Friday 23 September 2011

iPhone မှာ မိမိကြိုက်တဲ့ sms tones ထည့်ရအောင်။

iPhone မှာ ringtone တွေ ထပ်ထည့်ခွင့်ပေးထားပေမယ့်
sms tones ကျတော့ ထပ်ထည့်ခွင့် မပေးထားပါဘူး။
သူ့ မှာ original sms tones (၆) ခုပါ ပါတယ်။
နောက်ပိုင်း iOS version တွေမှာ
original sms tone (၆) ခုရဲ့ အပေါ်မှာ New ဆိုပြီး sms tones (၁၇) ခုလောက်ထပ်ပါလာပါတယ်။
ဒါပေမယ့် ကိုယ့်စိတ်ကြိုက် sms tones တွေတော့ ထပ်ထည့်လို့ မရပါဘူး။
သူပေးထားသလောက်ထဲကပဲ ယူသုံးလို့ ရပါတယ်။
ဒါကြောင့် iPhone မှာ မိမိနှစ်သက်တဲ့ တစ်ခြား sms tones တွေ ထည့်ချင်သူများအတွက်
ဘယ်လို ထည့်ရမယ်ဆိုတာကို ကျွန်တော်ပြောပြပါ့မယ်။

ထုံးစံအတိုင်းပဲ Jailbreak ဖြစ်နေဖို့ တော့လိုပါတယ်။
Jailbreak လုပ်နည်းကို ဒီမှာ သွားကြည့်လိုက်ပါ။
အဆင့်(၁)
သင်သွင်းချင်တဲ့ sms tone အဆင့်သင့်ရှိရပါမယ်။
ဘယ် format မဆို ရပါတယ်။
အဆင့်(၂)
ifunbox ရှိရပါမယ်။ မရှိသေးရင် ဒီမှာ သွားယူလိုက်ပါ။
အဆင့်(၃)
သင့်ကွန်ပြူတာပေါ်မှာ iTunes သွင်းပြီးသား ရှိရပါမယ်
မရှိသေးရင် ဒီမှာ သွားယူလိုက်ပါ။
အဆင့်(၄)
file extension ကို မြင်ရဖို့ အတွက်
My Document > Tools > Folder Option > View ထဲက Hide extensions for known file types
ဘေးက အမှန်ခြစ်လေးကို ဖြုတ်ပြီး Apply, OK နှိပ်လိုက်ပါ။
အဆင့်(၅)
iTunes ထဲကို သင်နှစ်သက်တဲ့ sms tone ထည့်ရပါမယ်။
iTunes ကိုဖွင့်ပြီး File အောက်က Add File to Libary ကို နှိပ်ပါ။
ကျလာတဲ့ box ထဲကနေ မိမိ သွင်းချင်တဲ့ sms tone ကို ရွေးပြီး Open နှိပ်လိုက်ပါ။
ဒါဆို သင့် iTunes ထဲကို သင့် sms tone ရောက်သွားပါပြီ။
အဆင့်(၆)
Edit > Preferences > General > Import Settings ထဲကို ၀င်ပါ။
ကျလာတဲ့ box ရဲ့  အပေါ်ဆုံးက Import Using ဘေးမှာ AAC Encoder ကို ရွေးပြီး OK နှိပ်လိုက်ပါ။
အဆင့်(၇)
iTunes ထဲရောက်နေတဲ့ သင့် sms tone ပေါ်မှာ right click နှိပ်ပြီး
Create AAC Version ကို နှိပ်လိုက်ပါ။
သင့် sms tones ကို (.aac) format အဖြစ်ပြောင်းပေးပါလိမ့်မယ်။

အဆင့်(၈)
ရလာတဲ့ (.aac) format ဖြစ်သွားတဲ့ သင့် sms tone ကို copy ကူးပြီး
ကွန်ပြူတာပေါ်က သင့်နှစ်သက်ရာမှာ paste လုပ်လိုက်ပါ။
သင့် sms tone ကို sms-received5.caf ဆိုပြီး name ကော file extension ပါ ပြောင်းလိုက်ပါ။
ဒါဆို သင့် sms tone က sms-received5.caf ဆိုတဲ့ ဖိုင်ဖြစ်သွားပါပြီး
(iPhone မှာ original sms tone (၆) ခုပါ ပါတယ်။ အခု နံပါတ် (၅) ခုမြောက်နဲ့  အစားထိုးမယ်ဆိုတဲ့
သဘောပါ။)
အဆင့်(၉)
ifunbox ကို ဖွင့်လိုက်ပါ။
ဘယ်ဘက်မှာ သင့်ဖုန်းနာမည် ပေါ်လာပါလိမ့်မယ်။
သင့်ဖုန်းနာမည်ရဲ့  အောက်ဆုံးနားက Raw File System ကို နှိပ်လိုက်ပါ။
ဖိုဒါတွေ အများကြီးထွက်လာပါလိမ့်မယ်။
အဲဒီထဲက System > Library > Audio > UISounds ဆိုတဲ့ ဖိုဒါထဲကို အဆင့်ဆင့်သွားလိုက်ပါ။
ဒါဆိုအခု UISounds ဖိုဒါထဲ ရောက်သွားပါပြီ။

အဆင့်(၁၀)
အပေါ်ဘာတန်းပေါ်က Copy from PC ကို နှိပ်လိုက်ပါ။
ကျလာတဲ့ box ထဲကနေ ခုန ကျွန်တော်တို့ လုပ်ထားတဲ့ sms-received5.caf ဆိုတဲ့ဖိုင်ကို ရွေးပြီး
OK နှိပ်လိုက်ပါ။ Replace လုပ်မလားမေးရင် Yes, OK ဆိုပြီး Replace လုပ်လိုက်ပါ။
Original sms tone ရဲ့  နံပါတ် (၅)ခုမြောက်က Bell ဆိုတဲ့ sms tone ပါ။
အခု ကျွန်တော်တို့ အဲဒီ Bell sms tone ကို ကျွန်တော်တို့  နှစ်သက်တဲ့ sms tone နဲ
့အစားထိုးပြီးသွားပါပြီ။
အဆင့်(၁၁)
iPhone ရဲ့ Setting > Sounds > Text Tone အောက်က Bell ဆိုတဲ့ sms tone ကို ရွေးလိုက်ပါ။
Bell အသံ မထွက်တော့ပဲ ကျွန်တော်တို့  ထဲ့ထားတဲ့ sms tone အသံထွက်လာပါလိမ့်မယ်။
ဒီနည်းအတိုင်း ကျန်တဲ့ Original sms tone (၅) ခုကိုလည်း မိမိနှစ်သက်ရာ sms tone တွေနဲ့ 
အစားထိုးနိုင်ပါတယ်။

No comments:

Post a Comment

Print Friendly and PDF