Sunday 6 November 2011

ပလီပလာ ရယ်စရာဟာသ

ကျနော်တို့အညာမှာပေါ့နော် ခိုင်ထွန်းဆိုတဲ့ သူတစ်ယောက်ရှိတယ်..။
ရွှေဘိုမှာ ကျောင်းသွားတက်တာပေါ့ စာမေးပွဲဖြေဆိုချိန်ရောက်တော.့
ခင်ဦးမြို့ပြန်လာပြီး စာမေးပွဲဖြေဆိုတယ်။ ဒါနဲ့သူငယ်ချင်းတစ်ယောက်က သူ့ကိုမေးတယ်။

""ခိုင်ထွန်းမင်းဖြေနိုင်ရဲ့လား""

"" မပြောစမ်းပါနဲ့ကွာ ဒို့ခင်ဦးချောင်တယ်ဆိုလို့ ပြန်ဖြေပါတယ်ဆို မှ
ငါရဲ့ လက်မှာပါတဲ့ အင်းကွက်ကို ဓါးနဲ့ခြစ်ပြစ်ပါမယ်လို့ မနည်းတောင်းပန်ခဲ့ရတယ် သူငယ်ချင်းရာ..။"" တဲ့


=======================


မူလတန်းကျောင်းမှာ စာသင်တဲ့ ဆရာမတစ်ယောက်...........
ဆရာမက ကျောင်းသူကျောင်းသားတွေကို မေးလိုက်တယ်....။

           ""မနေ့ကပေးလိုက်တဲ့ ပုဒ်စာဖြေနိုင်ရဲ့လား""

တစ်ယောက်မှ ပြန်မပြောကြဘူး..
ဒါနဲ့ဆရာမကပြောလိုက်တယ် `"နင်တို့အရွယ်တုန်းကငါဆို ဆရာတွေက ပေးလိုက်တဲ့ပုဒ်စာ အကုန်ဖြေနိုင်တယ်"` လို့
ပြောလိုက်တယ်..။

ဒါနဲ့ ကလေးတစ်ယောက်က ထပြောလိုက်ပါတယ် .....
""ဆရာမသင်ပေးတဲ့ ဆရာနဲ့ သားတို့ကိုသင်ပေးတဲ့ ဆရာ တူမှမတူတာ""
အဲဒီတော့ဆရာမက ""အော် ဟုတ်လား""....ဆိုပဲ


=========================


ရန်ကုန် လိုင်းကား အတွေ့အကြုံလေး ပေါ့...။

စပါယ်ယာတွေက သိတဲ့အတိုင်းဘဲမဟုတ်လား မှတ်တိုင်တွေကို တွေ့တဲ့ နာမည်ပေးကြတယ်..
ဒါနဲ့ စပါယ်ယာ မေးလိုက်တယ် ...............""ဘိန်းမုန့် ပါလား ဘိန်းမုန့်""
ဒါနဲ့ ကာပေါ်မှာပါလာတဲ့ အဖွားတစ်ယောက် က
"" ပါတယ် ပါတယ် "" လို့ပြောလိုက်တယ်။

မှတ်တိုင်လဲရောက်ရော အဖွားရောက်ပြီလို့ ပြောလိုက်တော့..........

အဖွားက ...... ""ဟဲ့....ငါဆင်းမှာက ရှေ့မှတ်တိုင်ပါ"" လို့ ပြောတယ်....
ဒါနဲ့ ကားစပါယ်ယာက........""အဖွားပဲ ဘိန်းမုန့်ပါတယ် ဆို"" 

""သိဘူးလေ  နင်ဗိုက်ဆာလို့ ဘိန်းမုန့်တောင်းတာ မှတ်နေတာပေါ့""
""ငါက စေတနာနဲ့ပေးမလို့.....ဟဲ့"" 


=========================


မူကြိုသင်တဲ့ ဆရာမ တစ်ယောက်..........

ဆရာမက စပ်စုပြီး ကလေးတွေကိုမေးလိုက်တယ် ..။
""မောင်ခိုင် နင်တို့အဖေ ဘာလုပ်ငန်းတွေ လုပ်လည်း..""
""သားသား ဖေဖေက စပါးရောင်းပါတယ်.....""

ဒါနဲ့ဆရာမက နောက်ကျောင်းသားတစ်ဦးကို မေးပါတယ်..။
""လှိုင်မိုးရော သားအဖေဘာ အလုပ်လုပ်လဲ""
ကျောင်းသားလေး လှိုင်မိုးပြန်ဖြေလိုက်တာ က........""သူ့ အဖေရော သားအဖေက ဆန်ကုန်မြေလေးတွေပါ..""

ဒီတော့ ဆရာမက.....""ဟဲ့လှိုင်မိုး............ကိုယ့်အဖေကို အဲဒီလိုပြောရလား..""

""ဟုတ်တယ် ဆရာမ.......သားသားအဖွားက အဲဒီလိုပြောလို့ပါ...""
ဆရာမလည်း ရယ်ရမလိုလိုနဲ့.. ပဲ       ""အော် အော် ..............""

No comments:

Post a Comment

Print Friendly and PDF