Thursday 8 December 2011

ဟာသကြိုက်သူများ 3

လုပ်ကြပါအုံးဗျာ...

မနက်က ရုံးသွားမလို့...
-အိင်္ကျီဝတ်တော့ ကြယ်သီးက ပြုတ်ကျတယ်...
-လက်ဆွဲအိတ်ကိုဆွဲလိုက်တော့ လက်ကိုင်ကွင်း ပြုတ်ကျတယ်...
-အိမ်တံခါးကိုဆွဲဖွင့်တော့ တခါးလက်ကိုင်ဘု ပြုတ်ကျတယ်...
-ကားတံခါးဖွင့်ပြန်တော့ လက်ဆွဲကွင်းပြုတ်ထွက်လာတယ်...
-ခုတော့ ရုံးမှာ...ရှုးရှုးမပေါက်ရဲဘူးဖြစ်နေလို့....


ကူညီပါရစေနော်.....

ဆေးရုံအုပ်။ ။ ကိုဘမောင်၊ ခင်ဗျားရဲ့မနေ့က လုပ်ဆောင်ချက်ဟာ ခင်ဗျားကို လူကောင်းတစ်ယောက်လို့ထောက်ခံနေပါတယ်။
မနေ့က ခင်ဗျားဟာ ရေထဲဆင်းပြီး ကိုယ့်ကိုကိုယ် သေကြောင်းကြံတဲ့ လူနာတစ်ယောက်ကို ကယ်တင်ခဲ့တယ်။
ဒီအတွက် ခင်ဗျားကိုကျနော် ဂုဏ်ယူစွာနဲ့ ဆေးရုံဆင်းခွင့်ပြုမယ်။
ဒါပေမယ့် စိတ်မကောင်းစရာတစ်ခုက မနေ့က ခင်ဗျားကယ်ခဲ့တဲ့ လူနာဟာဒီနေ့မနက်ပဲ ကြိုးဆွဲချပြီး ကိုယ့်ကိုကိုယ်သတ်သေသွားပြီဗျာ။
ကိုဘမောင်။ ။ ဟုတ်လား၊ စိတ်မကောင်းလိုက်တာဗျာ။
မနေ့ကညကတောင် သူ့အ၀တ်အစားတွေ ရေစိုနေလို့ ကျနော်သူ့ကို လည်ပင်းကနေ ကြိုးနဲ့ချိတ်ပြီးလှမ်းထားပေးလိုက်သေးတယ်။
ကျွတ်...ကျွတ်....ကျွတ်

"နောက်တခါဆို ပိုနာမယ်"

အရမ်းမူးနေတဲ့ အရက်သမားသုံးယောက် တက်စီတစ်စီးကို တားတယ်။

ပြီးတော့ ကားပေါ်ကို ဒယီးဒယိုင်နဲ့တက်နေကြတာ တော်တော်နဲ့ အထဲမရောက်ဘူး။
သုံးယောက်လုံးအထဲရောက်တော့ တက်စီဒရိုင်ဘာက ကားစက်ကိုနှိုးတယ်၊ ပြီးတာနဲ့ချက်ခြင်း စက်ကိုရပ်လိုက်တယ်…
ပြီးတော့ အမူးသမားသုံးယောက်ကိုပြောလိုက်တယ်…
“ရောက်ပြီ…”
ပထမတစ်ယောက်က တက်စီခပေးပြီး ဆင်းသွားတယ်…
ဒုတိယတစ်ယောက်က ကျေးဇူးတင်ကြောင်းပြောသွားတယ်…
တတိယတစ်ယောက်က ဒရိုင်ဘာကို ပါးလှမ်းရိုက်တယ်…
ဒရိုင်ဘာလည်း အံ့သြသွားတာပေါ့၊ ဒီလောက်တောင်မူးနေတာ သူ့လုပ်ရပ်ကို မသိလောက်ဘူးလို့ ထင်ထားတာကိုး… …
တတိယတစ်ယောက်က ဆက်ပြောတယ်… …
“နောက်ကို ကားမောင်းရင် ဖြေးဖြေးမောင်း၊ ကံကောင်းလို့၊ ငါတို့အားလုံး သေတော့မလို့”…တဲ့။


* လူလည်*

> တစ်ခါက တောသားတစ်ယောက်ဟာ မြို့တက်လာတယ်။ သူဟာ မြို့က
> အဆောက်အဦအမြင့်ကြီးတွေကို ကြည့်ပြီး အထပ်ပေါင်း ဘယ်လောက်ရှိတယ်ဆိုတာ
> ရေတွက်နေလေရဲ့။ အဲဒီမှာ မြို့သား လူလည် တစ်ယောက်ရောက်ချလာပြီး.... ....
>
> ( မြို့သား)။ ။ “ဒီမှာ၊ ဒီမှာ၊ ကျွန်တော်တို့ မြို့မှာ အဆောက်အဦး
တွေကို
> ဒီလို
> ရေတွက်ချင်တိုင်း ရေတွက်လို့ မရဘူးဗျ။ အထပ် တစ်ထပ်ကို 100 နှုန်းနဲ့
> ရေရတယ်။
> အခု ခင်ဗျား ရေထားတာ ဘယ်နှစ်ထပ် ရေ ပြီးပြီလဲ”။

------------------------------------------------------------------------------------------------------------------------------------

  (တောသား) ။ ။ “သြော်၊ ကျွန်တော် 10 ထပ်ပဲ ရေရပါသေးတယ်”။....

