Friday 22 June 2012

ပျော်ရွှင် ရယ်မောနိုင်ကြပါစေ (ဟာသ)


မျက်နှာပျက်ရအောင် မလုပ်ပါနဲ့ 

အလွန်ရိုးလွန်း အလွန်းပြီး စိုးရိမ်လွန်ကဲတတ်သော စက်ချုပ်သမား မိန်းမကြီးထံသို့  အကျီင်္အပ်မိသည်။

“လိုက်ဖက်မဲ့ပုံစံမျိုးသာ ချုပ်ပေးပါဒေါ်ဒေါ်”

“ဒါတော့မဖြစ်နိုင်ပါဘူးကွယ် မင်းမိဘတွေနဲ့ အဒေါ်မျက်နှာမကြည့်ချင်လောက်အောင် ဖြစ်ရမဲ့အလုပ်မျိုးကို

လုံးဝမလုပ်ပါရစေနဲ့ ”






ဖြတ်ဖို့ခက်တဲ့အရာ

”ငါကအရက်ကိုကွမ်းနဲ့ဖြတ်ခဲ့တာ”


”အေး ကောင်းတယ်”

”ကွမ်းကိုတော့ ဆေးလိပ်နဲ့ဖြတ်တယ်”

”ဒါလည်းကောင်းတာပါပဲ”

”ဆေးလိပ်ကို ရည်းစားကဖြတ်ခိုင်းလို့  လုံးဝမသောက်တော့ဘူး”

”မင်းကိုအားကျလိုက်တာ သူငယ်ချင်းရာ”

”နေဦး။ ငါစကားမဆုံးသေးဘူး.....ရည်းစားကိုဘာနဲ့ဖြတ်ရမလဲဆိုတာ မင်းစဉ်းစားပေးစမ်း”







တွေးတဲ့အတိုင်း

တစ်ခါကသမီးဖြစ်သူသည် သူရည်ရွှယ်ထားသော အိမ်ထောင်ဖက်ကောင်လေးကို ဖခင်နှင့်ပေးတွေ့ရန် နေ့လည်ဘက်

အိမ်သို့ခေါ်လာသည်။ ထိုအခါ ဖခင်မှသမက်တော်ရမည့်သူကို အကံခတ်ရင်း မသင်္ကာသလိုရှိသဖြင့် -

”မောင်ရင် အရက်သောက်တတ်လား”

ဟာ...အန်ကယ်ကလည်း လနေမှအတူတူသောက်ကြတာပေါ့ ၊ လာရင်းကိစ္စလေးဖြစ်သွားအောင် ပြောပါရစေ” ဟု

ပြောလိုက်လေသည်။








ကြေငြာကောင်းလို့ 

တစ်ခါကဘုရားပွဲတွင်ဗေဒင်လက္ခာဆိုင်များရှိသည် အနက် ချောင်အကျဆုံးနေရာတွင်ရှိသော ဆိုင်ကလေး၏ကြော်ငြာ

ဆိုင်းဘုတ်မှာထူးခြားပေါ်လွင်ဆုံးပင် ဖြစ်နေသည်။ { အသင်ဒုက္ခတွေ ဗလပွေနှင့် ချွတ်ခြုံကျနေသောအခါ ဆရာလှရွှေ

နှင့် လာတွေ့ဖို့သတိရပါ }

နောက်တစ်ရက်နှစ်ရက်အကြာ ထိုဆိုင်ပိတ်ထားသည်ကိုမြင်ရသဖြင့် ..

”ဘာဖြစ်လို့ ဗေဒင်ခန်းပိတ်ထားတာလဲ”

ဆရာလှရွှေဆိုတဲ့သူကို ရိုက်ပြီး အကုန်လုံးချွတ်လုသွားလို့လေ”

”ဟင်”

သူရေးထားသည့် ကြော်ငြာလေးကို ပြေးသတိရမိ၏။








စာနဲ့လူနဲ့

”အဲ့ဒီလူကစာရေး ဆရာလေ”

”ဟုတ်လား ဘာတွေရေးတာလဲ”

လူကောင်းလူမွန်လေးတွေ ဖြစ်စေချင်စာအုပ်လေ အရမ်းကိုရောင်းကောင်းတာ နာမည်ကြီးပဲလေ”

