Saturday 8 October 2011

သက်သာလာပြီ (ဟာသ)

သက်သာလာပြီ

““ကိုယ့်ကိုယ်ကိုယ် ၁၄ ယောက်မြောက်ဂျော့ဘုရင်လို့ပြော
တဲ့ လူနာ အခြအနေဘယ်လိုလဲဟေ့””
““နည်းနည်းသက်သာလာတယ်ထင်တယ်ဆရာ။ ဒီနေ့ သူ့ကိုယ်သူ ၁၃ ယောက်မြောက်လို့ပဲပြောတော့တယ်””

ရှာနေတုန်းပဲ

ကမ်ပနီတစ်ခုကို လူတစ်ဦးအလုပ်လာလျှောက်တယ်။
““လူကြီးမင်းတို့ ကုမ္ပဏီက ငွေကိုင်စာရေးအသစ်ရှာနေတယ်ဆိုတာ ဟုတ်ပါသလားခင်ဗျာ””


မန်နေဂျာက ဒေါသတကြီးပြန်ပြောတယ်။
““ဟုတ်တယ်။ အဟောင်းကိုလည်း ရှာနေတုန်းပဲ””

အကျင့်

““ဟိုငနဲက ဘာဖြစ်လို့ ကပွဲတစ်ခုပြီးတိုင်း သူနဲ့တွဲကတဲ့မိန်းကရဲ့ ဖင်ကို လက်နဲ့ပွတ်ရတာလဲကွ””
““အော်.. ဒါလား... ဒီငနဲက နာမည်ကြီးဖောက်ထွင်းဝိဇ္ဇာလေ။ ဘာလုပ်လုပ် သူ့ရဲ့လက်ဗွေရာမကျန်အောင် သုတ်ပစ်တဲ့အကျင့်ပါနေတာ””

ဆက်စပ်မှု

““ဟေ့.. မင်းရဲ့နှဲကြီးကိုရောင်းလိုက်
တယ်ဆို။ ဘာဖြစ်လို့လဲ””
““ အင်း... ဘေးခန်းကလူ ဟိုတလောက သေနတ်ဝယ်လိုက်တယ်ကြားလို့ပါ””

တစ်ယောက်စာလျှော့

ကပ်စေးနဲတစ်ယောက် အိမ်ခေါင်မိုးတက်ပြင်ရာက ရုတ်တရက်ခြေချော်ပြီး ခေါင်မိုးပေါ်ကပြုတ်ကျတယ်။ မီးဖိုချောင် ပြတင်းကိုဖြတ်ကျစဉ်မှာ -
““မိန်းမရေ... တစ်ယောက်စာလျှော့ချက်ဟေ့””လို့ လှမ်းအော်သွားလေရဲ့။

ရေသန့်ဘူးတွေ၊ ခဲတွေ မပစ်နိုင်အောင်

စတိတ်ရှိုးတစ်ခုမှာ အဖေကို သားလေးက မေးတယ်။
““ဖေဖေ... အဆိုတော်က ဘာဖြစ်လို့ သီချင်းဆိုတဲ့အခါ လှုပ်ရှားနေတာလဲဟင်””
““လှုပ်ရှားနေတဲ့ပစ်မှတ်ကို ထိအောင်ပစ်ရတာ ခက်တယ်လေ””


အကျင့်ပါနေလို့
သာသနာပြုဘုန်းကြီးတစ်ပါး တောလမ်းခရီးထွက်လာတော့ ခြင်္သေ့နှင့်တွေ့တယ်။ ဘုန်းကြီးကကြောက်ကြောက်နဲ့ ဒူးတုန်ပြီး ဘုရားသခင်ထံတိုင်တည်ရှိခိုးတာေ
ပါ့။
ခြင်္သေ့ကလည်း သူ့လိုပဲလိုက်ရှိခိုးတယ်။
““ခြင်္သေ့... မင်းလည်း  ခရစ်ယာန်ဘာသာဝင်လားဟင်””
““ဟေ့အေး... မဟုတ်ဘူး။ စားကောင်းသောက်ကောင်းတွေတဲ့အခါ ဘုရားရှိခိုးတာ အကျင့်ပါနေလို့ပါ..ဝေါင်း””

