Thursday 21 June 2012

ဟာသအပိုင်း(၃)


(၄၁)အမြန်ဆုံးလူသား
ငါ့အဖေက တော်တော်အပြေးသန်တယ်ကွ။ လိုင်းကားပေါ်က ပြုတ်ကျကျန်ခဲ့လို့ အမီပြေးလိုက်တာ ဂိတ်ကို သူကအရင်ရောက်နှင့် နေတယ်ကွ။
ဒါလေးများပျင်းတောင်ပျင်းသေးတယ်။ ငါ့ အဖေကမှ အမြန်ဆုံးစူပါကွ။ ဘယ်လောက် မြန်သလဲဆိုရင် သူ့ရုံးဆင်းချိန်က ၄ နာရီခွဲ။ အိမ်ကိုပြန်ရောက်တာက ၃ နာရီခွဲ။
.............................
(၄၂)အပြစ်ကိုယ်စီ
ရှင့်ယောင်္ကျားက ဘာဖြစ်လို့ ပစ်သွားရတာလဲ။
အိမ်မကပ်ဘဲ လည်လွန်းလို့တဲ့ ။ ရှင်ကျတော့ အိမ်ထဲကအိမ်ပြင်ထွက်တာတောင် မတွေ့ရဘဲ ဘာဖြစ်လို့ ယောကျာင်္းကပစ်သွားရတာလဲ။
အိမ်ထဲမှာ တစ်ချိန်လုံးဖဲရိုက်နေလို့။
.................
(၄၃)ဘာကြောင့်များဒုက္ခခံတာလဲ
ဟူး.. အခုလို တောင်အောက် ရှုခင်းတွေရဲ့ အလှအပကို မြင်လိုက်ရတော့လည်း တောင်ပေါ်တက်လို့ မောခဲ့ရတာတွေ ပြေပျောက်သွားတာပဲ။
တောင်အောက်က ရှုခင်းတွေ သာယာမှန်းသိရင် ဘာလို့ အပင်ပန်းခံပြီး တောင်ပေါ်တက်ရတာလဲ သူငယ်ချင်းရာ။
.....................
(၄၄)ဆိုလိုတာက ဒီလို- ဒီလို
ဈေးဝယ်သူ။ ။ ဗျို့ ဆရာကြီး၊ တရုတ်စုတ်ရှိလား။
ဆိုင်ရှင် ။ ။ ခီဗျား ဒီလို စော်ကားတာတော့ မီကောင်းဘူးထင်တယ်။

