Saturday 3 March 2012

စိတ်ကျရောဂါ ပပျောက်စေမည့် အစားအစာများ

စိတ်ညစ် စိတ်ဓာတ်ကျခြင်းဟူသည် ပုံမှန်လူမှုဘဝတွင် တွေ့ကြုံရမည့် သာမာန်အတွေ့အကြုံ ကြာရှည်ဖြစ်ပေါ်လာပြီး  ဘဝတွင် ယခင်ကကဲ့သို့ ပျော်ရွှင်ဖွယ်ရာ ခံစားမှုမျိုးကို ပြန်မရဟု ခံစားလာရသည် ဆိုပါစို့။ ၎င်းသည် စိတ်ကျရောဂါ ဖြစ်ပွားရန် အစပျိုးလာခြင်း ဖြစ်သည်။ စိတ်ကျရောဂါအား သက်သာ ပျောက်ကင်းရန် အရင်းနှီးဆုံး မိတ်ဆွေတစ်ဦးအား ဖွင့်ဟခြင်းမှ အစပြု၍ စိတ်ရောဂါ အထူးကု ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ခြင်းအထိ နည်းလမ်းများစွာ ရှိသလို စိတ်ကျရောဂါကို သက်သာလျော့ပါးစေပြီး သင်၏ ကိုယ်ရောစိတ်ပါ ကျန်းမာရေးကို အထောက်အကူပြုမည့် အစားအစာများ ဖြည့်စွက် စားသောက်ခြင်းသည်လည်း နည်းလမ်းကောင်းတစ်ခု ဖြစ်ပါသည်။ ဆင်ဟွာသတင်းဋ္ဌာနမှ ကောက်နှုတ်ထားသော စိတ်ကျရောဂါအား သက်သာလျော့ပါးစေမည့် အစားအသောက်များကို ဖော်ပြလိုက်ပါသည်။ ၎င်းတို့မှာ-     
                      
၁။ ငှက်ပျောသီးစားပါ။
၂။ ချော့ကလက်စားပါ။
၃။ ငါးပေါင်းစားပါ။
၎။ နို့သောက်ပါ။
၅။ ဘဲသွေးဟင်းစားပါ။
၆။ ပေါင်မုန့်စားပါ။
၇။ကြက်သွန်ဖြူစားပါ။
၈။ တစ်နေ့စာအတွက် ရေကို လုံလောက်စွာ သောက်ပေးရပါမယ့်။

1 comment:

Print Friendly and PDF