အစပိုင်းမှာဒီလိုပဲ

ခွေးလေးကို နောက်ခြေနှစ်ချောင်းနဲ့ မတ်တပ်ရပ်တတ်အောင်မိန်းမဖြစ်သူက သင်နေတယ်။ ယောက်ျားက ကြည့်ပြီးဝင်ပြောတယ်။
““ဟေ့... ကြိုးစားနေလို့အပိုပဲ။ ဒီခွေးက ခေါင်းမာတဲ့အကောင်။ လိုက်လုပ်မှာမဟုတ်ဘူး””
မိန်းမကပြန်ပြောတယ်။
““ရှင်ဘာမှဝင်မစွက်ပါနဲ့။ ရှင်လည်း အစတုန်းက ကျွန်မစကားကို ဘယ်တုန်းကနားထောင်ဖူးလို့လဲ””။

အပြေးမြန်တဲ့သက်သေ

တရားသူကြီး - ““ပထမဆုံးသေနတ်သံကို ဘယ်နားလောက်က ခင်ဗျားကြားရလဲ””
သက်သေ - ““လေးမီတာအကွာကဖြစ်ပါတယ်””
တရားသူကြီး - ““ နောက်သေနတ်သံတွေကိုရော””
သက်သေ - ““အိမ်ခြေ 20 အကျော်လောက်ကျမှပါ””

ကျေးဇူးပဲ

ကိုမြက ကပ်ရပ်ခြံမှာနေတဲ့ ကိုဘကို လှမ်းအော်ပြောလိုက်တယ်။
““ဟေ့...ကိုဘ... ခင်ဗျားခွေးက ကျုပ်ကြက်ဖကို ကိုက်စားလိုက်ပြီဗျ””
““ခင်ဗျား သတင်းပေးတာ ကျေးဇူးပဲ ကိုမြ။ ဒီကောင့်ကို ညနေစာကျွေးစရာမလိုတော့ဘူး””

ရှေးခေတ်က ကားနံပတ်

ပြတိုက်ထဲကို မူးနေတဲ့လူနှစ်ယောက်ဝင်လာတယ်။
ဆေးစီရင်ထားတဲ့ မံမီအလောင်းကောင်တစ်ခုအောက်မှာ BC-6512 လို့ရေးထားတာကိုတွေ့တာကြောင့်
တစ်ယောက်က နောက်တစ်ယောက်ကို မေးတယ်။
““ဒီဂဏန်းက ဘာကိုဆိုလိုတာလဲဗျ””
““သူ့ကိုတိုက်သတ်သွားတဲ့ ကားနံပတ်ဖြစ်မယ်ထင်တယ်””
ခွေးစိတ်ဆိုးသွားမလား

ခြောက်နှစ်သမီးလေးကိုလက်ဆွဲပြီး မိန်းမတစ်ယောက်လမ်းလျှောက်ထွက်
လာတယ်။
လမ်းမှာ အင်းခွေးကြီးတစ်ကောင်လာနေတာကိုေ
တွ့တော့ သမီးလေးကပြောတယ်။
““မေမေ... ရှေ့ကခွေးကြီးက သမ္မတကြီးနဲ့တူလိုက်တာနော်””
““ဟဲ့... သမီး.. ရှူး.တိုးတိုး ဒီလိုမပြောရဘူး””
““ဟင်... သမီးပြောတာကို ခွေးကြီးကြားသွားတယ် ထင်လို့လားဟင်””

ပိုကောင်းတယ်

ကားမှတ်တိုင်မှာကားစောင့်နေတဲ့ လူကြီးတစ်ယောက်နားကို လူတစ်ယောက်ကပ်လာတယ်။
““ဘတ်စ်ကားစီးဖို့ပိုက်ဆံမရှိလိ
ု့ပါဗျာ။ ကျွန်တော့်ကို တစ်ရာလောက်မစခဲ့ပါ””
““ဆောရီးကွာ။ ငါ့မှာအကြွေမရှိဘူး။ ငါးထောင်တန်ပဲရှိတယ်””
““ကိစ္စမရှိပါဘူး။ ဒါဆို ကျွန်တော် တက္ကစီစီးလို့ရတာပေါ့””

