Sunday 24 June 2012

ကွန်ပျူတာ ဝေါဟာရ အရှည်များ


ကျွန်တော်တို့ ကွန်ပျူတာသုံးပြီးတော့ ကွန်ပျူတာက အတိုခေါက်လေးတွေမသိရင် မကောင်းဘူးနော်။ သိထားတော့ ပိုကောင်းတာပေါ့။ မသိသေးသောသူများ အတွက် ကျွန်တော် စုထားတာတွေလေ ပြန်တင်ပြလိုက်ပါတယ်။ အမှန်တိုင်းပြောရင် ကျွန်တော်လည်း မသိဘူး။ သိတော့သိတာပေါ့နော်။ ဟိုလိုလို ဒီလိုလိုသိတာ။ တကယ်တမ်း ပြောပြဆိုရင် မပြောပြနိုင်ဘူး။ အဲဒီတော့သိအောင်လိုက်ရှာကြည့်ရတာပေါ့။ ဒါကလည်း ကျွန်တော်သိသောအနည်းငယ်မျှသာဖြစ်ပါတယ်။ နောက်ထပ်အများကြီးရှိပါသေးတယ် ။

ACPI – Advanced Configuration and Power Interface
AGP – Accelerated Graphic Port
APM – Advanced Power Management
ASIC – Application Specific Integrated Circuit

လင်မယားဟာသ


အိမ်ထောင်ကျစ
မ။......... ။ တင်းနေအောင် ဖက်မထားနဲ့လေမောင်.. မ အသက်ရှုလို့ မဝတော့ဘူး။
မောင်။... ။ ဖက်မထားရင် မောင်အိပ်မပျော်လို့ပါ မရယ်။
နှစ်အတန်ကြာသော်
မ။......... ။ မောင်အိပ်ရင် မကို ဖက်မအိပ်တာကြာပြီနော်။
မောင်။...။။ ဖက်ပြီးအိပ်ရင် အသက်ရှုလို့ မဝဘူးဆိုတာ မသိဘူးလား။
(ခ)
ချစ်သူဘဝ
လူစည်ကားရာ နေရာတစ်ခုတွင် မောင်က မကို ပွေ့ဖက်လိုက်သည်။
မ။....... ။ မောင် ရူးနေလား? လူတွေကြည့်နေတယ်လေ.. ရှက်စရာကြီး
မောင်။..။ ကြည့်ကြည့်ပေါ့ မရယ်။ မောင်က ချစ်တာကို
အိမ်ထောင်ကျပြီးနောက်
မ။.....။ အရင်က ဒီနေရာမှာ မ့ကို မောင် ပွေ့ဖက်ဖူးတယ်နော်။ ခုဖက်ပါအုန်းလား မောင်
မောင်။.... ။ လူတွေရှေ့မှာ ဖက်ရအောင် ရူးနေလား?
(ဂ)
အိမ်ထောင်ကျစ
မ။..... ။ မောင်ရေ မကို ပွေ့ပါအုန်း
မောင်က မကို ပွေ့ပြီး ကုတင်ပေါ် တင်ပေးလိုက်တယ်။
နှစ်အနည်းငယ်ကြာသော်
မ။........... ။ မောင်ရေ မကို ပွေ့ပါအုန်း
မောင်။်..... ။ ခြေထောက်ကျိုးနေပြီလား?
(ဃ)
တစ်နေ့မှာ မောင်က
“မ ဝလာလည်း ချစ်မှာပဲ။ ဝဝကစ်ကစ် မ ခန္ဓာကို ပွေ့ခေါ်မယ်။ အသက်အရွယ်ကြီး
အိုမင်းသွားတဲ့အထိ မကို အမြဲချစ်မယ်။ မကို အမြဲဖက်မယ်” ဟု သစ္စာဆိုသည်။
နှစ်အနည်းငယ် ကြာသော်
မ။.......... ။ မောင် မကိုပွေ့ပါအုန်း
မောင်။.....။ ဒီခန္ဓာကိုယ်နဲ့ ငါ့ ခါးကျိုးအောင် လုပ်နေတာလား?

Friday 22 June 2012

ပျော်ရွှင် ရယ်မောနိုင်ကြပါစေ (ဟာသ)


မျက်နှာပျက်ရအောင် မလုပ်ပါနဲ့ 

အလွန်ရိုးလွန်း အလွန်းပြီး စိုးရိမ်လွန်ကဲတတ်သော စက်ချုပ်သမား မိန်းမကြီးထံသို့  အကျီင်္အပ်မိသည်။

“လိုက်ဖက်မဲ့ပုံစံမျိုးသာ ချုပ်ပေးပါဒေါ်ဒေါ်”

“ဒါတော့မဖြစ်နိုင်ပါဘူးကွယ် မင်းမိဘတွေနဲ့ အဒေါ်မျက်နှာမကြည့်ချင်လောက်အောင် ဖြစ်ရမဲ့အလုပ်မျိုးကို

လုံးဝမလုပ်ပါရစေနဲ့ ”






ဖြတ်ဖို့ခက်တဲ့အရာ

”ငါကအရက်ကိုကွမ်းနဲ့ဖြတ်ခဲ့တာ”

ကျန်းမာရေးအတွက် အကျိုးပြုစေသော ဖရဲသီး နှင့် အလှတရားကို ဖန်တီးပေးနိုင်သော ဖရဲသီး



ဖရဲသီးဟာရာသီပေါ်အသီးအနှံဖြစ်ပြီး မြန်မာပြည်သူပြည်သားတွေအများဆုံးစားသုံးကြတဲ့သွားရည်စာတစ်မျိုး
ဖြစ်ပါတယ်။မာတ်တွိန်းကတောင်ဖရဲသီးကိုစားတဲ့သူဟာနတ်သားတွေဘာစားတယ်ဆိုတာသိလာလိမ့်မယ်ဆို
ပြီး ဖရဲသီးဂုဏ်ကိုချီးမြောက်ခဲ့ပါတယ်။ဖရဲသီးဟာနတ်သားတွေစားသုံးတဲ့သစ်သီးဖြစ်ရုံမက နတ်သမီးလေးဖြစ်
အောင်ပါ ဘယ်လိုစားသုံးသင့်တယ်ဆိုတဲ့အကြောင်းဖော်ပြလိုက်ပါတယ်။

ကင်ဆာရောဂါကို တွန်းလှန်ကာကွယ်နိုင်သော အစားအစာ (၁၃) မျိုး


(၁) ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ ဓာတ်ပေါင်းတွေ များစွာပါဝင်နေပါတယ်။ အရေပြား၊ အူမကြီးနဲ့

အဆုတ်ကင်ဆာရောဂါ ဖြစ်ပွားမှုတွေကိုအဓိကကာကွယ်ပေးနိုင်ပါတယ်။


(၂) အစိမ်းရင့်ရောင် အသီးအရွက်များ

အစိမ်းရင့်ရောင် အသီးအရွက်တွေမှာအင်တီအောက်ဆီးဒင့် ဖြစ်တဲ့ ကယ်ရိုတင်းနွိုက်တွေ များစွာပါဝင်ပါတယ်။

ကင်ဆာကို ဖြစ်စေတဲ့ Free Radical တွေရဲ့   အန္တရာယ်ကိုလျှော့ချပေးပါတယ်။


(၃) စပျစ်သီး

စပျစ်သီးနဲ့ စပျစ်ဝိုင်မှာအစွမ်းထက် အင်တီအောက်ဆီးဒင့် ဖြစ်တဲ့ ရက်စ်ဗာရထရောပါဝင်တာကြောင့် ဆဲလ်တွေ

"ကျောက်ကပ်ဝေဒနာသည်များဝမ်းမြောက်ဖွယ်"