  ( မြို့သား)။ ။ “ဒါဆို ကျွန်တော့်ကို 1000 ပေး။ ခင်ဗျားကို ကျွန်တော်
> ရေတွက်ခွင့် လက်မှတ်
> ပေးခဲ့မယ်။ ဒါနဲ့ တောသားဟာ မြို့သားကို ပိုက်ဆံ 1000 ပေးလိုက်ပြီး
> သူတွေးနေတာက
> “ သြော်၊ မြို့သားများ လည်တယ် လည်တယ်နဲ့ ငါနဲ့ တွေ့တော့ ခံလိုက်ရတာပဲ။
> ဟီးဟီးဟီး................ .. ငါကဖြင့် 15 ထပ် လောက်တောင်
> ရေပြီးပြီ ” တဲ့။


ကိစ္စမရှိပါဘူး

ရုရှားသမ္မတ နှင့် ဇနီး သည် အမေရိကန်ရှိ အိမ်ဖြူတော်သို့သွား၍ အမေရိကန်သမ္မ နှင့် ဇနီး အားတွေ့ဆုံနှုတ်ဆက်သည် ။ အမေရိကန်သမ္မတကတော်ကရုရှားသမ္မတ ကတော်အား ပြန်ခါနီးတွင် အမေရိကန်လုပ် BMW Latest ကားတစ်စီးအားလက်ဆောင်အဖြစ်ပေးလိုက်လေသည်။

ထိုအခါရုရှားသမ္မတ ကတော်က ` ကျွန်မတို့ ရုရှားတွေက သူများလက်ဆောင်ပေးတာကို အလကားမယူကြောင်း တစ်ခုခုပြန်ပေးရမှသာယူကြောင်းပြော၏
အမေရိကန်သမ္မတ ကတော်က ` ဒါဆိုရင် လဲ ဒေါ်လာတစ်ကျပ်ပဲ ပေးပါ ´ ဟုပြန်ပြောလိုက်လေသည်။
ရုရှားကတော် က ပိုက်ဆံအိပ်ထဲမှ တစ်ကျပ်တန်ဒေါ်လာတစ်ရွက်ရှာသည် ။ မတွေ့သောအခါ ငါးကျပ်တန်ဒေါ်လာတစ်ရွက်ထုပ်ပြီးပေးသည်။
အမေရိကန် ကတော်က သူတွင်ပြန်အမ်းရန် ဒေါ်လာ လေးကျပ်မရှိကြောင်းပြောသောအခါ

ရုရှားကတော်က `` ရပါတယ် ၊ ကိစ္စမရှိပါဘူး ၊ နောက်ထပ်လေးစီးထပ်ပေးလိုက်လေ ´´


လွဲလွဲလေးလဲကောင်းပါတယ်.....

မေ့ဆေးပျယ်လို့  နိုးထလာတဲ့အချိန်မှာ သူ ဘေးဘီ ဝဲယာကို ဝိုက်ကြည့်လိုက်ပါတယ်။ သူက လူနာအိမ်ဆောင်ခန်းထဲက ကုတင်ပေါ်မှာ ရှိနေပြီး သူ့ နံဘေးမှာ သူနာပြုဆရာမတစ်ယောက် ရပ်စောင့်နေတာ တွေ့ လိုက်ရတယ်။ ခွဲစိတ်ခန်းထဲမှာ အစစအရာရာ ချောချောမောမော ရှိခဲ့ရဲ့လားလို့  သူကမေးပါတယ်။

သူနာပြုဆရာမလေးက ပြုံးပြီး …
“အဆင်ပြေပါတယ်ရှင်… အားလုံးချောချောမောမောပါပဲ”

“ကျွန်တော်က ခွဲစိပ်ခံရမှာကို ကြောက်ခဲ့တာဗျ”

“ဘာဖြစ်လို့ ကြောက်ရမှာလဲ၊ စိုးရိမ်စရာ ဘာဆိုဘာမှ မရှိဘူး”

“ကျွန်တော်က အမြဲတမ်း လွဲလွဲလေးတွေနဲ့  ကြုံခဲ့ရသူဆိုတော့
အမှန်အတိုင်းပြောရရင် ကြောက်တယ်ဗျ” … လို့ အစချီပြီး သူ့ ကို မွေးစကတဲက
လွဲမှားခဲ့ရတဲ့ အကြောင်းတွေကို စီကာပတ်ကုံး ပြောပြပါတော့တယ်။

သူ့ ကိုမွေးတဲ့ ဆေးရုံမှာ ကလေးချင်းမှားမိလို့  သူ့ အသက်
ဆယ်နှစ်သားလောက်အထိ အာရှသား လင်မယားကို သူ့ မိဘလို့ ပဲ မှတ်ယူခဲ့ရတယ်တဲ့။
သူ့ မိဘဆိုသူတွေကလည်း သူတို့ ရဲ့ ကလေးဟာ ဘာလို့  အသားတွေ ဒီလောက်ဖွေးပြီး
မျက်လုံးဒီလောက် ပြူးရသလဲ ဆိုတာကို အဲဒီတုန်းက ဘယ်လိုမှ စဉ်းစားလို
့မတတ်ခဲ့ကြဘူးတဲ့။ နောက်မှ ကလေးချင်းမှားမှန်း သိပြီး သူ့ ကို သူ့ ရဲ့ မိရင်းဖရင်းတွေဆီ ပြန်သွားပို့ ပေးကြသတဲ့။ အတိအကျပြောရရင်တော့ သူမိခင်ဆီပြန်ပို့ ပေးတာပါ။ သူ့ အဖေက သူ့ အမေကို နှစ်အတော်ကြာကြာကတည်းကပစ်သွားခဲ့ပါပြီ။ ဥရောပသူ သူ့ မိန်းမက တရုတ် ရုပ်နဲ့ ကလေးလေး မွေးလာလို ပါတဲ့လေ။

“ကျွန်တော်နာမည်ကလည်း မှားပြီး ရ’ထားတာဗျ”

“ရှင့်နာမည်က လီရီယို မဟုတ်ဘူးလား”

