Friday 9 March 2012

Command Prompt ကို အရောင်ပြောင်းမယ်။

ကျွန်တော်တို့ ကွန်ပျုတာ သုံးကြတဲ့ အခါမှာ Window က ပေးတဲ့ Default ကြီးအတိုင်းတော့
ဘယ်အရာကိုမှ မကျေနပ်ချင်ကြဘူးနော်။ Theme လေးတွေ ပြောင်းကြသလို ၊ Folder တွေ ၊
Pointer လေးတွေ စတဲ့ ပြောင်းလို့ ရသမျှ တော့ပြောင်း ကြည့်ချင်ကြပါတယ်။ 
အဲဒီ လို ပြောင်း ကြတဲ့ အခါ  ကျွန်တော်တို့ User တွေ ဟာ လျှင်မြန် သွက်လက်ပီး
လုပ်ငန်းတစ်ခု လျှင်မြန်စွာ ပီးမြောက်နိုင်ဖို့ Shortcut လေးတွေသုံးရင်နဲ့ အတူ
Run Box က Command  လေးတွေ ကို လည်း သုံးကြတယ် နော်။



အဲဒီ Command လေးတွေကို သုံးတဲ့ အခါမှာ ပေါ်လာတဲ့ Command Prompt ရဲ့
Background ဟာ Default အားဖြင့်တော့ အနက်ရောင် ကြီးနော်။
အဲဒီ Command Prompt CMD ရဲ့ နောက်ခံ အရောင်ကို Window 7 မှာ
ကိုယ့်စိတ်ကြိုက် အရောင်လေး ပြောင်းကြည့် ရအောင်ပါ။
ဒီနည်းလမ်းလေးကို CMD ကနေ ပဲ လုပ်တဲ့ နည်းလေးတွေ ပြောကြပေမယ့်

ဒီလွယ်ကူတဲ့နည်းလေးကို  မသိသေးသူများ အတွက်မျှဝေလိုက်ပါတယ်။




1. Window Key + R ကိုနှိပ်ပီး Command Key တစ်ခုခု ရိုက်လိုက်ပါ။   
cmd ဆိုပါတော့။ ပြီးလျှင် OK လိုက်ပါ။




2. ပေါ်လာတဲ့ အပေါ် ဘား လေးကို Right Click ထောက်ပီး
Properties ကိုသွားလိုက်ပါ။



3. ပုံမှာ ပြထားသလို လေး ရပီဟုတ် ဒါဆိုရင် Font တွေ ပြောင်းလို့ ရသလို ၊
Background Color အပြင် အရွယ်အစား တွေကိုပါ ပြောင်းလို့ရမှာပါ။


 

 Window 7 မှာလုပ်ပြခဲ့တာပါ။

No comments:

Post a Comment

Print Friendly and PDF