Saturday 10 March 2012

လေချွန်မယ်လို့ပြော...(ဟာသ)

လေချွန်မယ်လို့ပြော(ဟာသ)
~~~~~~~~~~~~~~~~~~~~
တခါကရွာတရွာမှာ မြေးအဘွားသုံးယောက်ရှိသတဲ့
အဘိုးဖြစ်သူက မြေးမလေးကို အစစအရာရာ လိမ္မာရေးချားရှိအောင်
အမြဲသင်ကြားလေ့ရှိတယ်.. တနေ့တော့...
မြေးမလေး= သမီး ရှူးရှူးပေါက်ချင်တယ် အဘိုးလိုက်ပို့
အဘိုး = ဟဲ့မြေးလေး အဲလိုမပြောရဘူးကွဲ့ လူတွေရှေ့မှာဆို စကားကို
ယဉ်ကျေးအောင်ပြောရတယ်ကွဲ့ (ဥပမာ) ရှူးရှူးပေါက်ချင်တယ်ဆိုရင်
လေချွန်ချင်တယ်လို့ပြောရတယ်ကွဲ့ မှတ်ထားနော်မြေးလေး..
နောက်တနေ့  = အဘွား သမီး လေချွန်ချင်တယ်
အဘွားဖြစ်သူက- ဟဲ့ မြေးလေး အားလုံး အိပ်နေကြတယ်ကွဲ့။လေချွန်လို့ ဘယ်ဖြစ်မလည်း
မနက်မှ ချွန်နော်ဟုတ်လား။အောင့်လိုက်နော်"
မြေးမလေး= မနက်ထိမအောင့် နိုင်ဘူး အခုပဲ ချွန်ချင်တယ် ဘွားဘွား
အဘွား = အော်... ဒီကလေးမ မနက်ကျမှ ချွန်ပါဆို ဘယ်လိုဖြစ်နေတာလည်း
မြေးမလေး = ဟင့်အင်း ဟင့်အင်း အင်မတန့် အင်မတန်မှ ချွန်ချင်နေပြီ အဘွားရဲ့....
အဘွားပြောလိုက်ပုံက = ကိုင်း... ဒီလောက်တောင်ဖြစ်လှတာ။ ဟိုဘက်ကုတင်မှာ အိပ်နေတဲ့
ဘိုးဘိုးရဲ့ နားနားကပ်ပြီး သွားချွန်...:P

No comments:

Post a Comment

Print Friendly and PDF