Monday 30 January 2012

တစ်ချက်ရယ်ခြင်းဖြင့် တစ်ရက်အသက်ပိုရှည်မှာ မကြောက်တဲ့ မက်အိမ်ရဲ့ဟာသများ


“ငါယောင်္ကျား”

ဇနီးတစ်ဦးက မိမိခင်ပွန်းယောင်္ကျားကို လိုက်ပြီးရိုက်နေလို့  ကြံရာမရဘဲအိမ်မှာရှိတဲ့ ခုတင်အောက်ကို မတတ်သာဘဲ
ဝင်ပြီးပုန်းရှောင်နေသည်။ ထိုအခါမှာ ဇနီးဖြစ်သူကလက်က တုတ်ကိုပြပြီး “ရှင်အခုထွက်ခဲ့စမ်း” ဟုပြောလေသည်။

ယောင်္ကျားဖြစ်တဲ့သူက ခုတင်အောက်ကနေပြန်ပြောလိုက်တာကတော့၊ “ငါယောင်္ကျားကွ၊ မင်းပြောတိုင်း ငါကထွက
်ရမှာလား၊ ငါကြိုက်တာ ငါလုပ်မယ်၊ ငါ့ဘာသာထွက်ချင်မှ ထွက်မယ်၊ ငါ့သဘော”


 

ဒါကယောကျာ်းတွေဘက်က အမြင်ကိုး 

စိုက်ပျိုးရေးတက္ကသိုလ်တက်နေရာမှ ကျောင်းပိတ်ရက်တွင် အိမ်ပြန်လာရာအိမ်နီးချင်း
အမျိုးသမီး တစ်ယောက်က
ကျွန်တော့်အား လာတွေ့ပြီးမေးလေသည်. . . . ကြက်မွေးချင်သဖြင့် အကြံဥာဏ်လာတောင်းခြင်းဖြစ်သည်. .
ကြက်မွေးမြူရေးမှာ ကျွန်တော်သင်ယူသည့် ဘာသာရပ်မဟုတ်ကြောင်း၊ သို့သော် တစ်နိုင်မွေးလိုလျှင် ကြက်ဖ
တစ်ကောင်နှင့် ကြက်မ ၂၅ကောင်လောက် ဆိုရင် လုံလောက်ကြောင်း ကျွန်တော်ကပြောလိုက်ပါသည် . . . . .
နွေရာသီကျောင်းပိတ်ရက်၌ အိမ်ပြန်လာရာ ထိုအမျိုးသမီး၏ ကြက်မွေးမြူရေးကို သွားကြည့်သည့်အခါ ကျွန်တော်
အံ့အားသင့်သွားပါသည် . . . ကြက်မ ၂၅ ကောင်နှင့် ကြက်ဖအတော်တော်များများကို တွေ့ရသဖြင့်ဖြစ်သည်. . . .
ကျွန်တော်ကရှင်းပြသည်. . .
"တကယ်ဆိုရင် ကြက်ဖတစ်ကောင်နှစ်ကောင်ဆိုလျှင် ဒီကြက်မတွေအတွက် လုံလောက်ပါတယ် . . . "

ကျွန်တော့်ကို ထိုအမျိုးသမီးက မကျေမနပ်နဲ့ကြည့်ပြီး ပြန်ပြောလိုက်သည်မှာ . . .
"ဒါကတော့ ရှင်တို့ယောကျာ်းတွေအမြင်နဲ့ပြောတာကိုး ". . . တဲ့





သတ်မှတ်နှုန်းပဲယူတယ်

အစ်မဖြစ်သူကို ပိုးပန်းနေသောလူငယ်ကို ချာတိတ်လေးကပြောသည်။

" ခင်ဗျား. ကျွန်တော်အမ ချောကလျာစုထွတ်ကို တလောက မွှေးမွှေးပေးတာ ကျွန်တော်မြင်ခဲ့ရတယ် "
" ရှူးတိုးတိုး ၊ရော့ မင်းအတွက် မုန့် ဖိုးငွေ ကိုးဆယ် "
" လေးဆယ့်ငါးကျပ်ကို ပြန်အမ်းငွေအဖြစ် ပြန်ယူပါ "
" မယူပါဘူးကွာ.. အကုန်သုံးလိုက်ပါ "
" ကျွန်တော် အားလုံးဆီက တစ်နုန်းတည်းပဲ ယူပါတယ်။
ပိုလည်း မယူဘူး လျှော့လည်း မယူဘူး "