“အမှန်က ကျွန်တော့်ကို လောင်ရိုလို့ မှည့်တာ။ အဲဒါ စိစစ်ရေးရုံးရောက်မှ
ဘယ်လိုကနေ ဘယ်လို လီရီယို ဖြစ်သွားလည်း ကျွန်တော်လည်း မပြောတတ်တော့ဘူး။”

လွဲမှားမှုတွေက အဲဒီမှာတင် အဆုံးမသတ်သေးပါဘူး။ သူကျောင်းတက်တော့လည်း
သူ’မကျူးလွန်ခဲ့တဲ့ ပစ်မှုတွေအတွက် ခဏခဏ မှားပြီး အပစ်ပေးတာကို ခံခဲ့ရတယ်။
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို သူက ဂုဏ်ထူးနဲ့ အောင်ပေမယ့် ကွန်ပြူတာက
စာရင်းမှားထုတ်လို့  သူ တက္ကသိုလ်တက်ခွင့် မရလိုက်ဘူး။

“ပြီးခဲ့တဲ့ နှစ်နှစ် သုံးနှစ်ကစပြီး ထူးဆန်းတဲ့ တယ်လီဖုန်းအခွန်တွေကို
ဆောင်နေရတယ်ဗျ။ ရှေ့ လတုန်းကဆို တယ်လီဖုန်းခ ငွေ ၃၀၀/- ဆောင်ခဲ့ရတယ်”

“ရှင်က နိုင်ငံခြားဖုန်းတွေ ခဏခဏ ခေါ်ပုံရတယ်”

“ဘယ်ကလာဗျာ… ကျွန်တော့်အိမ်မှာ တယ်လီဖုန်းတောင်မရှိဘူး။”

မိန်းမရတော့လည်း မှားပြီးရပြန်ရော။ သူ့ မိန်းမက သူ့ ကို တခြားတစ်ယောက်နဲ
့ မှားပြီး လက်ထပ်ခဲ့တာ။ အိမ်ထောင်ရေးကလည်း အဆင်မပြေပါဘူး။

“ဘာလို အဆင်မပြေဖြစ်ရတာလဲ…”

“သူက တခြားတစ်ယောက်နဲ့  မှားပြီးလက်ထပ်ခဲ့တာလေ။ ကျွန်တော့်ကို
တကယ်ချစ်တာမှ မဟုတ်ဘဲ။ အဲဒီတော့ သူချစ်တဲ့ သူ့ ချစ်သူဆီပဲ
အမြဲတမ်းသွားနေတော့တာပေါ့။”

လူမှားပြီး ခဏခဏ အဖမ်းခံရဖူးတယ်။ သ’ူမယူဖူးတဲ့ အကြွေးတွေအတွက်
အတိုးတောင်းတဲ့စာတွေ ခဏခဏရဖူးတယ်။ ဆရာဝန်ကသူ့ ကို အခုလိုပြောတော့
သူပျော်တောင်ပျော်သွားခဲ့တယ်ဆိုပဲ...

“ခင်ဗျား လူလောကမှာ သိပ်ကြာကြာ နေခွင့်မရတော့ဘူးဗျာ”

ဒါလည်း ဆရာဝန်က သူ့ ကို လူနာမှားပြီး ပြောမိတာတဲ့။ တကယ်က
ဘာမှဖြစ်လောက်တဲ့ ရောဂါမဟုတ်ပါဘူး။ အူအတက်ပေါက်ရုံကလေးပါ။

“အခု ခင်ဗျားက ကျွန်တော့ကို ခွဲစိတ်ခန်းထဲမှာ ဘာအမှားအယွင်းမှမရှိဘူး
ဆိုတော့ ယုံရခက်ခက်ပေါ့ဗျာ”

ဒီမှာတင် ပြုံးပြီးနားထောင်နေတဲ့ သူနာပြုဆရာမလေးရဲ့ မျက်နှာဟာ

တမဟုတ်ချင်း ငြှိုးကျသွားပါတယ်။

“အူ.. အူအတက်ပေါက်တာ… ဟုတ်လား …”

“ဟုတ်တယ်လေ … ကျွန်တော် အူအတက်ပေါက်လို့  ဖြတ်ထုပ်ဖို့ အတွက်
ဆေးရုံတက်ရတာလေ ... ဘာဖြစ်လို့ လဲ…”

သူနာပြုဆရာမလေး ပြန်ပြောလိုက်တဲ့စကားက …

“ဒါဆို ရှင်က … ယောက်ျားကနေ မိန်းမဖြစ်အောင် ခွဲစိတ်တဲ့ လူနာ မဟုတ်ဘူးပေါ့…”။ from fwd mail


ဒါဝက်မဟုတ်ဘူး .... ကြောင်ကွကြောင်

လင်မယားနှစ်ယောက် ရန်ဖြစ်ပြီးမကြာဘူး ယောက်ျားဖြစ်သူက အိမ်မွေးကြောင်နဲ့ဆော့ကစားနေခဲ့တယ်။ ဒါကို မိန်းမကမြင်တော့
"နင်ဘာလို့ အဲဒီဝက်နဲ့ ကစားနေတာလဲ" လို့ ငေါက်လိုက်တယ်။

အငေါက်ခံရတဲ့ ယောက်ျားက ကြောင်ကိုလက်ညှိုးထိုးပြီး "ဒါဝက်မဟုတ်ဘူး..ကြောင်ကွ.. ကြောင်" လို့ ပြန်အော်လိုက်တယ်။

အဲဒီအခါမှာ မိန်းမက ယောက်ျားကို "နင့်ကို ငါမေးနေတာ မဟုတ်ဘူး။ ငါအဲဒီကြောင်ကို မေးနေတာ" လို့ ပြန်အော်လိုက်တယ်။


