Tuesday 6 March 2012

အသက်ရှည်ဆေး

ကလေးယူရင်သတိထား
မင်္ဂလာဦးညတွင်သတိုးသမီးကသူခင်ပွန်းအား
သတိုးသမီး  ။ကို လွင်တို့ကလေးယူရင်ယောက်ျားလေး ၃ ယောက်ရမှာသိလား
သတိုးသား  ။လွင်ကဘယ်လိုသိတာလဲ
သတိုးသမီး  ။အခုသူတို့ ၃ ယောက်ကိုမေ့မေ့အိမ်ပို့ထားတယ်လေ........

မင်းအသံကြားချင်လို့ပါ
အောင်မိုးသည်အင်္ဂလန်မှကျောင်းတက်၍ပြန်လာရာ သူချစ်သူက
ချစ်သူ  ။ကိုယ်လွင်ကိုလွမ်းရင်ဘာလုပ်လဲဟင်
အောင်မိုး  ။လွင်ဓါတ်ပုံထုတ်ကြည့်တာပေါ့
ချစ်သူ  ။ဒါဆိုလွင့်အသံကြားချင်ရင်ကော
အောင်မိုး  ။လွင့်အသံကြားချင်ရင် ခွေးကိုခဲနဲ့ပေါက်တယ်လေ.........

 
တော်ပါသေးရဲ့
သေခါနီးယောက်ျားဖြစ်သူကမိန်းမဖြစ်သူအားမေးမြန်းလေ၏

ယောက်ျား  ။မိန်းမငါသေတော့မယ်မသေခင်အမှန်အတိုင်းသိသွားချင်တယ် ငါသား၎ယောက်မှာ၃
ယောက်ကငါနဲ့တူပြီး အငယ်ကောင်ကဘာလို့ငါနဲ့မတူတာလဲ သူငါကလေးမှဟုတ်ရဲ့လား
ငါမသေခင်အမှန်အတိုင်းသိသွားပါရစေ
မိန်းမ  ။ရှင့်ကလေးမှရှင့်ကလေးအစစ်ပါ
သို့ဖြင့်ယောက်ျားသေဆုံးလေတော့၏ ထိုအချိန်တွင်မိန်းမဖြစ်သူငို၍ပြောလိုက်သည်က
မိန်းမ  ။တော်ပါသေးရဲ့ ကျန်တဲ့ ၃ ယောက်ကိုမမေးလို့...........


အမှားဝန်ခံကြေး
ပင်စင်ရပြီးသောသူငယ်ချင်းနှစ်ဦးဆုံဖြစ်ကြရာတစ်ဦးကိုတစ်ဦးအမှားဝန်ခံကြလေ၏
ပင်စင် ၁။သူငယ်ချင်းမင်းနဲ့အတူဘဏ်မှာအလုပ်လုပ်တုန်းက ငွေအလွဲသုံးစားနြ့ထောင်ကျအောင်လုပ်တာငါပါ
မင်းထောင်ကထွက်တော့လည်း နောက်ထပ်မင်းအလုပ်ကပြုတ်အောင်လုပ်တာလည်းငါပါဘဲ
ငါကိုခွင့်လွတ်ပါသူငယ်ချင်းရာ
ပင်စင် ၂။ရပါတယ်သူငယ်ချင်းရာငါလည်း ငါအမှားကိုဝန်ခံရအုံးအယ် ဒါနဲ့မင်းသား အောင်မိုးကိုသိလား
ပင်စင် ၁။ ၂၅ နှစ်လုံးလုံးကျွေးမွေးလာတဲ့ ငါသားဘဲသိတာပေါ့ ဘာဖြစ်လို့လဲ
ပင်စင် ၂။အဲဒါငါ့အမှားတွေပါကွာ................

 
အရမ်းတော်တဲ့စုံထောက်
CID ရုံးတွင်ဖြစ်၏ သူငယ်ချင်းမိန်းမဖြစ်သူလာရောက်တိုင်တန်းလေရာ
သူငယ်ချင်းမိန်းမ  ။ကိုအောင်မိုးရှင့်သူငယ်ချင်းဝေယံလေမိန်းမတစ်ယောက်နဲ့ဖောက်ပြန်နေတယ်
အောင်မိုး  ။ဟုတ်ပါ့မလားဒီကောင်နဲ့ငါကငယ်ငယ်တည်းကပေါင်းလာတာ သူကနင့်တစ်ယောက်တည်းချစ်ပြီးနင့်
တစ်ယောက်တည်း လက်ထပ်ခဲ့တာလေ
သူငယ်ချင်းမိန်းမ  ။ဒီမှာသူနဲ့ဖောက်ပြန်တဲ့မိန်းမရဲ့အတွင်းခံဘောင်းဘီတွေရှင့်
အောင်မိုး  ။ကောင်းပါပြီကိုယ်စုံစမ်းပေးပါ့မယ်
ရုံးဆင်း၍အောင်မိုးအိမ်သို့ပြန်ရောက်သော် သူမီးကမုန့်ဖိုးတောင်းလေ၏
အောင်မိုး  ။မိန်းမရေကိုယ်အိပ်ထဲကပိုက်ဆံယူပြီးမင်းသမီးကိုမုန့်ဖိုးပေးလိုပါကွာ
မိန်းမလည်းငွေယူရန်အိပ်ကိုဖွင့်လိုက်ရာ
မိန်းမ  ။ကိုအောင်မိုး ကျွန်မကအတွင်းခံဘောင်းဘီတွေပျောက်လို့လိုက်ရှာနေတာ ရှင်ကသတင်းစားနဲ့
ထုတ်ပြီးယူသွားနေတာကို.........

No comments:

Post a Comment

Print Friendly and PDF