Saturday 21 April 2012

ဟာသ အတိုအထွာလေးတွေပါ-(ဖတ်ဖြစ်အောင် ဖတ်ကြည့်နော်)


(၁)- လူငယ်ကောင်လေးတစ်ဦးက သူ့ချစ်သူကောင်မလေးရဲ့အဖေဆီမှာ ချစ်သူကိုလက်ထပ်ခွင့်တောင်းနေစဉ်...

လူငယ်။ ။ ဦးရဲ့သမီးနဲ့ကျွန်တော်တို့နှစ်ယောက် ချစ်သူတွေဖြစ်နေကြပါပြီ ကျွန်တော်သူ့ကိုလက်ထပ်ချင်ပါတယ်...

ဖခင်။ ။ မင်းအရက်သောက်တတ်သလား?

လူငယ်။ ။ ဟာ...နေပါအုံးဦး အရေးကြီးတဲ့ကိစ္စအရင်ပြောပါအုံး ပြီးမှသောက်ကြတာပေါ့...

(၂)- လူငယ်တစ်ယောက်က သူ့ချစ်သူကို အိမ်သို့ခေါ်လာသည်။ ကောင်မလေးကိုလူငယ်ရဲ့ဖခင်က မြင်သောအခါ တော်တော်လေးကို တုန်လှုပ်၊စိတ်ရှုပ်သွား၏။ထို့ကြောင့် သူရဲ့သားကို အခန်းထဲသို့တီးတိုးခေါ်၍ ပြော၏။

ဖခင်။ ။ဒီလောက်ရုပ်ဆိုးတဲ့ မိန်းကလေးကိုအဖေတစ်ခါမှ မမြင်ဖူးဘူး။ မေးစေ့မှာလဲ အမွှေးတွေနဲ့ မျက်စိကလဲ စွေနေသေးတယ် ဒီကြားထဲသွားကခေါခေါ လက်တစ်ဖက်ကလဲ သိမ်နေသလိုပဲ...

သား။ ။ဖေဖေကလဲ တိုးတိုးပြောစရာမလိုပါဘူး သူကနားလဲကန်းနေသေးတယ်အဖေရဲ့ သနားစရာလေးပါဗျာ...

(၃)- တစ်ခါက သဲကန္တာရမှာ ဆာလောင်ပြီး သေလုနီးနီး ဖြစ်နေတဲ့ လူမဲတစ်ယောက်ဟာ နတ်မီးခွက်တစ်လုံး ကောက်တွေ့သတဲ့။ မီးခွက်ကို ပွတ်လိုက်တော့ မီးခွက် စောင့်နတ်က ထွက်လာပြီး လိုရာဆု (၃)ဆုကို တောင်းခိုင်းလိုက်တယ်။ သူက ခဏလောက် စဉ်းစားပြီး

(၁) နေ့တိုင်း ရေသောက်ရပါစေ

(၂) လူဖြူတစ်ယောက် ဖြစ်ရပါစေ

(၃) နေ့တိုင်း ကောင်မလေးတွေရဲ့ တင်ပါးကို မြင်ရပါစေ

လို့ ဆုတောင်းလိုက်တာနဲ့ ဘုန်း...ဆိုတဲ့ အသံကြီးနဲ့အတူ အဲဒီလူမဲဟာ......

--------

--------

--------

--------

အိမ်သာအိုးတစ်လုံး ဖြစ်သွားသတဲ့...

(၄)-ဆေးခန်းတစ်ခုတွင်ဖြစ်သည်...ဆရာဝန်ကလူနာကို ဆေးထိုးရန်ပြင်နေသည်

လူနာ။ ။အား...နာတယ် နာတယ်...

ဆရာဝန်။ ။အပ်က ခင်ဗျားအသားကိုတောင် မထိရသေးဘူး...

လူနာ။ ။ဒါပေမဲ့ ဆရာကျွန်တော့်ခြေထောက်ကို တက်နင်းထားတယ်လေ...

(၅)-လူနာတစ်ယောက် ဆေးရုံတက်နေစဉ် တာဝန်ကျဆရာမက ဆေးတိုက်ရန်လာသည့် အချိန်ဖြစ်သည်...

ဆရာမ။ ။ကဲ..ဆေးသောက်ရမယ့် အချိန်ရောက်ပြီ...

လူနာ။ ။ဟာ...ဆရာမ ဆေးသောက်ပြီးပြီလေ

ဆရာမ။ ။ဘယ်တုန်းက ကျွန်မဆေးတိုက်လို့လဲ?

လူနာ။ ။ဒီစားပွဲပေါ်မှာ ဆရာမပဲတင်ထားခဲ့တာလေ အဲဒီ့ဆေးလုံးတွေ ကျွန်တော်အားလုံးသောက်လိုက်ပြီ...

ဆရာမ။ ။ဟာ..အဲဒါဆေးမဟုတ်ဘူး မနေ့ကမှရှင့်ရဲ့ ကျောက်ကပ်ထဲကခွဲထုတ်ထားတဲ့ ကျောက်ခဲတွေ ရှင်သတိရလာရင် ပြရအောင်ဆိုပြီးသိမ်းထားတာ...
11:02 AM ငါ့မှာသက်သေပြစရာမရှိဘူး !*

တစ်ရက် ကျွန်တော်လဲ အလုပ်ပင်ပန်းတာနဲ့ အိပ်ယာအစောကြီးဝင်လှဲလိုက်တယ်ဆိုရင်ပဲဒိုင်းကနဲကိုအိပ်ပျော်သွားရောဗျာ...

