Thursday 20 October 2011

နေနိုင်ပါ့မလား (ဟာသ)

နေနိုင်ပါ့မလား

လူသုံးယောက် သဘော်တစင်းစီးပီး ခရီးထွက်တယ်။ သဘော်က လမ်းလယ်မှာပျက်သွားတယ်။
သူတို့သဘော်ပျက်သွားတဲ့နားက ကျွန်းက လူသားစားတဲ့ လူရိုင်းတွေ ဖမ်းခေါ်သွားပြီး……

လူရိုင်းခေါင်းဆောင် – မင်းတို့သုံးကောင်ကို သတ်ပစ်ရလိမ့်မယ်

လူသုံးယောက် – မလုပ်ပါနဲ့…ဘာခိုင်းခိုင်း လုပ်ပေးပါ့မယ်..အသက်တော့ချမ်းသာပေးပါ..


လူရိုင်းခေါင်းဆောင် – ဒါဆို မင်းတို့ကို အချိန်နာရီဝက်ပေးမယ်…နာရီဝက်အတွင်းမှာ အမျိုးတူ အသီး
10 လုံးယူလာခဲု့ကြ။ ဒါဆိုရင် အသက်ချမ်းသာခွင့်ပေးမယ်.အဲဒီတဆင့်အောင်မြင်သွားရင် နောက်တဆင့်
ထပ်ခိုင်းမယ် အဲဒါကိုပါ လုပ်နိုင်မယ်ဆိုရင် မင်းတို့မြို့ကို ပြန်တဲ့လမ်း ညွန်ပြလိုက်မယ်……..

15 မိနစ်ခန့်အကြာ…………….

ပထမလူ – ပန်းသီ 10 လုံးနဲ့ပြန်လာတယ်။

လူရိုင်းခေါင်းဆောင် – ကဲ မင်းက ပထမအဆင့်တော့ အောင်မြင်ပီ ဒုတိယအဆင့်ကိုခိုင်းမယ်။ မင်းယူလာတဲ့
အသီး 10 လုံးကို တလုံးချင်းစီ ဖင်ထဲ ထည့်ပြရမယ်။ ထည့်နေတဲ့အချိန်အတွင်းမှာ မငိုရ၊ မမဲ့ရ၊ မအော်ရ၊
အမူအရာ မပျက်ရဘူး။ တကယ်လို့ အမူအရာပျက်ခဲ့ရင် မင်းကိုသတ်မယ်။ မပျက်ရင်တော့ မြို့ပြန်လို့ရတဲ့
လမ်းကို ညွန်မယ်………

ပထမလူ – ပန်းသီး ငါးလုံးမြောက်မှာ …မျက်နှာမဲ့သွားတယ်..

လူရိုင်းခေါင်းဆောင် – သတ်စေ…………………………….

25 မိနစ်ခန့်အကြာ…………………….

ဒုတိယလူ – ညောင်သီး 10 လုံးနဲ့ ပြန်လာတယ်

ဒုတိယလူ – သူကတော့ အေးဆေးပေါ့။ ညောင်သီးက သေးသေးလေးတွေကို…..ဒါပေမဲ့ 10 လုံးမြောက်
ထည့်တော့မယ့်အချိန်မှာ……အူလှိုက်သည်းလှိုက် ရီလိုက်မိတယ်တဲ့-----------ဘာလို့လဲဆိုတော့
တတိယလူက ဒူးရင်းသီး 10 လုံးကိုင်ပြီး အူယားဖားယားနဲ့ ပြေးလာတာကိုမြင်လိုက်ရလို့တဲ့ဗျာ……………



သိပြီလား


စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။ လူနာများသည် နံပါတ် တစ်ခုကိုအော်ဟစ်နေကြ ရာ
ဆေးရုံတစ်ခုလုံး ဆူညံနေသည်။

"37............37............37" "

ဆရာဝန်တစ်ယောက်က လူနာများကိုမေးသည်။
" ဘာလို့  37 လို့ အော်နေရတာလဲ"
လူနာများကအပေါ်ကို လက်ညိုးထိုး ပြကြတယ်။
အဲဒါနဲ့ ဆရာဝန်လည်း ...အပေါ်ထပ်ကို တက်သွားသည်။ အပေါ်ထပ်တွင်လည်း
"37............37............37"

"ဘာလိုအဲဒီလိုအော်နေကြတာလဲ" လူနာများက အပေါ်ကို လက်ညိုးထိုးပြကြပြန်သည်။
အဲဒါနဲ့ ဆရာဝန်လည်း အပေါ်ထပ်ကို တက်သွားသည်။ အပေါ်ထပ်တွင်လည်း 37 ကိုအော်နေကြသည်။
"ငါကိုပြောကြစမ်းပါအုံး....ဘာလို့ 37 လို့ အော်နေတာလဲ.." လူနာများကအောက်ကို လက်ညိုးထိုး ပြကြတယ်။
ဆရာဝန်လည်း အောက်ထပ်ကိုငုံ ကြည့် လိုက်တယ်။
အဲဒီမှာ နောက်နားက လူနာက ဆရာဝန်ကို လေးထပ်တိုက်ပေါ်ကနေ ကန်ချလိုက်တယ်။
ပြီးတော့လူနာတွေက ဆက်ရွတ်ကြတယ်။
"38.............38.............38"

 ရောင်တတ်လို့ပါ

ဒီလင်မယားနှစ်ယောက်စလုံး နောက်မီးလင်းကြတယ်။ ယောက်ျားက ည ည အကြောင်းပြပြီး
အပြင်ထွက်တယ်။ ဒါပေမယ့် တစ်ညမှာ လင်မယားနှစ်ယောက်စလုံး ဆုံကြပြီး ကိုယ်လုပ်တဲ့အပြစ်
အတွက် နေမထိထိုင်မသာ ဖြစ်နေကြတယ်။ နှစ်ဦးသား ညအိပ်ရာဝင်ပြီး မနက်မိုးလင်းခါနီးအရောက်
မှာ မိန်းမဖြစ်သူက ရုတ်တရက် ထထိုင်ပြီးယောင်တယ်။

"ဒုက္ခပဲ.. ဒုက္ခပဲ... ကျွန်မယောက်ျားပြန်လာပြီ"

မိန်းမအော်သံလည်းကြားရော ယောက်ျားဖြစ်သူက သူ့အဝတ်အစားတွေ ကပျာကယာယူပြီး ပြတင်းပေါက်
ကနေ ထွက်ပြေးသွားခဲ့တယ်တဲ့။

No comments:

Post a Comment

Print Friendly and PDF