လမ်းမှန်

တော်တော်လေးအရက်မူးနေတဲ့လူတစ်ေ
ယာက် လိုင်းကားပေါ်တက်လာတယ်။ ဒယိမ်းဒယိုင်နဲ့။ အရက်နံ့တွေ တထောင်းထောင်းဝေလို့ပေါ့။
ခုံမှာထိုင်နေတဲ့ ဘုန်းကြီးတစ်ပါးက မနေနိုင်မထိုင်နိုင် လှမ်းဆုံးမတယ်။
““ဒကာကြီး.... ဒကာခုသွားနေတဲ့လမ်းဟာ ငရဲကိုရောက်မှာပဲ””
““ဟင်... ဘယ်လို..ဘယ်လို... ဟာကွာ... ငါ ကားမှားစီးမိပြန်ပြီ...တောက်””

တရားခံ

ဆေးရုံတစ်ရုံမှာ ကွယ်လွန်သွားတဲ့လူနာတစ်ယောက်နဲ့
ပတ်သက်ပြီး သေစာရင်းကို ဆရာဝန်က ဖြည့်စွက်နေပါတယ်။
သေဆုံးရခြင်းအကြောင်းရင်း ဆိုတဲ့ကွက်လပ်ကိုရောက်တော့ ဆရာဝန်က သူ့နာမည်ကို ရေးလိုက်သတဲ့။
ကြော်ငြာ

““ကြော်ငြာဆိုတာ သိပ်အရေးကြီးတယ်””
““ဘယ်လိုသက်သေပြမလဲ””
““ကြက်ဥ ဥတာပဲကြည့်လေ။ ကြက်မတွေဟာ ဥတစ်ခါဥပြီးတိုင်း ကတော်..ကတော်နဲ့ အသံပေးတယ်။ ဘဲမကတော့
တိတ်တိတ်ကလေးဥတယ်။ ဒါကြောင့် ကြက်ဥက ဘဲဥထက်ပိုအရောင်းသွက်တယ်””
““အွန်””

နမူနာ

ဆယ်နှစ်သားကောင်လေးကို အမေလုပ်သူက ဆူပူနေတယ်။
““ဟင်.. ဘယ်လောက်ရှက်စရာကောင်းသလဲ။ အတန်းထဲမှာ ပြောဆိုဆုံးမလို့မရဆုံးကလေးဟာ မင်းပဲဆိုပြီး
ဆရာမကလာတိုင်တယ်။ မင်းအနေနဲ့ ကိုယ့်အဖေဆီက နမူနာယူသင့်တယ်””
““ဟင်.. အဖေကဆိုးလွန်းလို့ ထောင်ကျနေတယ်မဟုတ်လား””
““ဟဲ့.. သူက အခုထောင်ထဲမှာ လိမ်လိမ်မာမာနေလို့ လျှော့ရက်နဲ့လွတ်တော့မှာဟဲ့””
မကြာစေရဘူး စိတ်ချ

ဖောက်ထွင်းရေးသမားတစ်ယောက်က သူ့ရဲ့လုပ်ဖော်ကိုင်ဖက် တခြားဖောက်ထွင်းရေးသမားတစ်ယောက်
ကို ဒီလိုပြောလိုက်တယ်။
““သူငယ်ချင်း... ဘဏ်တွေပိတ်ချိန်အထိ ငါ့ကို ငွေတစ်ထောင်လောက် ခဏချေးပါလား””

လျှို့ဝှက်ချက်

““တရားခံ... နိုင်ငံတော်ဗဟိုဘဏ်ကိုဖောက်ထွင်
းမယ့် မင်းရဲ့အကြံအစည်ကို အမှန်အတိုင်းနဲ့အပြည့်အစုံ ရုံးတော်ကိုပြောပြပါ””
““ဟင့်အင်း... မပြောပါရစေနဲ့။ ဒီတရားရုံးထဲမှာ ကျနော့်ရဲ့ပြိုင်ဖက်တွေ အများကြီးရောက်နေလို့ပါ””
ကျနော့်ကိုကြိုက်ကြတယ်