အဲမှာကျွန်တော့်ကိုလူတစ်ယောက်ကလှုပ်နိုးတာလိုလို ဘာလိုလို ညာလိုလို နဲ့မျက်လုံးလေးဖွင့်ကြည့်လိုက်တော့

သူ့ကိုမြင်ဖူးသလိုလိုမမြင်ဖူးသလိုလို အိပ်ချင်မူးတူးဖြစ်နေလို့ထင်တယ်ဆိုပြီး မျက်လုံးကိုထပ်ပွတ်ပြီးသေချာထပ်ကြည့်လိုက်တော့မှ

ရင်းနှီးသလိုမသိသလိုသိသလိုဖြစ်ပြီးစိုက်ကြည့်နေတုန်း

ဘာကြည့်နေတာလဲဒီလူရာ ငါကမင်းကဗျာလေတဲ့ သူပြောတာလဲကြားရောကျွန်တော်လဲထူးဆန်းသလိုလိုမထူးဆန်းသလိုလို

ဖြစ်ပြီး ထထိုင်မိရက်သားဖြစ်သွားတယ်...ကဲဒီလူငါမင်းကိုမေးစရာရှိတယ် ... ကျွန်တော်လဲဘာမသိညာမသိနဲ့

ဟုတ်မေးပါခင်ဗျ...အဲမှာပဲကဗျာဆိုလားဘာဆိုလားကြီးက ဒိုင်တွေတောက်လျှောက်လွတ်တော့တာပဲ

ကဗျာ - မင်းက ကဗျာဆရာလား

ဒီလူ - အဲဒါတော့သေချာမသိဘူးဗျ ကဗျာတွေတော့ရေးတယ်

ကဗျာ - မင်းရေးတာတွေကို ကဗျာ ပါလို့ ဘယ်သူပြောလဲ

ဒီလူ - ဟိုက် ကဗျာတစ်ပုဒ်ဖြစ်ဖို့ သက်သေပြချက်တွေလိုလို့လားဗျာ

ကဗျာ - မင်းအချုပ်တန်းဆရာဖေ တို့ ဦးပုည တို့ကိုသိလား

ဒီလူ - မသိဘူးခင်ဗျ ကြားတော့ကြားဖူးတယ် သူတို့ကဗျာတွေလဲဖတ်ဖူးပါတယ်

အင်းဒါနဲ့နေပါအုန်း သူတို့ရေးတာတွေကိုကော ကဗျာပါလို့ဘယ်သူကပြောတာလဲ

ကဗျာကကဗျာဖြစ်ဖို့သက်သေပြစရာလိုလို့လားဗျာာာာာာ

နေအုန်း ဒါလေးတစ်ချက်လောက်ဖတ်ကြည့်လိုက် ပြီးမှဆက်ဆွေးနွေးတာပေါ့...

!ငါ့ကဗျာ!
ဒီလောကမှာ

အနှောင်အဖွဲ့တွေများတယ်...

တန်ဖိုးဆိုတာ

ရေစိုရင်စုတ်ပြဲသွားမှာလား...

မင်းမရှိတဲ့အရပ်မှာမီးတွေလင်းနေတော့

မနေ့ကအကြောင်းတွေရင်ထဲ

ထွန်းမထားချင်တော့ဘူး...

သစ္စာမရှိတဲ့လူတွေကြောင့်

ကမ္ဘာကြီးတောင်နှာဆေး ချောင်းဆိုး

ဖြစ်နေလေရဲ့...

ဒါကိုကဗျာလို့ပြောတယ်

ငါ့မှာသက်သေပြစရာမရှိဘူး ။ ။
ဒီလူ(တောင်တွင်းကြီး)
ကဗျာ - မင်းပြောတော့လဲဟုတ်သားပဲကွအိုကေအိုကေငါလစ်ပြီမင်းလဲအိပ်စရာရှိအိပ်တော့
ဒီလူ - ဟိုက်ဒါနဲ့နေပါအုန်း ခင်ဗျားကဘယ်သူလဲသေချာရှင်းပြခဲ့အုန်းလေဗျာ
ကဗျာ - ငါကမင်းကဗျာလေ

ဒီလူ - ဗျာကျွန်တော့်ကဗျာဟုတ်လား

ကဗျာ - ဟုတ်တယ်လေငါကမင်းကဗျာ
ငါလဲငါ့ကိုငါစဉ်းစားနေတာငါဘာလဲဆိုပြီးခုမှပဲစိတ်ရှင်းသွားတော့တယ်

ငါကငါဖြစ်ဖို့သက်သေပြစရာမှမလိုပ

ဟုတ်တယ်ငါ့မှာသက်သေပြစရာမရှိဘူး

ငါ့မှာသက်သေပြစရာမရှိဘူး

အဲလိုအော်ပြောသွားပြီးပျောက်သွားတာလားဘာလားတော့မသိဘူးမျက်လုံးသေချာပွတ်ပြီး

ပြန်ကြည့်လဲမတွေ့တော့ဘူး

No comments:

Post a Comment

Print Friendly and PDF