"ဖြေရဲဘူး"

ကုန်တိုက်တစ်ခု၏ ငွေရှင်းကောင်တာတစ်ခုတွင် ဖြစ်သည်။
လူအများငွေရှင်းရန် တန်းစီနေကြရာ ရှေ့ဆုံးက လူမှာ ဗလကြီးကြီး ထွားထွားကြိုင်းကြိုင်းနှင့် ဖြစ်သည်။
ဗလကြီးက ငွေရှင်းအပြီးတွင် ကောင်တာနောက်မှ လူကိုမေးတယ်… …
“ယောက်…ယောက်…ယောက်ျား၊ အိမ် အိမ် အိမ်သာ ဘယ်နားနား နားမှာလဲလဲ…လဲ”
ကောင်တာနောက်ကလူက ဘာမှပြန်မဖြေ၊ ကြောင်စီစီနဲ့ ပြန်ကြည့်နေတယ်။
ဗလကြီးက ထပ်မေးတယ်… …
“ယောက်…ယောက်…ယောက်ျား၊ အိမ် အိမ် အိမ်သာ ဘယ်နားနား နားမှာလဲလဲ…လဲ”
ဒါလဲ ပြန်မဖြေဘူး၊ ဗလကြီးကလည်း ဒေါသထွက်လာတာပေါ့။
ထပ်မေးတယ်… …
“ယောက်…ယောက်…ယောက်ျား၊ အိမ် အိမ် အိမ်သာ ဘယ်နားနား နားမှာလဲလဲ…လဲ..လို့ မေး မေးမေးနေတယ်လေ”
ဒီတခါလဲ ပြန်မဖြေဘဲ မျက်နှာငယ်လေးနဲ့ ပြန်ကြည့်နေတာ၊ ကြာတော့ ဗလကြီးနောက်က တန်းစီနေတဲ့ မိန်းမက မနေနိုင်တော့ဘဲ ဝင်ပြောတော့တယ်… …
“ရှင်ကလည်း သူမေးနေတာကို သိရင်လည်း ပြန်ဖြေလိုက်လေ”
အဲဒီတော့မှ ကိုယ်တော်ချော ပြန်ဖြေတာက… …
“ပြန် ..ပြန် ပြန်ဖြေဖြေလို့၊ သူ့ သူ့ကို ပြောင် ပြောင်ပါတယ် ဆိုဆိုပြီးပြီး ဆွဲ ဆွဲထိုးထိုးရင် ခ ခ ခများ တာဝန်ယူယူ မှလားလား”..တဲ့။
(အော်…သူလဲ ထစ်တာကိုး) from ...TTO


နမ်းချင်တယ်


လူချောလေးတစ်ယောက်မှာ ချစ်စခင်စ ကြင်နာစရည်းစား အသစ်စက်စက်လေး တစ်ယောက်ရှိတယ်။
သူ့အသည်းလေး မွေးနေ့အတွက် အမှတ်တရဖြစ်အောင်…ဘာလက်ဆောင်ပေး ရင်ကောင်းမလဲလို့ အသည်းအသန်
စဉ်းစားရပါတော့တယ်။ သူ့အချစ်လည်း ပေါ်လွင်ရမယ်။ သူမအတွက်လည်း အသုံးဝင်ရမယ်။
အမှတ်တရနဲ့ ဂန္ဓ၀င်လည်း မြောက်ရမယ်ပေါ့။ဈေးကြီးတာလည်း မတတ်နိုင်ဘူးပေါ့။
နောက်ဆုံးအကောင်းစား လက်အိတ်ဖြူဖြူလေးတစ်စုံ ၀ယ်ဖို့ကြည်နူးစွာဆုံးဖြတ်လိုက်နိုင်ပါတယ်။
မိန်းမအသုံးအဆောင် ပစ္စည်းဆိုင်ကို သွားမှာမို့ ချစ်သူရဲ့.ညီမလေးလည်းပါလာတယ်၊
ဆယ်ကျော်သက် လှလှလေးပါပဲ။
ဆိုင်ရောက်တော့ ကောင်လေး က သူ. ချစ်သူတွက် လက်အိတ်အဖြူလေးတစ်စုံ ၀ယ်တယ်။
ချစ်သူ့. ညီမလေးက အောက်ခံဘောင်းဘီ (ပင်တီ) တစ်ထည်ဝယ်တယ်။ ဖြစ်ချင်တော့ ထုပ်ပိုးပေးတဲ့
အရောင်းစာရေးမ အမှားကြောင့် ချစ်သူ့ညီမက လက်အိတ်ရသွားတယ်။
သူလည်း ဖွင့်စစ်ဆေးမနေဘဲ (ပင်တီ ပါတဲ့ ) ပါဆယ်ထုတ် နဲ့ စာတစ်စောင် ရေးပြီးစာတိုက်က ပို့လိုက်တယ်။

