Thursday 21 June 2012

အင်တာနက်ပေါ်က ဟာသတချို့ကို ဘာသာပြန်မျှဝေပါတယ်။.


(၁)

နောက်ရည်းစားအသစ်နဲ့ ကြည်နူးနေတဲ့ကောင်မလေးကို ကောင်လေးက မကျေမနပ်ဖြစ်ပြီး လက်စားချေဖို့

ဆုံးဖြတ်လိုက်တယ်။ အဲလိုနဲ့တစ်နေ့မှာ ကောင်လေးက ပုလင်းတစ်လုံးကိုင်ပြီး "မင်းနောက်ထပ် သစ္စာမဖောက်ရဲ

အောင် မင်းကိုငါ ရုပ်ပျက်ဆင်းပျက်လုပ်ပစ်မယ်"လို့ ဆိုပြီး ကောင်မလေးကို ပုလင်းထဲကအရည်နဲ့ ပက်ထည့်လိုက်

တယ်။ အရည်ကြောင့် ကောင်မလေးမျက်နှာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာကို ကြည့်ပြီး လူတွေထွက်ပြေးကြတယ်။





ကိုယ့်ရုပ်ပျက်စီးသွားပြီဆိုပြီး ကောင်မလေး အရမ်းလန့်မိတယ်။ ဒါပေမယ့် တအောင့်ကြာတဲ့အထိ
မျက်နှာက စပ်ဖျင်း

ဖျင်းမဖြစ်တဲ့အပြင် နာလည်းမနာတော့ ကောင်လေးကို "နင် ငါ့ကို ဘာအရည်နဲ့ ပက်လိုက်တာလဲ" လို့မေးတယ်။

ကောင်လေးဖြေလိုက်တာက "မိတ်ကပ်ဖျက်ရည်ပါ" တဲ့....။







(၂)

တစ်ခါက သမ္မတနှစ်ဦး သူ့သက်တော်စောင့်က ပိုသစ္စာရှိတယ်။ ငါ့သက်တော်စောင့်က ပိုသစ္စာရှိတယ်ဆိုပြီး ပြိုင်နေ

ကြတယ်။ အဲလိုနဲ့ ပထမသမ္မတက သူ့သက်တော်စောင့်ကို (၁ဝ)ထပ်တိုက်က ခုန်ချဖို့ အမိန့်ပေးတယ်။ အဲဒီမှာ

သက်တော်စောင့်က ဒူးထောက်ပြီး "ကျွန်တော့်မှာ မိသားစုတွေ ရှိသေးတယ်" လို့ဆိုတယ်။





နောက်သမ္မတကလည်း သူ့သက်တော်စောင့်ကို ခုန်ချဖို့ အမိန့်ပေးတော့ သက်တော်စောင့်က ချက်ချင်းခုန်ချဖို့

ပြင်တယ်။ ပထမသမ္မတကလန့်ပြီး တကယ်ခုန်ချမယ့် သက်တော်စောင့်ကို အမြန်ဖမ်းဆွဲလိုက်တယ်။ အဲဒီမှာ

သက်တော်စောင့်က ပြောပါတယ်။



"ကျွန်တော့်ကို ဆွဲမထားနဲ့ ကျွန်တော့်မှာ မိသားစုတွေ ရှိသေးတယ်"လို့....





(၃)

မန်နေဂျာ အလုပ်ကိုရောက်လာတာနဲ့ စာရေးကြီးမိန်းမက မိန်းမဝတ်အတွင်းခံတစ်ထည် ကိုင်ပြီး ဝင်လာတယ်။

ပြီးတော့ မန်နေဂျာကို "ညက ကျွန်မယောက်ျားပြန်လာတော့ မိန်းမဝတ်အတွင်းခံတစ်ထည် ဝတ်ပြန်လာတယ်။

အဲဒါ သူ့ကိုနည်းနည်းပါးပါး ဆုံးမပေးပါဦး" လို့တိုင်တယ်။ မန်နေဂျာကလည်း ဆုံးမပေးမယ်လို့ဆိုပြီး သက်သေခံ

ပစ္စည်း အတွင်းခံကိုယူပြီး အိတ်ကပ်ထဲ ထိုးထည့်ထားလိုက်တယ်။





ညရောက်တော့ မန်နေဂျာမိန်းမက အဝတ်လျှော်ရင်း အိတ်ကပ်ထဲက အတွင်းခံကိုတွေ့တော့ လှမ်းအော်တယ်။

"မောင် နောက်ဆို ဒီလိုမနောက်ရဘူးနော်.. မရဲ့အတွင်းခံကို ဒီလိုဖွက်မထားရဘူးနော်" တဲ့။


No comments:

Post a Comment

Print Friendly and PDF