Monday 30 January 2012

ဖေ့ဘုတ်ပေါ်မှ - ဟာသများ

သြော်မိန်းမ မိန်းမ
တရုတ်ပြည်မှာ အငယ်ထားတာ ခေတ်စားသတဲ့...
ထိုင်ဝမ်ကျွန်းကလူတစ်ယောက် လွန်ခဲ့တဲ့ငါးနှစ်က တရုတ်ပြည်မှာ အငယ်တစ်ယောက်ထားခဲ့တယ်။ အငယ်အတွက်
၎သိန်းတန်အိမ်တစ်လုံး ဝယ်ပေးခဲ့ပြီး လစဉ်လတိုင်း ယွမ် ၃ ထောင်ပေးသုံးခဲ့တယ်။ ဒီတစ်နှစ်မှာ အငယ်နဲ့ သူလမ်းခွဲ
လိုက်တယ်။ ဝယ်ထားတဲ့အိမ်ကိုရောင်းတော့ ၁၂သိန်းရတယ်။ တွက်ကြည့်တော့ အငယ်ကို ၆နှစ်အလကားတွဲလိုက်ရပြီး
၆သိန်းမြတ်သွားတယ်။ အိမ်မြေရောင်းဝယ်ရေးကို သူကျေးဇူးတင်တယ်။ အငယ်ထားတာဟာ ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့
သူဆိုတယ်။အဲဒီလိုနဲ့ ထိုင်ဝမ်ပြန်ရောက်လို့ ဒီအကြောင်းကို မယားကြီးကသိတော့ သူ့ကိုနားရင်းအုပ်ပြီးဆူတယ်။
"ဘာဖြစ်လို့ အငယ်တစ်ယောက်ပဲ ထားခဲ့သလဲ" တဲ့...


♦သက်သေခံပစ္စည်း♦
အဖွဲ့အစည်းတစ်ခု၏ အတွင်းရေးမှုးထံသို့ အဖွဲ့ဝင်တစ်ယောက်၏ဇနီးရောက်လာပြီး

တစ်ချက်ရယ်ခြင်းဖြင့် တစ်ရက်အသက်ပိုရှည်မှာ မကြောက်တဲ့ မက်အိမ်ရဲ့ဟာသများ


“ငါယောင်္ကျား”

ဇနီးတစ်ဦးက မိမိခင်ပွန်းယောင်္ကျားကို လိုက်ပြီးရိုက်နေလို့  ကြံရာမရဘဲအိမ်မှာရှိတဲ့ ခုတင်အောက်ကို မတတ်သာဘဲ
ဝင်ပြီးပုန်းရှောင်နေသည်။ ထိုအခါမှာ ဇနီးဖြစ်သူကလက်က တုတ်ကိုပြပြီး “ရှင်အခုထွက်ခဲ့စမ်း” ဟုပြောလေသည်။

ယောင်္ကျားဖြစ်တဲ့သူက ခုတင်အောက်ကနေပြန်ပြောလိုက်တာကတော့၊ “ငါယောင်္ကျားကွ၊ မင်းပြောတိုင်း ငါကထွက
်ရမှာလား၊ ငါကြိုက်တာ ငါလုပ်မယ်၊ ငါ့ဘာသာထွက်ချင်မှ ထွက်မယ်၊ ငါ့သဘော”


 

ဒါကယောကျာ်းတွေဘက်က အမြင်ကိုး 

စိုက်ပျိုးရေးတက္ကသိုလ်တက်နေရာမှ ကျောင်းပိတ်ရက်တွင် အိမ်ပြန်လာရာအိမ်နီးချင်း

Saturday 28 January 2012

XXLA4 Android 2.3.6 firmware for Galaxy Note N7000


Another Android 2.3.6 firmware has leaked for the Galaxy Note. Sure we’re all waiting desperately for a firmware leak that is based on Ice Cream Sandwich, which Galaxy S2 has already had a bunch of leaks for.
Anyway, every leaked firmware from the Samsung labs is exciting enough for us to try & test, as in most cases they are more stable than the older firmwares. So lets proceed to the installation steps..
Warning!
The methods and procedures discussed here are considered risky and you should not attempt anything if you don’t know completely what it is. If any damage occurs to you or your device, we won’t be held liable — you only will be responsible, you’ve been warned!!!

