Wednesday 26 October 2011

Gtalk အလိုအလျောက်ပြန်လည်ဖြေကြားစနစ်

Google Talk


Gtalk အတွက် Auto Answering System လုပ်လို့ရပါပြီ။ Service မှာ Beta ဖြစ်သည်။ Gtalk အပြင် MSN, ICQ, AIM, YAHOO, My Space အစရှိတဲ့ Instant Messenger တွေအတွက်ပါပြုလုပ်နိုင်ပါတယ်။

၁။    အရင်းဆုံး ဒီ Link ကိုသွားလိုက်ပါ။ http://answer.im/setup
၂။    Website သို့ရောက်ရှိပါက အသုံးပြုလိုသော  IM Service တစ်ခုကို ရွေးရန်ဖြစ်သည်။  Gtalk တွင်ပြု
လုပ်လို ပါက Gtalk ကိုရွေးရန်ဖြစ်သည်။
၃။    Gtalk password နှင့် User name ကိုသုံး၍၀င်ရန်ဖြစ်သည်။
၎။    မိမိလိုချင်တဲ့   Online Status   နှင့်   Reply  လုပ်စေချင်တဲ့  Message တို့ကိုရိုက်ရမည်။  ထို့နောက် Authorise People ကိုအမှန်ခြစ်ပေးပါ။ အားလုံးပြီးပါက Save Changes ကို Click လုပ်ပါ။
၅။    “ Changes Saved Your Answer Machine is Setup.  You May exit Now ”  ဟုပေါ်လာပါက General, Messages တို့၏ဘေးတွင်ရှိသော “ Exit ” ကို Click လုပ်ပါ။ မိမိသူငယ်ချင်းတွေခေါ်ပြီဆိုတာနဲ့ သူက Auto Reply လုပ်ပေးပါလိမ့်မယ်။

ကိုယ်မရှိတဲ့အချိန်မှာ ပြောထားသမျှကို ပြန်ကြည့်ချင်တယ်ဆိုရင်တော့ “ Click here to return to the home page ” ဆိုတဲ့စာမှ “ here ”  ကို Click လုပ်ပါ။ ပြီးရင် အဆင့်(၃)ဆင့် အတိုင်းပြန်လုပ်ပါ။ ပေါ်လာတဲ့ Page မှ “ Messages ” ကို Click လုပ်ပါ။ ဒါဆိုရပါပြီ။

No comments:

Post a Comment

Print Friendly and PDF