Saturday 3 March 2012

ဟာသအပိုင်း အစများအပိုင်း(၁)

အလစ်သမား...
ဂျာကင်တစ်ထည်ကို လက်တွင်ကိုက်လျှက် လျှောက်လာသောလူငယ်ကို
လူကြီးတစ်ယောက်ကမေးသည်။
”မောင်ရင်လက်ထဲက ဂျာကင် အင်မတန်လှပါလား ဘယ်ဆိုင်က၀ယ်လာတာလဲ“
”တစ်လမ်းကျော် မေဖလားဝါး စတိုးဆိုင်ကြီးက“
”၀ယ်နေတဲ့လူတွေ အများကြီးလား“
”တစ်ယောက်မှ မရှိပါဘူး။ အရောင်းစာရေးတောင် အရှိဘူး“

            ......ကူညီပါ့မယ်....
ဟင်းသီးဟင်းရွက်သယ်ကို အဖွားကပြောသည်။
”အာလူး ငါးပိသာဝယ်မလို့ သမီးရယ်။ ဒါပေမဲ့ မသယ်နိုင်မှာ စိုးတယ်ကွယ်“
”မပူပါနဲ့ အဖွာ။ အဖွားသယ်နိုင်အောင် ကျွန်မ ချိန်ပေးလိုက်ပါမယ်“

             .........မထိုင်နဲ့လေ....
အိမ်ထောင်ပရိဘောကဆိုင်သို့ လူကြီးတစ်ယောက်ဝင်လာပြီး ဆိုင်ရှင်ကို

မကျေမနပ်ပြောသည်။
”မနေ့က ခင်ဗျားဆိုင်ကကျွန်တော် ကုလားထိုင်ဝယ်သွားတယ်။ဒီနေ့
ကျိုးသွားပါပကောဗျ“
”မဟုတ်မှလွဲရော တစ်ယောက်ယောက် တက်ထိုင်လိုက်မိပြီထင်တယ်“

              ......ဈေးလျှော့ယူခြင်း..........
လူငယ်တစ်ယောက် မိမိအပ်ထားသော ဖိနပ်ကိုလာရွေးသည်။
ဖိနပပြင်သမားကပြောသည်။
”ပြင်က ၂၀၀ ကျပါတယ်“
”နည်းလှချည်လား ကျွန်တော်လာအပ်တုန်းက လေးရာကျမယ်ဆို“
”ခင်ဗျားရဲ့ ဖိနပ်တစ်ဖက် ပျောက်သွားလို့ပါ“

             .......ခေတ်သစ် ဂျင်မီနီ........
ယောက်ျားကြီးတစ်ယောက် ပုလင်းတစ်လုံးကိာတွေ့ရသည်။
အထဲမှ ဂျင်မီနီ ထွက်လာသည်။
”ဟေ့..မင်းဘယ်သူလဲ“
”ဂျင်မီနီပါ သခင်“
”လိုချင်တာရအောင် လုပ်ပေးနိုင်တဲ့ ဂျင်မီနီလား“
”ဟုတ်ပါတယ် သခင်“
”အဲဒါဆို ငါ့ကိုနိုင်ငံကူးလက်မှတ် ရအောင်လုပ်ပေး “
”ငွေတစ်သိန်းပေးပါ။ ရပါစေ့မယ်“

No comments:

Post a Comment

Print Friendly and PDF