စောစောကပြောရောပေါ့

" စာရေးကြီး ၊ စာရွက်စာတမ်းတွေကို ကောက်သိမ်းပြီး လက်ခံရရှိတဲ့ နေ့ စွဲအလိုက် စနစ်တကျ စီပေးပါ "
ခဏကြာသော် စာရေးကြီးက အစီရင်ခံသည်။

" ကျွန်တော်စီပေးပြီးပါပြီ ခင်ဗျာ ၊ ဘာဆက်လုပ်ရမလဲ "

   " မီးရှို့ လိုက် "


                         
သီးသန့် လူနာဆောင်

လူနာက ဆရာဝန်ကိုပြောသည်။

" ဒေါက်တာ ..ဒေါက်တာကို စကားပြောချင်လို့  အချိန်ငါးမိနစ်လောက်ပေးပါ။
ကိစ္စက ဒီလိုပါ..တမြန်နေ့ က ပြူတင်းပေါက်နားကုတင်က လူနာသေသွားတယ်.. မနေ့ က အ၀င်တံခါးနားကပ်နေတဲ့ 
လူနာသေသွားတယ်..ဒီနေ့ ကျွန်တော့ဘေးကုတင်က လူနာသေသွားပြန်တယ်..ဒီလိုသေမှာ သေချာနေတဲ့ လူနာတွေ
ကို ဒီအခန်းမှာမထားသင့်ပါဘူး..

မျှော်လင့်ချက်ကင်းတဲ့ လူနာတွေ အတွက်  သက်သက်အခန်းတစ်ခု သီးသန့် သတ်မှတ်ပြီး အဲဒီမှာထားစေချင်ပါတယ် "

" ဒီ အခန်းဟာ သေမဲ့ လူနာတွေချည်း ထားတဲ့ အခန်းပဲလေ "

   အွန့်.....



 
မုဆိုးလည်း ကြောက်တတ်တာပဲ

စကားဝိုင်းတွင် မုဆိုးကြီး ဦးဖြိုးက သူ့ ရဲ့အတွေ့ အကြုံကိုပြောပြနေသည်။

" တလောက ကျွန်တော်အကြောက်လွန်ပြီး ကံကောင်းလို့ မသေတယ်..
ခင်ဗျားတို့ ပဲစဉ်းစားကြည့် တောလမ်းအတိုင်းလျှောက်လာရာမှာ ဗြုန်းကနဲဆို
မြွေတစ်ကောင်ကို  ခြေတလှမ်းအကွာမှာမြင်လိုက်ရတယ်..တက်သာနင်းမိရင်တော့လား "

ပရိသတ်ထဲမှ အမျိုးသမီးကြီး တစ်ယောက်က စိတ်လှုပ်ရှားသံဖြင့် မေးလိုက်သည်။

 
" ဘာလဲ တက်မနင်းမိဘူးလား "

" မနင်းမိခင်ကလေး ထပ်ကြည့်ချိန်ရလိုက်တယ်..လားလား ..
မြွေဘယ်ဟုတ်လို့ မတုန်းရိုးရိုးတုတ်ချောင်းဖြစ်နေတာကိုး "

့ဤတွင် ယောက်ျားတစ်ယောက်က နားမလည်ဟန်ဖြင့်မေးသည်။

   
" အဲဒါဆို ခင်ဗျားက ဘာဖြစ်လို့ ကြောက်ရတာလဲ ဗျ "