အင်း ဒီလိုစာကောင်းပေကောင်းရေးတော့ လူငယ်တွေရဲ့အနာဂတ် ခိုင်မာတာပေါ့”

”စာကတော့ကောင်းပါတယ်၊ ဒါပေမဲ့ သူ့သားနှစ်ယောက်လုံးက ရပ်ကွက်မှာဆိုးသွမ်းပေတေနေလို့ ထောင်ထဲ

ပို့ထားရတယ်လေ”








ဂိတ်ဆုံး

လဘက်ရည်ဆိုင်သို့  တောသားကြီးတစ်ယောက် ဝင်လာခဲ့သည်။

”ဘယ်လိုသောက်မလဲ”

ပုဏ္ဏားလား၊ ချိုစိမ့်လား၊ ချိုကျလား၊ ပေါ့ကျလား၊ ကျောက်ပန်းတောင်းလား”

အခေါ်အဝေါ်တွေက နားရှုပ်ထွေးလာသဖြင့်..-

”ငါ့ကိုတောသားဆိုပြီး ဟိုမရောက် ဒီမရောက်မလုပ်နေနဲ့.....မိုင်ကုန်ဂိတ်ဆုံးကောင်းအောင် ဖျော်လာခဲ့”







အာဒမ်နဲ့ဧဝ

ဖခင်မှာမောကြီးပန်းကြီးနှင့် ရုံးကပြန်လာခိုက်ခြံထဲသို့အဝင် ဆူညံဆူညံဖြစ်နေသောကြောင့် ပြန်လှည့်လာခဲ့သည်။

သူ သားငယ်က တစ်ဖက်ခြံမှကောင်မလေးကို လက်သီးနှင့်ထိုးနေကြောင်းတွေ့ရသည်။

”ဘာကြောင့် ဒီလိုလုပ်တာလဲပြောစမ်း”

”သူညာလို့ပါ”

”ဟင်...ဘယ်လိုညာလဲ”

”ကျွန်တော်နဲ့သူ အာဒမ်နဲ့ဧဝလုပ်တမ်းကစားပါတယ်၊ အဲဒါ သူ့မှာပန်းသီးရှိတော့သားကိုတစ်ဝက်ကျွေးရမှာ မကျွေးပဲ

တစ်ယောက်ထဲစားပြစ်လိုက်လို့ ”









မျိုးရိုး

”ရှင့်ကိုကျွန်မဝေဖန်ရမယ်ဆိုရင် ရှင့်အပြောအဆိုအမူအရာတွေဟာ ယောင်္ကျားနဲ့တူပြီး ရှင့်အလုပ်အကိုင်အကျင့်စရိုက်

က မိန်းမနဲ့တူနေတယ်

အဲ့တာဘာကြောင့်လဲ”

”ဒါကမျိုးရိုးပေါ့ကွာ အဖေနဲ့အမေပေါင်းပြီးမှ ငါ့ကိုမွေးလာရတာမဟုတ်လား”








ပျောက်သွားတာက

ဖခင်နှင့်သားဆုံမိခိုက်....

”မင်းလက်ထဲကလက်စွပ် မမြင်ပါလား”

သားကအပြစ်ရှိသူလို မျက်နှာငယ်လေးဖြင့် - ”ပျောက်သွားလို့ပါ ဖေဖေ”

”ဘာပြောတယ် ပျောက်သွားလို့ဟုတ်လား လက်ထဲစွပ်ထားတဲ့ ပစ္စည်းပျောက်ရအောင် မင်းကအတော်ကို နမော်နမဲ့

နိုင်တဲ့ကောင်ပဲ”

”ကျွန်တော်ဒီလောက်ထိ အခြေနေမဆိုးပါဘူးဖေဖေ ပျောက်သွားတာက အပေါင်လက်မှတ်ပါ”








အသစ်ဖြစ်နိုင်တယ်

မော်တော်ကားတစ်စီး၏တံခါးကို ချစ်သူမိန်းကလေးအားဖွင့်ပေးနေသောသူကို အသင်တွေ့လျှင်

ထိုမော်တော်ကားသည် အသစ်ဖြစ်ရမည် (သို့မဟုတ်) ထိုမိန်းကလေးသည် အသစ်ဖြစ်လိမ့်မည်။








ကွာခြားချက်

”မင်းကအေးအေးဆေးဆေး မိန်းမရထားရက်နဲ့ ဘာကြောင့် ခပ်စွာစွာမိန်းမကို အခုထိစွဲလမ်းနေရတာလဲ”

