Tuesday 20 September 2011

iPhone Slider ကို ပန်သီးပုံလေးပြောင်းရအောင်။

ပန်းသီးပုံ Slider လေးပြောင်းရအောင်။
ဒီတစ်ခါတော့ iPhone ရဲ့ original slider ကို Apple Logo ဖြစ်တဲ့ ပန်သီးပုံလေးပြောင်းရအောင်။ မိမိ iPhone က Jailbreak လုပ်ပြီးသားတော့ ဖြစ်ရပါမယ်။ Jailbreak လုပ်နည်းကို ဒီမှာ သွားကြည့်လိုက်ပါ။

အဆင့်(၁)
မိမိကွန်ပြူတာမှာ iTunes သွင်းပြီးသားရှိရပါမယ်။
မရှိသေးရင် ဒီမှာ  သွားယူလိုက်ပါ။

အဆင့်(၂)
ifunbox ဆိုတဲ့ software လေးလည်း လိုပါတယ်။
မရှိသေးရင် ဒီမှာ  သွားယူလိုက်ပါ။









အဆင့်(၃)
ပန်းသီးပုံ Slider လေးကိုတော့ အောက်မှာယူလိုက်ပါ။

Apple Loge Slider for iPhone 4
Apple Loge Slider for iPhone 3G, 3GS & iPad, iPad2


အဆင့်(၄)
ဒေါင်းလုပ်ဆွဲထားတဲ့ ဖိုင်ကို zip ဖြေပြီး ရလာတဲ့ ဖိုဒါကို မိမိနှစ်သက်ရာမှာ သိမ်းလိုက်ပါ။
မိမိ iPhone ကို ကွန်ပြူတာနဲ့  ချိတ်လိုက်ပါ။
ifunbox ကို double click နှိပ်ပြီး ဖွင့်လိုက်ပါ။
ifunbox က iPhone ကို ရှာတွေ့ သွားပြီဆိုရင် ဘယ်ဘက်မှာ မိမိ iPhone နာမည်ကို ပြပါလိမ့်မယ်။
မိမိ iPhone နာမည်ရဲ့  ဟိုးအောက်ဆုံးနားလောက်က Raw File System ကို နှိပ်လိုက်ပါ။
ညာဘက် box ထဲမှာ Folder တွေအများကြီးပေါ်လာပါလိမ့်မယ်။
အဲဒီထဲကမှ System > Library > PrivateFrameworks > TelephonyUI.framework ဆိုတဲ့ folder ထဲဝင်လိုက်ပါ။ အခု TelephonyUI.framework ဆိုတဲ့ ဖိုဒါထဲကို ရောက်နေပါပြီ။
ဒါဆို ပေါ်ဘားတန်းပေါ်က Copy from PC ဆိုတာကို နှိပ်လိုက်ပါ။
box တစ်ခုကျလာပါလိမ့်မယ်။
အဲဒီ box ထဲကနေ ကျွန်တော်တို့ ခုဏက ဒေါင်းလုပ်ဆွဲထားတဲ့ ပန်းသီးပုံ Slider ရှိတဲ့ ဖိုဒါကိုဖွင့်လိုက်ပါ။
အဲဒီဖိုဒါထဲမှာ Image files (၃) ခုကိုတွေ့ ပါလိမ့်မယ်။ (၃) ဖိုင်စလုံးကို ရွေးပြီး open နှိပ်လိုက်ပါ။
အဲဒီ (၃) ဖိုင်စလုံးကို TelephonyUI.framework folder ထဲကူးထည့်နေပါလိမ့်မယ်။
Replace လုပ်မလားမေးရင် Yes သို့ မဟုတ် OK ကို နှိပ်လိုက်ပါ။
ဒါဆိုရင် iPhone ရဲ့ original sliders တွေကို ပန်းသီးပုံ sliders တွေနဲ့ အစားထိုးပြီးသွားပါပြီး။
သင့်ဖုန်းကို ပိတ်ပြီး ပြန်ဖွင့်လိုက်ပါ။ အခုဆို သင့်ဖုန်းပေါ်မှာ ပန်းသီးပုံ slider လေး ရောက်နေပါပြီ။

အားလုံးပဲ နှစ်သက်နိုင်ကြပါစေ။

No comments:

Post a Comment

Print Friendly and PDF