ကျောက်ကပ်ဝေဒနာခံစားနေရသူများမှာ လူလည်းပင်ပန်း ၊ငွေကြေးကုန်ကျမှု့ များပြားသော ရောဂါတစ်ခုဖြစ်ပါသည်။ သိန်းထောင်ချီ၍
ချမ်းသာသောသူပင် ဒေ၀ါလီ ခံ ရသော ရောဂါ ပါ ။ ကျောက်ကပ်ဆေးနေရသူများမှာ လူလည်းနာ ငွေလဲကုန်လှပါသည်။အချိန်အခိုက်အတန့်တခုသာ
ထိန်းထားနိုင်ပြီး မရဏမင်းထံ သွားရသည်သာများပါသည်။
လဲလှယ်နိုင်မှသာ အသက်ဆက်နိုင်ပါသည်။ လဲဖို့စားရိတ်ကလည်း သိန်းထောင်ကျော် ကုန်ကျပါသည်။
ထို့ကြောင့်ကျောက်ကပ် ဝေဒနာသည်များ အောက်ပါအတိုင်း ဆောင်ရွက်ကြည့်ပါ။ ဖြစ်ခါစတွင်ပျောက်ကင်း၍ နာတာရှည် ခံစားနေရသူ
များသက်သာပြီး ကျောက်ကပ်ဆေးနေရသူများ အကြိမ်ရေ လျော့ပါးလာစေရပါမည်ဟု လုံးဝအာမခံပါသည်။
ကျွန်တော်ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစားခဲ့ဖူးပါသည်။သိသိခြင်း ဆောင်ရွက်ခဲ့သဖြင့် သုံးလအတွင်း ပျောက်ကင်းခဲ့ပါသည်။
စရိတ်သက်သာ အကုန်အကျနည်း၍ လုံးဝအထင်မသေးပါနှင့်။ ကမ္ဘာပေါ်တွင် နံမည်ကြီးနေပြီဖြစ်သည့်

Thursday 21 June 2012

ဟာသအပိုင်း(၂)


(၂၁)ဘာအတွက်ပါလိမ့်နော်

ငါ့အစ်ကိုတော့ တော်တော်ကံကောင်းတယ်ကွာ။မြို့ပေါ်က နာမည်အကြီးဆုံးဆရာမနဲ့ညားသွားပြီကွ။
ဒါဆို ရောဂါဖြစ်ရင် ကုသဖို့အတွက် ဟန်ကျပြီပေါ့။
ငါ့အစ်ကိုကရောဂါကုချင်လို့ ဆရာဝန်မကိုယူတာမှမဟုတ်ပဲ။
..............................
(၂၂) အပူကိုယ်စားလှယ်
အခုတလော ကျုပ်မှာပူပင်သောကတွေ များလွန်းလို့ ကျူပ်အစားပူပန်ပေးမယ့် သူရှိရင် ငွေတစ်သိန်းပေးလိုက်ချင်ရဲ့ ဗျာ။
ကိုင်း။ ဒါဆိုကျူပ်ပူပေးပါမယ်။ ငွေတစ်သိန်းသာမစပါ။
အဲဒါ ပထမဦးဆုံး ခင်ဗျားပူရမယ့် အပူပေါ့။
...........................
(၂၃)ကယ်တော်မူပါ
ကျွန်မရဲ့ ဓာတ်မှန်ကိုကြည့်ပြီးတော့ ဘာတွေစဉ်းစားနေတာလဲ ဆရာဝန်ကြီးရဲ့။
ခင်ဗျားကိုယ်ထဲမှာ ကျောက်ကပ်နှစ်ခုလုံးရှိသေးတယ်ဆိုတော့ ခွဲစိတ်တုန်းက ထုတ်ယူခဲ့တာ ဘာများဖြစ်မလဲလို့ စဉ်းစားနေတာပါ။
............................
(၂၄)အိုဘယ့် စာရေးဆရာ
စာအုပ်တောင်မထွက်သေးဘူး။ အရက်ဖြတ်နည်းစာမူအတွက် ငွေလာတောင်းတယ်ဆိုတော့ ဘာတွေများ

ဟာသအပိုင်း(၃)


(၄၁)အမြန်ဆုံးလူသား
ငါ့အဖေက တော်တော်အပြေးသန်တယ်ကွ။ လိုင်းကားပေါ်က ပြုတ်ကျကျန်ခဲ့လို့ အမီပြေးလိုက်တာ ဂိတ်ကို သူကအရင်ရောက်နှင့် နေတယ်ကွ။
ဒါလေးများပျင်းတောင်ပျင်းသေးတယ်။ ငါ့ အဖေကမှ အမြန်ဆုံးစူပါကွ။ ဘယ်လောက် မြန်သလဲဆိုရင် သူ့ရုံးဆင်းချိန်က ၄ နာရီခွဲ။ အိမ်ကိုပြန်ရောက်တာက ၃ နာရီခွဲ။
.............................
(၄၂)အပြစ်ကိုယ်စီ
ရှင့်ယောင်္ကျားက ဘာဖြစ်လို့ ပစ်သွားရတာလဲ။
အိမ်မကပ်ဘဲ လည်လွန်းလို့တဲ့ ။ ရှင်ကျတော့ အိမ်ထဲကအိမ်ပြင်ထွက်တာတောင် မတွေ့ရဘဲ ဘာဖြစ်လို့ ယောကျာင်္းကပစ်သွားရတာလဲ။
အိမ်ထဲမှာ တစ်ချိန်လုံးဖဲရိုက်နေလို့။
.................
(၄၃)ဘာကြောင့်များဒုက္ခခံတာလဲ
ဟူး.. အခုလို တောင်အောက် ရှုခင်းတွေရဲ့ အလှအပကို မြင်လိုက်ရတော့လည်း တောင်ပေါ်တက်လို့ မောခဲ့ရတာတွေ ပြေပျောက်သွားတာပဲ။
တောင်အောက်က ရှုခင်းတွေ သာယာမှန်းသိရင် ဘာလို့ အပင်ပန်းခံပြီး တောင်ပေါ်တက်ရတာလဲ သူငယ်ချင်းရာ။
.....................
(၄၄)ဆိုလိုတာက ဒီလို- ဒီလို
ဈေးဝယ်သူ။ ။ ဗျို့ ဆရာကြီး၊ တရုတ်စုတ်ရှိလား။
ဆိုင်ရှင် ။ ။ ခီဗျား ဒီလို စော်ကားတာတော့ မီကောင်းဘူးထင်တယ်။

ကာတွန်းပုံလေးတွေကြည့်ပြီးပြုံးကြမယ်...



ဟာသအပိုင်း(၄)


(၆၁) စကားပြောဖော်
အလွန်ကပ်စေးနှဲသူတစ်ဦးကို ဇနီးဖြစ်သူမှပြောလိုက်သည်။
ငွေကစကားပြောတယ် ဆိုတာ တကယ်ပဲ လားဟင် ကိုကို။
သိပ်ဟုတ်တာပေါ့ မိန်းမရယ်။
ဒါဆိုကိုကို အပြင်သွားတဲ့အခါ ကျွန်မ တစ်ယောက်တည်းနေရတာပျင်းလွန်းလို့ စကားပြောဖော်အဖြစ် နည်းနည်းလောက်ပေးထားခဲ့စမ်းပါ။
............................

(၆၂) အာဂျင်တီးနား
စာသင်ကျောင်းတစ်ခု၌ ပထ၀ီဆရာသည် ကျောင်းသားတစ်ယောက်ကို မေးလိုက်သည်။
အာဂျင်တီးနား နိုင်ငံဘယ်နားမှာရှိလဲကွ။
ဟုတ်ကဲ့။ ပထ၀ီ စာအုပ်ရဲ့ စာမျက်နှာ ၄၃ မှာရှိပါတယ်ဆရာ။
............................