စာကတော့…

အသည်းလေး .....
ကိုယ်ဘာလို့ ဒီလက်ဆောင်ကို ရွေးချယ်ရသလဲဆိုတော့ မင်းနဲ့ကိုယ် ညနေခင်းတွေ
လမ်းလျှောက်ထွက်တဲ့ အခါ မင်းဝတ်လေ့ဝတ်ထ မရှိဘူးဆိုတာ ကိုယ်သတိပြုမိလို့ပဲ။
ကိုယ်က နှိပ်ကြယ်သီးပါတာ ၀ယ်ဦးမလို့ပဲ။
မင့် ညီမက ချွတ်လို့စွတ်လို့လွယ်အောင် အဲ့ဒါကိုပဲ ၀ယ်ဖို့ တိုက်တွန်းတယ်။
ဟုတ်တယ်…သူစွပ်ပြချွတ်ပြတယ်…လှလိုက်တာလေ။
စွတ်ရချွတ်ရတာလည်း လွယ်တယ်။
အရောင်းစာရေးမကတောင် သူမလည်းဒါပဲ ၀တ်ကြောင်းနဲ့ သူကိုယ်တိုင်
ဝတ်ပြ ချွတ်ပြသေးတယ်။
အတော်ကြည့်ကောင်းပါတယ်။ သူမက အပေအစွန်းလည်း ရေဆေးရုံနဲ့ ပြောင်ကြောင်း
အာမခံတယ်လေ။
ဒီတစ်ခါ ကိုယ်လာရင် မင်းဝတ်ထားတာ မြင်ချင်တယ်။ တွေ့ရင်တော့လား အထပ်ထပ်အခါခါ
နမ်းပစ်မိမှာပဲ။
သောကြာနေ့မှာ ကိုယ်နမ်းဖို့ ဆက်ဆက်ဝတ်ထားနော်…နော်…

အသည်းလေးရဲ့

ကိုယ်

Credit to - tharbuu(mutdfan.com)


စူပါဂလူး....

အဖွားဖြစ်သူ မနက်စာပြင်ပေးနေသည်ကိုစားရင်း ပီတာလေးမေးလိုက်သည်....
“ဖွားဖွား.... ဖေဖေနဲ့ မေမေကောဟင်”
”သူတို့အိပ်ခန်းထဲကဆင်းမလာကြသေးဘူး”
ခစ်...ခစ်... ဟုရယ်ရင်း ပီတာလေးအိမ်ပြင်ဖက်တွင် သူငယ်ချင်းများနှင့်သွားဆော့နေသည်။
နေ့လည်စာစားချိန်တွင် ပီတာလေး ပြန်ဝင်လာပြီး အဖွားဖြစ်သူပြင်ပေးသော နေ့လည်စာကိုစားရင်း . . .
“ဖွားဖွား.... ဖေဖေနဲ့ မေမေကောဟင်”
”သူတို့အိပ်ခန်းထဲကဆင်းမလာကြသေးဘူး”
ခစ်...ခစ်... ဟုရယ်ရင်း ပီတာလေးအိမ်ပြင်ဖက်တွင် သူငယ်ချင်းများနှင့်ပြန်သွားဆော့နေသည်။
ညစာစားချိန်တွင် ပီတာလေး ပြန်ဝင်လာပြီး အဖွားဖြစ်သူပြင်ပေးသော ညစာကိုစားရင်း . . .
“ဖွားဖွား.... ဖေဖေနဲ့ မေမေကောဟင်”
”သူတို့ခုချိန်ထိအိပ်ခန်းထဲကဆင်းမလာကြသေးဘူး”
ဟီး..ဟီး...ဟီး.... ပီတာလေး အားရပါးရရယ်လေသည်။
”ဟဲ့ကောင်လေး..နင်က နင့်အဖေနဲ့အမေ အိပ်ခန်းထဲကဆင်းမလာကြသေးဘူးဆိုတာကို ဘာလို့ ဒီလောက်သဘောကျနေရတာလဲ” အဖွားဖြစ်သူက နားမလည်နိုင်စွာဖြင့်မေးလိုက်သည်။
”ညက ဖေဖေသားအခန်းထဲလာပြီး ခေါင်းလိမ်းဆီလာတောင်းတာ သား စူပါဂလူးဘူး ပေးလိုက်တယ်လေ”. . . . ..
မက်အိမ်ထင်တာတော့ ခေါင်းမှာ စူပါဂလူး ကပ်ကုန်ပြီ ထင်တာပဲ ...ကျန်တာတော့ ထင်ရဲပါဘူး....နော်..

တစ်ဒေါ်လာထဲရယ်ပါ...

လင်မယား ၂ယောက် မနက် ၂နာရီခန့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ မိန်းမက လန့်နိုးလာသည်။
“ဘာဖြစ်တာလဲ”
“ကျွန်မ အိမ်မက်ထဲမှာ ယောက်ျားတွေ လေလံပစ် ရောင်းနေတာတော့ တယောက်ကို ဒေါ်လာ တသိန်း၊ တချို့ကျ တသောင်း၊ တချို့ကျ ဒေါ်လာတထောင်နဲ့တဲ့”
“ဟေ... ငါ့လို လူမျိုးကျတော့ရော”
“အောင်မလေးတော်.. ရှင်တို့လို ယောက်ျားတွေကျတော့ အုန်းသီး ထန်းသီးတွေ ကျနေတာပဲ၊ တတွဲလုံးမှ တဒေါ်လာထဲရယ်”


