Saturday 31 March 2012

နှလုံးအိမ်ထဲက ချစ်တဲ့အလုပ်ရှင် - (ဟာသ)

လူတစ်ယောက် သူ့အလုပ်ရှင်ဆီကို ဖုန်းခေါ်တယ်။
ဒါပေမယ့် အလုပ်ရှင်က ဖုန်းမကိုင်ဘဲ သူ့မိန်းမက ဖုန်းလာကိုင်တယ်။
“လွန်ခဲ့တဲ့ အပတ်က သူသေသွားလို့ ငါကြောက်တယ်” သူမက ရှင်းပြတယ်။
ထိုသူက နောက်နေ့မှာလဲ ဖုန်းထပ်ခေါ်တယ်။ အလုပ်ရှင်ကို မေးတာပေါ့။
“ငါပြောမယ်…လွန်ခဲ့တဲ့အပတ်က သူသေပြီ” မိန်းမက ပြန်ပြောတယ်။

နောက်ရက်ကျတော့ ထပ်ခေါ်ပြန်တယ်။ သူ့အလုပ်ရှင်နဲ့ တစ်ကြိမ်လောက် စကားပြောပါရစေတဲ့။
ဒီအချိန်မှာ မိန်းမဖြစ်သူက ၀မ်းနည်းပက်လက်ဖြစ်လာပြီး အော်ပြောတယ်။
“ငါ…မင်းကို နှစ်ကြိမ်ရှိပြီပြောတာလေ။ ငါ့ယောက်ျား…မင်းတို့ရဲ့အလုပ်ရှင်။
လွန်ခဲ့တဲ့အပတ်က သေပြီလေ။
ဘာကြောင့် ဖုန်းဆက်နေရတာလဲ”
သူက ရယ်ရင်း ပြန်ဖြေလိုက်တာကတော့….
“ဒီသတင်းလေး နားထောင်ရတာ နားဝင်ချိုလွန်းလို့ပါ”

No comments:

Post a Comment

Print Friendly and PDF