How to Root Samsung Galaxy Note N7000

How to Root Samsung Galaxy Note N7000:
  • Now once you open the extracted folder, you will  find that there are three tools which are Odin Flash tool, CWM recovery kernel and also the Super user Zip file as shown in the below screen capture. Please note that just in case even if single file is missing, you will then have to re download the Zip file from the above link mentioned and extract the same.

  • After extracting the files, you will have to connect the phone to the computer using the USB cable and neec to copy the file named “SuperUSER-N7000-ef-signed” as mentioned in the above screen capture. Turn Off your Galaxy Note N7000 device so that you can then enter into the download mode. Open the Odin Flash tool in your computer at this moment.

Sunday 8 January 2012

ကမ္ဘာ့ အလှဆုံးနေရာများ

Valley Swat- Pakistan

ရယ်ကြအုန်းမလား...???...( ၇ )

 (၁)
စိတ်မနှံ့သူ (ယောက်ျား).... နင့်ကို ငါပြောစရာရှိတယ်။
စိတ်မနှံ့သူ (မိန်းမ)...... ဘာလဲ! ပြောလေ..
စိတ်မနှံ့သူ (ယောက်ျား).... (နား,နားကပ်ပြီး) နင်လျှောက်မပြောရဘူးနော်... ငါက ကွမ်ရင်မယ်တော်ရဲ့သား.
စိတ်မနှံ့သူ (မိန်းမ)..... ဟာ နင်လျှောက်မပြောနဲ့.. ငါ ဘယ်တုန်းက နင့်လိုသားမျိုးမွေးခဲ့လို့လဲ?
(၂)
ရွာတစ်ရွာမှာ သူ့ကိုယ့်သူအပျိုကြီးဆိုပြီး ဂုဏ်ယူမဆုံးတဲ့ အမျိုးသမီးကြီးတစ်ဦးရှိတယ်။
အပျိုကြီးဟာ သူမသေဆုံးခင် အုတ်ဂူလုပ်သူကိုရှာပြီး သူ့အုတ်ဂူမှတ်တိုင်မှာ "မွေးလာလဲအပျို၊ ရှင်တော့လဲအပျို၊ သေတော့လဲအပျို" ဆိုပြီးရေးပေးဖို့ မှာခဲ့တယ်။
သူ ဆုံးသွားတော့ ဂူလုပ်သူက သူ့တပည့်တွေကို အပျိုကြီးရဲ့ဆန္ဒအတိုင်း မှတ်တိုင်လုပ်ပေးဖို့ပြောတယ်။
အဲဒီမှာ မှတ်တိုင်ထွင်းသူက မှတ်တိုင်မှာ စာရှည်ရှည်ကြီးမထွင်းချင်လို့ သူ့သဘောနဲ့သူ ထွင်းပေးလိုက်တယ်။
"ပါကင်ပိတ် ပြန်အမ်းသည်"
(၃)
မိန်းမဖြစ်သူက ယောက်ျားနောက်မီးလင်းတယ်လို့ သံသယရှိနေလို့ စုံထောက်ငှားပြီး ယောက်ျားနောက်ကို တိတ်တဆိတ်စုံစမ်းစေခဲ့တယ်။ တစ်နေ့တာ ထောက်လှမ်းပြီးနောက် စုံထောက်က မိန်းမဖြစ်သူကို ပြန်ပြောပါတယ်။
"ခင်ဗျားယောက်ျား ဒီကနေ့ညနေမှာ အလှပြင်ဆိုင်တစ်ဆိုင်ရောက်ခဲ့တယ်။ အဲဒီနောက် စတိုးဆိုင်ရောက်ခဲ့တယ်။ စားသောက်ဆိုင်ရောက်ခဲ့တယ်....
" "အင်း.. ကြည့်ရတာ သူတစ်ခုခု ခိုးလုပ်နေပုံရတယ်"
"မဟုတ်ဘူး... သူက ခင်ဗျားနောက် လိုက်ချောင်းနေတာ"
(၄)
လူတစ်ယောက် နေရာတစ်နေရာကိုသွားဖို့ လမ်းရှာရင်းရှာရင်း မျက်စိလည်နေခဲ့တယ်။
အဲဒီမှာ အဘွားအိုတစ်ယောက်ကိုတွေ့တော့ သူလမ်းမေးခဲ့တယ်။ အဘွားအိုက သူသွားချင်တဲ့နေရာကို လမ်းညွှန်ခဲ့တယ်။
၂နှစ် ၃နှစ်ကြာတော့ အဲဒီလူဟာ အဲဒီနေရာကိုနောက်တစ်ခေါက်သွားဖို့ ထပ်ဖြစ်လာတယ်။
ဒီတစ်ခေါက်လည်း လမ်းမမှတ်မိဘဲ သူမျက်စိလည်နေပြန်တယ်။
တိုက်တိုက်ဆိုင်ဆိုင် အရင်တစ်ခေါက်က သူလမ်းမေးခဲ့တဲ့ အဘွားအိုနဲ့ထပ်ဆုံလို့ လမ်းမေးတော့ အဘွားအိုက တအံ့တသြ ထအော်တယ်... "အမလေးဖြစ်ရလေ... အခုထက်ထိတောင် ရှာမတွေ့သေးဘူးလား!"
(၅)
လူတစ်ယောက်ဟာ ပြဇာတ်ကြည့်နေရင်းက အပေါ့သွားချင်တာနဲ့ ထသွားလိုက်တယ်။ မိနစ်အနည်းငယ်ကြာတော့ သူပြန်ဝင်လာပြီး ခုံတစ်ခုံကလူကို မေးလိုက်တယ်။
"ဒီမှာ ခင်ဗျာ.... အခုနားက ခင်ဗျားခြေထောက်ကို ကျွန်တော်နင်းမိလိုက်သလား?"
"နင်းလိုက်တယ်.. ဒါပေမဲ့ ရပါတယ်.. ကျွန်တော်မနာပါဘူး"
"အော်.. ဒီခုံမှာ ကျွန်တော်ထိုင်တာ ဟုတ်မဟုတ် သိချင်လို့မေးတာပါ"