" မြွေကို သတ်ဖို့ ဆိုပြီး ကောက်ကိုင်လိုက်တဲ့ တုတ်ချောင်းက တကယ့်မြွေဖြစ် နေတာကိုး ဗျ "

    



အဖေ့ အတွက်စိတ်ပူရပြီ

လေးတန်းကျောင်းသားလေး မောင်ပီတာသည်  တယောသင်ဆရာထံရောက်လာကာ မိမိ၏ တယောကို ထည့်ထား
သော သေတ္တာလေးကိုဖွင့်လိုက်သည်။ ကျူရှင်ဆရာက ကြည့်ပြီးပြောသည်။

  
" မောင်ပီတာ မင်းဥစ္စာက တယောမှ မဟုတ်ပဲ ၊စက်သေနတ်အသေးလေး ဖြစ်နေပါလား.. "

မောင်ပီတာ ခေါင်းကုတ်လိုက်သည်။

" ဒုက္ခပဲ..တကယ့်စက်သေနတ်ကြီးပဲ ..ဖေဖေ ဒီတယောနဲ့ ဘဏ်မှာ ဘာလုပ်မလဲ မသိဘူး "


      


နံပါတ်ပြောင်းပြန်

အပျော်စီးလှေများ ငှါးရမ်းသော စခန်းတွင်ဖြစ်သည်။ကယ်ဆယ်ရေးလုပ်သားက မိုက်ခရိုဖုန်း မှတဆင့်အော်နေသည်။

 
" လှေ နံပါတ် 99 ကမ်းဘက်ကို ပြန်လျှော်ခဲ့ပါ ..ခင်ဗျားရဲ့ အချိန် ကုန်သွားပါပြီ "

အချိန် အနည်းငယ်ကြာသွားသည်.၊ လှေကမ်းဘက် ပြန်မကပ်လာချေ။

" လှေနံပါတ် 99 အမြန်ဆုံး ကမ်းပြန်ကပ်ပါ..ဒါမှမဟုတ်ရင် ခင်ဗျားဆီကအချိန်ပိုခ ထပ်တောင်းရပါလိမ့်မယ် "

ကယ်ဆယ်ရေးသမားရဲ့ အကူချာတိတ်က သူ့ ဆရာကိုပြောသည်။

" ကျွန်တော်တို့ စခန်းမှာ လှေ ၇၅ စီးပဲရှိတယ်..ဘယ်နံပါတ်ကိုးဆယ့်ကိုး ရောက်လာတာလဲ "

ကယ်ဆယ်သမား ခေတ္တမျှ မှင်သက်မိသလိုဖြစ်သွားသည်။ ထိုနောက်ရေထဲပြေးဆင်းသည်။ ပါးစပ်မှလည်းအော်သည် ။

" လှေနံပါတ် 66 ခင်ဗျား တစ်ခုခု ပြဿနာပေါ်နေသလား "





ဂျင်မီနဲ့လူစီရဲ့ မင်္ဂလာဦးည....

ရေချိုးခန်းထဲမှာ လူစီရေချိုးနေတယ်။ ဂျင်မီက အဝတ်အစားတွေလဲရင်း "သူ့ကိုငါဘယ်လိုပြောရမလဲ!
ငါ့ခြေထောက်က ကမ္ဘာပေါ်မှာအနံဆုံးဆိုတာကို ငါရဲ့သတိုးသမီးကို ငါဘယ်လိုပြောပြရင် ကောင်းမလဲ?"
လို့တွေးနေတယ်။

အဲဒီနောက် ဂျင်မီက ခြေအိတ်ကိုချွတ်ပြီး ကုတင်အောက် ပစ်ထည့်လိုက်တယ်။

အဲဒီအချိန်မှာ ရေချိုးခန်းထဲက လူစီထွက်လာတယ်။ လူစီကိုမျက်နှာချင်းမဆိုင်ရဲတဲ့ဂျင်မီဟာ ရေချိုးခန်းထဲ ပြေးဝင်
သွားတယ်။ အဲဒီမှာလူစီကလည်း ကုတင်ခြေရင်းမှာထိုင်ပြီး "သူ့ကို ငါဘယ်လိုပြောပြရမလဲ? ငါ့ပါးစပ်က ကမ္ဘာပေါ်
မှာ အနံ့အဆိုးဆုံးဆိုတာကို ငါရဲ့သတိုးသားကို ငါဘယ်လိုပြောပြရင်ကောင်းမလဲ" လို့ တွေးနေတယ်။

