Saturday 31 March 2012

ရေတွေက ခဲနေတော့ (ဟာသ)

တစ်ခါ က မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက် အတူတွေ့ကြပြီး စားသောက်ဆိုင်မှာ အမူးသောက်ကြတယ်...
ဒီလိုနဲ့ပြန်ချိန်ရောက်တော့ ကားတွေမမှီတော့ အောက်ဆိုဒ်ကားတွေပဲမှီတော့တယ်

``သာကေတ သာကေတ ကို တစ်စီးပဲရှိတော့ တာနော် တစ်ယောက်နှစ်ရာ လိုက်ချင်လိုက် မလိုက်ချင်နေ ဟို လူကြီး
ရှေ့တိုး လေ ဗျာ စာနာပါဗျ စီးပွါးရှာနေတာ အလိုက်သိမှပေါ့´´

`` ဟ ရှေ့မှာ ကားမှန်ပဲရှိတော့တယ် ပေါက်ထွက်သွားလိမ့်မယ် ကွ ´´

``အေးလေ ဟုတ်ပ သူမတိုးရတိုင်း ´´

ဒါကတော့ လိုင်းကားတွေ ရဲ့ထုံးစံ အသံပေါ့ဗျာ ဒီလိုနဲ့ သူငယ်ချင်းနှစ်ယောက်လည်း ကားပေါ် အပြေးအလွှားတက်
ကားပေါ်က ရှိပြီးသားလူတွေအပေါ်ကို ထပ်တိုးပေါ့


``ကားခလေးတွေ ထုတ်ထားနော် လက်တို့တောင်းရင်ရှက်ဖို့ကောင်းတယ် မရှိရင်ပြောပြီးစီးသွား ကုသိုလ် ယူတယ်
သဘောထားတယ် အကြွေထုတ်ထား နော် ပြန်အမ်းဖို့လက်မလည် ဘူး ... ´´

ဒီလိုနားငြီးအောင်အော်နေတော့ သူငယ်ချင်းနှစ်ယောက်လည်း ဒေါခီးလာတယ် အဲ့တော့ အိပ်ထဲက တစ်ထောင်တန်
ကိုထုတ်လိုက်ပြီး......

``ဟေ့ကောင်ရော့ရော့ တစ်ထောင်တန် နှစ်ယောက်ပြန်မအမ်းနဲ့တော့ နားငြီးတယ် ´´

ဒီအချိန်မှာပဲ သူတို့ပိုက်ဆံလှမ်းပေးတဲ့ လူက ``ဘာကွ ´´လို့ အော်တယ် ... ဟုတ်တယ်လေ အော်မှာပေါ့ တကယ်က
သူတို့ ပေးလိုက်တာ စပယ်ယာမှ မဟုတ်တာ လူရည်သန့်တစ်ယောက် ...လေ အဲ့လူ ကဆက်ပြီး ...

``ဟေ့ကောင် လူပုံသေချာကြည့်ကွ စပယ်ရာ မဟုတ်ဘူး သင်္ဘောသားကွ ...´´လို့ အားရပါးရအော်လိုက်တယ် ။
အဲ့လိုကြားလိုက်တော့ သူငယ်ချင်းနှစ်ယောက်လည်း တစ်ယောက်လက်တစ်ယောက်တို့ပြီး ...

``ဟေ့ကောင် တို့တော့ ငါးပါးမှောက်ပြီ ကွ ငါတို့စီးလာတာ ဘတ်စ်ကား မဟုတ်ဘူးကွ သဘောင်္ကြီးပဲ´´လို့ ပြော
လိုက်တယ် ...။တစ်ယောက်ကလည်း ``အေးဒါဆို ငါတို့ဘာလုပ်မလဲ ´´ တဲ့

``ကမ်းနဲ့ မဝေးခင် ခုန်ဆင်းရမှာပေါ့ကွ ´´ လို့ပြန်ပြောတယ်းဒါနဲ့နှစ်ယောက်သား ကားနောက်ကိုထွက်ပြီး
ခုန်ချလိုက်တယ် ...။

``၀ုန်း ၀ရုန်း´´

ဆိုတဲ့ အသံနဲ့အတူ နှစ်ယောက်သား ကားလမ်းမပေါ်ကျသွားကြတယ် ... ။ အား ..အီး နဲ့ ငြီးနေတဲ့ ကြား ကတစ်ယောက်
ကပြောလိုက်တာ ... `` တော်သေးတယ် သူငယ်ချင်းရာ ရေတွေက ခဲနေတော့ ငါတို့မြုပ်မသွားဘူး´´တဲ့ ...။
အော် အမူးလွန်တော့လည်း ဆိုပါတော့ ...

No comments:

Post a Comment

Print Friendly and PDF