အတုခိုးသူ

ပီတာလေးသည် ၄င်း၏အစ်ကိုအကြီးဆုံး လုပ်သည့်အတိုင်း အတုခိုးလုပ်လေ့ရှိသည်။ တစ်နေ့ အခန်းထဲ ထိုင်နေရင်း တစ်ဖက်အခန်းမှ အစ်ကိုကြီးအသံကို ကြားရသည်။ အစ်ကိုကြီးက ၄င်း၏သူငယ်ချင်းကို ပြောပြနေခြင်း ဖြစ်သည်။
"ငါ ကောင်မလေးကို မော်တော်ဆိုင်ကယ်ပေါ် တင်လိုက်ပြီး တောဘက်ကိုမောင်းသွားတယ်။ တောထဲ ရောက်တော့ သူ့ကိုနမ်းမယ် လုပ်တယ်။ "ဟင့်အင်း၊ ဟင့်အင်း" လို့ပြောပြီး ကောင်မလေး နောက်ကိုဆုတ်သွားတယ်။ ငါ မော်တော်ဆိုင်ကယ်ပေါ် တက်ထိုင်လိုက်ပြီး စက်ကိုနှိုးတယ်။ "ကောင်းပြီလေ၊ ဒါလေးတောင်မှ ခွင့်မပြုဘူးဆိုရင်တော့ ကိုယ့်ဘာသာကိုယ် လမ်းလျှောက်ပြီးပြန်ပေတော့" လို့ပြောပြီး ငါ မောင်းထွက်သွားတယ်"
နောက်တစ်နေ့တွင် ပီတာလေး စက်ဘီးစီးနေရင် အိမ်နီးချင်း နာတာရှာလေးကို တွေ့သည်။ စက်ဘီး နောက်ခုံပေါ် နာတာရှာလေးကို တင်ပြီး ပီတာလေး တောထဲဘက်နင်းသည်။ ရောက်သောအခါ ပီတာလေး ကောင်းမလေးကို မေးသည်။
" နာတာရှာ၊ ငါ နင့်ကို နမ်းချင်တယ်။ ရမလား"
" နမ်းလေ"
" အမ်—-ဒီလိုဆိုရင် ရော့ စက်ဘီးကိုယူသွား။ ငါ လမ်းလျှောက်ပြန်မယ်"

ကံအဆိုးဆုံးနေ့

အရက်ဘားတွင်ဖြစ်သည်။
အရက်ခွက်ကို ရှေ့မှာ ချပြီး လူတစ်ယောက် ညှိုးငယ်စွာ ထိုင်နေသည်။
ထောင်ထောင် မောင်းမောင်း၊ ဗလ ကောင်းကောင်း လူတစ်ယောက်ဝင်လာပြီး ဘာမပြော၊
ညာမပြောနှင့် စောစောက လူရှေ့ရှိ အရက်ခွက်ကို ဆွဲယူကာ သောက်ချလိုက်သည်။
ထိုင်နေသူ မျက်နှာကို လက်နှစ်ဘက်ဖြင့် အုပ်ပြီး ရှိုက် ကြီးတငင် ငိုသည်။ ဗလကြီး
အံ့သြသွားသည်။ ထိုသူကို သနားစိတ်ဝင်သွားသည်။ သို့နှင့် နှစ်သိမ့်စကားပြောသည်။
"ဟေ့လူ၊ ဒီလောက်တောင် ဝမ်းနည်းမနေပါနဲ့။ ကျွန်တော် ကျီစားတာပါဗျ။
နောက်တစ်ခွက်ဖိုးကို ကျွန်တော် ပေးပါ့မယ်ဗျာ"
မျက်ရည်များကို သုတ်ပြီး ထိုလူ ပြန်ပြောသည်။
"ဒါကြောင့် မဟုတ်ပါဘူး။ ကျွန်တော့်အဖြစ်ကို ခင်ဗျားမသိလို့ပါ။ ဒီနေ့ဟာ ကျွန်တော့
အတွက် ကံအဆိုးဆုံးနေ့ပါ။ မနက်က အိပ်ရာထ နောက်ကျသွားတယ်။ အလုပ်ဆင်းတာ
နောက်ကျတယ်ဆိုပြီး အလုပ်ရှင်က ကျွန်တော့ကို အလုပ်က ထုတ်လိုက်တယ်။
ကိုယ်ပိုင်ပစ္စည်းတချို့ကို ကောက်သိမ်းပြီး အပြင်ကို ထွက်လာတော့ ကျွန်တော့ စက်ဘီး
မရှိတော့ဘူး။ ဒါနဲ့ အိမ်ကို ခြေလျင် ပြန်လာရတယ်။ အိမ်ရောက်တော့ မိန်းမကို လင်ငယ်နဲ့
တွေ့တယ်။ မိန်းမက ရှင့်ကို မပေါင်းနိုင်တော့ဘူးဆိုပြီး အိမ်ပေါ်က မောင်းချတယ်။
ကျွန်တော့ဘဝဟာ အဓိပ္ပါယ်မရှိတော့ဘူး။ အရက်ဆိုင်ကို လာပြီး အရက်နဲပ ဖြေဖျောက်ဖို့
စဉ်းစားတယ်။ အရက်တစ်ခွက်မှာလိုက်တယ်။ အဲဒီမှာတင် အတွေးပေါ်လာတယ်။ ဒီလောက်
ကံဆိုးနေမှတော့ လူ့ပြည်မှာ ဘာလုပ်ဖို့ ဆက်နေတော့မှာလဲ ဆိုတဲ့ အတွေး။ ဒါနဲ့
အရက်ခွက်ထဲကို အဆိပ်ခပ်ထည့်လိုက်တယ်။ သောက်မယ်လုပ်တုန်း ခင်ဗျား
ဝင်သောက်လိုက်တာ။ အင်း၊ သေချင်တာတောင် ဖြောင့်ဖြောင့် မသေရပါလားနော်။
ကျွန်တော့ကိုက ကံဆိုးပါတယ်ဗျာ"

သူ့နေရာသူပြန်သွား

" ဟောဒီခွက်ထဲက ကျောက်ခဲလေးတွေဘယ်ရောက်ကုန်ပြီလဲ "
" ဪ ..... အဲဒါကျောက်တုံးလေးတွေလား၊ ကျွန်တော်ကသောက်ရမယ့်ဆေးမှတ်လို့ခုနကပဲသောက်လိုက်မိပြီ ဆရာမ "
" ဟောတော် ဒုက္ခပါပဲ။ အဲဒါရှင်သတိရလာရင် ပြဖို့ထားတာ။ ရှင့်ဆီးအိမ်ထဲကခွဲထုတ်ထားတဲ့ဟာတွေရှင့် "

မဟုတ်ဘူးလို့  ....