(၆၃) ဒါကြောင့်ကိုး
မျက်စိဆရာဝန်တစ်ဦးသည် လူနာကို ပါဝါမျက်မှန်တစ်လက်ပြီး တစ်လက်ပြောင်းလဲတပ်ဆင်ကာ စမ်းသပ်နေရာမှ စိတ်ညစ်သံဖြင့် ပြောလိုက်သည်။
ကိုင်း...ရှိသမျှဒီဂရီတွေလည်း ကုန်ပြီ။ အခုထိ ဟိုကစာတွေတစ်လုံးမှ ဖတ်မပြသေးဘူး။

ဟာသလေးတွေပါ​ခင်ဗျာ


No.1. .စိတ်တိုခြင်းသီအိုရီ. .
------------------------------
ပါမောက္ခ ကသင်တန်းပို့ချနေသည် ။
"လူတစ်ယောက်မှာ စိတ်တိုမှု ဒီဂရီ (အဆင့်) ၃ မျိုးရှိတယ်လို့ဆိုနိုင်တယ် ၊
ဒီအဆိုပြုချက်ကို ပိုပြီးရှင်းသွားအောင် ဆရာပြမယ် ၊ တယ်လီဖုန်း ကို
ကိုကောက်ကိုင်လိုက်ပြီး ကြိုက် ရာနံပါတ် ၁ခုကို လှည့်လိုက် ၊ တဖက်က
ကောက်ကိုင်တဲ့အခါမှာ 'ပီတာရှိလား' လို့မေးလိုက်မယ် ၊ 'ပီတာ ဆိုတာ
ဒီ အိမ်မှာ မရှိဘူးလို့' ဟိုကဖြေမယ် ၊ဒီနံပါတ်ကိုပဲ နောက်တခါ ပြန်လှည့်ပြီး '
ပီတာကို ကျေးဇူးပြု ပြီးခေါ်ပေးပါ' လို့ ပြောလိုက်မယ် ၊တဖက်က
'ဒီမှာပီတာဆိုတာ မရှိဘူး၊ ဖုန်းမှားနေပြီ 'လို့ဖြေမယ် ၊ နောက်တကြိမ်
ဒီနံပါတ်ကို ပဲ လှည့်ပြီး 'ပီတာ ပြန်လာပြီလား ' လို့မေးမယ် ၊ ဟိုဖက်က
'ဘယ်ကပီတာ ကိုလာမေးနေတာလဲ ' ဆိုပြီးဖုန်းကိုချသွားမယ် ၊ ကိုင်း သဘောပေါက်ကြတယ်
မဟုတ်လား"
ကျောင်းသား တစ်ယောက် နေရာကထပြီး ပြောသည် ။
"စိတ်တိုတဲ့ စတုတ္ထ ဒီဂရီ ရှိသေးတယ် ဆရာ "
"ဘာပါလိမ့် "
ခုန နံပါတ်ကို ပဲပြန်လှည့်ပြီး 'ဟဲ လို..ကျွန်တော် ပီတာပါ၊ ကျွန်တော့်ကို
ဘယ်သူမှ ဖုန်းမဆက်ဘူးလားဟင် ' လို့မေးလိုက်မယ် "
______________________________
___________________________________
No.2. .မထူးပါဘူး. .
---------------------
ငရဲ နှင့် နတ်ပြည်သို့သွားမည့် တံခါးပေါက်ရှေ့တွင်မိန်းမများ အားလုံးကို

နောက်မဖြစ်အောင် နှင့် ဟာသတိုများ


နောက်မဖြစ်အောင်
ဆေးခန်းကို လက်မှာဒဏ်ရာရတဲ့ လူတစ်ယောက်ရောက်လာတယ်။ ဒီတော့ဆရာဝန်က.....
“ဘယ်လိုဖြစ်တာလဲ”
“ကားတံခါးဆွဲပိတ်လိုက်တာ လက်ညပ်သွားလို့ ”
“ခင်ဗျားမူးနေရင်တော့ဒီလို ခဏခဏဖြစ်နေမှာပဲ”
“နောက်မဖြစ်တော့ပါဘူး ဆရာ”
“အရက်ဖြတ်မယ်ပေါ့”
“ကျွန်တော် ကားတံခါးကိုဖြုတ်ပစ်လိုက်ပြီဆရာ”

ပါတော့ ပါသွားတယ်

ကျောင်းတက်ချိန် နောက်ကျမှ ကျောင်းသို့ ကျောင်းသားတစ်ယောက် ရောက်လာ၏။ ထိုအခါ အလွန်စိုးရိမ်
တက်သော ဆရာက

ဆရာ ။ ဘာဖြစ်လို့ကျောင်းနောက်ကျတာလဲ
ကျောင်းသား ။ လမ်းမှာ ရိုက်လုတာ ခံရလို့ပါ ဆရာ
ဆရာ ။ ဖြစ်မှ ဖြစ်ရလေကွာ.....ဒါနဲ့ ဘာတွေများ ပါသွားသေးလဲ

အင်တာနက်ပေါ်က ဟာသတချို့ကို ဘာသာပြန်မျှဝေပါတယ်။.


(၁)

နောက်ရည်းစားအသစ်နဲ့ ကြည်နူးနေတဲ့ကောင်မလေးကို ကောင်လေးက မကျေမနပ်ဖြစ်ပြီး လက်စားချေဖို့

ဆုံးဖြတ်လိုက်တယ်။ အဲလိုနဲ့တစ်နေ့မှာ ကောင်လေးက ပုလင်းတစ်လုံးကိုင်ပြီး "မင်းနောက်ထပ် သစ္စာမဖောက်ရဲ

အောင် မင်းကိုငါ ရုပ်ပျက်ဆင်းပျက်လုပ်ပစ်မယ်"လို့ ဆိုပြီး ကောင်မလေးကို ပုလင်းထဲကအရည်နဲ့ ပက်ထည့်လိုက်

တယ်။ အရည်ကြောင့် ကောင်မလေးမျက်နှာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာကို ကြည့်ပြီး လူတွေထွက်ပြေးကြတယ်။





ကိုယ့်ရုပ်ပျက်စီးသွားပြီဆိုပြီး ကောင်မလေး အရမ်းလန့်မိတယ်။ ဒါပေမယ့် တအောင့်ကြာတဲ့အထိ

စပ်မိစပ်ရာ ဟာသများ (၂)


ကိုယ်တွေ့ ပညာပေး

``အချစ်ရေ .. ကိုယ့်သူငယ်ချင်း တစ်ယောက်ကို ညစာစားဖို့ခေါ်လာတယ်`` လို့ ပီတာက ဇနီးကို လှမ်းပြောလိုက်တယ်။
``ဘာ… ရှင်ရူးနေလား။ တစ်အိမ်လုံးလည်း ရှုပ်ပွနေတာပဲ။ ဈေးမသွားနိုင်တာလည် ကြာပြီ၊ ပန်းကန်တွေကလည်း မဆေးရသေးဘူး။ ဟင်းကောင်းကောင်းချက်ပေးဖို့လည်း ဒီနေ့ စိတ်မပါဘူးနော်`` လို့ ဇနီးသည်က စိတ်ဆိုးမာန်ဆိုးနဲ့ ပြောလိုက်တယ်။
``ကိုယ် အဲဒါတွေ အားလုံး သိပါတယ်ကွာ``
``ဒါဖြင့် … ဘာကိစ္စ ရှင်က ခေါ်လာရသေးတာတုံး``
``အဲဒီသကောင့်သားက မိန်းမယူမယ် တကဲကဲလုပ်နေလို့ပါကွာ``

ဘယ်ရမလဲ

ဂျွန်နီကလေး ယနေ့ကျောင်းစတက်ရသည်။ အဖေဖြစ်သူက ဆရာမအား ``ကျွန်တော့်သားက အလောင်းအစားလုပ်တာ အရမ်းဝါသနာပါတယ်။ သူ့ကို သတိထားပါ`` ဟုပြောရာ ဆရာမက ``စိတ်မပူပါနဲ့၊ ကျွန်မငယ်ငယ်က သူ့ထက်တောင်ဆိုးသေးတယ်။ ကျွန်မ သူ့ကို ထိန်းနိုင်ပါတယ်`` ဟု

ဆေးနှင့် တွဲဖက် မစားသုံးသင့်သော အစာများ


စားလိုက်တဲ့ အစားအသောက်က ကိုယ်သောက်တဲ့ ဆေးပေါ်ကို နည်း ၃ မျိုးနှင့် သက်ရောက်နိုင်ပါတယ်။

1. အချို့အစားအသောက်က အစာလမ်းကြောင်းက ဆေးစုပ်ယူမှုကို ဟန့်တားပါတယ်။ ဒါကြောင့် ဆေးအာနိသင် လျော့တာ ဖြစ်နိုင်ပါတယ်။

2. အချို့အစားအသောက်က ဆေးကို ကိုယ်ခန္ဓာက ချေဖျက်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် ပုံမှန်အတိုင်း ဆေးသောက်ပေမဲ့ ဆေးအာနိသင် ပိုများတာမျိုး ဖြစ်နိုင်ပါတယ်။