ဈေးဝယ်သူ။ ။ ဟာဗျာ။ ပေါက်ဖော်ကလည်း။ကျွန်တော်ပြောတာက တရုတ်ပြည်ဖြစ်စုတ်တံရှိလားလို့ မေးတာပါ။ ကျွန်တော်က ပန်းချီဆရာလေ။
...................
(၄၅)ဘာကြောက်စရာလဲ
မောင်ရယ်။ ဒေါက်တာက ပြောသွားတယ်။ မေမေ့ရဲ့ နှလုံးရောဂါအခြေအနေက စိုးရိမ်ရတယ်တဲ့ ။
သိပ်လည်းကြောက်လန့်ပြီးပူပင်မနေပါနဲ့ မိန်းမရာ။ ဆရာဝန်နဲ့ ဗေဒင်ဆရာဟာ တူတူပဲကွ။ ဘာမှမမြင်ရတဲ့ ဟာကို တစ်ဖက်သားကြောက်အောင် ပုံကြီးချဲ့ တတ်ကြတယ်။ ဒါမှသူတို့ကိုအထင်ကြီးမှာလေ။
.........................
(၄၆)ကယ်တော်မူပါ
ဘတ်စ်ကားကို တစ်နာရီမိုင်တစ်ရာနီးပါး မောင်းရင်းနဲ့ ဘာတွေသဘောကျပြီး အော်ကြီးဟစ်ကျယ်ရယ်နေတာလဲဗျ။
အော်....အခုလောက်ဆိုရင်စိတ်ရောဂါကုဆေးရုံက၀န်ထမ်းတွေ ကျုပ်လွတ်သွားမှန်းသိပြီး ဘယ်လောက်တောင် ပျာယာခတ်နေကြမယ်ဆို တာ တွေးမိလို့ပါဗျာ။
.................
(၄၇)မင်းကတော်သေးတယ်
ငါ့မိန်းမအကြောင်းတော့မပြောချင်ပါဘူးကွာ။ ငါအပြစ်တစ်ခုလုပ်မိတိုင်း သူ့ရဲ့ ပထမလင်ကောင်းတာတွေနဲ့ယှဉ်ပြီးပြောလို့ကို မပြီးတော့ဘူး။
မင်းကတော်သေးတာပေါ့။ ငါ့မိန်းမကျတော့ သူနောက်ယူမယ့်လင် ကောင်းကြောင်း တွေနဲ့ယှဉ်ပြီး ငါ့ကိုခြိမ်းခြောက်တော့တာပဲဟေ့။
..............
(၄၈)ကလေးအတွေး
အခုဆိုရင် မင်းအဖေရဲ့ အသက်ဘယ်လောက်ရှိပြီလဲ မောင်မောင်။
ဆယ်နှစ်ရှိပါပြီဆရာ။
ပြန်စဉ်းစားပါဦးလေ. မင်းတောင်မှ အသက်ဆယ်နှစ်ရှိနေပြီပဲဟာ။
ဟုတ်ပါတယ် ဆရာ။ သူကကျွန်တော့ကို မွေးပြီးမှ အဖေဖြစ်လာတာပါ. အရင်တုန်းက အဖေမှမဖြစ်သေးတာ။
....................
(၄၉)အကြောင်းသိမို့
ခင်ဗျားနဲ့ ကျွန်တော်နဲ့ သိကျွမ်းခင်မင်လာကြတာ ငါးနှစ်တောင်ကျော်လာပြီနော်။ကျွန်တော့ကို ငွေတစ်ရာလောက်ခဏချေးပါလား။
ဝမ်းနည်းပါတယ် ဗျာ။မချေးပါရစေနဲ့။
ဘာဖြစ်လို့လဲဗျ။ ငွေတစ်ရာလောက်တောင် မယုံကြည်ဘူးလား။
ခင်ဗျားနဲ့ကျွန်တော်သိတာ ငါးနှစ်ကျော်လာပြီပဲ။
...........
(၅၀)ကြီးပွားချမ်းသာနည်း
ခင်ဗျားအခုလို ကြီးပွားချမ်းသာလာအောင် ဘယ်လိုလုပ်ခဲ့ရသလဲဗျ။
ပွင့်ပွင့်လင်းလင်း ၀န်ခံရရင် ကြွေးဟောင်းတွေမှန်သမျှ မဆပ်ခဲ့လို့ပါပဲ။
ဒီလိုဆို နောက်ထပ်ယူတဲ့ ကြွေးသစ်တွေတော့ပြန်ဆပ်တယ်ပေါ့လေ။
ဟင့်အင်း...ကြွေးသစ်တွေကျတော့ ဟောင်းသွားအောင်စောင့်ရတာပေါ့။
.................
(၅၁) သူ့ဝါသနာ
အံမယ်..ခင်ဗျားမှာ စာအုပ်ကောင်းတွေ တစ်ပုံကြီးပါလား။ စာကြည့်တိုက်ထက်တောင်စုံသေးတယ်။ ဘာဖြစ်လို့ စာအုပ်စင်နဲ့ စီပြီးမထားတာလဲ။
စာအုပ်စင်ကိုတော့ ဘယ်နေရာကမှ အလစ်သုတ်လို့မရဘူးဗျ။
................
(၅၂) နိုင်ငံခြားပြန်
ဟေ့ကောင်ကြီး၊ အမေရိကားကို အလည်သွားတာ ဘယ်တုန်းကပြန်ရောက်လဲကွ။
တစ်နေ့ကပဲ သူငယ်ချင်း။
အင်္ဂလိပ်စကားမပြောတတ်ပဲ သွားတော့ ဟိုမှာဒုက္ခမရောက်ဘူးလား။
ဟေ့အေး။ ငါဒုက္ခမရောက်ဘူးကွ။ ငါနဲ့ တွေ့တဲ့ သူတွေပဲ ငါ့စကားနားမလည်လို့ ဒုက္ခရောက်ကုန်ကြတာ။
.................
(၅၃)သြော်..ဒါကြောင့်ကိုး
ဟေ့ကောင်.. မင်းဆရာဝန်လုပ်တာ အနာတစ်မျိုးပဲကုတယ်ဆို။
ဟုတ်တယ်ကွ..အချက်သုံးချက်ကြောင့်ပေါ့ကွာ။
တစ်အချက်...အနာရှိတဲ့ရောဂါရှင်ကို ဘယ်တော့မှညဘက်သွားမကုရလို့ အိပ်ရေးမပျက်ဘူး။
နှစ်အချက်....အနာပေါက်တဲ့သူဟာ သေလမ်းနဲ့ဝေးတယ်။
သုံးအချက်.....အနာပေါက်ရင် တော်တော်နဲ့ မပျောက်တာကြောင့် အချိန်ဆွဲကုရလို့ ပိုက်ဆံပိုရတယ်ကွ။
......................
(၅၄)အသံဝင်ပျောက်ဆေး
လူတစ်ယောက်သည် ဆေးခန်းတစ်ခုသို့ဝင်ကာ မေးမြန်းလိုက်သည်။
ကျွန်တော့်မိန်းမ အသံဝင်နေတာ ၃ ရက်ရှိသွားပြီ. ဘာဆေးတိုက်ရမလဲ ဆရာ။
ဒါလေးများ..ခင်ဗျားအိမ်ကို ပုံမှန်ထက်နောက်ကျပြီးပြန်ကြည့်လိုက် ချက်ချင်းအသံပြန်ထွက်လာလိမ့်မယ်။
........................
(၅၅)မသိတာပဲကောင်းပါတယ်
ကျွန်မယောင်္ကျား အိမ်ပြန်နောက်ကျတဲ့ ရက်ဆိုရင် သူဘယ်ဆီရောက်နေပါလိမ့် လို့ စိတ်ပူလိုက်ရတာရှင်။ ဘယ်လိုနည်းနဲ့သိအောင်လုပ်ရမယ်ဆိုတာ ပြောပြပေးပါ မမရယ်။
အေရယ်...သိလည်းမသိချင်နဲ့။ သိအောင်လည်းမကြိုးစားပါနဲ့ကွယ်။ ညည်းယောင်္ကျားဘယ်မှာရှိတယ် ဆိုတာသိရင် အခုထက်နှစ်ဆစိတ်ညစ်နေရမယ်ကွယ်။
...................
(၅၆)အမူးပြေဆေး
ဟောဒီဆိုင်မှာ တစ်ညနေလုံးအရက်သောက်တာ တော်တော်မူးနေပြီကွာ။ အိမ်ကိုပြန်နိုင်အောင်လို့ အမူးပြေသောက်စရာဘာရှိလဲဟေ့။
ကိစ္စမရှိပါဘူး။ တော်တော်ကြာ ဘောက်ချာစာရင်း စာရွက်ရောက်လာရင် ဆရာကြီး အမူးပြေသွားပါလိမ့်မယ်။
...................
(၅၇)သူ့အကြံ
ကျွန်တော့ ဒူးခေါင်းအဆစ်ထဲက ကိုက်နေတာ တစ်လလောက်ရှိပြီ။ ဆရာတွေလည်းစုံနေပြီ။ မပျောက်ဘူးဗျာ။ ဘာလုပ်ရမှန်းမသိတော့ဘူး။
ဒါဆိုရင် အကြံတစ်ခုပေးကြည့်မယ်ဗျာ။ ကျွန်တော်သွားကိုက်တုန်းက ဆေးခန်းသွားပြပြီးပလာယာနဲ့ ဆွဲနှုတ်တာကောင်းသွားတယ်ဗျ။ အဲလိုလုပ်ကြည့်ပါလား။
..................
(၅၈)ဇာစ်မြစ်
အိမ်သာသုံးစက္ကူများ ပြတ်လတ်နေသဖြင့် လူအများဒုက္ခရောက်နေစဉ် အချိန်ကာလ၏ တစ်ခုသောနေ့ရက်တွင် လူတစ်ယောက်သည် အိမ်သာသုံးစက္ကူတို့ကိုစလွယ်သိုင်းရင်း မြို့ထဲလမ်းလျှောက်လာလေ၏။ တွေ့မြင်သူ အပေါင်းမှစိတ်ဝင်တစား စူးစမ်းမေးမြန်းကြသောကြောင့် ထိုသူမှစိတ်တိုစွာဖြေကြားလိုက်သည်။