အဲဒီမှာ ရေချိုးခန်းထဲကနေ ဂျင်မီထွက်လာတယ်။ လူစီကပြေးပြီး ဂျင်မီကိုတစ်ချက်နမ်းလိုက်တယ်။
ပြီးတော့... "နင့်ကို ငါပြောစရာရှိတယ်ဂျင်မီရယ်" လို့ဆိုတော့ ဂျင်မီက လက်ကာပြီးပြောလိုက်တယ်။

"ငါ သိတယ် .. ငါသိတယ်.. နင် ငါ့ခြေအိတ်ကိုစားလိုက်တယ်ဆိုတာ ငါသိတယ်" ဟူတည်း။





ခင်ဗျားတို့ကိုး

ဆေးရုံမှ လင်မယားနှစ်ဦးထွက်လာသည်...လမ်းတွင်တက်စီငှားသည်။ မိန်းမက...တက်စီသမားအား...
"ကျေးဇူးပြုပြီး...ဖြေးဖြေးမောင်းပေးပါနော်...ကျွန်မတို့နှစ်ယောက် မနေ့က..
အမောင်းကြမ်းတဲ့ ဒရိုင်ဘာနဲ့တွေ့တာ...ဆေးရုံတက်လိုက်ရတယ်"
တက်စီသမား " သြော်...ခင်ဗျားတို့ကိုး..ကြည့်စမ်း..ရုတ်တရက်..မမှတ်မိဘူး"





မရွံလို့

အစဉ်အမြဲ အလုပ်ရှုပ်နေသော မိခင်မုဆိုးမကြီးတွင် သားနှစ်ယောက်ရှိသည် ။
သားနှစ်ယောက်မှာ အလွန်ဆော့ အလွန်ကဲသည် ။ တစ်နေ့တွင် မိခင်ဖြစ်သူ အလုပ်ရှုပ်နေစဉ်
" အမေရေ ဒီမှာ ညီလေး ရွှံ့ဗွက်ထဲက ဆီးသီးတွေကောက်စားနေတယ် "

မိခင်မှာ အလုပ်ရှုပ်နေသဖြင့် " ဟဲ့ သူမရွံလို့ စားတာပဲ စားပါစေ "

ဤတွင် သားကြီးက ညီဖြစ်သူကိုပြောလိုက်သည်မှာကား " ဟေ့ကောင် ငါ့နည်းနည်းပေးပါဦး "




ရိုးသားသူ

နစ်ခ်တစ်ယောက် မျက်ကွင်း နှစ်ဖက်စလုံးညိုပြီး ဖူးရောင်နေတဲ့ ပုံနဲ့ အိမ်ပြန်လာတော့ မိန်းမဖြစ်သူက ဘာဖြစ်လာရ
တာလဲလို့မေးပါတယ်။

နစ်ခ်က မျက်နှာမသာမယာနဲ့ "ဓာတ်လှေကားထဲမှာကွာ၊ အမျိုးသမီး တစ်ယောက်ရဲ့ စကတ်နောက်ဇစ်က ဟနေတယ်။
ငါလည်း အမြင် မတော်တာနဲ့ ဆွဲတင်ပေးလိုက်တာကို အဲဒီအမျိုးသမီးက ငါ့ဘယ်ဘက် မျက်လုံးကို လက်သီးနဲ့
ထိုးတယ်လေ"လို့ ဆိုပါတယ်။