3. အချို့အစားအသောက်ကတော့ တခြားဆေးတစ်ခုခုရဲ့ အာနိသင်နဲ့ သွားတူနေတတ်ပါတယ်။

ဥပမာများ

1. Grape-fruit juice increase amount of drugs your body absorbed

Grape fruit juice က ဆေးတွေကို ကိုယ်ခန္ဓာက ချေဖျက်တာကို နှောင့်ယှက်ပါတယ်။ Cholesterol ကျဖို့ သောက်တဲ့ဆေး၊ နှလုံးရောဂါအတွက်ဆေး၊ immune system နဲ့ဆိုင်တဲ့ဆေးတွေကို ခန္ဓာကိုယ်က ပုံမှန်ချေဖျက်တာကို နှောင့်ယှက်ပါတယ်။ ဒါကြောင့် juice သောက်တဲ့ ပမာဏကို မူတည်ပြီး ပုံမှန် ဆေးသောက်ပေမဲ့ ဆေးအာနိသင် နဂိုရှိသင့်တဲ့ ပမာဏထက် 2-3 ဆ ထိတောင် သွေးထဲမှာ ပိုများနေတတ်ပါတယ်။ ဆေးပမာဏများလေလေ ဆေးရဲ့ ကောင်းတဲ့အာနိသင်ထက် ဆိုးကျိုးအာနိသင်က ပိုများဖို့ များနေပါတယ်။ ဒါကြောင့် Grape fruit juice နဲ့ ဆေး တွဲမသောက်သင့်ပါ။

2. Acidic Juices should not be taken together with certain Antibiotics

Orange juice, Tomato juice စတဲ့ Citrus juices အမျိုးအစားတွေကတော့ antibiotics လို့ခေါ်တဲ့

သံဓာတ် သို့မဟုတ် ခွန်အားတိုးစေသော သတ္တုဓာတ်


ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ သံဓာတ် မရှိရင် ခန္ဓာကိုယ် အတွက် အရေးကြီးဆုံးလို အပ်တဲ့ ပရိုတင်းတစ်မျိုး ဟီမိုဂလို ဘင်လည်း ရှိမှာ မဟုတ်ပါဘူး။သွေးနီဥတွေဟာ သွေးကို အနီရောင်ဖြစ်ပေါ်စေသလို ဟီမိုဂလို ဘင် ဟာ သွေးနီဥတွေကို အနီရောင်ဖြစ်စေပါတယ်။ ဟီမိုဂလိုဘင်ရဲ့အလုပ်ဟာ အဆုတ်ထဲမှ အောက်ဆီဂျင်တွေကို သယ်ဆောင်ပြီး ခန္ဓာကိုယ် တစ်ခု လုံးသို့ ပို့ပေးပါတယ်။ သံဓာတ်ချို့တဲ့မယ်ဆိုရင် ဟီမိုဂလိုဘင် လည်းလျော့နည်းသွားပြီး ဦးနှောက်နဲ့ ကြွက်သားတွေကိုရောက် ရှိလာ မယ့်အောက်ဆီဂျင် လည်း လျော့နည်းသွားပါတယ်။ဒါကြောင့် ခေါင်းကိုက်တာ၊ မောပန်းတာ၊ အသက်ရှူ မဝတာတွေဖြစ်တတ်ပါတယ်။

သံဓာတ်ကို ဘယ်သူတွေ လိုအပ်ပါသလဲ

အမျိုးသားတွေအနေနဲ့ သူတို့ရဲ့ခန္ဓာကိုယ်အတွင်းမှာ သံဓာတ်တွေကို ပြည့်ပြည့်ဝ၀ သိုလှောင်ထားနိုင်ပေမယ့် အမျိုးသမီးတွေမှာမူ သံဓာတ်ချို့ တဲ့နေတတ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ သံဓာတ်ပမာဏကို သာမန်ထက် များစွာလိုအပ် ပါတယ်။ပုံမှန်ဓမ္မတာ လာတဲ့ အမျိုးသမီး တစ်ယောက်ဟာ အမျိုးသားတစ်ယောက်ထက် သံဓာတ်ပမာဏ နှစ်ဆ ပိုမိုလိုအပ်ပါတယ်။ သက်သတ်လွတ်စားသူ၊ ကလေးငယ်နဲ့ ကိုယ်အလေးချိန်လျှော့ဖို့ အစာလျှော့စားသူတွေဟာ သံဓာတ်လုံလုံလောက်လောက် ရရှိဖို့ ခက်ခဲပါတယ်။

သံဓာတ်နှင့် စာသင်ကြားမှုပြဿနာ

ကြီးထွားနေတဲ့ကလေးငယ်တွေရဲ့ အာရုံစူးစိုက်မှုနဲ့ သံဓာတ်ချို့တဲ့တာဟာ ဆက်စပ်မှု ရှိပါတယ်လို့ Kansas ဆေးတက္ကသိုလ်သွေး ဌာနအကြီး အကဲဖြစ်သူ ဒေါက်တာဂျိမ်းစ်က ပြောပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါအကြောင်း သိကောင်းစရာ။

(၁) သင့်ရဲ့နှလုံးဟာ အံ့သြဖွယ် စွမ်းအားရုံ Power house တစ်ခု ဖြစ်ပါတယ်။ တစ်မိနစ်မှာ သွေးပမာဏ (၅)ဂါလန်၊ (၆)ဂါလန်ခန့်ကို ခန္ဓာကိုယ်တစ်ခုလုံးသို့ ညှစ်ထုတ်ပေးနေပါတယ်။



(၂) သွေးကြောနံရံများမှာ ကော်လက်စထရော၊ အဆီဓာတ်တွေ၊ ထုံးဓာတ် (Calcium) တွေစုပုံပြီး အဖတ်တွေ ဖြစ်လာရင် နှလုံးသွေးကြောကျဉ်းရောဂါ စဖြစ်လာတော့တာပါပဲ။

Wednesday 20 June 2012

ဟာသအပိုင်း(၅)


(၈၁) သိပ်ချစ်လွန်းလို့
ညည်းယောင်္ကျားက ညည်းကိုတော်တော်ချစ်ရဲ့ လား။
တော်တော်ကို ချစ်တာအေ့။ ဘယ်လောက်ချစ်သလဲ ဆိုရင် ကိုယ်နဲ့ခွဲရမှာကြောက်လို့ အလုပ်တောင်မဆင်းနိုင်အောင် ဖြစ်တာ အခုထိ သူ့မှာ အလုပ်မရှိဘူးလေ။
...............................
(၈၂) အားမနာနဲ့နော်
ဘာကိစ္စရှိလို့ပါလဲရှင်။
ကျွန်တော်ခင်ဗျား ယောင်္ကျားနဲ့ တွေ့ချင်လို့ပါ။
ဒီမနက်ပဲ သူခရီးထွက်သွားတာ ၁၀ ရက်လောက်ကြာမှပြန်ရောက်လိမ့်မယ်။
ကိစ္စမရှိပါဘူး။ ဘယ်လောက်ကြာကြာစောင့်ပါမယ်။ ဒီအိမ်မှာ ခင်ဗျားနဲ့ နှစ်ယောက် တည်းနေရမှာဆိုပေမယ့် ကျွန်တော့်ကိုအားမနာပါနဲ့။ နေတတ်သလိုနေပါ။
..............................
(၈၃)မအောင့်စေဖို့
ဆရာဝန်- မနေ့က ဆေးထိုးပေးလိုက်တာ ရောဂါ အခြေအနေဘယ်လိုနေသေးလဲ။
လူနာ- သက်သာတယ်ဆရာ။ အသက်ရှူရင် နည်းနည်းအောင့်တာတော့ ကျန်သေးတယ်။
ဆရာဝန်- ကိစ္စမရှိပါဘူး။ အသက်မရှူအောင် အခုလုပ်ပေးလိုက်မယ်။ ဒါမှမအောင့်မှာ။
............................
(၈၄)ဒါမို့ကြောက်တာပါ

