Wednesday 26 October 2011

Nokia ဖုန်းတွေမှာ application သွင်းရင် Certificate error မဖြစ်တော့အောင် Hack နည်း (၂)

Nokia ဖုန်းတွေမှာ တစ်ချို့ application တွေသွင်းရင် Certificate error ဆိုတာမျိုး ပြပါတယ်။ အဲလိုမျိုးတွေမဖြစ်အောင် အရင်က တရုတ် website တွေမှာ ဖုန်းရဲ့ IMEI number နဲ့ certificate လျှောက်ပြီးမှ သွင်းရပါတယ်။ အခုတော့ အဲဒါတွေလည်း မရတော့ပါဘူး။ ဒီနည်းလေးကိုတော့ စမ်းသပ်တာအောင်မြင်လို့ပြန် ဝေမျှပေးလိုက်ပါတယ်။
အရင်ဆုံး လိုအပ်တဲ့ application တစ်ခုဖြစ်တဲ့ NortonSymbianHack.sisx ကိုအရင်ရယူလိုက်ပါ။
NortonSymbianHack အားရယူရန်
download လုပ်ပြီးပြီဆိုရင်တော့ အောက်ပါအဆင့်များအတိုင်းလုပ်ဆောင်ပါ။

1. NortonSymbianHack.sisx ကို ဖုန်းထဲမှာ Install လုပ်ပြီး ဖွင့်ပါ။
2.NortonSymbianHack ထဲကိုဝင်ပြီးပြီဆိုရင် Options> Anti-Virus > Quarantine list အဆင့်ဆင့်ဝင်ပါ။
3.Quarantine list ထဲရောက်ပြီဆိုရင် Options> Restore All > Ok အဆင့်ဆင့်လုပ်ပါ။
4. ပြီးရင် ဖုန်းရဲ့ File Manager ထဲဝင်ပါ၊ C:DataHack ထဲမှ RomPatcherPlus_3.1.sisx ကို Install လုပ်ပါ၊ (အချို့ဖုန်းတွင် C:Hack ဟူ၍ ဖြစ်လိမ့်မည်)
5. Application ထဲ ဝင်ကြည့ှ်လျှင် ROMPatcher+ ကို တွေ့ရလိမ့်မည်။ ROMPatcher+ ထဲကိုဝင်လိုက်ပါ။ အဲဒီထဲမှာ Install Server RP+ နှင့် Open4All RP+ တို့အား အသီးသီးဖွင့်ပါ။ တစ်ခုချင်းစီကိုနှိပ်လိုက်ရင် အပြာလုံးလေးတွေကနေ အစိမ်းရောင် ကိုပြောင်းသွားပါလိမ့်မယ်။
6.ပြီးပြီဆိုရင် အရင်က သွင်းလိုက်ရင် certificate error ပြနေသော apps တစ်ခုခုကို install လုပ်ကြည့်ပါ ။ certificate error မဖြစ်တော့ဘဲ install လုပ်လို့ရသွားတာကိုတွေ့ရပါလိမ့်မယ်

No comments:

Post a Comment

Print Friendly and PDF