ဂျီ...အို...ဂိုး...သွားပြီ...(ဟာသ)

သူငယ်ချင်းအားလုံး ပျင်းနေကြသလားဟေ့....လန်းသွားအောင်....
  
     တစ်ခါက ရွာတရွာ ဆွမ်းကပ်ပွဲမှာ လူတွေက မုန့်ဟင်းငါး ဆွမ်းကပ်ပါတယ်။ ပဲပြုတ်သူပြုတ် ငါးရိုးထွင်သူက ထွင်
ငှက်ပျောသီးလှီးသူက လှီးနဲ့ မအားရ မနားရအောင် အလုပ်တွေ လုပ်ကြရသတဲ့။

     ဟင်းချက်တဲ့အခါ ကြေးအိုးတွေနဲ့ ချက်ကြရပါတယ်..။ ဘုန်းကြီးများ မုန့်ဟင်းငါး ဆွမ်းကပ်၊ လူများကျွေးပြီးလို့
ညက ပင်ပန်းလို့ အိုးမသယ်နိုင်၊ ခွက်မသိမ်းနိုင်နဲ့ ခြေပစ် လက်ပစ် အိမ်ကြပါလေရော့တဲ့ကွယ်။

    နေ့မသိမ်းအားတာ ထား၊ ညရောက်တော့ ပန်းကန်အိုးခွက်ပက်လက်နဲ့ ဆက်လက်အိမ်ကြတာပေါ့...။

အဲဒီအချိန် သူခိုးတယောက်က အကွက်ကောင်းချောင်နေသူဖြစ်တော့ ညရောက်တော့ ဒီကြေးအိုးကြီး လာခိုးမှ
တော်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ သူခိုးကလဲ ညခိုးဖို့ ပြင်ဆင်ထားပေမယ့် အိပ်ပျော်နေလို့ မနက်လင်းအားကြီး
ရောက်မှ နိုးလေသတဲ့ကွယ်။

