Sunday 8 January 2012

ဂျီ...အို...ဂိုး...သွားပြီ...(ဟာသ)

သူငယ်ချင်းအားလုံး ပျင်းနေကြသလားဟေ့....လန်းသွားအောင်....
  
     တစ်ခါက ရွာတရွာ ဆွမ်းကပ်ပွဲမှာ လူတွေက မုန့်ဟင်းငါး ဆွမ်းကပ်ပါတယ်။ ပဲပြုတ်သူပြုတ် ငါးရိုးထွင်သူက ထွင်
ငှက်ပျောသီးလှီးသူက လှီးနဲ့ မအားရ မနားရအောင် အလုပ်တွေ လုပ်ကြရသတဲ့။

     ဟင်းချက်တဲ့အခါ ကြေးအိုးတွေနဲ့ ချက်ကြရပါတယ်..။ ဘုန်းကြီးများ မုန့်ဟင်းငါး ဆွမ်းကပ်၊ လူများကျွေးပြီးလို့
ညက ပင်ပန်းလို့ အိုးမသယ်နိုင်၊ ခွက်မသိမ်းနိုင်နဲ့ ခြေပစ် လက်ပစ် အိမ်ကြပါလေရော့တဲ့ကွယ်။

    နေ့မသိမ်းအားတာ ထား၊ ညရောက်တော့ ပန်းကန်အိုးခွက်ပက်လက်နဲ့ ဆက်လက်အိမ်ကြတာပေါ့...။

အဲဒီအချိန် သူခိုးတယောက်က အကွက်ကောင်းချောင်နေသူဖြစ်တော့ ညရောက်တော့ ဒီကြေးအိုးကြီး လာခိုးမှ
တော်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ သူခိုးကလဲ ညခိုးဖို့ ပြင်ဆင်ထားပေမယ့် အိပ်ပျော်နေလို့ မနက်လင်းအားကြီး
ရောက်မှ နိုးလေသတဲ့ကွယ်။

မနက်လင်းပေမယ့် သွားခိုးသေးသတဲ့..။

        လင်းအားကြီးမှာ စာမေးပွဲနီးနေတဲ့ ကလေးတစ်ယောက်က စာကျက်နေပါတယ်။ သူကျက်နေတဲ့စာက အင်္ဂလိပ်စာ
ဖြစ်နေသတဲ့။ စားလုံးပေါင်းပြီး ဂျီ...အို...ဂိုး...သွား၏၊ ဂျီအို(go)ဂိုး သွား၏နှင့် တိုးတိုးလေး စာအံနေတယ်။ သူခိုးက
မုန့်ဟင်းငါးချက်တဲ့ အိမ်ရောက်လို့ ကြေးအိုးကြီးလည်း ခိုးဖို့ရာ မ..ရော ကျောင်းသားလေးက  ဂျီအိုဂိုး သွား၏--လို့
အကျယ်ကြီးအော်လိုက်တော့ သူခိုးက သူကြေးအိုးကြီး ခိုးတာ သိသွားပြီ ဆိုပြီး လန့်ဖြန့်သွားသတဲ့။ ဒါနဲ့ ကြေးအိုးကြီး
ချထားကာ ပြေပါလေရော..တဲ့

       သေချာစဉ်းစားနော် ဂျီအိုဂိုး သွား၏။
(ကြေးအိုးခိုးသွား၏)

1 comment:

Print Friendly and PDF