Wednesday 21 September 2011

iPhone ပေါ်မှာ မြန်မာစာရိုက်မယ်။


ဒီတစ်ခါတော့ iPhone ထဲကို Zawgyi Font နဲ့  Zawgyi keyboard ထည့်နည်းကို ပြောပြပါမယ်။
Jailbreak လုပ်ပြီးသားတော့ ဖြစ်ရပါမယ်။ Jailbreak လုပ်နည်းကို ဒီမှာ သွားကြည့်လိုက်ပါ။






အဆင့်(၁)
Cydia ထဲ ၀င်လိုက်ပါ။
Cydia > Manage > Edit > Add ကို နှိပ်လိုက်ပါ။
ပုံ(၁) အတိုင်း Enter Cydia/APT URL ဆိုတဲ့ box လေးကျလာပါလိမ့်မယ်။
ပုံ(၁)




















အဆင့်(၂)
box ထဲမှာ http://cydia.macforus.com ကိုရိုက်ပြီး Add Source ကို နှိပ်လိုက်ပါ။
သူ့ ပါသူ packages တွေကို ဒေါင်းလုပ်လုပ်နေပါလိမ့်မယ်။ ခဏစောင့်လိုက်ပါ။


အဆင့်(၃)
Cydia ထဲက Section ကို နှိပ်လိုက်ပါ။
အောက်ဆုံးမှာ Zawgyi ဆိုပြီးတွေ့ ပါလိမ့်မယ်။
ပုံ(၂) ကို ကြည့်ပါ။


ပုံ(၂)
ပုံ(၃)




















အဆင့်(၄)
အဲဒီ Zawgyi ကို နှိပ်လိုက်ပါ။
ပုံ (၃) အတိုင်း Zawgyi keyboard တွေ၊ Zawgyi Fonts တွေ အများကြီးတွေ့ ပါလိမ့်မယ်
အဲဒီထဲကမှ ကိုယ့် iPhone OS version နဲ့  ကိုက်ညီတဲ့ Zawgyi Font နဲ့  Zawgyi Keyboard သွင်းပါ။
Install လုပ်ပြီးရင် Reboot ဖြစ်သွားပါလိမ့်မယ်။ မဖြစ်ရင် ကိုယ့်ပါကို ဖုန်းကို ပိတ်ပြီး ပြန်ဖွင့်လိုက်ပါ။

ပုံ(၄)





















အဆင့်(၅)
iPhone ထဲက Setting > General > Keyboard > Add New Keyboard တို့ ကို အဆင့်ဆင့် ရွေးလိုက်ပါ။
ဒါဆို ပုံ(၄) က အတိုင်း keyboard တွေ အများကြီး တွေ့ ရပါလိမ့်မယ်။ အဲဒီထဲကမှာ " Myanmar မြန်မာ" ဆိုတဲ့

keyboard ကို ရွေးလိုက်ပါ။ အခုဆို သင့် iPhone ထဲမှာ မြန်မာလို ရေးလို့ ကော ဖတ်လို့ ပါ ရသွားပါပြီ။
Keyboard မှာ မြန်မာ နဲ့ အင်္ဂလိပ် ပြောင်းချင်ရင်တော့ ပုံ(၅) က အတိုင်း keyboard ရဲ့  အောက်ဆုံးက
ကမ္ဘာလုံး ပုံလေးကို နှိပ်ပါ။

ပုံ(၅)



`

















အားလုံး ပျော်ရွှင် ချမ်းမြေ့ကြပါစေ။

No comments:

Post a Comment

Print Friendly and PDF