Wednesday 20 June 2012

ဟာသပဒေသာ အပိုင်း(၁)


ကုမ္မဏီတစ်ခုတွင် မန်နေဂျာက ရုံးစာရေးမလေးအားသူမလုပ်ထားသော စာရင်းနှင့် ပတ်သက်ပြီးဆူလေသည်။
မန်နေဂျာ ။ ။ မင်းလုပ်ထားတဲ့စာရင်းတွေမှားနေတာတွေ့လား
စာရေးမ ။ ။ ဟုတ်ကဲ့ပါဆရာ။ ဆရာက အဲစာရင်းတွေကိုင်ထားတော့ ကျွန်မကဘယ်လိုလုပ်မြင်ရမှာလဲဆရာရယ်။
ဦးဇင်းတစ်ပါးသည်ရင်းနှီးသော ဒကာတစ်ယောက်အိမ်သို့ဆွမ်းခံကြွလေသည်။
ဦးဇင်း ။ ။ ဒကာကြီးနေကောင်းရဲ့လား
ဒကာ ။ ။ တင်ပါ့ဘုရား
ဦးဇင်း ။ ။ ဒကာ့မိန်းမကော
ဒကာ ။ ။ နေကောင်းပါတယ်ဘုရား
ဦးဇင်း ။ ။ဒကာ့သမီးလေးကောကွဲ့
ထိုအချိန်တွင်ဒကာမှာဒေါသသံဖြင့်
ဒကာ ။ ။လင်နောက်လိုက်သွားပါပြီဘုရား ။
ကလေးသုံးယောက်သူတို့အမေများအကြောင်းပြောနေကြသည်။
ပီတာ ။ ။ငါ့အမေကငါ့ကို သိပ်ချစ်တာကွ။ မျက်စိအောက်ကကိုအပျောက်မခံဘူး။
မေရီကလည်းအားကျမခံ
မေရီ ။ ။ ငါ့အမေက ငါ့ကိုအချစ်ဆုံးဟ နင်တို့ထက်တောင်ချစ်သေးတယ်။
ထိုအချိန်တွင် ဂျိုးဇက်မှာဘာမှဝင်မပြောပေ။ မေရီနှင့် ပီတာက သူ့အားမေးလိုက်လေ သည် ဂျိုးဇက်
နင့်အမေကကော
ဂျိုးဇက် ။ ။ နင်တို့ထက်တောင်ငါ့အမေက ငါ့ကိုအဆတစ်ရာလောက် ပိုချစ်တယ်ကွ
ဟေဟုတ်လား
ဂျိုးဇက် ။ ။ ဒါပေမဲ့မကောင်းပါဘူးကွာ။
မေရီ နှင့် ပီတာ ။ ။ ဘာဖြစ်လို့လဲကွ
ဂျိုးဇက် ။ ။ ဘာဖြစ်ရမှာလဲကွာ ငါ့အမေက ညဘက်ဆေးလိမ်းခံနီး ဆိုငါ့ပေါင်က ၀ဲတွေကိုဘီးနဲ့ ခြစ်ပေးနေကျကွ။
မေရီ နှင့် ပီတာ ။ ။ အမ်
ဆေးရုံတစ်ရုံတွင်
လူနာ ။ ။ ဆရာမ ကျွန်တော့်ဘေးနားက ဒေါက်တာချောချောလေးကောဟင်
ဆရာမ ။ ။ ဘယ်သူမှမရှိပါဘူး ကျွန်မပဲရှိတာပါ။
လူနာ ။ ။ ဟုတ်လား ကျွန့်တော့မျက်စိထဲမှာဆရာမချောချောလေးကိုမြင်နေရတယ်
ဆရာမ ။ ။ မှန်းစမ်းရှင်များ မျက်စိမှုန်နေတာလား
လူနာ ။ ။ ဘယ်ကသာ ကျွန်တော့မျက်စိကကောင်းပါတယ်ဗျ။
ထိုအချိန်တွင်ဆရာမလေးက လက်နှစ်ချောင်းထောင်ပြပြီးမေးလိုက်လေသည်။
ဆရာမ ။ ။ ဒါဘာတုန်း
လူနာ ။ ။ ဆရာမရေလုပ်ပါဦး ကျွန်တော့ကိုနှလုံးပြူးနဲ့လာချိန်နေတယ်ဗျို့

No comments:

Post a Comment

Print Friendly and PDF