Wednesday 26 October 2011

IE မှာ Zawgyi Font ပေါ်ချင်ရင်

မိတ်ဆွေရဲ့    Internet Explorer မှာ ဇော်ဂျီဖောင့် ပေါ်အောင် လုပ်ချင်ရင် အောက်ပါ နည်းလမ်းလေးကို စမ်းကြည့်ပါ ..

Start Menu > Run ကို နှိပ်ပါ ..
nodepad လို့ ရိုက်ထည့်ပြီး Enter နှိပ်ပါ.. Nodepad Window ပေါ်လာပါလိမ့်မယ်။
အောက်မှာ ဖော်ပြထားတဲ့ Style Sheet HTML Code လေးကို ကော်ပီလိုက်ပါ .. ပြီးရင် Nodepad မှာ Right Click လုပ်ပြီး Paste လုပ်ပါ။..
body
{
font-family:Zawgyi-one;

}
input, select , textarea
{
font-family:Zawgyi-one;
}
ပြီးရင် “mmfont.css” လို့ ဖိုင် နာမည်နေရာမှာ ရေးပြီး save လိုက်ပါ.. ကိုယ် မှတ်မိမယ့် တနေရာပေါ့ …
အပေါ်က အဆင့်ပြီးရင် IE ကို ဖွင့်လိုက်ပါ ..
Tools > Internet Option ကို ရွေးလိုက်ပါ ..IE မဖွင့်ပဲ  Internet Options တန်းပေါ်ချင်ရင်လည်း Run box ကနေ inetcpl.cpl လို့ ရိုက်ပြီး
Enter ခေါက်လိုက်လို့ ရပါတယ်..
ခု  internet options ကို ရောက်ပြီ ထားပါစို့ ..Accessibility ဆို တဲ့ ခလုတ်လေး ညာဘက် အောက်နားလေးမှာ ရှိပါတယ် ..
ကလစ်လိုက်ပါ ..
၁) Ignore fonts style specified on webpages ဆိုတဲ့ Checkbox ကို Check လုပ်ပါ ။
၂) Format documents using my style sheet ဆို တဲ့ Checkbox ကိုလည်း check လုပ်ပါ.. ပြီးရင် Browse ကို နှိပ်ပြီး
ကျွန်တော်တို့ တနေရာမှာ Save ထားခဲ့တဲ့ mmfont.css ဆိုတဲ့ File လေးကို ရှာရွေးပေးပြီး Open ကို ကလစ်ပါ ..

ခု မြန်မာ ဆိုဒ် တဆိုက် ကို IE ကနေ ၀င်ကြည့်လိုက် ပါ ..

No comments:

Post a Comment

Print Friendly and PDF