ကြားဖူးနားဝရယ်စရာများ


ဟိုစဉ်အခါက ရှမ်းဘုန်းကြီးတစ်ပါး ကျေးတောရွာတစ်ရွာသို့ ကြွလာတဲ့အခါ ဒီရွာနေလူတွေ စကားပြောကြပုံကို သုံးနှုန်းကြပုံကို အသေအချာလေ့လာမိတယ်။ ဒီမှာဒကာကြီး ချောင်းရိုးရဲ့ဟိုဘက် ကမ်းစပ်ကသောင်ပြင် ဘယ့်နှယ်ခေါ်သလဲ ဒကာ။ မှန်ပါဘုရား….ချောင်းရိုးရဲ့ဟိုဘက် ကမ်းစပ်ကသောင်ပြင် လတာပြင်ခေါ်ပါ့ ဘုရား။ ဒီမယ် ဒကာ ချောင်းရိုးဟိုဘက်ကမ်းမှာ အပင်တွေ အများကြီးစုလို့ပေါက်နေ….ဘယ်လိုခေါ်လဲကွဲ့။ မှန်ပါ ဘုရား အဲဒါ လမုတောပါ…တကယ်ပဲ အများကြီးပေါက်လို့နေပါတယ် ဘုရား။ ထိုစဉ်အခါ ချောင်းရိုးမှာ ခွေးသေကောင် မျောလို့ပါလာတယ်။ ဟောဟို ခွေးသေကောင်ပေါ်က အသားစားတဲ့ငှက်ကြီး ဘယ့်နှယ်ခေါ်သလဲ ဒကာ။ မှန်ပါ့ဘုရား…ခွေးသေကောင်ပေါ်က အသားစားတဲ့ငှက်ကြီး လဒ ကြီးပါ ဘုရား။ ထိုအခါ ဘုန်းဘုန်းက ဒီလိုတွေးမိတယ် `ဒီရွာနေလူတွေ စကားပြောကြရင် `လ` ဆိုတဲ့ အက္ခရာရှေ့ထားကာ တကယ်ပဲ သုံးနှုန်းတတ်ကြတယ်`… ထိုစဉ်အခါ ဘုန်းဘုန်းမှာ ဆွမ်းစားချိန်နီလို့လာပီပေါ့။ ဆွမ်းစားချန်တန်တော့ ဘုန်းဘုန်းက ဒကာတွေကို ဒီလိုမိန့်လိုက်ပါတယ်….´ဒီမှာ လဒကာ လမွန်းတည့်တော့မယ် လကွာ… လဆွမ်းကပ်တော့လေ လကွာ…လဒကာကြီးရာ´

vvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvv

ရွာတရွာက လူတတ်ကြီးလုပ်တဲ့ လူတစ်ယောက်က မြို့ကိုရောက်တော့၊ ဖုန်းဆက်သတဲ့။

မြန်မာဟာသကာတွန်းများ(၂)

ဟာသကာတွန်း ပုံလေးများ


ရယ်ရွှင်ဖွယ်ရာ...[*အင်တာနက်ပေါ်က ရယ်မောစရာလေးတွေပါ ]


http://api.ning.com/files/lvPpF*vbrnbXmvdOWaUwm0z*A8wJ8XLLvbvas9Db04mlti86wKkrR-vrNmeq70ETWu-ZusAYhdanBs7AXlnb1Q__/292615_394506320593877_1279517184_n.jpg?width=750

စကပ်တိုတိုဝတ်ထားတဲ့ ကောင်မလေးတစ်ယောက် အဝတ်လျှော်ဆိုင်မှာ အဝတ်သွားလျှော်တယ်။ အဝတ်လျှော်ဆိုင်
ကသူဌေး သူ့စကပ်ကိုပဲ လိုက်ငေးကြည့်နေလို့ ကောင်မလေးဟာ စိတ်တိုတိုနဲ့ ဘာကြည့်တာလဲလို့ မေးလိုက်တယ်။
သူဌေးက နားမလည်ဟန်နဲ့ ပြောလိုက်ပါတယ်။

"နင့်စကပ်က ငါတို့ဆိုင်မှာလျှော်ရင်း ကျုံ့သွားတာတော့မဟုတ်ပါဘူးနော်"...........

[ 2 ] လူတစ်ယောက်ဟာ ဆိုင်ကယ်စီးရင် လေတိုးသက်သာအောင်ဆိုပြီး အနွေးထည်ကို နောက်ပြန်ဝတ်တတ်သတဲ့။
တစ်နေ့တော့ အရက်မူးပြီး သူဆိုင်ကယ်မှောက်တယ်။ ဆိုင်ကယ်မှောက်တဲ့နေရာကို

ဝမ်းပျက်ဝမ်းလျှော ရောဂါအတွက် ဆေးဖက်ဝင်အပင်များ


ဝမ်းပျက်ဝမ်းလျှောရောဂါသည် ဝမ်းအရည်များသွားနေခြင်းကိုဆိုလိုပြီး၊ ရောဂါပိုးများကြောင့်အဖြစ်များသည်။

ဝမ်းပျက်ဝမ်းလျှော ရောဂါသည် ကလေး၊ လူကြီးမရွေးတွင်ဖြစ်နိုင်ပြီး၊ အသက်၅နှစ်အောက်ကလေးများ တွင်

ပို၍ဖြစ်လေ့ရှိပါသည်။ 



ဝမ်းပျက်ဝမ်းလျှော ရောဂါကိုဆေးဖက်ဝင်အပင်များနှင့်ကုသရာတွင်ဝမ်းပျက်ဝမ်းလျှောခြားကြောင့် ဆုံးရှုံးသွားသော

ရေနှင့် ဓာတ် အဆားများကို ပြန်လည်ဖြည့် ဆည်းပေးခြင်းနှင့်ပိုးများအပေါ်ထိရောက်သော ဆေးပင်များနှင့်

ဟာသပဒေသာ အပိုင်း(၁)


ကုမ္မဏီတစ်ခုတွင် မန်နေဂျာက ရုံးစာရေးမလေးအားသူမလုပ်ထားသော စာရင်းနှင့် ပတ်သက်ပြီးဆူလေသည်။
မန်နေဂျာ ။ ။ မင်းလုပ်ထားတဲ့စာရင်းတွေမှားနေတာတွေ့လား
စာရေးမ ။ ။ ဟုတ်ကဲ့ပါဆရာ။ ဆရာက အဲစာရင်းတွေကိုင်ထားတော့ ကျွန်မကဘယ်လိုလုပ်မြင်ရမှာလဲဆရာရယ်။
ဦးဇင်းတစ်ပါးသည်ရင်းနှီးသော ဒကာတစ်ယောက်အိမ်သို့ဆွမ်းခံကြွလေသည်။
ဦးဇင်း ။ ။ ဒကာကြီးနေကောင်းရဲ့လား
ဒကာ ။ ။ တင်ပါ့ဘုရား
ဦးဇင်း ။ ။ ဒကာ့မိန်းမကော
ဒကာ ။ ။ နေကောင်းပါတယ်ဘုရား
ဦးဇင်း ။ ။ဒကာ့သမီးလေးကောကွဲ့
ထိုအချိန်တွင်ဒကာမှာဒေါသသံဖြင့်
ဒကာ ။ ။လင်နောက်လိုက်သွားပါပြီဘုရား ။
ကလေးသုံးယောက်သူတို့အမေများအကြောင်းပြောနေကြသည်။
ပီတာ ။ ။ငါ့အမေကငါ့ကို သိပ်ချစ်တာကွ။ မျက်စိအောက်ကကိုအပျောက်မခံဘူး။
မေရီကလည်းအားကျမခံ
မေရီ ။ ။ ငါ့အမေက ငါ့ကိုအချစ်ဆုံးဟ နင်တို့ထက်တောင်ချစ်သေးတယ်။
ထိုအချိန်တွင် ဂျိုးဇက်မှာဘာမှဝင်မပြောပေ။ မေရီနှင့် ပီတာက သူ့အားမေးလိုက်လေ သည် ဂျိုးဇက်

ဟာသ


(၁)ကထိကရဲ့ အဓိပ္ပါယ်က ဘာလဲ? ... .... .....
ကထိကဆိုတာ အခြားလူတွေအိပ်နေတဲ့အချိန်မှာ အလိုက်ကမ်းဆိုးမသိ ပြောချင်ရာတွေ ပြောတတ်တဲ့အကျင့်ဆိုးရှိတဲ့ လူတစ်ယောက် ဖြစ်ပါသည်။

(၂)
စာမေးပွဲဆိုတာ ချစ်သူမိန်းကလေးလိုပါပဲ။
မေးခွန်းတွေအများကြီးမေးတယ်။ နားလည်ဖို့ ခက်ခဲတယ်။ အများကြီး ရှင်းလင်းဖြေဆိုရတယ်။ နောက်ဆုံးရလဒ်ကတော့ အမြဲတမ်း ကျရှုံးမှုပဲ။

