Sunday 18 September 2011

Gtalk account တွေအများကြီးကို ကွန်ပြူတာတစ်လုံးထဲပေါ်မှာ တပြိုင်တည်းသုံးရအောင်။

              ပုံမှန်အားဖြင့်ဆိုရင် ကွန်ပြူတာတစ်လုံးပေါ်မှာ တစ်ကြိမ်ကို Gtalk အကောင့်တစ်ခုပဲသုံးလို့ ရပါတယ်။ နောက်ထပ်အကောင့်တစ်ခုကိုသုံးချင်ရင် လက်ရှိ
Sing in ၀င်ထားတဲ့အကောင့်ကို Sing out အရင်ထွက်ရပါတယ်။ ပြီးမှ ဒုတိယအကောင့်ကို
Sing in ၀င်လို့ ရပါတယ်။ အဲဒီတော့ အလုပ်ရှုတ်တာပေါ့။
အခုပြောပြမယ့်နည်းလေးက ပထမအကောင့်ကို Sing out ထွက်စရာမလိုပဲနဲ့  ဒုတိယအကောင့်ကို Sing in ၀င်လို့ ရပါတယ်။ ပထမအကောင့်ရော ဒုတိယအကောင့်ကိုပါ
တပြိုင်တည်းသုံးလို့ ရတာပေါ့။
တကယ်တော့ အကောင့် (၂) ခုတင်မကပါဘူး။ မိမိနှစ်သက်သလောက် အကောင့်တွေအများကြီးကို
တစ်ပြိုင်တည်း Sing in ၀င်ပြီးသုံးလို့ ရပါတယ်။

ကဲ...ရှင်းပြတာလည်း တော်တော်များသွားပြီမို့  လက်တွေ့ စလိုက်ရအောင်။

အဆင့်(၁)Start > All Program > Google Talk အောက်က Gtalk icon လေးပေါ်မှာ right click ထောက်ပြီး
Sent to > Desktop (create shortcut) ကိုရွေးပါ။
ဒါဆိုရင် Gtalk icon လေး Desktop ပေါ်ရောက်သွားပါပြီး။ နဂိုကတည်းကရောက်ပြီးသားဆိုရင်တော့
ဒီအဆင့်(၁) ကို လုပ်စရာ မလိုပါဘူး။

အဆင့်(၂)ခုန Desktop ပေါ်မှာရှိတဲ့ Gtalk icon လေးပေါ်မှာ right click နှိပ်လိုက်ပါ။
ပြီးရင် Properties ကိုရွေးလိုက်ပါ။ ဒါဆို Google Talk Properties box လေးကျလာပါပြီ။
အဲဒီထဲကမှ Shortcut ဆိုတဲ့ Tab ကိုရွေးလိုက်ပါ။ ပြီးရင် အလယ်နားလောက်မှာ Target ဆိုတာရှိပါတယ်။
အဲဒီထဲကို ကြည့်လိုက်ရင် စာတန် နောက်ဆုံးမှာ
/startmenu ဆိုတာကိုတွေ့ ရပါလိမ့်မယ်။
ဒါဆိုသူရဲ့ နောက်မှာ space တစ်ချက်ခြားပြီး
/numutex လို့ ရိုက်လိုက်ပါ။
( /startmenu နဲ့  /nomutex ရဲ့ ကြားမှာ space တစ်ချက်ခြားရပါမယ်။ )
မရှင်းရင် အောက်ကပုံကို ကြည့်လိုက်ပါ။

ပြီးရင် Apply, OK ကိုနှိပ်ပြီး ထွက်လိုက်ပါ။
ဒါဆိုပြီးပါပြီ။

အဆင့်(၃)ခုန Desktop ပေါ်မှာရှိတဲ့ Gtalk icon လေးကို Double Click တစ်ခါ နှိပ်လိုက်တိုင်း
Gtalk box အသစ်တစ်ခုကျလာမှာ ဖြစ်ပါတယ်။

ကဲ Gtalk အကောင့် (၅) ခုကို တစ်ပြိုင်တည်း
Sing in ၀င်ချင်သလား။ ရတယ်။
ခုနက Desktop ပေါ်က Gtalk icon ကိုသာ Double Click (၅) ခါ နှိပ်လိုက်ပေါ့ဗျာ။








ဒီအောက်ကပုံကို ကြည့်လိုက်ပါ။




ကဲ.. အားလုံးပဲ လက်တွေ့ စမ်းသပ်ကြည့်ရင်း ပျော်ရွှင်နိုင်ပါစေ။


No comments:

Post a Comment

Print Friendly and PDF