အလုပ်ရှင်။ ။ ခင်ဗျားရဲ့လျှောက်လွှာထဲမှာပါတဲ့ ကိုယ်ရေးအကျဉ်းအရ တစ်နှစ်အတွင်းမှာ အလုပ် ၁၄ နေရာကို ခင်ဗျားပြောင်းလုပ်ခဲ့တယ်နော်။
အလုပ်လျှောက်သူ။ ။ မှန်ပါတယ်ခင်ဗျ။ ဒီအချက်ကိုကြည့်ခြင်းအားဖြင့် အလုပ်ဌာနအများအပြားက ကျနော့်ကိုကြိုက်ကြတယ်ဆိုတာ ပေါ်လွှင်နေပါတယ်။

ရှေ့နေကောင်း

““အဲဒီရှေ့ကလူက ရှေ့နေလေ။ သိပ်တော်တဲ့လူ။ လျှပ်စစ်ကုလားထိုင်နဲ့ သေမိန့်ကျခဲ့တဲ့ သူ့အမှုသည်တစ်ယောက်အတွက် သူလိုချင်တာကို ရအောင်လျှောက်လဲနိုင်ခဲ့တယ်””
““ဘာလဲ... တရားခံကို ကွင်းလုံးကျွတ်လွှတ်လိုက်သလား””
““မဟုတ်ဘူး။ လျှပ်စစ်ဓာတ်အားကို လျှော့လွှတ်ပေးဖို့ အောင်အောင်မြင်မြင်လျှောက်လဲနိုင်ခဲ့တယ်လေ””

မသင်္ကာဘူး

““ဟေ့..တပ်ကြပ်ကြီး။ တပ်သားမောင်အေးရဲ့ ကိုယ်ရေးရာဇ၀င်မှတ်တမ်းစာအုပ်ယူ
ခဲ့စမ်း””
““ကိစ္စအထွေအထူးရှိလို့လား ဗိုလ်ကြီး””
““အေး... သေနတ်ပစ်လေ့ကျင့်ပြီးတိုင်း သေနတ်ပေါ်က လက်ဗွေရာတွေပျက်အောင် ဒီကောင် သေချာသုတ် သုတ်ပစ်တာတွေ့တယ်။ သိပ်ပြီး မသင်္ကာချင်တော့ဘူး””

ပိုက်စိပ်တိုက်ရှာကြတယ်

အချိန်အခါမဟုတ် အုပ်စုလိုက် စပါးရိတ်နေကြသူတွေကိုကြည့်ပြီး သတင်းထောက်က စုပေါင်းလယ်ယာဥက္ကဌကြီးကို မေးနေတယ်။
““ဥက္ကဌကြီး.. ဒီနှစ်စပါးရိတ်တာစောလှချည်လား””
စုပေါင်းလယ်ယာဥက္ကဌကြီးက ချွေးတွေသုတ်ရင်းပြန်ပြောတယ်။
““မတတ်နိုင်ဘူးဗျာ။ မနေ့က ငါးလုပ်ငန်းအသင်းနဲ့အရေးကြီးတဲ့ ဘောလုံးပြိုင်ပွဲရှိခဲ့တယ်။ အဲ့ပွဲမှာ ကျနော်တို့ စုပေါင်းလယ်ယာအသင်းက ရှုံးသွားတယ်ဗျာ။
ပွဲပြီးတာနဲ့ ဒိုင်လုပ်တဲ့ကောင်က စပါးခင်းထဲဝင်ပုန်းတယ်လေ.. အဲဒါကြောင့်ပါ””

မစိုးရိမ္ဘူး

““ဟေ့... ဘစိန်... မင်းထောင်ကျနေတုန်း မင်းမိန်းမဖောက်ပြန်မှာကိုမစိုး
ရိမ္ဘူးလား””
““အဲဒါေတာ့ လံုး၀ကိုမစိုးရိမ္ဘူးငါ့လူ။ ဘာလို့လဲဆိုတော့....
တစ်အချက်- သူက ငါ့ကိုသိပ်ချစ်တယ်။
နှစ်အချက်- သူက မိကောင်းဖခင်သားသမီး။
သုံးအချက်- အခု သူလဲထောင်ကျနေတယ်””
တည့်သွားကြပြီထင်လို့

