်ပါအုံး။

မေး။  ။အုန်းမှုတ်ခွက်နင်းလို့  လေငန်းရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ သွက်ချာပါဒလို့ ခေါ်တဲ့ လေဖြတ်
ရောဂါတွေ ပျောက်ကင်းကြသူတွေရှိပါသလား၊

ဖြေ။  ။ဟုတ်ကဲ့ခင်ဗျာ၊ ရှိပါတယ်။


No comments:

Post a Comment

Print Friendly and PDF