”မင်းမသိပါဘူးကွာ စွာကျယ်မနဲ့ရရင် သူအော်ကိုယ်အော် သူချကိုယ်ချနဲ့ အိမ်ထောင်ရေးအရသာ ဘယ်လောက်ရှိမလဲ”

”အခုက အေးအေးလေးနဲ့ စိတ်ကောက်တတ်တော့ ချော့မရပြုမရ ထရိုက်ပြန်ရင်လည်း ငါ့အလွန်ဖြစ်အုန်းမယ်”

”ကောင်းကွာ”








ဘယ်သူခိုင်သလဲ

”လောင်းထားတဲ့အတိုင်းဆို ကိုယ်နိုင်ပြီ ကိုယ့်ယောင်္ကျားဆေးလိပ်လုံးဝပြတ်သွားပြီ သိရဲ့လား”

”ဟင်...ဟုတ်လား ဒါဆိုသူတော်တော်လေးစိတ်ခိုင်သွားပြီးပေါ့”

”အို.......သူနဲ့မဆိုင်ပါဘူး.....စိတ်ခိုင်တာက ငါ”








မပါနိုင်ဘူး

”ရေအကျိုးဆယ်ပါးဟာ မတောင်းဘဲပြည့်တယ်တဲ့”

”အကြွင်းမဲ့ပြောတာဆို မယုံနိုင်ဘူး”

”ဘာလို့လဲ”

”ဒီခတ်မှာ နွားနို့ကုလား၊ ကြက်သားသည် နဲ့ အရက်ရောင်းတဲ့လူတွေကို ချန်ပြီးပြောတာနေမှာပါ”








ငယ်ချင်ငယ်ပါစေ

တစ်ခါက တောသူငှေးလူပျိုကြီးအား မိန်းမရှာပေးသူတစ်ယောက် ရောက်လာသည်။

”ခင်ဗျားအတွက် ကျုပ်တွေ့ထားတယ် ဒါပေမဲ့ကောင်မလေးက အသက်ငယ်နေတော့”

”ခက်လိုက်တာဗျာ ငယ်တော့ဘာဖြစ်လဲ နိုးဘူးပဲတိုက်မွေးချင်မွေးရပါစေ”

”ဒီလောက်လဲမဟုတ်ပါဘူး သွားမရှိလို့အသက်မေးကြည့်တော့ ရှစ်ဆယ်သုံးနှစ်ရှိပြီတဲ့”

” ဟိုက် ”







ကလေးငါးယောက်

ကျွန်တော်နှင့် သူစကားပြောနေခိုက် မိန်မချောလေးတစ်ယောက် ဖြတ်သွားသဖြင့် သူ့မျက်စိမှာ ထိုမိန်းကလေးနောက်သို့

ဆွဲငင်ကပ်ပါသွားလောက်အောင် ဖြစ်သွား၏။

”အရမ်းလှတယ်ကွာ”

”ကလေးငါးယောက်နဲ့”

”မဖြစ်နိုင်တာကွာ သူပုံစံကအပျိုပါ”

”မင်းမှာကလေးငါးယောက်ရှိတာကိုပြောနေတာ ရှင်းပြီးလား”







မရှင်းပါနဲ့တော့

ရက်ကွပ်အစည်းအဝေးတွင် အတွင်းရေမှုးက

”ကျုပ်ပြောတဲ့ကိစ္စနဲ့ပတ်သက်လို့ ရှင်းပါတယ်နော်”

”ရှင်းပါတယ်”

”သဘောကျတယ်ဗျာ ကျုပ်ကရှင်းရှင်းပဲပြောတတ်တယ် ရှင်းရှင်းပြောမှ ချက်ချင်းသိတာ ရှင်းရှင်းလုပ်မှပြသာနာရှင်းတာ”

”ဆရာ ဆက်မပြောပါနဲ့တော့.....ရှင်းရှင်းတွေအချင်းချင်းငြိပြီး ရှုပ်ထွေးသွားနိုင်ပါတယ်”

ကော်မတီဝင်တစ်ယောက်က ထိုကဲ့သို့ထပြောလိုက်ရလေတော့သည်။


No comments:

Post a Comment

Print Friendly and PDF