““၀မ်းသာတယ်သူငယ်ချင်း။ မင်းတို့လင်မယား ပြန်ပေါင်းနေကြပြီမဟုတ်လား။ မင်းတို့နှစ်ယောက်အတူတူထင်းခွဲေ
နတာတွေ့လိုက်တယ်””
““တောက်... ထင်းမဟုတ်ဘူးကွ။ အိမ်ထောင်ပရိဘောဂတွေ.. ဂီးးး””
စိတ်ဝင်စားစရာ

မျောက်တစ်ကောင်ကိုချီပြီး လူတစ်ယောက်လမ်းလျှောက်လာတယ်။ လမ်းမှာ ရဲတစ်ယောက်ကိုတွေ့တော့ သူကမေးလိုက်တယ်။
““ကျေးဇူးပြုပြီး မျောက်ကို ဘယ်ပို့ရင်ကောင်းမလဲဆိုတာ အကြံပေးစမ်းပါဗျာ””
““တိရိစ္ဆာန်ရုံပို့လိုက်ပေါ့ဗျာ
””
နောက်တစ်နေ့မှာလည်း မျောက်ကိုချီပြီးလမ်းလျှောက်လာ
တဲ့အဲ့ဒီလူကို ရဲသားက တွေ့ပြန်ရော။
““ဘယ်လိုလဲဗျ... တိရိစ္ဆာန်ရုံရောက်ခဲ့ရဲ့လား””
““ဟုတ်ကဲ့... သိပ်စိတ်ဝင်စားစရာကောင်းတာပဲ။ ဒီနေ့ သူ့ကိုရုပ်ရှင်လိုက်ပြမလို့လေ””
အပြန်အလှန်

အမျိုးသားဒီမိုကရေစီအင်အားစုပါ
တီအမတ်က ပြည်ခိုင်ဖြိုးပါတီအမတ်ကို ဒီလိုပြောလိုက်တယ်။
““ကျနော်တို့တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်စွပ်စွဲတိုက်ခိုက်ေ
နတာတွေ ရပ်လိုက်ကြရအောင်။ ခင်ဗျားရော ကျနော်ပါအကျိုးယုတ်တယ်ဗျာ။
အဲဒီတော့ ဒီလိုလုပ်ပါ။ ခင်ဗျားက ကျနော့်ကို မဟုတ်တမ်းတရားစွပ်စွဲပြောဆိုေ
နတာတွေရပ်လိုက်ပါ။
ကျနော်ကလည်း ခင်ဗျားအကြောင်း အမှန်တွေချည်းပြောတာတွေကို ရပ်လိုက်တော့မယ်””
ငါမဟုတ်ဘူးထင်တယ်

သစ်ခုတ်သမားနှစ်ယောက်က အိမ်တစ်အိမ်ရှေ့မှာရပ်ပြီး တံခါးခေါက်လိုက်တယ်။
““နေကောင်းရဲ့လားဟေ့... မောင်ဥက္ကာ””
““ကောင်းတယ်.. သူငယ်ချင်းတို့””
““ငါတို့နှစ်ယောက် ခုပဲတောထဲမှာ လူသေအလောင်းတစ်လောင်းလှမ်းမြင်ခဲ့တယ်။ ငါတို့ကသေတဲ့လူဟာ မင်းထင်လို့စိုးရိမ်ပြီးလာကြည့်
တာ””
““သူ့ပုံစံက ဘယ်လိုမျိုးလဲ””
““အရပ်အမောင်းက မင်းအရွယ်ပဲ””
““အင်္ကျီအနီရောင်နဲ့လား””
““မဟုတ်ဘူး။ အညိုရောင်””
““ဒါဆိုရင် ငါမဟုတ်ဘူး””
ပြိုင်မြင်းမကလေး

အလုပ်ကပြန်လာတဲ့ ယောက်ျားကို မိန်းမက ဆီးပြီးစစ်ဆေးတယ်။
““ခင်ခင်ဆိုတာ ဘယ်သူလဲ။ ရှင်မှန်မှန်ပြောစမ်း””
““အော်.. ဒါလား... လွန်ခဲ့တဲ့အပတ်က မြင်းပြိုင်ပွဲမှာ ငါလောင်းခဲ့တဲ့ပြိုင်မြင်းမကလေး
လေ””
““အေး.. ဟုတ်ပီ။ အဲဒီပြိုင်မြင်းမကလေးက ဒီညရှစ်နာရီ ရုပ်ရှင်ရုံရှေ့မှာ ရှင့်ကိုစောင့်နေမယ်တဲ့။ ဖုန်းလှမ်းဆက်တယ်။ ကြွချီတော်မူ။ သေချင်းဆိုးကြီး””
စိတ်မဆိုးနဲ့တော့နော်