(၃)
တက္ကသိုလ်ကောလိပ် ဥပဒေသ (၃)ချက်
၁။ စာသင်ခန်းများအတွင်း၌ ဆူညံမှုမပြုရ၊ တိတ်ဆိတ်ငြိမ်သက်စွာ နေရမည်။ အဘယ်ကြောင့်ဆိုသော် အခြားသူများ အိပ်မောကျနေသောကြောင့် ဖြစ်သည်။
၂။ စာသင်ခန်းလာရာတွင် သင်တို့၏ လွယ်အိတ်များကို မမေ့မလျော့ ယူဆောင်လာရမည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကို ခေါင်းအုံးအဖြစ် အသုံးပြုနိုင်သောကြောင့် ဖြစ်သည်။
၃။ ကျောင်းပုရိဝုဏ်ကို သန့်ရှင်းအောင် လုပ်ဆောင်ရမည်။ ထို့ကြောင့် ညစ်ပတ်အောင် အရင်လုပ်ရမည်။

(၄)
မေး - သူလျှိုတစ်ယောက်ရဲ့သား စာမေးပွဲကျလာတဲ့အခါ သူ့အဖေကို ဘာပြောမယ်ထင်သလဲ?
ဖြေ - အဖေ၊ သူတို့တွေ ကျွန်တော့်ကို (၃)နာရီလုံး မေးခွန်းတွေ မေးကြတယ်၊ ဒါပေမယ့် ကျွန်တော် သူတို့ကို ဘာတစ်ခွန်းမှ ပြန်မပြောဘဲ နေနိုင်ခဲ့တယ်။

(၅)
ကျွမ်းကျင်ထက်မြက်တဲ့ ပရော်ဖက်ရှင်နယ်ကောင်းတစ်ယောက် ဖြစ်ဖို့အတွက် ကျောင်းစာတွေကို

သူငယ်ချင်းတို့အတွက်ဆော့ဝဲလ်တွေရဲ့ကီးလေးတွေပါ


* ACDSee 4 O-Power pack suite .......708-801- 298-633-437- 541
* Adobe Acrobat 6.0 professional' s)...1118- 1911-4821- 7104-6966- 4189
* Adobe Acrobat 6.0 profesional( 5cd).1118- 1358-8576- 4538-6053- 6920
* Adobe Acrobat 6.0 professional. .....1118- 1827-3832- 9514-8390- 2863
* Adobe Acrobat 6.0 professional. .....1118- 1116-2299- 4729-9672- 0317
* Adobe Acrobat 6.0 professional. .....1118- 1434-0839- 7048-0604- 8104
* Adobe Acrobat 6.0 professionals. .....1118- 1094-5318- 4976-5520- 0966
* Adobe Acrobat 6.0 professional. .....1118- 1048-3029- 1402-5780- 8390
* Adobe Acrobat 5.0 ............ .....KWW500R7150 122-128
* Adobe Acrobat 5.0 unl. ............ KWW500U6814339- 105
* Adobe Acrobat Capture 3.0 .........WJW300R122 9020-850
* Adobe Audition 1.0 ............ ....1135- 1819-7359- 2042-7491- 0497
* Adobe After Effects 6.0 ...........1063- 1253-5173- 5245-2713- 1998
* Adobe After Effects 5.5 ...........EWW470R1 001999-030- 259
* Adobe After Effects 5.0 unl. ......EWW500U291775 8-331
* Adobe Creative Suite (2cd)....... ..1131-1028- 1537-2956- 7072-0359
* Adobe Creative Suite Premium (5cd).1131-1126- 1139-6167- 4149-2097
* Adobe Encore DVD 1.0 ............ ..11191840807128 9050282344

ဦးနှောက်ကိုပျက်စီးစေသော အကြောင်း(၁၀)ချက်


၁) စကားနည်းခြင်း
အသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့ စွမ်းရည်ကို တိုးတက်စေပါတယ်။

၂) စိတ်ဝင်စားတက်ကြွစွာ စဉ်းစားတွေးခေါ်မှုမရှိခြင်း
စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဦးနှောက်ကို တက်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှုတွေ လုပ်မပေးရင် ဦးနှောက်ကို ကျုံ့စေပါတယ်။

၃) ကျန်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း
ကျန်းမာရေးမကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ်ပြင်းထန်စွာလုပ်တာမျိုး၊ စာကျက် စာဖတ်တာမျိုးတွေဟာ ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်မှုတွေကို လျော့ကျစေသလို ဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။

၎) အိပ်ချိန်မှာ ခေါင်းကို ဖုံးအုပ်ထားခြင်း
ခေါင်းကိုဖုံးအုပ်ပြီး (ခေါင်းမြီးခြုံပြီး) အိပ်ခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုစည်းမှုကို တိုးလာစေပြီးေ

ဟာသလေးများ


အတုခိုးသူ

ပီတာလေးသည် ၄င်း၏အစ်ကိုအကြီးဆုံး လုပ်သည့်အတိုင်း အတုခိုးလုပ်လေ့ရှိသည်။ တစ်နေ့ အခန်းထဲ ထိုင်နေရင်း တစ်ဖက်အခန်းမှ အစ်ကိုကြီးအသံကို ကြားရသည်။ အစ်ကိုကြီးက ၄င်း၏သူငယ်ချင်းကို ပြောပြနေခြင်း ဖြစ်သည်။

"ငါ ကောင်မလေးကို မော်တော်ဆိုင်ကယ်ပေါ် တင်လိုက်ပြီး တောဘက်ကိုမောင်းသွားတယ်။ တောထဲ ရောက်တော့ သူ့ကိုနမ်းမယ် လုပ်တယ်။ "ဟင့်အင်း၊ ဟင့်အင်း" လို့ပြောပြီး ကောင်မလေး နောက်ကိုဆုတ်သွားတယ်။ ငါ မော်တော်ဆိုင်ကယ်ပေါ် တက်ထိုင်လိုက်ပြီး စက်ကိုနှိုးတယ်။ "ကောင်းပြီလေ၊ ဒါလေးတောင်မှ ခွင့်မပြုဘူးဆိုရင်တော့ ကိုယ့်ဘာသာကိုယ် လမ်းလျှောက်ပြီးပြန်ပေတော့" လို့ပြောပြီး ငါ မောင်းထွက်သွားတယ်"

နောက်တစ်နေ့တွင် ပီတာလေး စက်ဘီးစီးနေရင် အိမ်နီးချင်း နာတာရှာလေးကို တွေ့သည်။ စက်ဘီး နောက်ခုံပေါ် နာတာရှာလေးကို တင်ပြီး ပီတာလေး တောထဲဘက်နင်းသည်။ ရောက်သောအခါ ပီတာလေး ကောင်းမလေးကို မေးသည်။
" နာတာရှာ၊ ငါ နင့်ကို နမ်းချင်တယ်။ ရမလား"
" နမ်းလေ"
" အမ်—-ဒီလိုဆိုရင် ရော့ စက်ဘီးကိုယူသွား။ ငါ လမ်းလျှောက်ပြန်မယ်"

ဂျီတော့သူ . . .

ကိုယ်ရဲ့ ချစ်သဝဏ်လွှာ တိုင်းကို သူမက spam mail လို့ ယူဆထားပုံ ရတယ်၊ ဘယ်တော့မှ

တွေးတွေးပြီးရယ်


(၁)
တစ်ခါက ခရီးသွားတစ်ဦးဟာ လူသားစားတိုင်းပြည်ရဲ့ စားသောက်ဆိုင်ထဲ ရောက်သွားခဲ့တယ်။ စားသောက်ဆိုင်ရဲ့ ကြော်ငြာဆိုင်းပုဒ်မှာ ဟင်းအမည်နဲ့ဈေးနှုန်းတွေ ရေးကပ်ထားတာကို သူတွေ့လိုက်တယ်။

ဖာသာအသား = ၃ ဒေါ်လာ
မုဆိုးအသား = ၄ ဒေါ်လာ
သူဌေးအသား = ၅ ဒေါ်လာ
နိုင်ငံအကြီးအကဲအသား = ၂၅ ဒေါ်လာ

နိုင်ငံအကြီးအကဲအသားက တခြားအသားတွေထက် ဈေးကြီးနေလို့ ခရီးသွားက သိချင်စိတ်နဲ့ ဆိုင်ရှင်ကို မေးလိုက်ပါတယ်။

"နိုင်ငံအကြီးအကဲအသားက တခြားအသားထက် ဆေးကျောရတာ လက်ဝင်တာကြောင့် ပိုဈေးကြီးရတာပါ" ဆိုင်ရှင်က ပြန်ဖြေပါတယ်။