ဒါနဲ့ သူ့မိန်းမက "ဪ.. ဒါမျိုးက ဖြစ်တတ်ပါတယ်။ ဒါနဲ့ နောက် တစ်ဖက်က ဘယ်လိုဖြစ်ရတာတုံး.."လို့ မေးတော့
နစ်ခ်ပြန်ဖြေတာက

"သူက အရင်ပုံစံကိုပဲ ကြိုက်တယ်ထင်လို့ ဇစ်ပြန်ဆွဲချပေးလိုက် တယ်လေ"



ပီတာလေးနဲ့ မြစ်ကမ်းဘေးကအိမ်သာ

ပီတာတို့လယ်လုပ်ကြသည်။ လယ်တွင်အိမ်သာမရှိသဖြင့် အပေါ့အပါးသွားချင်တိုင်း အိမ်နားရှိ မြစ်နံဘေးမှ
အိမ်သာကိုပြန်လာရသည်။ တစ်နေ့ပီတာမေးသည်။
"ဖေဖေ၊ လယ်ကပြန်ပြန်လာနေရတာ မောပါတယ်၊ ဒီတော့ လယ်နားမှာ အိမ်သာအသစ်တစ်လုံး ဆောက်ရအောင်"
"မဆောက်နိုင်ဘူးကွ၊ ဒီအိမ်သာက ငါ့အဖိုးဆောက်ခဲ့တဲ့ အိမ်သာ၊ ဘယ်နည်းနဲ့မှ အစားမထိုးနိုင်ဘူး"
ပြောမရသဖြင့် ပီတာလဲ ညရောက်သော် အိမ်သာကို တိတ်တိတ်လေး မြစ်ထဲသို့ တွန်းချလိုက်သည်။

မနက်ရောက်သော် အဖေမေးသည်။
"ပီတာ မင်း အိမ်သာကို မြစ်ထဲ တွန်းချလိုက်လား"
"ဟင့်အင်း ဖေဖေ"
"ဒီမှာကြည့်၊ ဘေးအိမ်ကလူဝီ သူ့အဖေရဲ့ ပန်းသီးပင်ကို ခုတ်လိုက်တယ်၊ သူ့ကိုစစ်မေးတော့ အမှန်အတိုင်းဝန်ခံလို့
ဘာမှအပြစ်မပေးဘူး၊ ကဲ အိမ်သာကို မင်းတွန်းချလား"
"ဟုတ်ကဲ့၊ တွန်းချမိပါတယ်"
အဖေလဲ ပီတာကို ပိတ်ထိုးလိုက်သည်။ ပီတာ မျက်ရည်များကြားမှ မေးသည်။
"ဖေဖေပဲပြောပြီး အမှန်ပြောရင် အပြစ်မယူဘူးဆို"
"အေး၊ လူဝီ ပန်းသီးပင်ခုတ်လိုက်တုန်းက သူ့အဖေ ပန်းသီးပင်ပေါ် ထိုင်မနေဘူးကွ"




ယူခဲ့ရောပေါ့

ရှေ့နေတစ်ဦး၏ ဇနီးသည် ဆတ်ဆတ်ထိမခံသူ ဖြစ်သည်။ တစ်ညနေတွင် ခင်ပွန်းက "" ဒီပြုတ်ကျော်ကို မောင်တော့
စားလို့မရဘူးကွာ "" ဟု ညည်းမိရာ
ဇနီးသည်က "" ရှင့်ဘာသာ ချက်ပေတော့၊ အစတုန်းက ရှင်ထမင်းချက်ကို ရှာယူခဲ့ပါလား "" ဟု ပြန်ပြောသည်။
ထိုည သန်းခေါင်ယံတွင် အမျိုးသမီးက ခင်ပွန်းသည်ကို အတင်းနှိုးသည်
"" ထဦး..ကိုကို ..အိမ်ထဲကို သူခိုးရောက်နေသံကြားတယ် ""
အမျိုးသားက ဟောက်နေရင်းပင် ပြန်ပြောလိုက်ပုံက
"" မင်းဘာသာ ထပေတော့၊ အစတုန်းက မင်း ရဲသားကို ရှာယူခဲ့ရောပေါ့ကွာ..""


