Saturday 8 October 2011

ဟာသ

တစ်ခါတုန်းက အလွန်လိမ္မာတဲ့မြင်းကြီးတစ်ကောင်ရှိသတဲ့။
ဒီမြင်းကြီးကဘယ်လောက်လိမ္မာသလဲဆိုရင် "ဘုရားသခင်ကျေးဇူးတော်"လို့ပြောရင်
ဒုန်းဆိုင်းပြေးပြီး "ဘုရားသခင်ပညတ်တော်"လို့ပြောရင် ဘယ်လောက် မြန်မြန်
ပြေးပြေးတိကနဲရပ်သွားရော။
တစ်နေ့သူရဲ့ပိုင်ရှင်ဟာ မြင်းကြီးကို တခြားသူဆီရောင်းတော့ မြင်းကြီးရဲ့
အကျင့်တွေကိုပြောပြသတဲ့။
ဒါကို ၀ယ်တဲ့သူက မြင်းပေါ်ရောက်တော့
"ဘုရားသခင်ကျေးဇူးတော်ကြောင့်ဒီမြင်းကိုရတာပဲ"ဆိုပြီးပြောလိုက်တဲ့ခနမှာပဲ
 မြင်းကြီးဟာ ညှို့ကလွှတ်လိုက်တဲ့မြားလို လေကိုခွင်းပြီးပြေးသွားလိုက်တာ
ချောက်ကပါးထိပ်ရောက်မှပဲ မြင်းပေါ်ကလူကသတိရပြီး
"ဘုရားသခင်ရဲ့ပညတ်တော်"လို့အော်လိုက်တော့မ
မြင်းကြီးကအပြေးရပ်သွားပါတယ်။
အဲဒီမှာမြင်းပေါ်ကလူက အားရ၀မ်းသာနဲ့ ရေရွတ်လိုက်ပုံ
"ဟူး........ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့်မြင်းကြီးရပ်သွာတာပဲ"

No comments:

Post a Comment

Print Friendly and PDF