Tuesday 20 September 2011

Third party softwares တွေကို iPhone, iPad တွေပေါ်မှာ ဘယ်လို install လုပ်မလဲ။

ပုံမှန်အားဖြင့်ဆိုရင် iPhone တွေမှာ Apple Store က softwares တွေကိုသာ install လုပ်လို့ ရပါတယ်။
Apple store က မဟုတ်တဲ့ တခြားအပြင်က softwares တွေကို install လုပ်လို့ မရပါဘူး။
အဲဒီလို install လုပ်ချင်ရင်တော့ iPhone ကို
jailbreak အရင်လုပ်ဖို့ လိုပါတယ်။
Jailbreak ဘယ်လိုလုပ်ရလဲဆိုတာကိုတော့ ကျွန်တော် အရင် post မှာ တင်ပြီးပါပြီ။
သိချင်ရင် ဒီမှာ သွားကြည့်လိုက်ပါ။



ကျွန်တော်အခုပြောပြမှာက jailbreak လုပ်ပြီးသား iPhone တစ်လုံးကို third party softwares တွေ

ဘယ်လိုသွင်းမလဲဆိုတာကို ပြောပြမှာပါ။
အဲဒီလိုလုပ်ဖို့  ifunbox ဆိုတဲ့ softwares လေးလိုပါတယ်။ ifunbox ကို ဒီမှာ သွားယူလိုက်ပါ။
ifunbox ကို မသုံးခင် လုပ်ရမယ့် အဆင့်တွေရှိပါသေးတယ်။ ပြောပြပါ့မယ်။
ကဲ...စမယ်နော်။

အဆင့်(၁)
မိမိ iPhone သည် jailbreak လုပ်ပြီးသားဖြစ်ရပါမယ်။
jailbreak လုပ်နည်းကို  ဒီမှာ  သွားကြည့်လိုက်ပါ။

အဆင့်(၂)
မိမိ ကွန်ပြုတာပေါ်မှာ iTunes သွင်းပြီးသားရှိရပါမယ်။
မရှိသေးဘူးဆိုရင်  ဒီမှာ  သွားယူလိုက်ပါ။

အဆင့်(၃)
မိမိ iPhone ထဲမှာ AppSync သွင်းထားပြီးသားရှိရပါမယ်။
မရှိသေးဘူးဆိုရင် အခုပြောပြပါ့မယ်။
မိမိ iPhone ထဲက Cydia ဖွင့်ပါ။
Manage အောက်က Source ထဲကိုဝင်ပါ။
Edit ကိုနှိပ်ပါ။ ပြီးရင် Add ကိုနှိပ်ပါ။
"Enter Cydia/APT URL" ဆိုတဲ့ box လေးကျလာပါလိမ့်မယ်။
အဲဒီအကွက်ထဲမှာ http://repo.insanelyi.com ကိုရိုက်ထည့်လိုက်ပါ။
အောက်ကပုံ (၁) ကိုကြည့်ပါ။

ပုံ (၁)


ပြီးရင် Add Source ကိုနှိပ်လိုက်ပါ။
ဒါဆို သူပါသူ packages တွေကို loading လုပ်နေပါလိမ့်မယ်။
ခနစောင့်လိုက်ပါ။
ပြီးသွားပြီဆိုရင် Cydia ထဲက search ထဲကို ၀င်ပြီး
AppSync ဆိုတာကို ရှာလိုက်ပါ။
အများကြီးထွက်လာပါလိမ့်မယ်။
အောက်ကပုံ (၂) ကိုကြည့်ပါ။




ပုံ (၂)
အဲဒီအထဲကမှ ကိုယ့်ဖုန်း OS version နဲ့ အဆင်ပြေတာကို သွင်းလိုက်ပါ။
ဒါဆို AppSync သွင်းလို့ ပြီးပါပြီ။

ဒါဆိုရင် ifunbox သုံးဖို့  အဆင်သင့်ဖြစ်နေပါပြီ။

အဆင့်(၄)
မိမိ iPhone ကို ကွန်ပြူတာနဲ့  USB ကိုသုံးပြီး ချိတ်လိုက်ပါ။
ပြီးရင် ခုနက ဒေါင်းလုပ်လုပ်ထားတဲ့ ifunbox လေးကို double click နှိပ်ပြီးဖွင့်လိုက်ပါ။
(ifunbox က install လုပ်ဖို့ မလိုပါဘူး။ ဒါပေမယ့် ifunbox သုံးမယ့် ကွန်ပြူတာပေါ်မှာ
iTune ရှိနေဖို့ တော့လိုပါတယ်။)
ကဲ အခု ifunbox လေးပွင့်လာပြီး iPhone ကို သူ့ အလိုလိုရှာပြီး connect လုပ်ပါလိမ့်မယ်။
ifunbox က မိမိ iPhone ကို ရှာတွေ့ လို့  connect လုပ်ပြီးပြီဆိုရင်တော့
ဘယ်ဘက်အခြမ်းမှာ မိမိ ဖုန်းကို ပြပါလိမ့်မယ်။ အောက်ကပုံ (၃) ကိုကြည့်ပါ။


ပုံ (၃)


ဒါဆို နှစ်သက်ရာ software တွေကို သွင်းဖို့  အဆင်သင့်ဖြစ်နေပါပြီ။
ဘယ်ဘက်အခြမ်းမှာပြနေတဲ့ မိမိဖုန်းနာမည်ကို နှိပ်လိုက်ပါ။
ပြီးရင် အပေါ်ဘားတန်းက InstallApp ကိုနှိပ်လိုက်ပါ။
ဒါဆို Software ရွေးဖို့  box တစ်ခုကျလာပါလိမ့်မယ်။
အဲဒီမှာ ကိုယ် install လုပ်ချင်တဲ့ Software (ipa) file ရှိတဲ့နေရာကိုသွားပါ။
ပြီးရင် install လုပ်ချင်တဲ့ Software (ipa) file ကို select လုပ်ပြီး open ကို နှိပ်ပေးလိုက်ပါ။
ဒါဆို သူ့ အလိုလို install လုပ်ပေးနေပါလိမ့်မယ်။
အောက်က အစိမ်ရောင် loading bar လေး 100% ပြည့်သွားရင် install လုပ်လို့ ပြီးပါပြီ။

သူငယ်ချင်းအားလုံး လက်တွေ့ ပြုလုပ်ရင် ပျော်ရွှင်နိုင်ကြပါစေ။

2 comments:

Print Friendly and PDF