ဘယ်လိုပုံလဲ

နှလုံးအထူးကု ဆရာဝန်ကြီးရဲ့ ဈာပန အခမ်း အနားဟာ ဧည့်ပရိတ်သတ်များနဲ့ အထူး စည်ကား နေပါတယ်..
နှလုံးသား ပုံဖော်ထားတဲ့ ပန်းအလှဆင် ပန်းဝိုင်း ကြီးမှ ဆရာဝန်ကြီးရဲ့ ရုပ်ကလာပ်ကို ဖြတ်သန်း သယ်ဆောင်ပြီး
ခမ်းခမ်းနားနား ဂုဏ်ပြု နှုတ်ဆက်ကာ ပို့ဆောင်လျက် ရှိနေခိုက် ပရိသတ်အတွင်းမှ တီးတိုးရယ်သံ ထွက်ပေါ် လာပါ
တယ်.. ရယ်သူရဲ့ ဘေးမှ လူက ရယ်နေသူကို…
“ခင်ဗျား ဘာလို့ ရယ်တာလဲ”
ရယ်နေသူက…..
“နှလုံးအထူးကု ဆရာဝန်ကြီးရဲ့ ဈာပနကို ကြည့်ပြီး ကျနော့ဈာပန အကြောင်း တွေးမိလို့ပါ”
မေးနေသူက…
“ခင်ဗျားက ဘာမို့လို့ လဲ”
ရယ်နေသူ ပြန်ဖြေလိုက်တာကတော့…
” ကျနော်က သားဖွားနဲ့ မီးယပ် အထူးကုပါ..”



“အရောင်တူတာရမှာပေါ့”
နိုင်ငံခြားသားနှစ်ဦးသည် စားသောက်ဆိုင်တစ်ခုထဲသို့ဝင်သည်။
‘ယနေ့ရနိုင်သော စားသောက်ဖွယ်ရာများ’ စာရင်းတွင် မမြင်ဘူး၊မစားဘူးတာများကို တွေ့ရ ၍ မြည်းကြည့်ရန်
ဆုံးဖြတ်လိုက်ကြသည်။
သို့ဖြင့် ‘စပယ်ရှယ်နို့’ ကိုမှာလိုက်ကြသည်။ ခဏအကြာတွင် အမျိုးသမီးတစ်ဦး ၎င်းတို့အနားကိုရောက်လာပြီး
ခွက်နှစ်ခွက် ထဲသို့မိမိ ၏ ရင်သားမှ နို့များကို ညှစ်ပေးလေသည်။
‘စပယ်ရှယ်နို့’ သောက်ရင်း တစ်ယောက်ကပြောသည်။
“စပယ်ရှယ်ဘီယာ မှာရင် ဘာရမလဲမသိဘူးနော်”




တူတူပဲ

ကလေးတစ်ယောက်သည် အရုပ်ရောင်းသောဆိုင်ထဲသို့ ကလေးကစားတဲ့ပိုက်ဆံယူပြီး
လေယဉ်ပျံရုပ်ဝယ်ရန်ဝင်လာလေ၏။

အရောင်းစာရေး။ ။    မင်းပိုက်ဆံက အစစ်မှမဟုတ်တာ။

ကလေး။ ။     ဟုတ်၊ ကျနော်ကလဲ လေယဉ်ပျံအစစ်ကို မဆိုလိုပါဘူး။



အချိန်ဆို

လူနာ။ ။    ဒေါက်တာ၊ တစ်ခါတရံ ကျွန်တော့ဘေးပတ်ဝန်းကျင်မှာ ရှိနေတာတွေကို ဘာမှ မမြင်ရဘူး ဖြစ်နေတယ်။

ဆရာဝန်။ ။    ဘယ်အချိန်မှာ ဖြစ်တက်တာလဲ။

လူနာ။ ။    မီးပျက်တဲ့ အချိန်တိုင်းဆရာ။

No comments:

Post a Comment

Print Friendly and PDF