Saturday 21 April 2012

ရယ်ကြည့်ရအောင်.............................

မလောနဲ့လေ

အမူးသမား၂ယောက် အထပ် ၀၀ ရှိသော အဆောက်အဦးပေါ်မှ ချော်ကျသွားသည်။
တစ်ဦးကပြောသည်   
"အထပ်၁၀၀ ရှိတဲ့ အဆောက်အဦးပေါ်က ပြုတ်ကျတာ ဘာမှလည်း မဖြစ်ပါလား"
"ခဏစောင့်ဦးလေ မြေကြီးနဲ့မှ မထိသေးတာ"


လိုချင်ဆောင်ထား
ညဆယ်နာရီခန့်တွင်  အိမ်နီးချင်းမိန်းမက အမောတကောရောက်လာသည်။
"မတစ် ဒယ်အိုးခဏ ငှားစမ်းပါ"
မတစ်က မနှစ်ကို ပြန်ပြောသည်။
"အောင်မာ သုံးချင်ရင် ကိုယ့်ဘာကိုယ် ၀ယ်ထားပါလား ၊ မပေးနိုင်ဘူး ၊ ကျွန်မလည်း ကျွန်မယောင်္ကျား ပြန်လာရင်
ထုဖို့စောင့်နေတာ"


(ဂျုပ်ကြီး)
ခုန်ကိုက်လိုက်မယ်

အမူးသမားတစ်ဦး နဖူးတွင် သွားဒဏ်ရာ နှစ်ချက်နှင့် အိမ်ပြန်ရာက်လာ၏။
သူ့မိန်းမက မနှစ်မြို့စွာနှင့်မေး၏။
"ဒါက ဘယ်လိုဖြစ်လာတာလဲ"
"ဒီလိုပါပဲကွာ"
"နဖူးပေါ်က သွားဒဏ်ရာတွေက ဘယ်ကောင်မ ကိုက်လိုက်တာလဲ"
အမူးသမားက ဇဝေဇ၀ါနှင့် ပြန်ဖြေ၏။
"ကိုယ့်ကိုကိုယ် ကိုက်မိတာပါကွ"
"သောက်ငမူး ကိုယ့်နဖူးကိုယ် ဘယ်လိုပြန်ကိုက်မလဲ"
"ဟော့သလို ခုန်ကိုက်တာပေါ့ဟဲ့ ငတုံးမရဲ့"

(ဇိုး)

လမ်းဘေးမှာလည်း ကောက်ယူလို့ရလို့ ကျူပ်ကျောက်တုံးကို တန်ဖိုးမရှိဘူးလို့ မပြောပါနဲ့။သိပ်တန်ဖိုးရှိတာပေါ့ဗျာ။
ဒီကျောက်တုံးနဲ့ ကျူပ်ယောက္ခမကို ထုခဲ့တာကလား။

အမိန့်

မိန်းမဖြစ်သူ၏ တိုင်ကြားချက်အရ ဦးဇံသည် တစ်ချိန်လုံး အရက်မူးပြီး  မိန်းမကို ဆဲဆိုရိုက်နှက်ခဲ့ကြောင်း ထင်ရှားသဖြင့်
ရုံးတော်သို့ ဒဏ်ငွေ ၅၀၀၀ ပေးဆောင်စေ။ထို့ပြင် ဦးဇံသည် တစ်နေ့လုံး ဘာအလုပ်မှမလုပ် ၊ အရက်သာသောက်နေသူဖြစ်သဖြင့်
ဝင်ငွေမရှိကြောင်းသိရသည်။ ထို့ကြောင့် ထိုဒဏ်ငွေကို သူ၏မိန်းမ လစာငွေမှ ဖြတ်တောက်စေ။

No comments:

Post a Comment

Print Friendly and PDF