(၂)
ဖခင်တစ်ဦးဟာ သားကြီးလာရင် ဘာဖြစ်နိုင်မလဲဆိုတဲ့ စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့တယ်။ စမ်းသပ်မှုမှာ ဖခင်က စားပွဲခုံပေါ် ပစ္စည်း(၃)မျိုးတင်လိုက်တယ်။

၁ဝတန်ဒေါ်လာတစ်ရွက်---- ဘဏ်လုပ်ငန်းရှင် ကိုယ်စားပြုပါတယ်။
ကျမ်းစာတစ်အုပ် -------- ဘာသာရေးအကြီးအကဲ ကိုယ်စားပြုပါတယ်။

တက္ကသိုလ်ကျောင်းသားများသိစေရန်~~~~(ဟာသ)


၁။ ကျောင်းသားများသည် ကျောင်းသို့လာပါက မိမိတို့ကျောင်းသားကဒ်များကို ချိတ်ဆွဲလာရမည်။ သို့မှသာ အခန်းတွင်းပေတံမရှိပါက ကျောင်းသားကဒ်နှင့် တားနိုင်မည်။
၂။ ကျောင်းသားများ ကျောင်းချိန်အတွင်း အခန်းပြင်ပ ထွက်ခြင်းမှ တားမြစ်သည်။ သို့မှသာ အခန်းထဲမှ ကောင်မလေးများအား ငမ်းနိုင်မည်။
၃။ ကျောင်းသားများ ကျောင်းသို့ လွယ်အိပ်မပါပဲမလာရ။ သို့မှသာ မိမိတို့လွယ်အိပ်များကို ခေါင်းအုံးအဖြစ်အသုံးပြုပြီး အိပ်နိုင်မည်။
၎။ ကျောင်းသားများ Calculator ကို မမေ့မလျော့ ယူဆောင်လာရမည်။ သို့မှသာ အခန်းတွင်း Calculator ဖြင့် (random) ဖဲရိုက်နိုင်မည်။
၅။ မိမိတို့ကျောင်းပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားရမည်။ ထို့ကြောင့်ညစ်ပတ်အောင်အရင်လုပ်ရမည်။
၆။ ဆရာများ စာသင်ချိန်တွင် အိပ်ငိုက်ခြင်းမပြုရ။ အိပ်ချင်က တစ်ခါထဲမှောက်အိပ်နိုင်သည်။
၇။ ကျောင်းအတွင်းဆေးလိပ်သောက် ကွမ်းစားခြင်းမပြုရ။ မမြင်ကွယ်ရာတွင်သာလုပ်ဆောင်ရန်။
၈။ စာမေးပွဲဖြေဆိုချိန်တွင် ခိုးချခြင်းမပြုရ။ ဘေးလူထံမှသာ လျှင်ရင် လျှင်သလို ကူးချနိုင်သည်။
၉။ ကျောင်းရှိ ဆရာမများအား စနောက်ခြင်းမပြုရ။ မှတ်ချက်... ဆရာမတွင်လည်း အသည်းနှင့်ဖြစ်သည်။
၁၀။ ကျောင်းသားများ ၇၅ % မပြည့်ပါက စာမေးပွဲဖြေဆိုခွင့်မပြု။ ထို့ကြောင့် ကျောင်းခေါ်ချိန် ပြည့်အောင်တက်ရမည်။ မပြည့်ပါက ကော်ရရှင်ဖြင့် Roll Call ပြင်ခြင်း၊ ဆရာမ များထံမှတောင်းခြင်း၊ အခန်းတွင်းသူငယ်ချင်းများမှ အော်ပေးချင်းတို့ ပြုနိုင်သည်။
၁၁။ ကျောင်းသားများစာသင်ခန်းအတွင်းမုန့်စားခြင်း လုံးဝ (လုံးဝ) ခွင့်မပြု။ ဆရာများလည်း ဗိုက်ဆာ တတ်သည်။
၁၂။ ကျောင်းသားအချင်းချင်းခိုက်ရန်ြ ဖစ်ပွားခြင်းမပြုရ။ ပြင်းထန်စွာ သတိပေးခြင်းခံရမည်။ မရလျှင် လက်ဝှေ့စင်ထောင်ကာ ထိုးခိုင်းမည်။ အနိုင်ရသူကို ထိုက်တန်စွာချီးမြှင့်မည်။
၁၃။ ကျောင်းသားများအပြစ်လုပ်ရာတွင် လက်မှတ်ထိုးခိုင်းခြင်းကို ဗွေမယူလို။ ကျောင်းအုပ်ကြီးမှာ လက်မှတ်စုဆောင်းတတ်သော ၀ါသနာရှိသည်။
၁၄။ စာမေးပွဲကျသော ကျောင်းသားများ စိတ်ဓါတ်ကျစရာမလိုပါ။ နောက်တက်လာသော ကျောင်းသားများသည် မိမိတို့အား နှစ်ကြီးသမားများ ဖြစ်သောကြောင့် " ရှိန် " ကြသည်။
၁၅။ စုံတွဲများ ကျောင်းလာပါက လူမြင်မတော်သော အပြုအမူများမပြုရ။ အခန်းတွင်းရောက်မှသာ ကြိုက်သလိုနေနိုင်သည်။
၁၆။ ကျောင်းသားများ ရှေးဦးသူနာပြုစုနည်းကို ကျွမ်းကျင်အောင် လေ့လာသင်ယူထားရမည်။ သို့မှသာ ကျောင်းပြိုပါက တစ်ဦးကို တစ်ဦး ရိုင်းပင်းကူညီနိုင်မည်။
၁၇။ ယနေ့ခေတ်ကျောင်းသားများသည် သချာင်္အားနည်းနေကြသည်။ ထို့ကြောင့် အချိန်ပိုအဖြစ် အဆောင် တွင် ညစဉ်ဖဲရိုက်ရမည်။

Sunday 17 June 2012

Nokia ဖုန်းတွေ မှာ မြန်မာဖောင့်နဲ့ မြန်မာလိုပေါ်အောင်လုပ်နည်း.......




မြန်မာဖောင့်သွင်းဖို့ အတွက် Font Zoomer ဆိုတဲ့ software လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ။

Nokia C7 မှာတင်မကပါဘူး ။ တခြား Nokia smart phone တွေဖြစ်တဲ့

Nokia 5230, 5233, 5235, 5530, 5800, X6, C5, N97mini, N97 တို့မှာလည်း

နှလုံးကျန်းမာရေး ကောင်းမွန်စေမည့် အလေ့အထ(၁၀)မျိုး


နှလုံး ကျန်းမာရေး ကောင်းမွန် စေမည့် အလေ့ အထ ၁၀ မျိုး
လေ့လာမှု တွေအရ နှလုံး ကို ကျန်း မာဖွံ့ ဖြိုးစေမယ့် အကြောင်း အချက် လေး
တွေကို ဖော်ပြ ပေး လိုက်ပါတယ်။
၁။ အနီရောင် စားပါ
စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ ဖရဲ သီး၊ ခရင်မ်ဘယ်ရီ၊ သလဲသီး၊ ခရမ်းချဉ် သီး၊
အနီရောင်ငရုတ်ကောင်းမှုန့်၊ ဝိုင်အ နီရောင်နဲ့ စပျစ်သီးအနီရောင်လိုအသီး
တွေမှာ လိုင်ကိုပင်း (Lycopene)တွေ ပါဝင်ပြီး သစ်သီးအရောင်ကိုရင့်စေတဲ့
ကရိုတီနွိုက်ဓာတ်တွေ ပါဝင်ပါတယ်။ ဒီ အစားအစာတွေထဲမှာ စွမ်းအင်ပြည့်
အင်တီအောက်ဆီးဒင့်တွေပါဝင်ပြီး ဆဲလ် တွေ ပျက်စီးမှုကို ကာကွယ်ပေးနိုင်ကာ
နှလုံးကျန်းမာရေးကိုလည်း တိုးတက် ကောင်းမွန်စေပါတယ်။ အင်တီအောက်
ဆီးဒင့်အပြင် ဗီတာမင်စီပါ ထပ်ဆောင်း ပါဝင်တာကြောင့် နှလုံးရောဂါသည်တွေ
အတွက် အကောင်းဆုံး အာဟာရပါလို့ လေ့လာသူတွေက ဆိုပါတယ်။
၂။ ဟင်းခတ်အမွှေးအကြိုင်သုံးပါ
ဟင်းကို ပိုပြီးအရသာတိုးစေတဲ့အ ပြင် ဟင်းခတ်အမွှေးအကြိုင်တွေဟာ
တခြားရောဂါတွေကို တိုက်ထုတ်ပေးနိုင် တဲ့ အာနိသင်ရှိပါတယ်။ ကမ္ဘာပေါ်မှာ

