Friday 16 December 2011

Samsung Galaxy အမျိုးအစားဖုန်းတွေနဲ့ Galaxy Tab Tablet တွေမှာ root လုပ်စရာမလိုပဲ မြန်မာဖောင့်မြင်ရအောင်လုပ်နည်း

Samsung Galaxy Phones & Tablets
Samsung Galaxy Series ဖုန်းတွေနဲ့ Galaxy Tab Tablet တွေမှာ root လုပ်စရာမလိုဘဲ မြန်မာဖောင့် မြင်ရတဲ့ application လေးပါ။ Galaxy အားလုံးမှာသွင်းလို့ရပါတယ်။ ဒါပေမယ့် Ice Cream Sandwich နဲ့ အထက်ဆိုရင်တော့ မရပါဘူး။ Android 4.0 ထက်နိမ့်သော
ဖုန်းများမှာသာ အသုံးပြုနိုင်မှာပါ။ သွင်းပုံသွင်းနည်းကိုပါပြောပြပါမယ်။ အောက်မှာပေးထားတဲ့ ဖိုကို download လုပ်ပါ။ 
ဖုန်းရဲ့ settings> applications ထဲကိုသွားပြီး unknown sources ကိုအမှန်ခြစ်ပေးပါ။ ပြီးရင်ခုနက download လုပ်ထားတဲ့ application ကို install လုပ်လိုက်ပါ။ install လုပ်ပြီးပြီဆိုရင် ဖုန်းရဲ့ Setting > Display > Font ထဲကိုသွားပါ။ အဲဒီမှာ ခုနသွင်းထားတဲ့ zawgyi font ကို font list
ထဲမှာမြင်ရပါလိမ့်မယ်။ font list ထဲက zawgyi font ကိုရွေးပေးလိုက်ပါ။
အခုဆိုရင် Samsumg Galaxy Series ဖုန်းတွေမှာ root လုပ်စရာမလိုပဲ မြန်မာလိုမြင်ရပြီဖြစ်ပါတယ်။

စာရိုက်ဖို့အတွက် မြန်မာကီးဘုတ်ကိုတော့ ဒီနေရာ မှာ ၀င်ရောက်ရယူနိုင်ပါတယ်။
အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။

No comments:

Post a Comment

Print Friendly and PDF