မနက်လင်းပေမယ့် သွားခိုးသေးသတဲ့..။

        လင်းအားကြီးမှာ စာမေးပွဲနီးနေတဲ့ ကလေးတစ်ယောက်က စာကျက်နေပါတယ်။ သူကျက်နေတဲ့စာက အင်္ဂလိပ်စာ
ဖြစ်နေသတဲ့။ စားလုံးပေါင်းပြီး ဂျီ...အို...ဂိုး...သွား၏၊ ဂျီအို(go)ဂိုး သွား၏နှင့် တိုးတိုးလေး စာအံနေတယ်။ သူခိုးက
မုန့်ဟင်းငါးချက်တဲ့ အိမ်ရောက်လို့ ကြေးအိုးကြီးလည်း ခိုးဖို့ရာ မ..ရော ကျောင်းသားလေးက  ဂျီအိုဂိုး သွား၏--လို့
အကျယ်ကြီးအော်လိုက်တော့ သူခိုးက သူကြေးအိုးကြီး ခိုးတာ သိသွားပြီ ဆိုပြီး လန့်ဖြန့်သွားသတဲ့။ ဒါနဲ့ ကြေးအိုးကြီး
ချထားကာ ပြေပါလေရော..တဲ့

       သေချာစဉ်းစားနော် ဂျီအိုဂိုး သွား၏။
(ကြေးအိုးခိုးသွား၏)

Thursday 5 January 2012

တက်နည်း စာစုများ

(၁) ဆုတ်လမ်းကို ဖြတ်တောက်နိုင်မှ ရှေ့လမ်းကိုပိုတိုးရဲမယ်

တချို့အချိန်မှာ ဆုတ်လမ်းကို ဖြတ်တောက်ရဲတဲ့သတ္တိကို ကျွန်တော်တို့လိုလာတယ်။ နောက်ဆုတ်ဖို့လမ်း ရှိမှန်း
သိနေရင် ရှေ့တိုးမယ့် ကျွန်တော်တို့ရဲ့ခြေလှမ်းတွေ တွန့်ဆွန်သွားတတ်တယ်။ နှေးသွားတတ်တယ်။ တကယ်လို့
နောက်ဆုတ်ဖို့လမ်းမရှိတဲ့အခါ ရှေ့တိုးဖို့ကို ကျွန်တော်တို့ ပိုအာရုံစိုက်လာတယ်၊ တိုးရဲတဲ့သတ္တိရှိလာတယ်။
ဒါမှ အောင်နိုင်ခြင်းကို ရမှာဖြစ်တယ်။


(၂) လူတစ်ယောက်ဟာ အလိုအပ်ခံရတဲ့အခါ သူ့ရဲ့အသက်ရှင်နေထိုင်ခြင်းက ပိုအဓိပ္ပာယ်ပြည့်စုံသွားတယ်

လူတွေဟာ တခြားလူရဲ့လိုအပ်တာကို ခံချင်ကြတယ်။ ဒါဟာ လူ့သဘာဝဖြစ်သလို သူ့ရဲ့တန်ဖိုးကိုလည်း ပြရာ

ရယ်ကြအုန်းမလား...???

မ နဲ့ မောင်
(၁)
(က)
အိမ်ထောင်ကျစ
မ။......... ။ တင်းနေအောင် ဖက်မထားနဲ့လေမောင်.. မ အသက်ရှုလို့ မဝတော့ဘူး။
မောင်။... ။ ဖက်မထားရင် မောင်အိပ်မပျော်လို့ပါ မရယ်။
နှစ်အတန်ကြာသော်
မ။......... ။ မောင်အိပ်ရင် မကို ဖက်မအိပ်တာကြာပြီနော်။
မောင်။...။။ ဖက်ပြီးအိပ်ရင် အသက်ရှုလို့ မဝဘူးဆိုတာ မသိဘူးလား။
(ခ)
ချစ်သူဘဝ
လူစည်ကားရာ နေရာတစ်ခုတွင် မောင်က မကို ပွေ့ဖက်လိုက်သည်။
မ။....... ။ မောင် ရူးနေလား? လူတွေကြည့်နေတယ်လေ.. ရှက်စရာကြီး
မောင်။..။ ကြည့်ကြည့်ပေါ့ မရယ်။ မောင်က ချစ်တာကို
အိမ်ထောင်ကျပြီးနောက်
မ။.....။ အရင်က ဒီနေရာမှာ မ့ကို မောင် ပွေ့ဖက်ဖူးတယ်နော်။ ခုဖက်ပါအုန်းလား မောင်

