Monday 24 October 2011

သင့် ကွန်ပြူတာထဲမှာ ဘာရှာရှာ အလွယ်တကူ ရှာပေးနိုင်တဲ့...ဆော့ဝဲလေးပါ

ဒီဆော့ဝဲလ် လေးကတော့ ကျနော်သုံးနေတာတစ်နှစ်လောက်ရှိပြီ  ကောင်းလို့ ဘယ်သူ့မှမပေးပဲသိမ်းထား
တာပေါ့ပါးမြန်ဆန် ထိရောက်ပါတယ်  တကိုယ်ကောင်းဆန်နေတာမို့ ပြီးတော့လူတိုင်းအတွက် အသုံးဝင်မယ်
လည်းထင်မိတာမို့အားလုံးကိုမျှဝေပေးလိုက်ပါတယ်ဗျာ (ဆော့ဝဲလ် ဆိုင်တွေမှာ လည်းမရှိပါဘူးဗျာ ဒါကြောင့်ပါ)

သူ့လုပ်ဆောင်ပုံလေးကတော့......ကိုယ်ဘယ်နားမှာထားမိမှန်းမသိတဲ့ ကိုယ်လိုချင်တဲ့ ဖိုင်တွေအားလုံးကို
လွယ်ကူလျှင်မြန်စွာ ချက်ချင်းရှာဖွေပေးနိုင်တာပါ။
(စာတစ်လုံးရိုက်လိုက်တာနဲ့ အဲဒီစာစာလုံးပါတဲ့ဖိုင်ကိုချက်ချင်း ၇ှာပေးနိုင်တာပါ)
ကိုယ်လိုချင်တဲ့ မီဒီယာအမျိုးစား ကိုလည်းသတ်မှတ်ခွဲခြားပြီး ရှာနိုင်ပါသေးတယ်။

 
1   Shortcuts
 
2   Folders
 
 3   Documents
 
4   Pictures
 
5   Videos
 
6   Music    စသဖြင့် ခွဲခြားသတ်မှတ်ရှာဖွေပေးပါတယ်။

        
ဒီလိုရှာဖွေရာမှာ လေးပင်နှောင့်နှေးမှုလုံးဝမရှိပဲ သင်ရိုက်လိုက်တဲ့ ဖိုင်နာမည်ဆုံးတာနဲ့ (စာလုံးပေါင်းဆုံးတာနဲ့
အဲဒီအမည်ပါရှိတဲ့ဖိုင်တွေအားလုံး ရှာပြီးသားဖြစ်နေပါပြီ.......ဒီလိုရှာပေးတာဟာ သင့်ကွန်ပြူတာထဲက ဖိုင်တွေကို
ရှာပေးတာဖြစ်ပြီး Search ဆိုတဲ့ Button  လေးကို မနှိပ်ဖို တော့လိုအပ်ပါတယ်
တကယ်လို့ Search ဆိုတဲ့ Button  လေးကိုနှိပ်လိုက်ရင်တော့ သင်ရှာနေတဲ့ဖိုင်ကို IE ကနေတဆင့် Online
ပေါ် တက်ရှာပေးမှာဖြစ်ပါတယ်

ဒီ ဆော့ဝဲလ်လေးကို Run လိုက်ရင် Taskbar  ရဲ့ ညာဘက် အပေါ်နားလေးမှာ စာရိုက်စရာနေရာလေးပေါ်လာ
မှာပါ။ စာရိုက်တဲ့နေရာရဲ့ဘယ်ဘက်ကပ်ရပ် တြိဂံ ပုံ သေးသေးလေးကိုကလစ်လိုက်ရင် အမျိုးစားခွဲခြားရှာခိုင်တဲ့
နေရာလေးပါ။ အရမ်းလွယ်ကူပြီး ကောင်းမွန်လို့သုံးကြည့်လိုက်ပါလို့ တိုက်တွန်းပါတယ်။
ဒေါင်းလုပ်လုပ်ရန် အောက်မှလင့်ကို နှိပ်ပါ။
Quick Search

No comments:

Post a Comment

Print Friendly and PDF