သူငယ်တန်းကျောင်းသားလေးမောင်ဥက္ကာဟာအရမ်းရိုင်းစိုင်းတယ်။ သူဟာ အတန်းပိုင်ဆရာမကို “နင်” “ငါ” စတဲ့အသုံးအနှုန်းမျိုးနဲ့စကာြးေ
ပာလေ့ရှိတယ်။
တစ်နေ့မှာတော့ ဆရာမက ပြစ်ဒဏ်ပေးတဲ့အနေနဲ့“ဆရာမ”   “ကျွန်တော်”  ဆိုတဲ့စာလုံးတွေကို အကြိမ်တစ်ရာတိတိ မောင်ဥက္ကာလေးကိုရေးခိုင်းလိုက်
တယ်။
နောက်ဆို ယဉ်ကျေးသိမ်မွေ့စွာပြောဆိုရမယ်ဆိုတာကို မောင်ဥက္ကာသိလောက်ပြီထင်တဲ့အချိ
န်မှာ ဆရာမကပြောတယ်။
““မင်းအပြစ်ကို မင်းသိပြီမဟုတ်လား””
““ဟုတ်တယ်။ နောက် ငါ့ကို နင် စိတ်မဆိုးနဲ့တော့နော်””

ဖြတ်ထိုးဥာဏ်

မူလတန်း စာသင်ခန်းထဲမှာဖြစ်သည်။
““ကလေးတို့ရေ... လူတစ်ယောက်ဟာ မျက်စိတစ်ဖက်က အားနည်းနေရင် အခြားတစ်ဖက်က မြင်နိုင်စွမ်းအားပိုကောင်းလေ့
ရှိတယ်ကွယ့်။
အဲဒါနဲ့ဆင်တူတဲ့ဥပမာမျိုး ဘယ်သူများပေးနိုင်သလဲကွယ်””
ဇာတ်လိုက်ကျော်မောင်ဥက္ကာထလာသည်။
““ကျနော်ပြောနိုင်ပါတယ်ဆရာမ””
““ဟုတ်ပြီ...ဆိုစမ်းပါဦး””
““လူတစ်ယောက်ဟာ ခြေတစ်ဖက်က တိုနေရင် အခြားခြေတစ်ဖက်က ရှည်နေလေ့ရှိပါတယ်””


သူ့ထက်သူ

ချာတိတ်နှစ်ကောင် စကားနိုင်လုနေကြတာပါ။
““ငါ့အဖေက မင်းအဖေထက်ပိုချမ်းသာတယ်ကွ””
““ဟားဟား... ငါ့အဖေက မင်းအဖေထက်ပိုပြီး ဥာဏ်ရှိတယ်ကွ””
““ငါ့အဖေက မင်းအဖေကို ငွေတွေအများကြီးချေးခဲ့တာကွ””
““ဟားဟား...ငါ့အဖေကလည်း ဒီငွေတွေကို ဘယ်တော့မှ ပြန်ဆပ်မှာမဟုတ်ဘူးကွ””

ဆရာမနှင့်သူ၏တပည့်ကျော်များ

အတန်းပိုင်ဆရာမတစ်ယောက်ဟာ သူ့ရဲ့အတန်းသားတွေအကြောင်းကို မိဘဆရာအသင်းအစည်းအဝေးမှာ ဆွေးနွေးပါတယ်။ ဒီလိုလေးပါ။
““ အကယ်၍သာ နောက်ဆုံးတန်းမှာဆော့နေတဲ့ကျောင်းသားတွေက အလယ်တန်းမှာကာတွန်းဖတ်နေတဲ့ကျော
င်းသားတွေလို
အသံမထွက်ဘဲ ငြိမ်နေကြမယ်ဆိုရင် ရှေ့ဆုံးတန်းကကလေးတွေဟာ အနှောက်အယှက်ကင်းစွာ အိပ်နိုင်ကြမှာဖြစ်ပါတယ်ရှင့်””

