Wednesday 21 September 2011

iTunes မှာ Zawgyi Font ရအောင် လုပ်မယ်။

မြန်မာစာလုံးလေးတွေကို နှစ်သက်သူများအတွက် သတင်းကောင်းပါ။

iTunes အတွက်လည်း မြန်မာ Font သုံးလို့ရသွားပါပြီ။ ဘယ်လို လုပ်ရမယ်ဆိုတာ အခုပြောပြပါ့မယ်။





အဆင့်(၁)
အရင်ဆုံး iTunes icon ပေါ်မှာ right click ထောက်ပြီး Properties ထဲဝင်လိုက်ပါ။
Find Target ကို နှိပ်လိုက်ပါ။
ဒါဆို iTunes folder ထဲ ရောက်သွားပါပြီ။ အဲဒီဲမှာ iTunes.Resources Folder ထဲက en.lproj အောက်ကTextStyles.plist ဆိုတာကို ရှာပြီး Notepad နဲ့ဖွင့်ပါ။
ဖွင့်လိုက်ရင် ပုံထဲက အတိုင်း xml နဲ့ရေးထားတဲ့ Text File ပေါ်လာပါမယ်။
အဲဒီထဲမှာ Segoe UI (Windows 7 Default Font) , Tahoma နဲ့  Lucida Grande ဆိုတဲ့ စုစုပေါင်း Fonts (၃) ခုတွေ့ရပါမယ်။
ပြီးရင် အခုနကပြောတဲ့ Fonts သုံးခုလုံးကို Zawgyi-One နဲ့ လဲရပါမယ်။

အဆင့်(၂)
Ctrl + H နှိပ်ပြီး Replace ခေါ်လိုက်ပါ။
Find What တွင် Segoe UI ကို ရိုက်ထည့်ပြီး Replace With မှာ Zawgyi-One (သို့မဟုတ် )
မိမိသုံးမယ့် Font Name ကို ရိုက်ထည့်နိုင်ပါတယ်။ ပြီးရင် Replace All ကိုနှိပ်လိုက်ပါ။
ဒါဆို ပထမ Font တစ်ခုတော့ Zawgyi-One နဲ့ လဲပြီးသွားပါပြီ။ နောက်ထက် Font နှစ်ခု လဲဖို့ ကျန်ပါသေးတယ်

အဆင့်(၃)
Find What တွင် Tahoma ကို ရိုက်ထည့်ပြီး Replace With မှာ Zawgyi-One ကို ရိုက်ထည့်လိုက်ပါ။
ပြီးရင် Replace All ကိုနှိပ်လိုက်ပါ။

အဆင့်(၄)
Find What တွင် Lucida Grande ကို ရိုက်ထည့်ပြီး Replace With မှာ Zawgyi-One ကို ရိုက်ထည့်လိုက်ပါ။
ပြီးရင် Replace All ကိုနှိပ်လိုက်ပါ။ ဒါဆို Fonts (၃)ခုစလုံးကို Zawgyi-One နဲ့ Replace လုပ်ပြီးသွားပါပြီ။
Save ကို နှိပ်လိုက်ပါ။

အခုဆိုရင် သင့် iTunes ပေါ်မှာ မြန်မာစာလုံးလေးတွေကို မြင်နိုင်ပါပြီ။

လက်တွေ့ စမ်းသပ်ကြည့်ရင်း ပျော်ရွှင်နိုင်ကြပါစေ။

1 comment:

  1. I have done the same but I did not get yet. please instruct me on my gmail 2107thihaaung@gmail.com

    ReplyDelete

Print Friendly and PDF