Wednesday 5 October 2011

Drive တွေဖျောက်ထားမယ်။

My Computer ထဲမှာ ရှိတဲ့ Drive တွေကို ဖျောက်ထားကြည့်ရအောင် .. ။
ဒါတွေက သိပြီးသား တွေဆိုရင်လည်း သီးခံပေးပါ .. ။
ကျနော် window အမျိုးမျိုး တင်သုံးကြည့်ပါတယ် .. ။
အခု နောက်ဆုံး Vista Service Pack 1 အထိပေါ့ .. ။
Floppy Drive က (A) အဖြစ်နဲ့ အမြဲတမ်းပေါ်နေပါတယ် . ။
ကျနော့် မှာ floppy drive လုံးဝ တပ်မထားပါဘူး .. ။ အသုံးလဲ မလိုပဲနဲ့ သူ့ကို သွားသွားနိုပ်မိ ရင်
အချိန်ပိုကြာလို့ ဒီနည်းနဲ့ ဖြောက်ထားနိုင်ပါတယ် . .။
တစ်ခြား drive အားလုံးကိုလည်း ဖြောက်ထားလို့ ရပါတယ် .. ။


Run ကို သွား regedit လို့ရေး .. ။ Registry Editor ပေါ်လာရင် အောက်ပါ DTree အတိုင်း သွားပါ .. ။
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Explorer
ကို သွားပါ ….။ Explorer ကို click လုပ်လိုက်ပါ .. ။
တစ်ချို့ window များမှာ NoDrive TypeAutoRun ဆိုတာ ပါပါတယ် ..။
အဲဒါကို click တစ်ချက်လုပ် Delete နိုပ်ပြီး ဖြတ်ပစ်လိုက်ပါ ..။
ပြီးရင် R-Click လုပ် New – DWORD Value ကို ရွေးပေးပါ .. ။



NoDrives လို့ နာမည်ပေးလိုက်ပါ..။


အဲဒါလေးကို D-Click ပေးပြီး ပေါ်လာတဲ့ Box မှာ Decimal ကို check ပေးပြီး 1 လို့ ပေး လိုက်ပါ .. ။
registry ကိုပိတ်ပြီး အရင်ပြောခဲ့တဲ့ နည်းနဲ့ re-initialize လုပ်လိုက်ရင်
(A) ဆိုတဲ့ Floppy Drive ပျောက်သွားမှာပါ .. ။
Drive A မို့လို့ 1 ထည့်တာ ဖြစ်ပါတယ်။


အခြား Drive တွေ ပျောက်ဖို့ အတွက်က A – Z ထိ တန်ဖိုးတွေရှိပါတယ် .. ။
ဒီလိုပါ ..။
A: 1, B: 2, C: 4, D: 8, E: 16, F: 32, G: 64, H: 128, I: 256, J: 512, K: 1024, L: 2048, M: 4096,
N: 8192, O: 16384, P: 32768, Q: 65536, R: 131072, S: 262144, T: 524288, U: 1048576,
V: 2097152, W: 4194304, X: 8388608, Y: 16777216, Z: 33554432, ALL: 67108863 ဖြစ်ပါတယ် .. ။
Drive နှစ်ခု ဖြောက်ချင်တာဆိုရင် နှစ်ခုရဲ့တန်ဖိုးကို ပေါင်းပြီး ထည့်ပေးလိုက်ပေါ့ .. ။
(ဥပမာ .. A နဲ့ F ကို ဖျောက်ချင်တာ ဆိုရင် A= 1 , F=32 ဖြစ်တဲ့ အတွက် 33 လို့ ထည့် ပေးလိုက်ရင်
A နဲ့ F ဆိုတဲ့ Drive နှစ်ခု ပျောက်သွားပါလိမ့်မယ် ..။)


ပျောက်နေတယ်ဆိုပေမယ့် မရှိတော့ တာ မဟုတ်ပါဘူး . ။
F ဆိုတဲ့ Drive ကို My Computer မှာရော Address bar မှာပါ တွေ့ရမှာ မဟုတ်ပါဘူး .. ။
ပေါ်ချင်တယ်ဆိုရင်တော့ Run မှာ F:\\ လို့ ရိုက်ထည့်ပေးလိုက်ပါ .. ။
F drive open ဖြစ်လာပါလိမ့်မယ် .. ။
 ( Decimal ကို check လုပ်ဖို့ မမေ့ပါနဲ့ )

copy===>သံလုံငယ်





No comments:

Post a Comment

Print Friendly and PDF