ဘယ်ကမှဝယ်လာတာမဟုတ်ဘူး၊ ပင်မင်းဆိုင်ကသွားရွေးလာတာဟေ့။
........................
(၅၉)ဆရာဝန်ညွှန်ကြားချက်
ဟဲ့ သမီးရေ........မြေးမလေးက ငိုလှချည်လား ဘာဖြစ်လို့လဲ ကွယ့်။
ဒေါက်တာက ဆေးမတိုက်ခင် လှုပ်ပေးရမယ်ဆိုလို့ ပါ မေမေ။
.....................
(၆၀)ညောင်းမယ်ထင်ပေါင်
သားသားက ဖေဖေ့ပေါင်ပေါ်မှာ အကြာပြီးထိုင်နေတော့ ဖေဖေညောင်းမှာပေါ့။
ညောင်းမယ်မထင်ပါဘူး။ မေမေတောပြန်သွားတုန်းက တစ်နေကုန်ထိုင်တဲ့သူရှိတာတောင်ဖေဖေမညောင်းဘူး။
ဘယ်သူတစ်နေကုန်ထိုင်တာလဲ သားသား။
ဟိုဘက်အိမ်က အန်တီလေးထိုင်တာ။

မှတ်ချက်။ ။ရဲစကိုင်းရဲ့ ပြုံးရုံပြုံးပါ ဆိုသော ဟာသစာအုပ်ထဲမှ ဖြစ်ပါသည်။
စာလုံးပေါင်းသတ်ပုံ မှားတာများရှိရင် ဖြည့်စွက်ဖတ်ရှုပေးဖို့ တောင်းပန်ပါရစေနော်
အနည်းဆုံးတော့ ပြုံးနိုင်ကြပါစေ။။။။

No comments:

Post a Comment

Print Friendly and PDF