Friday 15 June 2012

ဟာသလေးများအပိုင်း(၂)

ဆက်သွယ်လိုလျှင်
‘‘ ခရစ်တိုဖာကိုလံဘတ်ရဲ့ နောက်မှာ (၁၄၅၁-၁၅၆၀) ဆိုပြီးရေးထားပါတယ်။ အဲဒီဂဏန်းတွေရဲ့အဓိပ္ပါယ်ကိုသိရဲ့လား။’’
‘‘ ကိုလံဘတ်ရဲ့ တယ်လီဖုန်းနံပါတ်ပါ ဆရာ။’’
မှန်တော့မှန်ပါရဲ့
‘‘ နာမ် ’’တစ်ခုကိုပြောပါ။ ‘‘ နွား ’’ ပါဆရာ။ ‘‘ မှန်တယ်၊ ကဲ…နောက်တစ်ယောက်ပြောပါဦး။’’
‘‘ နောက်ထပ်နွားတစ်ကောင်ပါခင်ဗျ။’’

စီအေတီ
‘‘ CAT ကတ်ရဲ့ အဓိပ္ပါယ်ကို သိရဲ့လား။’’ ‘‘ မသိဘူးခင်ဗျ။’’ ‘‘ မင်းအိမ်မှာကြွက်တွေကို ဘယ်သူဖမ်းတာလဲ။’’
‘‘ အမေထောင်ခြောက်ထောင်ပြီးဖမ်းပါတယ်။’’
အမေးနှင့် အမေး
‘‘ မင်းအမြဲ သင်္ဘောစီး ခရီးသွားနေပြီး ခုထိရေမကူးတတ်သေးဘူးလား။’ ‘‘ ခင်ဗျားရော အမြဲလေယာဉ်ပျံစီး ခရီးသွားနေပြီး ခုထိ မပျံတတ်သေးဘူးလား။’’

သတိပေးနေလို့
‘‘ မင်းကဘာလို့ ကျောင်းအမြဲ နောက်ကျနေရတာလဲ။’’ ‘‘ လမ်းထောင့် ရောက်တိုင်း သတိပေး

ဟာသလေးများအပိုင်း(၁)

အရက် ၏ဆိုးကျိုးများ
Chemistry ဆရာမက အရက် ၏ဆိုးကျိုးများကို လက်တွေ့ ပြသပီးဆုံးမရန် အကြံရသည်။ ထို့ကြောင့် ဆရာမက ရေ တစ်တစ်ခွက် ဝီစကီ ခွက် ကို အတန်းရှေ့တွင် ချထားလိုက်သည်။ ထို့နောက် ဆရာမက ပိုးကောင် ၂ ကောင် ကိုယူလာပီး တစ်ကောင်ကိုရေထဲထဲ့လိုက်သည်။
ပိုးကောင်လေးက ရေထဲတွင် ပျော်ရွှင်စွာကူးခတ်နေသည် ။
ဆရာမကနောက်ပိုးကောင် လေးကို ဝီစကီခွက်ထဲ ထဲ့လိုက်သည်။
ပိုးကောင်လေး ချက်ချင်းသေသွားသည်။ ထို့နောက်ဆရာမက ကျောင်းသားများကိုကြည့်ပီး..
“ကဲ.. ကလေးတို့ ဒါကိုကြည့်ခြင်းအားဖြင့် ဘာသင်ခန်းစာ ရသလဲ “
နောက်ဆုံးတန်းတွင်ထိုင်နေသော ကျောင်းသားတစ်ယောက်က ဝမ်:သာအားရထဖြေသည်။
“ဝီစကီကိုသောက်သုံးခြင်းဖြင့် ကျွန်တော်တို့ခန္ဓာ ကိုယ်ထဲကို ပိုးမွှား တွေ
မဝင်အောင် ကာကွယ်နိုင်ပါတယ် ဆရာမ..”

အထင်နဲ့အမြင်
” ကျွန်မသားလေး ရေနစ်တုန်းကဆယ်ပြီး အိမ်လာပို့ပေးတာ ရှင်မဟုတ်လား ” ” ဟုတ်ပါတယ် ၊ ဒီလိုပေါ့ဗျာ ၊ ကြုံကြိုက်လို့ကယ်တာပဲဟာ ၊ ကျေးဇူးတင်ကြောင်း တကူးတကလာပြောစရာ မလိုပါဘူး ”
” ကျေးဇူးတင်ကြောင်း လာပြောတာမဟုတ်ဘူးရှင့် ၊ သူ့လက်ကဟန်းချိန်းပါမလာလို့ ”
သိချင်လို့
” ဗျို့ အိမ်ရှင်တို့ ၊ တစ်ဆိတ်လောက်ခွေးကြည့်ပေးပါ ” ” မစိုးရိမ်ပါနဲ့ ရဲရဲသာလာခဲ့ပါ ” ” ခင်ဗျားခွေးက မကိုက်တတ်ဖူးလားဗျ ”
” ကျွန်တော်လည်း အဲဒါကိုသိချင်နေတာ ၊ ဒီကောင်ကအခုမနက်မှ ၀ယ်လာတာလေ ”
လိုချင်ရင်ပြောပါ
” ခင်ဗျားတို့ ထမင်းဆိုင်က ကြက်သားဟင်းပန်းကန်ကို ကြည့်ပါဦး ၊
အရိုးနဲ့အရေခွံချည်းပဲ ”
” ဘာလဲ ၊ အမွေးနဲ့ လိုချင်လို့လား ”

စနစ်တကျအသုံးပြုနည်း
” မနက်က၀ယ်သွားတဲ့ ယပ်တောင်က တစ်ခါနှစ်ခါပဲခတ်ရသေးတယ် စုတ်သွားပြီ ၊ ဘယ်လိုဖြစ်တာရတာလဲ ” ” အသုံးပြုပုံမှားလို့ဖြစ်ပါလိမ့်မယ် ၊ ကျွန်တော်တို့ရောင်းတဲ့
ယပ်တောင်ဟာ လက်နဲ့ငြိမ်ငြိမ်လေးကိုင်ထားပြီး ခပ်စေချင်တဲ့အရာဝတ္တုကို
ယပ်တောင်ရှေ့မှာ ဟိုဖက်ဒီဖက် ခပ်မြန်မြန်လှည့်ပေးရပါတယ်ခင်ဗျား ”
သမက်ရဲ့ မေတ္တာ
မိန်းမကယောကျာင်္းကိုမေးသည်။ ” မောင်ရေ မောင်ဝယ်လာတဲ့ အသက်၁၀၀ ပြည့်အောင်နေနည်း စာအုပ်ကို ကျမဘယ်လိုမှရှာမတွေ့ပါလား။ဘယ်မှာထားသလဲဟင်”
“ငါ လွှင့်ပစ်လိုက်တယ်”
“ဘာဖြစ်လို့လဲ”
“မင်း အမေ ဖတ်နေတာတွေ့လို့ဟေ့”

ဓာတ်ကြီး လေးပါး
‘‘ သဘာဝ လောကကြီး ကို တည်နေအောင် ပေါင်းစပ်ဖွဲ့စည်း ထားတဲ့ ဓာတ်ကြီး လေပါးကို ပြောစမ်း။’’ ‘‘ မြေ-လေ-မီး…ပြီးတော့…ပြီးတော့…’’
‘‘ မင်းလက်ကို သန်ရှင်းအောင် ဘာကိုသုံးရသလဲ။’’
‘‘ ဆပ်ပြာပါ ဆရာ ’’

Saturday 2 June 2012

How to Root LG Optimus Black P970

LG Optimus Black P970 can be now root easily that running Android 2.3.4 Gingerbread & Android 2.2 Froyo. After Rooting your Mobile you can install custom recovery, Custom ROM’s and many applications that needs a root access.
LG optimus black p970 photos How to Root LG Optimus Black P970

Disclaimer: We are not responsible for any damages that may happened using this method. If you met any problem, we will help you to solve it. And keep in mind rooting will void your product warranty.
Print Friendly and PDF