တစ်ခါတုန်းက ရွာတစ်ရွာမှာ နွားမကြီးတစ်ကောင်မွေးထားတဲ့ အဖိုးအို ၁
ယောက်ရှိတယ်တဲ့..တစ်နေ့မှာ အဲ့ဒီနွားမကြီးကနေ
နွားသေးလေးတစ်ကောင်ပေါက်လာတယ်တဲ့.. အဖိုးအိုက အဲ့ဒီ့နွားမကြီးနဲ့နွားလေးကို ရောင်းဖို. မြို.မှာရှိတဲ့ဈေးကိုသွားတယ်တဲ့...အဲ့ဒီလိုသွားရာမှာ လူပြတ်တဲ့နေရာရောက်တော့ အဖိုးအိုကို ဓားပြတိုက်ကြသတဲ...အဖိုးအိုမှာ
ပေးစရာမရှိလို့ ဓားပြတွေက အဖိုးအိုရဲ့အ၀တ်အစားအကုန်လုံးကို ချွတ်ယူတယ် .. နွားမကြီးကိုလည်းယူသွားပြီး နွားလေးကိုတော့ထားခဲ့တယ်တဲ့...အဖိုးအိုကိုလည်း သစ်ပင်တစ်ပင်မှာ မတ်တတ်ကြီးကြိုးတုတ်ထားခဲ့တယ်တဲ့....၂ ရက်လောက်ကြာတော့ ရွာကလူတွေက အဖိုးအိုကိုတွေ.ပြီးကြိုးဖြည်ပေးကြတယ်....အဖိုးအိုက ကြိုးဖြည်ပြီးပြီးချင်းပဲ နွားကလေးကို
တုတ်တစ်ချောင်းနဲ့ရိုက်တော့တယ်တဲ့..ရွာသားတွေက နွားလေးက ကိုသနားပါတယ်..သူ့ခဗျာ နို့ငတ်နေရှာတာ ခင်ဗျားက
ဘာလို့ရိုက်တာလဲလို့မေးတော့........အဖိုးအိုက." ကျွန်တော် သူ့ကို အတန်တန် ပြောပါတယ်ဗျာ..သူက နားမထောင်ဘူး....ကျွန်တော်သူ့အမေမဟုတ်ပါဘူးလို့တဲ့.."


အိုင်အမ်ဆောရီး

၁၇-ရာစု အင်္ဂလန်နိုင်ငံ လေးမြားပစ်ပြိုင်ပွဲတွင် ဖြစ်သည်။ ပထမဦးဆုံး အပျံစားကုတ်အကျီင်္ အပျံစားဘောင်းဘီဝတ်ထားသော လူချောတစ်ယောက် ထွက်လာပြီး ပစ်သည်။မြားသည် ဘုရင့်အပါးတော်မြဲ၏ ခေါင်းထိပ်တွင် တင်ထားသော ပန်းသီးကိုမှန်သည်။ ပရိသတ်များ တစ်ခဲနက် သြဘာပေးကြသည်။ လူချောကပြောသည်။

"I'm Robin Hood"

ပရိသတ်၏အော်ဟစ်သံများ ဆူညံသွားသည်။ နောက်လူငယ်တစ်ယောက်ထွက်လာသည်။ သားရေဂျာကင်၊ သားရေဘောင်းဘီရှည်ကို ၀တ်ထားသည်။ထိုသူသည် ပန်းသီးကိုချိန်ပြီး မြားကိုလွှတ်လိုက်သည်။ ပန်းသီးထက်ခြမ်းကွဲသွားသည်။ ပရိသတ်များ သောင်းသောင်းဖြဖြ အားပေးကြသည်။

"I'm Willghelm Telle"

ပရိသတ်၏လက်ခုပ်သံများ အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားသည်။ ဗလကောင်းကောင်း အမျိုးသားကြီးတစ်ယောက် ထွက်လာသည်။ ကျပ်တင်းနေသော ကုတ်အင်္ကျီနှင့် ဘောင်းဘီတိုကို ၀တ်ထားသည်။ ကြီးမားလှသော လေးကို မလိုက်ပြီး ချွန်ထက်သည့်စို့ချောင်းဖြင့်ပစ်သည်။ စို့ချောင်းသည် ဘုရင့်အပါးတော်မြဲ၏ ခေါင်းကို ဖြတ်ဖောက်ထွက်သွားသည်။ ပရိသတ်အားလုံးတုန်လှုပ် ခြောက်ခြားသွားကြသည်။ အတန်ကြာဘာအသံမှ မကြားရဘဲ တိတ်ဆိတ်နေသည်။ ထိုဗလကြီးကပြောသည်။

"I'm SORRY"

(အစားထိုး)

အလုပ်သင် သတင်းထောက်ကလေးက အယ်ဒီတာကို သတင်းတပုဒ်လာပြတယ်။

`မစ္စစ် စမစ်ဟာ ဒီနေ့ ကားမတော်တဆမှုမှာပါဝင်ခဲ့ပြီး အခုဆိုရင် မြို့နယ်ဆေးရုံမှာ
သူမရဲ့ ရင်သားဒဏ်ရာကို ကုသမှုခံယူနေပါတယ်။´

အယ်ဒီတာက ဆူတယ်။ ငါတို့သတင်းစာက မိသားစုဖတ်တဲ့အဆင့်ကွ။ ဒီလို ရင်သားဆိုတဲ့
စာသားထည့်မရေးရဘူး။ သင့်တော်သလို ပြန်ရေးလာခဲ့။

သတင်းထောက်ကလေးဟာ စိတ်ရှုပ်ထွေးစွာ စဉ်းစားပြီးတဲ့အခါ အောက်ပါသတင်းတိုလေးကို
အယ်ဒီတာထံ တင်လိုက်ပါတော့တယ်။

