Tuesday 27 March 2012

ငွေရောင်ဌက် နှင့် ထင်းခုတ်သမား

တစ်ခါက ထင်းခုတ်သမား တစ်ဦးဟာ နေ့တိုင်း တောထဲသွားပြီး ထင်းခုတ်လေ့ရှိတယ် ။ တစ်နေ့မှာ ထင်းခုတ်သမားဟာ
ခါတိုင်းနေ့လိုပဲ ထင်းခုတ်ဖို့ အိမ်ကထွက်ခဲ့တယ်။ လမ်းတစ်ခုအရောက်မှာ ထင်းခုတ်သမားဟာ ဒဏ်ရာရထားတဲ့ ငှက်
တစ်ကောင် ကိုတွေ့လိုက်မိတယ် ။ ငှက်ရဲ့ တစ်ကိုယ်လုံးက ငွေရောင် အမွေးအတောင်နဲ့ တဖိတ်ဖိတ် လှပနေခဲ့တယ် ။



ထင်းခုတ်သမားက ငွေရောင်ငှက်ကိုတွေ့တော့..........."ဟာ... ငါ့တစ်သက် ဒီလောက်လှတဲ့ငှက်မျိုး တစ်ခါမှမတွေ့
ခဲ့ဖူးဘူး" လို့ဆိုပြီး ငှက်ကို အိမ်ယူလာပြီး ဆေးကုပေး ခဲ့တယ် ။ ဆေးကုသနေတဲ့ အချိန်အတွင်း ငှက်က ထင်းခုတ်သမား
ကို နေ့တိုင်းသီချင်းဆိုပြတယ် ။ သာယာတဲ့ ငွေရောင်ငှက်ရဲ့သီချင်းသံကြားမှာ
ထင်းခုတ်သမား ပျော်မွေ့နေခဲ့တယ် ။



ဒီလိုနဲ့တစ်နေ့မှာ အိမ်နီးချင်း မိတ်ဆွေ တစ်ဦးက ငွေရောင်ငှက်ကိုမြင်တော့ ထင်းခုတ်သမားကို ရွှေရောင်ငှက်ကို သူ
တွေ့ဖူးကြောင်း ပြောပြတယ် ။ ရွှေရောင် ငှက်ကငွေရောင်ငှက်ထက်လှပြီး အသံပိုချို ကြောင်း ထင်းခုတ်သမားကိုပြော
တယ်။ ထင်းခုတ်သမားက ရွှေရောင်ငှက် လည်း ရှိပါလားဆိုပြီး ရွှေရောင်ငှက်ကို တွေ့ချင်မြင်ချင်စိတ်တွေ တဖွားဖွား
ပေါ်လာခဲ့တယ်။ ငွေရောင်ငှက်ဆိုပြတဲ့ သီချင်းတွေကိုလည်း ဂရုတစိုက် နားမထောင်နိုင်တော့ဘဲ ရွှေရောင်ငှက်ကိုပဲ
တမ်းတနေခဲ့တယ် ။ ထင်းခုတ်သမားမှာ အပျော် ဆိုလည်း မရှိခဲ့တော့ပါဘူး ။



တစ်နေ့မှာ ထင်းခုတ်သမားက အိမ်ရှေ့မှာ ထိုင်ပြီး နေဝင်ဆည်းဆာကို ငေးမောကြည့်နေခဲ့တယ် ။ စိတ်ထဲမှာလည်း
ရွှေရောင်ငှက်က ဘယ်လောက်လှပမလဲလို့ တွေးတောနေခဲ့တယ် ။ အဲဒီအချိန်မှာ ဒဏ်ရာပျောက်ကင်းစ ဖြစ်ပြီဖြစ်တဲ့
ငွေရောင်ငှက်က အိမ်ကနေခွါဖို့ ပြင်ဆင်ခဲ့တယ် ။ ငွေရောင်ငှက်က ထင်းခုတ်သမားနား ပျံသွားပြီး နောက်ဆုံးအကြိမ်
သီချင်းဆိုပြခဲ့တယ် ။ သီချင်းနားထောင်ပြီးနောက် ထင်းခုတ်သမားက "နင့်သီချင်းသံက နားထောင်လို့ကောင်းပေ
မယ့်ရွှေရောင်ငှက်လောက်တော့ မီမယ်မထင်ပါဘူး ။ နင့်အမွေးအတောင်တွေက လှပတယ်ဆိုပေမယ့် ရွှေရောင်ငှက်
လောက်တော့ လှမယ်မထင်ဘူးလို့" ပြောလိုက်တယ် ။



ငွေရောင်ငှက်က သီချင်းဆိုပြီး ကျေးဇူးတင်တဲ့အနေနဲ့ ထင်းခုတ်သမားကို သုံးကြိမ်လည်ပတ်ပြီးနောက် နေဝင်တဲ့ဖက်ကို
ဦးတည် ပျံသန်းသွားခဲ့တယ် ။ ငွေရောင်ငှက် ပျံသွားတာကို ထင်းခုတ်သမား ငေးကြည့်ရင်း ရုတ်တရက် နေရောင်
အောက်မှာ ငှက်ရဲ့ငွေရောင်အမွေးတွေဟာ ရွှေရောင်အသွင် ဖြစ်နေတာကို တွေ့လိုက်မိတယ်။ သူ ညစဉ်အိပ်မက် မက်ခဲ့
တဲ့ ရွှေရောင်ငှက်လေး ၊ သူတမ်းတနေတဲ့ ရွှေရောင်ငှက်ဟာ သူဘေးမှာပဲ ရှိနေခဲ့တာကို သူမသိခဲ့ဘူး ။ ခုတော့ ငှက်က
လေးက ဝေးဝေးနဲ့ မြင့်မြင့်ကိုပျံသန်း သွားခဲ့ပါပြီ ။




အခုလက်ရှိ သင်ရဲ့ ချစ်သူက ရုပ်ချောချင်မှလဲ ချောမယ် ၊ အရပ်မြင့်ချင်မှလဲမြင့်မယ် ၊ ကိုယ်လုံးလှချင်မှလဲ လှမယ် ၊
ချမ်းသာချင်မှလဲ ချမ်းသာမယ် ၊ သင့်အနားမှာ အချိန်ပြည့် ရှိချင်မှလဲရှိမယ် ၊ သင်သတ်မှတ်ထားတဲ့ ယောက်ျားပီသသူ
(ဒါမှမဟုတ်) မိန်းကလေးပီသသူ ဖြစ်ချင်မှဖြစ်မယ် ။

ဒါပေမယ့်...


လူတွေဟာ တစ်ခါတလေ ကိုယ့်ကိုယ်ကို သတိမထားမိချိန်မှာ ထင်းခုတ်သမား ဖြစ်သွားတတ်ပါတယ် ။ ရွှေရောင်ငှက်
ဟာ ကိုယ့်ဘေးမှာပဲရှိနေခဲ့မှန်း သတိမထားမိ ဖြစ်တတ်ကြတယ် ။ အနားမှာရှိတဲ့ ငွေရောင် ငှက်ထက် ရွှေရောင်ငှက်ရဲ့
အသံကပိုသာမယ်လို့ ထင်ကြပြီး ရွှေရောင်ငှက်ကိုပဲ ပိုအလိုရှိခဲ့ကြတယ် ။

2 comments:

Print Friendly and PDF