မစဉ်းစားတတ်တော့ဘူး

တရားခွင်တစ်ခုမှာပေါ့။
““သူများအိမ်ထဲကို ညအချိန်မတော် ဘာကြောင့်ဝင်ခိုးဖို့ကြိုးစား
ရတာလဲမောင်မင်း””
““ခွင့်လွှတ်ပါတရားသူကြီးမင်းခင်
ဗျာ။ အရင်တစ်ခါ ကျွန်တော့်အမှုကိုစစ်တုန်းက
တရားသူကြီးမင်းကိုယ်တိုင်ပဲ နေ့ခင်းကြောင်တောင် မင်းဘာဖြစ်လို့ခိုးဖို့ကြိုးစား
သလဲလို့ မေးဖူးပါတယ်။
ကျွန်တော် ဘယ်အချိန်ကျမှ ခိုးရတော့မှာလဲဟင်””
သိပါတယ်

ဘုရားရှိခိုးကျောင်းဝန်ထမ်းက တရားဟောနေတဲ့ဘုန်းတော်ကြီးနားကိ
ုကပ်သွားပြီး တိုးတိုးလေးပြောလိုက်တယ်။
““ဟိုဖက်ခန်းမှာ ပိုကာဝိုင်းစနေပြီ””
““သိပါတယ်။ တရားဟောပြီးရင်လာခဲ့မယ်””

မှတ်တမ်း

စာရေးက မန်နေဂျာကိုပြောတယ်။
““ဆရာ... ရုံးကဗီရိုတွေအားလုံး စာရွက်စာတမ်းတွေနဲ့ပြည့်ကျပ်ကု
န်ပြီ။ နေရာလွတ်ရအောင် ခြောက်နှစ်သက်တမ်းရှိတဲ့ စာရွက်စာတမ်းတွေကို မီးရှို့ဖျက်ဆီးပစ်ရင် မကောင်းဘူးလားဆရာ””
““ခွင့်ပြုတယ်။ ဒါပေမယ့် မီးမရှို့ခင် ကော်ပီတော့ ကူးထားဦး””
ဆန့်ကျင်ဘက်

““မောင်ဥက္ကာရေ... ကိုယ်တော့ ကော်ဖီသောက်ပြီးရင် အိပ်လို့မရတော့ဘူး””
““အဲဒါ ကျနော်နဲ့မတူတာပဲ။ ကျနော်က အိပ်နေတုန်းဆိုရင် ကော်ဖီသောက်လို့မရဘူး””

ဂုဏ်ယူဖွယ်

ထောင်သို့လေ့လာရေးရောက်လာသော သတင်းစာဆရာများအား ထောင်ပိုင်က ရှင်းပြနေသည်။
““ဒီအချုပ်ခန်းထဲမှာတော့ ကျွန်တော်တို့အားလုံးဂုဏ်ယြူ
ကရမယ့်အကျဉ်းသားကတော့ အခု လူကြီးမင်းတို့မြင်ကြရတဲ့ ဂျက်ဆိုသူပါပဲ။
သူထောင်ကျစက လုံးဝစာမရေးတတ်၊ မဖတ်တတ်ခဲ့ပါဘူး။ ဟော... ကျနော်တို့သင်ပေးလိုက်တာ ခုဆိုစာချုပ်စာတမ်းတွေကိုတောင် အတုလုပ်ရေးတတ်နေပြီလေ””

သူကရိုးသားပါတယ်

ထောင်ပိုင်ကြီး။ ။ အကျဉ်းသားအမှတ် ၃၈ ဟာ ဘယ်လိုနည်းနဲ့ထွက်ပြေးသွားတာလဲ။
ထောင်မှူးလေး။ ။ သူ့ဆီမှာရှိတဲ့ အချုပ်ခန်းသော့နဲ့ဖွင့်ပြီး ထွက်ပြေးသွားတာပါဆရာ။
ထောင်ပိုင်ကြီး။ ။ သော့ကို သူဘယ်လိုခိုးသွားသလဲ။
ထောင်မှူးလေး။ ။ သူမခိုးပါဘူး။ ကျနော်နဲ့ရိုးရိုးသားသားဖဲကစားရင်း သူနိုင်လို့ရသွားတာပါ။

No comments:

Post a Comment

Print Friendly and PDF