`မစ္စစ် စမစ်ဟာ ဒီနေ့ ကားမတော်တဆမှုမှာပါဝင်ခဲ့ပြီး အခုဆိုရင် မြို့နယ်ဆေးရုံမှာ
သူမရဲ့ ( . ) ( . )ကို ကုသမှုခံယူနေပါတယ်။´


စိတ်ကြီးတဲ့....ဆရာမ

သား ။ ။ ဖေဖေ...သား ဒီနေ့...ကျောင်းမှာ အပြစ်ပေးခံရတယ်
အဖေ ။ ။ ဟုတ်လား....ဘာဖြစ်လို့လဲ
သား ။ ။ ဆရာမ က...မေးတယ်လေ...
နှစ် အမြှောက် သုံး ညီမျှခြင်း...ဘယ်လောက်လဲ...တဲ့
သား က...ခြောက် လို့...ဖြေလိုက်တယ်
အဖေ ။ ။ အင်း....မှန်သားပဲ
သား ။ ။ မှန်လို့...ဆရာမ က...ထပ်မေးတယ်....ဖေဖေ ရဲ့ 
သုံး အမြှောက် နှစ် ညီမျှခြင်း...ဘယ်လောက်လဲ...တဲ့
အဖေ ။ ။ ဟင်....ဘာထူးလို့လဲ
သား ။ ။ ဟုတ်တယ်...ဖေဖေ...သားလည်း...အဲလိုဖြေမိလို့ ။

သေပြီသာမှတ်....

ကမ်းခြေမှသူဌေးကအိမ်သို့ ဖုန်းဆက်နေသည်။
"ဟေ့ကောင်ကြီး....အိမ်မှာဘယ်လို
အခြေအနေရှိလဲ..
အေးဆေးပဲလား"
"ဟာ....မအေးဆေးဘူးဆရာ....ဆရာမွေ
းထားတဲ့..ကြက်တူရွေးကြီးသေသွားပြီ"
"ဟေ...မင်းဂရုစိုက်ပြီးအစာမကျွေးဘူးလားဟေ့ကောင်..."
"ကျွေးပါတယ်ဆရာရယ်..."
"အေး...ကျွေးရင်ပြီးရော....သေတာကသေသွားပြီ..ရှိစေတော့...ရှိစေတော့
ဒါနဲ့ ဘယ်လိုဖြစ်ပြီးသေသွားတာလဲ...အအေးမိတာလား"
"မဟုတ်ဘူးဆရာ....အဲဒီကောင်ကအသားအပုပ်တွေစားမိလို့သေသွားတာ"
"ဟင်!!!!ဘယ်ကအသားအပုပ်တွေတုန်းဟ..မင့်ဥစ္စာက"
"ဆ..ဆရာ...စိတ်မဆိုးရဘူးနော်..
ပြီးတော့...ကျွန်တော့်ကိုအလုပ်မထုတ်ပါနဲ့နော်....."
"အေးပါ...မြန်မြန်ပြောစမ်းပါ..."
"ဟိုလေ....ဆရာမြင်းကြီး....အဲလေ...ဆရာ့မြင်းကြီးအသားအပုပ်တွေ....."
"ဘာ....ငါ့မြင်းကြီး...ဟုတ်လား.."
"ဟုတ်...ဟုတ်...သေသွားပြီဆရာ.."
"ဟေ!!!!...."
"သူကတော့ပင်ပန်းပြီးသေတာဆရာ"
"ဘာကွ...မြင်းကြီးကိုမင်းတို့လျှောက်စီးကြတာပေါ့ ဟုတ်လား.."
"မဟုတ်ဘူးဆရာ...ရေ...ရေသယ်ရလို့ပါ..."
"ဘာ!!!!...ရေ.........ဟုတ်လား....????.ဘာလုပ်ဖို့လဲဟင် ဘာလုပ်ဖို့လဲ"
"ဟို..ဟိုလေ....မီးလောင်လို့..."
"ဘာ!!!!!! မီးလောင်လို့ဟုတ်လား....ဘယ်သူ့အိမ်လဲ..ပြောစမ်းမြန်မြန်.."
"ဆရာ.အိမ်ပေါ့ဆရာရယ်"
"ဘာကွ...ဟေ့ကောင်....ဘယ်လိုဖြစ်တာလဲ ပြောစမ်းမြန်မြန်"
"ဖယောင်းတိုင်မီးကလောင်တာဆရာ..အသုဘရှိလို့ထွန်းထားတဲ့ဖယောင်းတိုင်က"
"...အ..အ...အသုဘ...ဘယ်..ဘယ်သူလဲဟင်"
"ဆရာ့အမေ...."
"ဘာကွ..ငါ့အမေသေပြီ...ဟုတ်လား...အမယ်လေး..ပြောစမ်း..ပြောစမ်း..ဘယ်လိုဖြစ်တာလဲ"
"ဒီလိုပါဆရာရယ်...အဲဒီနေ့ကပေါ့..ဘုရားခန်းထဲမှာ...လူရိပ်တစ်ရိပ်...ဖျတ်ခနဲမြင်တာနဲံ့..
ဟ..သူခိုးဟ..ဆိုပြီး...အနားမှာတွေ.တဲ့ဂေါက်ရိုက်တံနဲ့နှက်ထည့်တာ..ဆရာ့အမေဖြစ်နေတယ်
တခါတည်းပွဲချင်းပြီးသွားတယ်...ဆရာ.."
"ဘာ.ရှီးထဲမှပဲ..သောက်ရမ်းသောက်ရမ်းလုပ်ရလားဟ..
..အဲဒီဂေါက်ရိုက်တံကောက်သွားလို့ကတော့..မင်း...မင်း..သေပြီသာမှတ်."

No comments:

Post a Comment

Print Friendly and PDF