ရန်ကုန်မြို့ ရဲ့  ရှေးကျ ရှားပါးသော ဓာတ်ပုံများ


တစ်ချိန်က ဘုန်းကြီးလမ်းတဲ့

Window XP Shortcut Keys

1. Ctrl + C             =  Copy
2. Ctrl + X             =  Cut
3. Ctrl + V             =  Paste
4. Ctrl + A             =  Select All
5. Ctrl + Z             =  Undo
6. Ctrl + E             =  Search Results in the file or folder   same F3
7. Ctrl + F             =  ………………………………………………
8. Ctrl + B             =  Organize Favorites
9. Ctrl + H             =  Open the History bar
10. Ctrl + I              =  Open the Favorites Box
11. Ctrl + L             =  Open the dialog box
12. Ctrl + N             =  Start another instance of the browser with the   same  Web Address
13. Ctrl + O             =  Open the dialog box   same  ctrl + L

serial key တစ်ချို့

အသုံးဝင်မယ်ထင်လို့ကူးလာတာပါ
ဂိမ်းအတွက်များပါတယ်
ဆော့ဝဲ၇ှာပြီးဒေါင်းဖို့ကတော့ သူငယ်ချင်းတို့တာဝန်နော်

Age of Empires - 510SD90177GA

Age of Empires III. - DXR32-X44M7-CYTCX-P6H6P-97CPG

Age of Dinosaur 3D - 2637515984

Age of Mythology - 00000-00000-00000-00000-00000

Age of Mythology:The Titans - CVF7C-QB3KY-GQW23-4DPF6-JDTVG

Airports 2000 Vol2 - A2S0037865899

Airports 2000 Vol3 - A2V3-E1700119-FE303EE8

IP Address နဲ့ Web Page ဖွင့်ကြည့်မယ်

မိတ်ဆွေတို့ ကိုယ်ကြည့်နေတဲ့ ဆိုဒ်ရဲ့ URL address လေးတွေကို နာမည်တွေ ရိုက်မထည့်ပဲ IP Address လေးတွေကိုပဲ သုံးပြီး ကိုယ်ကြည့်ချင်တဲ့ ဆိုဒ်ကို ၀င်ကြည့်လို့ရပါတယ်။ ဒီ IP Address လေးတွေကို ဘယ်က ရနိုင်လဲဆိုရင်တော Run ထဲမှာ cmd ရိုက်ထည့် OK ပေး ပေါ်လာတဲ့ Commond Prompt ထဲမှာ nslookup လို့ရိုက်ပြီး နောက်က ကိုယ်သွားချင်တဲ့ URL address လေးကို ရိုက်ပေးရင် ဆိုဒ်ရဲ့ IP Address လေးတွေထွက်လာမှာ ဖြစ်ပါတယ်။
ဥပမာ – nslookup www.microsoft.com လို့ ရိုက်လိုက်ရင် www.microsoft.com ရဲ့ IP Address (207.46.193.254)ထွက်လာမှာဖြစ်ပါတယ်။
ထွက်လာတဲ့ IP Address လေးကို Address text box မှာ ရိုက်ထည့်ရင်ရပါပြီ။ ဒီ IP Address လေးတွေ သုံးပြီး ကြည့်တဲ့အတွက် သူများက ကိုယ်ဘယ်ဆိုဒ်ကို ဖွင့်နေလဲဆိုတာမှတ်သွားလို့မရသလိုIP Address ကို မှတ်သွားရင်တောင် လမ်းခလုတ်တိုက်မေ့သွားနိုင်ပါတယ်။
Print Friendly and PDF